← Chapters

ဒုဥက္ကဌရဲ့ ဝံပုလွေ

Vol. 33 Ch. 481

ဒုဥက္ကဌရဲ့ ဝံပုလွေ

Vol. 33 Ch. 481

ထွင်ထျန်းဟာသည် သူတော်စင်သားရဲအရိုးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။

သူက အရိုးမှ ထွက်ပေါ်လာသော သူတော်စင်သားရဲသွေး၏ အနံ့အသက်ကြောင့် တံတွေးများကို မျိုချလိုက်သည်။

အရိုးကို သူက စိတ်မဝင်စားခဲ့ပေ။

သူစိတ်ဝင်စားသည်မှာ သူတော်စင်သားရဲ၏ မွှေးပျံ့သောသွေးရနံ့ ဖြစ်သည်။

ထိုမွှေးရနံ့ကို ရှုရှိုက်ရသည်က အလွန်ပင် အရသာ ရှိလွန်းလှ၏။

သူတော်စင်သားရဲများတွင် ထူးခြားသောရနံ့ ရှိသည်။

၎င်းကို အနံ့ခံအာရုံ မြင့်မားသော ဝိညာဉ်သားရဲများသာ သိနိုင်၏။

သင့်အနေဖြင့် အစပိုင်းတွင် ဘာမှမခံစားရလျှင်ပင် သိပ်မကြာခင် စွဲလမ်းသွားပေမည်။

ထွင်ထျန်းဟာကမူ ငွေရောင်လေး၏ သူတော်စင်သားရဲသွေးတွင် စိမ်ထားဖူးသောကြောင့် သူတော်စင်သားရဲသွေး၏ မွှေးရနံ့ကို စွဲလမ်းနေခဲ့သည်။

“မင်းငါ့ကိုတကယ်ပဲပေးချင်တာလား”

ထွင်ထျန်းဟာက ဝေ့ကျစ်ကိုကြည့်၍ မေးလိုက်သည်။

သူ့အမြင်အရ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး အဖွဲ့အစည်း၏ ဒုဥက္ကဌနှင့် ဝေ့ကျစ်သည် ဤအရိုး၏ ဇစ်မြစ်ကို မသိလောက်ချေ။

၎င်းတို့က သာမန်အရိုးဟု ထင်မှတ်ကာ လွယ်လွယ်ကူကူစွန့်ပစ်လိုက်ပုံ ရသည်။

သူသတိထားမိခဲ့သည့် အဓိက အကြောင်းရင်းမှာ သူတော်စင်သားရဲ၏ သွေးရနံ့သည် အရိုးပေါ်တွင် ပျံ့နှံ့နေခဲ့သောကြောင့် ဖြစ်၏။

သူ့အနေဖြင့် လက်ရှိအဆင့်အထိ မကျင့်ကြံနိုင်ခဲ့လျှင် ၎င်းကိုအနံ့ခံနိုင်မည် မဟုတ်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

သူ့မျက်နှာက မှန်ပုံးနှင့် ထိကပ်လုနီးပါး ဖြစ်နေသည်။

“ဒါကအရိုးလေးပဲလေ”

ဝေ့ကျစ်က သူ့လက်များကို ဖြန့်ပြကာ ထူးမခြားနားသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါက အလောင်းအစားမှာ အနိုင်ရခဲ့တဲ့ဟာပဲ.. ဒါကြောင့် ငါ့အတွက် ဘာမှဆုံးရှုံးစရာတော့ မရှိပါဘူး.. ဒါပေမဲ့ ဒုဥက္ကဌကတော့ အချိန်အတော်ကြာတဲ့အထိ နောင်တရနေခဲ့တယ်"

“ဒုဥက္ကဌက ဘာလို့နောင်တရတာလဲ”

