← Chapters

ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်း

Vol. 49 Ch. 735

ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်း

Vol. 49 Ch. 735

ကျင့်ကြံရခြင်းရဲ့ အချက်က ဘာဖြစ်မလဲ။

အဲဒါက ကိစ္စများ၏ အပေါ်ယံအလွှာကို ဖယ်ထုတ်ဖို့ဖြစ်ပြီး သဘာဝ၏မူလဇစ်မြစ်ဆီသို့ ပြန်လည်ကူးပြောင်းနိုင်ဖို့ ဖြစ်လေသည်။

ထို့ကြောင့်ပင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို ပကတိသက်ရှိများဟု ရည်ညွှန်းခေါ်ဆိုရခြင်း ဖြစ်လေသည်။

သို့သော်လည်း.. သမိုင်းတစ်လျှောက်တွင် ဉာဏ်ပညာ၏ ထိုအဆင့်အထိ နားလည်သဘောပေါက်နိုင်စွမ်းရှိသော ကျင့်ကြံသူများက အနည်းအကျဉ်းမျှသာ ရှိလေသည်။

အဲဒါက.. အစစ်အမှန်ဆီသို့ ရောက်ရှိပြီး ကောင်းကင်နှင့် ကမ္ဘာမြေ၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်မည့် နားလည်သဘောပေါက်မှုဖြစ်စဉ် ဖြစ်လေသည်။ အပေါ်ယံအလွှာများကို ဖယ်ထုတ်ပြီး ၎င်း၏ အစစ်အမှန်ပုံစံသို့ ကူးပြောင်းခြင်းဖြင့် လူတစ်ယောက်က သေခြင်း ရှင်ခြင်း၏ ရုန်းကန်မှုကနေ လွတ်မြောက်နိုင်လေသည်။ အဲဒါကို နားလည်သဘောပေါက်နိုင်သော မည်သူမဆို အထွတ်အထိပ်ဉာဏ်ပညာကို ပိုင်ဆိုင်လာပေလိမ့်မည်။

ထိုအချိန်တွင်… ဆူဇီမိုသည် သူ့အရင်လူများ ချန်ထားခဲ့သော အမှတ်အသားများတလျှောက် ရှေးဟောင်းလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေခြင်းဖြစ်လေသည်။ နောက်ဆုံးမှာတော့… အင်မော်တယ်ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ မတူညီသော အော်ရာများက သူ၏နှလုံးသားထဲမှာ သူ၏ရွှေအမြုတေနှင့် ပြီးပြည့်စုံစွာ ဟန်ချက်ညီလာပြီး သဘာဝနှင့် တသားထဲကျသော အဆင့်သို့ ရောက်ရှိလာစေခဲ့လေသည်။

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ရွှေခေတ်တစ်ခေတ်က အမှန်တကယ် ရောက်ရှိလာတော့မယ် ထင်တယ်”

ကိုယ်တော်ယင်လူက စိတ်ခံစားချက် မြင့်မားစွာဖြင့် ရေရွတ်လိုက်လေသည်။

“ဒီလောက် အားကောင်းတဲ့ ကံကြမ္မာနဲ့ ဉာဏ်ပညာမျိုးရှိတဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက် ပေါ်ထွက်လာဖို့ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲ ရှားရှားပါးပါးပဲ.. သူတို့နှစ်ယောက်က ခေတ်တစ်ခေတ်ထဲမှာ ဆက်တိုက်မွေးဖွားလာတယ်ဆိုတော့.. ကြည့်ရတာ သီယင်းကတော့ သူ့ပြိုင်ဘက်ကို တွေ့ပြီထင်တယ်”

“ဟီး ဟီး”

ပကတိအရှင်ဟွမ်ယီက အထင်သေးသော မျက်လုံးများဖြင့် ဝင့်ကြွားစွာ ရယ်မောလိုက်ပြီး သူ့ခေါင်းကို ခါလိုက်လေသည်။