“သူ့အိမ်မှာက ဝံပုလွေတစ်ကောင် ရှိတယ်လေ.. အဲဒီ ဝံပုလွေက ဒီအရိုးနဲ့ ညတိုင်း ဆော့ကစားလေ့ရှိတယ်.. အခု ဒုဥက္ကဌက ဒီအရိုးကို ပေးပစ်လိုက်တော့ ဝံပုလွေ အတော်လေး စိတ်ပျက်သွားမှာ အသေအချာပဲ.. ဒီအရိုးကို ဝံပုလွေက စုပ်ပြား တစ်ချောင်းလို ဆော့ကစားနေတယ်လို့ ငါကြားခဲ့ဖူးတယ်”

ဝေ့ကျစ်က နှုတ်ခမ်းများ တွန့်ကွေးသွားသည်အထိ ရယ်မောရင်း ပြောလိုက်သည်။

“လက်ရှိအချိန်မှာတော့ ဒုဥက္ကဌက ဝံပုလွေအတွက် အိပ်ဆေးကိုပဲ အားကိုးရလိမ့်မယ်လို့ ငါထင်တယ်”

“အဲဒီလောက်တောင်ပဲလား”

“အင်း.. ဝံပုလွေက အဲဒီအရိုးကို အရမ်းပဲ နှစ်သက်တာလေ”

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာသည် ဤအရိုးကိုပြောင်ပြောင်တင်းတင်း လက်ခံလိုက်ခြင်းက အနည်းငယ် မသင့်တော်ကြောင်း ခံစားလိုက်ရသည်။

“ဝေ့ကျစ်.. ငါဒီအရိုးကို ပြန်ပေးလိုက်ရင် ကောင်းမလား”

ထွင်ထျန်းဟာက ထိုသို့ပြောသော်လည်း ပါးစပ်ကို အကျယ်ကြီးဖွင့်၍ ဖားပြုပ်မျိုးနွယ်စု၏ ဝါးမျိုခြင်း မှော်စွမ်းရည်ကို အသုံးပြုကာ အရိုးတစ်ခုလုံးကို စုပ်ယူရန် အသင့်ပြင်ထားသည်။

ဝေ့ကျစ် “……..”

“ညီနောင်ခွေး.. မင်းကတော့ တကယ်တစ်ခုခုပဲ”

ထွင်ထျန်းဟာက သူယခု လုပ်ဆောင်ခဲ့သည့် အပြုအမူနှင့်ပတ်သက်၍ အလွန်ရင်းနှီးသည်။

ယင်းက တရုတ်နှစ်သစ်ကူး ကာလတွင် အန်ပေါင်းရသောသူများ လုပ်ဆောင်လေ့ရှိသော အပြုအမူ ဖြစ်သည်။

၎င်းတို့က ပါးစပ်ကသာ မယူဘူးဟု ပြောသော်လည်း ခန္ဓာကိုယ်ကမူ ရိုးသားစွာ ပြုမူကြသည်။

ထွင်ထျန်းဟာက အရိုးဘုရင်ကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက်တွင် အရိုး၏ ဇစ်မြစ်ကို ရှာဖွေရန်အတွက် ငွေရောင်လေးကို သွားရှာရန် ဆုံးဖြတ်ထားခဲ့သည်။

ဤအရိုးက သူတော်စင်သားရဲ၏ အရိုးဖြစ်ကြောင်း ထွင်ထျန်းဟာ ဆုံးဖြတ်နိုင်၏။

သို့သော် လက်ရှိကမ္ဘာပေါ်တွင် ငွေရောင်လေးထက် သူတော်စင်သားရဲ၏ အကြောင်းကို သိသူမရှိပေ။

ထွင်ထျန်းဟာ သိချင်သည့် အချက်တစ်ချက် ရှိသေးသည်။

သူက ဝေ့ကျစ်ကို ကြည့်ကာ မေးလိုက်၏။

“ဒီဝံပုလွေ အမျိုးအစားက ငါတို့တိုင်းပြည်က မဟုတ်ဘူးဆိုတာ ငါမှတ်မိတယ်.. သူ့ရဲ့ဇစ်မြစ်ကို မင်းသိရင်ပြောပြပါလား"