“တကယ်ပဲ အဲဒီကောင်လေးက ကြီးမားတဲ့ဉာဏ်ပညာနဲ့ ကံကြမ္မာ ရှိပါပေတယ်.. ဒါပေမဲ့လို့ သူက သီယင်းနဲ့ နှိုင်းယှဉ်ဖို့တော့ အဝေးကြီးလိုသေးတယ်”

“သူက သီယင်းရဲ့ခြေလှမ်းကို လိုက်မီနိုင်မှပဲ ငါတို့ အဲဒီအကြောင်းကို ပြောကြတာပေါ့… အခုချိန်မှာတော့ သူက သီယင်းနဲ့ နှိုင်းယှဉ်ဖို့ အဆင့်မမီသေးဘူး”

ကိုယ်တော်ယင်လူက ပြန်မပြောဖြစ်ပေ။

အဘယ်ကြောင့်ဆိုသော်.. ယခုအချိန်တွင် သီယင်းက တောင်ထွတ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖြစ်လေသည်။

တောင်ထွတ်ပေါ်တွင် သီယင်းက လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေလေသည်။ တိမ်လွှာများကြားတွင် သူ၏ပုံရိပ်ကို ခပ်ရေးရေး မြင်နိုင်ပြီး ပြိုင်ဘက်ကင်းလွှမ်းမိုးခြယ်လှယ်မှုဖြင့် ကျင့်ကြံသူများအားလုံးကို သူက ငုံ့ကြည့်နေလေသည်။

သီယင်းက ရှေးဟောင်းအသင်္ချေနယ်မြေ ကျောက်စာတိုင်တွင် သူ၏နာမည်ကို ချန်ထားရစ်ခဲ့ပေတော့မည်။ သူက အစစ်အမှန်နံပါတ်တစ် ပကတိသက်ရှိတစ်ယောက် ဖြစ်လေသည်။

နှစ်တစ်ထောင်အတွင်းမှာ သူက ထိုသို့လုပ်နိုင်စွမ်းရှိသော ပထမဆုံးတစ်ယောက်ဖြစ်လေသည်။

လက်ရှိ နိုးထဝိညာဉ် ၁၇ယောက်သည် သူတို့ခေတ် သူတို့အခါက လွှမ်းမိုး‌ခြယ်လှယ်နိုင်စွမ်းရှိသော ထိပ်တန်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့ထဲမှ မည်သူကမျှ ဤမျှကြောက်စရာကောင်းသည့် အောင်မြင်မှုကို မရရှိနိုင်ခဲ့ပေ။

သီယင်း၏အကြည့်က ရွေ့လျားသွားလေသည်။ သူက နောက်ကနေ တက်လှမ်းလာနေသော ဆူဇီမိုကို မြင်သောအခါ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

နောက်ဆုံးမှာတော့… ပထမအုပ်စုထဲရှိ တစ်စုံတစ်ယောက်သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ရွှေအမြုတေနယ်မြေတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ဓားချင်းထိခိုက်သံများက လေထုထဲမှာ ပဲ့တင်ထပ် မြည်ဟည်းလာလေသည်။

အေးစိမ့်နေသော ဓားအလင်းများက တူကူကျန့်၏နောက်မှာ ဆက်တိုက်ပေါ်လာလေသည်။ သူတို့က ကောင်းကင်တခွင် သိပ်သည်းစွာ လွှမ်းခြုံသွား‌ပြီး လေထုကို ဆုတ်ဖြဲလိုက်ကြလေသည်။

ကောင်းကင်ဘုံလွှမ်းခြုံဓားများ…။

အဲဒါက ဓားတာအို၏ ရွှေအမြုတေနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဖန်တီးခဲ့ခြင်းဖြစ်လေသည်။

အဲဒါက ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၄၁ ဝင်လေသည်။

ယခု တူကူကျန့်က အဲဒါကို ထုတ်ဖော်လိုက်သောအခါ.. ဤမျှကြောက်စရာကောင်းသည့်စွမ်းအားကို ပိုင်ဆိုင်လာသည်ဆိုတော့…။

ဓားကျင့်ကြံသူအများစုသည် သူတို့၏ ထက်ရှခက်ထန်မှုကို ဖော်ပြကြလေသည်။

အခြေအနေအရ.. ဟန်ချိုးယွီ၏မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျတ်ခနဲပေါ်လာပြီး သူကလည်း သူ၏ရွှေအမြုတေနယ်မြေကို ထုတ်‌ဖော်လိုက်လေသည်။

လေထုထဲမှာ.. ဓားချီများက အလွန်တရာမြန်ဆန်စွာဖြင့် ဖြတ်သန်းလာပြီး လေဟာနယ်ထဲမှာ ဓားချက်များကို ချန်ထားရစ်ခဲ့ကြလေသည်။ လေဟာနယ်က သေးငယ်သော အတုံးလေးများအဖြစ် လှီးဖြတ်ခြင်း ခံလိုက်ရသည့်အလားပင်။

အဲဒါက ဓားဂိုဏ်း၏အမွေအနှစ် အမြုတေနယ်မြေ ‘ရင်သပ်ရှုမောဓား’ ဖြစ်လေသည်။

ဓားတာအို၏ အမြုတေနယ်မြေနှစ်ခုစလုံးက အလွန်တရာ ထက်ရှပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက သေးငယ်သော အပိုင်းလေးများအဖြစ် လှီးဖြတ်ခံလိုက်ရလေသည်။

သူတို့နှစ်ယောက် တမင်သက်သက် ထိန်းချုပ်ခြင်း မရှိဘဲ ဓားအမြုတေနယ်မြေနှစ်ခုက တစ်ခုကိုတစ်ခု ယှဉ်ပြိုင်သည့်လက္ခဏာများ ပြလာလေသည်။

ဓားကျင့်ကြံသူများသည် သူတို့၏ထက်ရှမှုနှင့် ကြမ်းကြုတ်ရက်စက်မှုကို ကျင့်ကြံခြင်းမှာ အလေးပေးကြလေသည်။

ဓားကျင့်ကြံသူနှစ်ယောက် ရိုက်ခတ်သည့်အခါ.. အနိုင်ရသူတစ်ယောက်ကို ဆုံးဖြတ်ရပေလိမ့်မည်။

ဟန်ချိုးယွီနှင့် တူကူကျန့်က သူတို့၏ ရွှေအမြုတေနယ်မြေများ၏ အထောက်အပံ့ကို ယူပြီး ၁၀၀ မြောက် လှေကားထစ်ဆီသို့ ပြေးတက်သွားကြလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်.. မိုးကြိုးလေပြေနန်းတော်မှ ရှုချန်ကလည်း သူ၏ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်လေသည်။

သူ့ဦးခေါင်းထက်တွင် လျှပ်စီးကြောင်းများက တစ်ခုပြီးတစ်ခု ဖြတ်သန်းလာပြီး သူ့နောက်တွင် တဖျတ်ဖျတ် တလက်လက်နှင့် လျှပ်စီးပင်လယ်ကြီးတစ်ခုကို ဖွဲ့တည်လိုက်လေသည်။

နတ်ဘုရားမိုးကြိုး ၅ စင်းက သူ့ဦးခေါင်းထက်မှာ လွှမ်းခြုံလာပြီး သူ့ကို ကာကွယ်ပေးထားလေသည်။

ကမ္ဘာဖျက် မိုးကြိုး ၅စင်း…။

“အလောင်းတောင်တန်း”