"ဒါက ဥရောပအနောက်ခြမ်းက ဝိညာဉ်သားရဲ တစ်ကောင်ပဲ.. ငါတို့က ဝိညာဉ်သားရဲလို့ ခေါ်ကြပေမဲ့ ဟိုမှာတော့ နတ်ဆိုးသားရဲလို့ပဲ ခေါ်ကြတယ်”

ဝေ့ကျစ်က ပရော်ဖက်ရှင်နယ် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ယောက်အနေဖြင့် သားရဲများ၏ ယဉ်ကျေးမှုနှင့် အလွန်ရင်းနှီးခဲ့သည်။

ဒုဥက္ကဌနှင့် ဝေ့ကျစ်တို့က အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူများ ဖြစ်သော်လည်း ဤအရိုးကို သူတော်စင်သားရဲ အရိုးဖြစ်ကြောင်း မသိနိုင်ဟု ထွင်ထျန်းဟာ မှန်းဆခဲ့သည်။

အကြောင်းအရင်းမှာ သူတော်စင်သားရဲ အရိုး၏ရနံ့ကို အနံ့ခံရန် မလွယ်ကူခြင်းကြောင့်ပင်။

ထို့အပြင် သူတော်စင်သားရဲများ မျိုးသုန်းသွားကြောင်း ကြေညာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

ဒုဥက္ကဌက လမ်းတွင် သူကောက်ရခဲ့သော အရိုးက သူတော်စင်သားရဲ၏ အရိုး ဖြစ်ကြောင်းသာ သိလျှင် မယုံနိုင်လောက်အောင် အံ့ဩသွားပေလိမ့်မည်။

ဝိညာဉ်သားရဲဟူသော အယူအဆ အတွက် ပြည်တွင်းနှင့်ပြည်ပမှ အခေါ်အဝေါ် ကွဲပြားမှုများကို ဝေ့ကျစ် ရှင်းပြသည်အား နားထောင်ရင်း နိုင်ငံရပ်ခြား သမိုင်းအကြောင်းကို သူ့အနေဖြင့် ပိုမိုလေ့လာရန် လိုအပ်သည်ဟု ထွင်ထျန်းဟာ ယူဆခဲ့သည်။

လက်ရှိတွင် နိုင်ငံရပ်ခြားသမိုင်း အကြောင်းကို မပြောနှင့်၊ ဟွာရှို့ နိုင်ငံ၏ သမိုင်းနှင့် ပတ်သက်သည့် အရာအားလုံးကိုပင် နားမလည်နိုင်သေးပေ။

ဟွာရှို့နိုင်ငံကို စတင်တည်ထောင်ချိန်မှ စ၍ နှစ်ပေါင်း(၅၀၀၀)နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဟွာရှို့နိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်းနှင့် မြင့်မားသော ယဉ်ကျေးမှုရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။

အရည်အချင်းရှိသောသူများက အတူတကွ လက်တွဲ၍ ဤနိုင်ငံကြီးကို စည်းစည်းလုံးလုံးနှင့် ခမ်းခမ်းနားနား တည်ထောင်ခဲ့ကြသည်။

ထိုအချိန်က ကမ္ဘာခြားဂိတ်ပေါက်မှ တဆင့် နတ်ဆိုးများကျူးကျော် ဝင်ရောက်လာသောအခါတွင် ဟွာရှို့နိုင်ငံမှ ကျင့်ကြံသူများသည် နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးနတ်ဘုရားများကို သင်ခန်းစာများ ခပ်ကြမ်းကြမ်း ပေးခဲ့ကြသည်။

ထိုအကြောင်းကို တွေးရင်း ထွင်ထျန်းဟာက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"စကားမစပ်.. နိုင်ငံရပ်ခြားမှာ သူတော်စင်သားရဲနဲ့ ပတ်သက်ပြီး ငါတို့နိုင်ငံနဲ့ ဘာတွေကွဲပြားသေးလဲ"