အဆူရာဂိုဏ်းမှ ရန်ထူသည် အေးစက်စက်အကြည့်ဖြင့် ရှေ့သို့ လက်ညိုးထိုးလိုက်လေသည်။

သူ့ရှေ့တွင်.. ပုပ်အက်အက်အနံ့များနှင့် အလောင်းများက ဆက်တိုက်ပေါ်ပေါက်လာလေသည်။ သူတို့က တစ်ခုပေါ်တစ်ခု ဖရိုဖရဲနှင့် ထပ်သွားပြီး ကြီးမားသည့်တောင်တန်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ရန်ထူက အမူအရာကင်းမဲ့စွာနှင့် အလောင်းတောင်ပေါ် ခြေချလိုက်ပြီး ရှေ့သို့ ဆက်တက်သွားလေသည်။

“ငါ ကြားတာတော့.. အဲဒီရွှေအမြုတေနယ်မြေရဲ့ အလောင်းတောင်က ရန်ထူလက်ထဲမှာ သေသွားခဲ့တဲ့ လူတွေနဲ့ ပြုလုပ်ထားတာတဲ့”

“အာ…”

ကျင့်ကြံသူတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောနေရင်း သူ၏ခန္ဓာကိုယ်က အေးစိမ့်လာလေသည်။

“အဲဒီမှာ လူပေါင်း သန်းနဲ့ချီပြီးရှိနေတယ်.. ဟုတ်တယ်မလား”

သူ့စကား မဆုံးသေးခင်မှာပင် ရန်ထူ၏အသံက ထပ်မံထွက်ပေါ်လာလေသည်။

“သွေးပင်လယ်”

“ဝေါ….”

အလောင်းတောင်၏အောက်ခြေမှ သွေးများက စီးကျလာပြီး အဲဒါက ကြီးမားလာကာ တခဏအတွင်း ကျယ်ပြောလှသော ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ပင်လယ်က သွေးရောင်ဖြစ်ပြီး မျှော်လင့်ချက် ပျက်သုဉ်းခြင်းနှင့် သေဆုံးခြင်း၏ ရက်စက်ကြမ်းကြုတ်သည့် အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

အလောင်းတောင်က သွေးပင်လယ်ထဲမှာ မျောနေလေသည်။

ရန်ထူက အလွန့်အလွန်ကြီးမားသော ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ အလောင်းတောင်ထိပ်မှာ ရပ်နေပြီး သူက ၁၀၀မြောက် လှေကားထစ်ဆီသို့ ဆက်တိုက်ဖြတ်သန်းသွားလေသည်။

“အဲဒါက အလောင်းတောင်တန်းသွေးပင်လယ်ပဲ”

“ရန်ထူက သူတို့ကို ပေါင်းစပ်လိုက်နိုင်ပြီဆိုတော့…”

“ငါ ကြားတာ.. လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အဆူရာဂိုဏ်းက ပညာရှင်တစ်ယောက်က အဲဒီအမြုတေနယ်မြေကို အဲလိုမျိုး ကြောက်စရာကောင်းတဲ့အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်တဲ့… သူက ဒီဘက်မျိုးဆက်ရဲ့ အဆူရာပဲ”

တကယ်တော့.. အလောင်းတောင်တန်းနှင့်သွေးပင်လယ်က ရှေးဟောင်းအမြုတေနယ်မြေတစ်ခုဖြစ်ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အတော်လေးမြင့်မားသော နေရာကို ယူထားလေသည်။

သူတို့နှစ်ခုကို တစ်ခုထဲအဖြစ် ပေါင်းစပ်လိုက်လျှင် သူတို့၏စွမ်းအားက များစွာပို၍ ကြောက်စရာကောင်းလာပေမည်။

လွန်ခဲ့သည့်နှစ်တစ်ထောင်က အဆူရာယန်ပေးချန်သည် သူ၏ အလောင်းတောင်တန်းသွေးပင်လယ်နှင့် အသင်္ချေနယ်မြေတောင်ထွတ်ထိပ်သို့ တက်ရောက်ပြီး နံပါတ်တစ်နေရာကို ရယူခဲ့လေသည်။

“သူတို့ ရှစ်ယောက်စလုံးက တကယ့်ကို ရှားရှားပါးပါး အနှိုင်းမဲ့ပြိုင်စံရှားတွေပဲ”

ပကတိအရှင်လောရွှယ်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“ယခင် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာဆိုရင် သူတို့ထဲက ဘယ်သူမဆို ထိပ်ဆုံးနေရာကို ရယူနိုင်တယ်… အခုတော့.. သူတို့အားလုံးက ဒီဘက်မျိုးဆက်တစ်ခုထဲမှာ အတူလာပြီး စုဝေးကြတယ်ဆိုတော့…”

“ဒါ့အပြင်.. သူတို့အားလုံးရဲ့အထက်မှာ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတား သီယင်းကလည်း ရှိနေသေးတယ်”

ကိုယ်တော်ကြွယ်ချမ်း ၊ ဖန်းယွဲ့နှင့် ကိုယ်တော်ကျန့်ခုန်းတို့ကလည်း သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်ကြလေသည်။

ရွှေရောင်အလင်းတစ်ခုက ဆင်းသက်လာလေသည်။

ကိုယ်တော်ကြွယ်ချမ်းကို ရွှေရောင်အရိပ်တစ်ခုက လွှမ်းခြုံလာပြီး ဝင်းလက်တောက်ပလာလေသည်။

တဝင်းဝင်း တလက်လက် ပုံစံဖြင့် ဘုံခုနှစ်ဆင့်စေတီက ဆင်းသက်လာပြီး ကိုယ်တော်ကျန်ခုန်း၏အထက်မှာ မျောလွင့်နေလေသည်။ ၎င်းက ရေတံခွန်တစ်ခုကဲ့သို့.. နတ်ဘုရားအလင်းများကို လောင်းချပြီး သူ့ကို ကာကွယ်ပေးထားလေသည်။

လှိုဏ်ခေါင်းကျောင်းတော်၏ အမွေအနှစ်အမြုတေနယ်မြေ ‘ဘုံခုနှစ်ဆင့်စေတီ’ပင် ဖြစ်လေသည်။

နောက်ပိုင်းထွက်ပေါ်လာသော ရွှေအမြုတေနယ်မြေများက များစွာပို၍ကြောက်စရာကောင်းနေလေသည်။

အဲဒါက.. စောစောက ပေါ်ထွက်ခဲ့သော မြစ်တန်းရှည်နေဝင်ဆည်းဆာနှင့် ကြယ်စင်စုဝဲကတော့တို့နှင့် နှိုင်းယှဉ်လျှင် ခွန်အားအရာမှာ အဆင့်တစ်ခုလုံးလုံး မြင့်မားလေသည်။

မရေမတွက်နိုင်သော အကြည့်များက မင်းကျန့်၏အပေါ်မှာ ကျရောက်လာလေသည်။

ပထမအုပ်စုထဲရှိ လူရှစ်ယောက်ထဲတွင် သူက သူ၏ရွှေအမြုတေနယ်မြေကို မထုတ်ဖော်ရသေးသော တစ်ဦးတည်းသောသူ ဖြစ်လေသည်။

“ဟီး.. ဟီး”

ကိုယ်တော်ယွမ်ခုန်းက လှောင်ရယ်လိုက်လေသည်။

“အဲဒါ.. သူက သုံးစားမရတဲ့ ရွှေအမြုတေနယ်မြေတစ်ခုကို ကျင့်ကြံထားလို့.. အဲဒါကို ထုတ်‌ဖော်လည်း ဘာမှထူးမှာ မဟုတ်ဘူးဆိုပြီး နေနေတာဖြစ်ရမယ်.. သူက အကုန်လုံးကို သူ့ရဲ့ကိုယ်ပိုင်ခွန်အားသက်သက်ပေါ် မှီခိုပြီးတော့ တက်လှမ်းနေရတာပဲ”