ဝေ့ကျစ် ခေါင်းညိတ်လိုက်သည်။

"ကွဲပြားချက် နည်းနည်းတော့ရှိတယ်.. အခေါ်အဝေါ်ချင်း မတူကြဘူး.. နိုင်​ငံ​ခြား​သား​တွေ​က သူတို့​ကို နတ်ဆိုးသား​ရဲ​လို့ ခေါ်​ကြ​တယ်.. သူတို့ဆီမှာတော့ သူတော်စင်သားရဲအချို့ ရှိကောင်း ရှိနေနိုင်ပါသေးတယ်"

ထွင်ထျန်းဟာက သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုအချိန်က ကောလဟာလ တစ်ခုကြောင့် သူတော်စင်သားရဲများသည် မျိုးတုန်းသည်အထိ သုတ်သင်ခံခဲ့ရ၏။

တကယ်တမ်း တွေးကြည့်လျှင် အတော်ပင် ရင်နာဖို့ကောင်းလှသည်။

"ဒုဥက္ကဌရဲ့ ဝံပုလွေက ဘယ်အဆင့်သားရဲလဲ"

ထွင်ထျန်းဟာ အမှတ်ရမိသည်မှာ ဝိညာဥ်သားရဲ (နတ်သားရဲ) များ၏ အကဲဖြတ်မှုစံနှုန်းများသည် ပြည်တွင်းဖြစ်စေ ပြည်ပဖြစ်စေ အတူတူပင် ဖြစ်သည်။

"အဌမတန်းစား ဝိညာဥ်သားရဲပါ.. အသက်သုံးရာပဲ ရှိပါသေးတယ်.. ဒါပေမဲ့ သက်တမ်းရှည်ပြီး ကောင်းမွန်စွာကြီးပြင်းလာမယ် ဆိုရင်တော့ အမြင့်ဆုံး အတန်းအစားဖြစ်တဲ့ ပထမတန်းစား အဆင့်ကို ရောက်လာနိုင်ပါတယ်"

"အဌမတန်းစားအဆင့်လား.."

ထွင်ထျန်းဟာက ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်သည်။

ဤဝံပုလွေသားရဲက အသက်သုံးရာရှိနေပြီ ဖြစ်သော်လည်း အဌမတန်းစားအဆင့် ဝိညာဥ်သားရဲ၏ ကန့်သတ်မှုအရ ၎င်း၏ IQ သည် နှစ်နှစ်မှ သုံးနှစ်အရွယ် လူသားကလေး တစ်ဦးလောက်သာ ရှိမည် ဖြစ်သည်။

သူတော်စင်သားရဲ အရိုးကို အသာထား၊ ငွေရောင်လေးကို ထိုဝံပုလွေအရှေ့သို့ ဆွဲခေါ်၍ ပြသလျှင်ပင် ၎င်းက ငွေရောင်လေးအား သူတော်စင်သားရဲ တစ်ကောင်မှန်း သိနိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဝံပုလွေက သူကစားနေကျ အရိုးတုံး ပျောက်သွား၍ ဂျီကျနေမည်မှာ သေချာသည်။

တကယ်တမ်းတွင် ထွင်ထျန်းဟာသည် ဤအရိုး၏ အဖိုးထိုက်တန်ပုံအား ဒုဥက္ကဌ သိရှိနေမည်ကို အစောပိုင်းတွင် စိုးရိမ်နေခဲ့သည်။

ယခုအခါတွင် သူ၏ လွဲမှားမှုများအား နားလည်သွားခဲ့သည်။

ဤအရိုးက ငိုကြွေးခြင်း အင်မော်တယ်၏ မျက်လုံးထဲတွင် ဝံပုလွေလေး ဆော့နေကျ အရုပ်တစ်ခုထက် မပိုချေ။