သူ စကားပြောလို့ မဆုံးသေးခင်မှာပင် မင်းကျန့်သည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိတ်စည်းတစ်ခုကို ဆင့်ခေါ်လိုက်ပြီး အလွန်တရာ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင်.. သူ့နောက်တွင် အစိမ်းရောင်ကြာပန်းတစ်ခုက ပေါ်လာပြီး လေထဲမှာ ရစ်ဝဲကာ ဖြည်းဖြည်းချင်း လှည့်ပတ်လာလေသည်။

ပွင့်ဖတ်ပွင့်ချပ် တစ်ခုချင်းစီမှာ လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးနက်နဲသော အင်းကွက်များက ရှိနေလေသည်။

တဖြည်းဖြည်းနှင့်… ထိုပွင့်ဖတ်ပွင့်ချပ်များက ပွင့်ဟလာပြီး အစိမ်းရောင်ကြာပန်းများအဖြစ် ဖူးပွင့်လာလေသည်။

လျှို့ဝှက်ဆန်းကြယ်သော အလင်းများက တစ်ခုပြီးတစ်ခု ဖြန့်ကျက်၍ တောက်ပလာလေသည်။

ကြာပန်းစင်္ကြံလမ်း၏အလယ်မှ မွှေးပျံ့သော ရနံ့တစ်ခုက လွှမ်းခြုံလာလေသည်။

အစိမ်းရောင်ကြာပန်းသည် ကမ္ဘာပေါ်ရှိ နတ်ဆိုးများအားလုံးကို သန့်စင်ပေးနိုင်သည့်အလား ဖူးပွင့်လာလေသည်။

အစိမ်းရောင်ကြာပန်း ဖူးပွင့်လာသည့်ခဏ၌ အလောင်းတောင်တန်းသွေးပင်လယ်ဖြစ်စေ.. ဘုံခုနှစ်ဆင့်စေတီဖြစ်စေ… အခြားသောခုနှစ်ယောက်၏ ရွှေအမြုတေနယ်မြေများအားလုံးသည် သိသိသာသာ သက်ရောက်ခြင်းခံလိုက်ရသည့်အလား ခဏမျှ လှုပ်ခါသွားကြလေသည်။

“အဲဒါက.. ဘာအမြုတေနယ်မြေလဲ”

“ကြည့်ရတာ.. အဲဒီ အမြုတေနယ်မြေက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ.. ငါ အဲဒါကို ဘယ်နေရာမှာ ကြားဖူးတာပါလိမ့်…”

“အာ…”

ရုတ်တရက် တိမ်စိုင်များအထက်မှ အာမေဋိတ်သံအချို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

ဗုဒ္ဓဂိုဏ်းများမှ ပကတိအရှင်အချို့သည် တုန်လှုပ်မှုဖြင့် ခါးမတ်သွားပြီး သူတို့က မင်းကျန့်အနောက်ရှိ အစိမ်းရောင်ကြာပန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေလေသည်။

“ကမ္ဘာ..သန့်စင်.. အစိမ်းရောင်.. ကြာပန်း”

ကိုယ်တော်ယွမ်ခုန်းက ပြတ်တောင်းပြတ်တောင်းနှင့် ထိုစကားလုံးလေးလုံးကို ဖြည်းဖြည်းချင်း ပြောဆိုလိုက်လေသည်။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်း..။ ဖာဟွားကျောင်းတော်၏ အမွေအနှစ်အမြုတေနယ်မြေ...။ အဲဒါက ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းအဆင့် ရွှေအမြုတေနယ်မြေတစ်ခုဖြစ်လေသည်။ အဲဒါကို အထွတ်အထိပ်ထိ ကျင့်ကြံထားမည်ဆိုလျှင် ၎င်း၏စွမ်းအားက ဘုံခုနှစ်ဆင့်စေတီအထက်မှာပင် ရှိနိုင်လေသည်။

******

All Chapters