ထွင်ထျန်းဟာ "စကားမစပ်.. ဒီနိုင်ငံခြားက နတ်ဆိုးကောင်က အတော်ငယ်သေးတယ် ဆိုတော့ ခန္ဓာကိုယ် သိပ်ပြီး ဖွံ့ဖြိုးသေးမယ်လို့ ငါမထင်ဘူး"

"မင်း သူ့ကို မမြင်ဖူးလို့ပါကွ.. ဝံပုလွေလေးက အသက်သုံးရာပဲ ရှိသေးပေမဲ့ သူ့ခန္ဓာကိုယ်က ဝိညာဉ်ခြင်္သေ့နှစ်ကိုယ်စာ အရွယ်အစားလောက် ဖြစ်နေပါပြီ"

ထွင်ထျန်းဟာ "အဲဲဒီလောက်တောင် ဖြစ်နေပြီလား"

ဝေ့ကျစ် ခေါင်းညိတ်လိုက်သည်။

"အပြည့်အဝသာ ကြီးပြင်းလာရင် ဇိမ်ခံအိမ် တစ်လုံးရဲ့ အရွယ်အစားလောက် ဖြစ်လာနိုင်ပါတယ်.. ဒါပေမဲ့ အရွယ်ရောက်ပြီးတဲ့ အခါကျရင် အရွယ်အစားကို ထိန်းချုပ်နိုင်အောင် သင်ယူနိုင်တယ်လေ.. ဒီဝံပုလွေလေးက အရမ်းလည်း သစ္စာရှိတယ်... မကောင်းတဲ့ အချက်တစ်ခုက ငစမန် အရမ်းထတာပဲ"

"ညီနောင်ခွေး.. မင်း မမြင်ဖူးသေးလို့... ဒုဥက္ကဌအိမ်ကို ငါ နောက်ဆုံး အကြိမ် သွားလည်တုန်းကဆို ငါအတော်လေး တုန်လှုပ်သွားခဲ့တယ်"

ထွင်ထျန်းဟာ "............"

ဝေ့ကျစ်က သက်ပြင်းကိုပင် မချနိုင်တော့ပေ။

"ဒုဥက္ကဌက ဝံပုလွေလေး အတွက် အမ ဝံပုလွေ အရုပ်တွေ အများအပြား ဝယ်ထားပေးခဲ့တယ်... ဒါပေမယ့် ဒီကောင်က အရုပ်အားလုံး ပျက်စီးသွားတဲ့ အထိ အသုံးပြုခဲ့တယ်"

ထွင်ထျန်းဟာက ခဏလောက် နှုတ်ဆိတ်နေပြီးမှ"နောက်ကျရင် ငါ့ကိုလည်း တစ်ခုလောက် ပို့ပေးပါ"ဟု ပြောလိုက်သည်။

ဝေ့ကျစ်က ရယ်မောလိုက်သည်။

"ညီနောင်ခွေး.. မင်းရဲ့ ညီအကိုတစ်ယောက် အနေနဲ့ အမှန်အတိုင်း ပြောပြမယ်.. အဲဒီ အရုပ်တွေက သီးသန့် အော်ဒါမှာထားရတာ.. စိတ်ကြိုက်လုပ်ထားပေးတဲ့ အတွက် ကျေနပ်စရာကောင်းမှာကတော့ သေချာပါတယ်.. ဟိုကောင်ကိုပဲ ကြည့်လေ"

ထွင်ထျန်းဟာ "မင်းနားလည်မှုလွဲနေတာပါ.. ငါက အပျင်းပြေ သူငယ်ချင်း တစ်ယောက်လောက် လိုချင်ရုံပါပဲ"

အသေအချာ စဥ်းစားကြည့်လျှင် ဝံပုလွေလေးအတွက် ထိုအရုပ်များက အရိုးတုံး ထက် ပိုအသုံးဝင်မည်မှာ သေချာ၏။

All Chapters