← Chapters

ငွေရောင်လေး၏ မကျေမချမ်းမှု

Vol. 33 Ch. 483

ငွေရောင်လေး၏ မကျေမချမ်းမှု

Vol. 33 Ch. 483

ရိုးရှင်းစွာပြောရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ငွေရောင်လေး၏ စကားကို ယုံကြည်စိတ်ချရသည်ဟု မထင်ထားခဲ့ပေ။

ယခုအခါတွင် လူ့အဖွဲ့အစည်းသည် ဥပဒေနှင့်အညီ အုပ်ချုပ်နေပြီး အရာအားလုံးသည် အထောက်အထားများ အပေါ် အခြေခံရန် လိုအပ်သည်။

ဤအခြေအနေကို ကျိုးကြောင်းလျော်ညီစွာ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ထွင်ထျန်းဟာသည် လင်းကျန်ရန်၏ ဝိညာဉ်သားရဲ ဖြစ်ပြီး သာမန်အမွေးစိမ်း ခွေးတစ်ကောင် မဟုတ်ပေ။

ထွင်ထျန်းဟာက လင်းကျန်ရန်၏ ကောင်းမွန်သော ဩဇာလွှမ်းမိုးမှုအောက်တွင် မှန်ကန်သော အမြင်သုံးပါးကိုဖော်ထုတ်နိုင်ခဲ့ပြီး အောက်တန်းကျသော အယူအဆများကို ဖယ်ရှားနိုင်ခဲ့သည့် ခွေးတစ်ကောင် ဖြစ်သည်။

လင်းကျန်ရန်၏ ပြောဆိုချက်နှင့် ထွင်ထျန်းဟာ၏ သဘာဝမကျသော အပြုအမူတို့ကို ပေါင်းစည်းကြည့်လိုက်လျှင် ထွင်ထျန်းဟာသည် ချစ်သူရှာထွက်နေသည်ဟု အကြမ်းဖျင်း ယူဆ၍ ရပေသည်။

သို့သော် ပြဿနာမှာ ထွင်ထျန်းဟာသည် ခွေးဘဝသို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွေးဘဝသို့ရောက်သည်နှင့် ခွေးမတစ်ကောင် အပေါ် အချစ်စိတ်များ မြန်မြန်ဆန်ဆန် ယိုဖိတ်နိုင်သည်မှာ ဖြစ်နိုင်ပါ၏လော။

ဤအရာက သံသယဝင်စရာ ကောင်းလွန်းသည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် ခံစားမိသည်။

ဒုတိယအချက်အနေဖြင့် ဒုတိယတန်းစား ဝိညာဉ်သားရဲ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည့် ထွင်ထျန်းဟာ အတွက် ဤကဲ့သို့ အခြေခံဗီဇများကို ဖိနှိပ်ရန်မှာ မခဲယဉ်းပေ။

သို့သော် ငွေရောင်လေးက လူ့အသိုင်းအဝိုင်းတွင် နုံအနေဆဲဖြစ်၍ သူ့ကို လိမ်ညာလိမ့်မည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် မထင်ပေ။

ထိုအစား ငွေရောင်လေးသည် "အပျော်ရှာသည်" ဟူသော စကားလုံးကိုပင် လုံးဝ နားမလည်နိုင်ဟု သူထင်ခဲ့သည်။

တကယ်တမ်းတွင် ဟွာရှို့နိုင်ငံ၏ ယဉ်ကျေးမှုသည် အလွန်ပင်လေးနက်၏။

စကားလုံးများသည် မတူညီသော အကြောင်းအရာများပေါ်မူတည်၍ လုံးဝကွဲပြားခြားနားသော အဓိပ္ပါယ်များအဖြစ် ပြောင်းလဲသွားတတ်သည်။

"အပေါက်လွတ်သည် လေကို ဖိတ်ခေါ်သည်"နှင့် ကွမ်ကျုံးနှင့်ပေရှုယာ ကဲ့သို့ ချစ်ကြည်ရင်းနှီးမှုနှင့် ဆိုင်သော စကားစုများသည် အဓိပ္ပါယ် အမျိုးမျိုး ရှိသည်။

"လေးလေးနက်နက်"နှင့် "အူလှိုက်သည်းလှိုက်"ကို ပင်လျှင် အချို့နေရာများတွင် "ပြင်းထန်သောလှုပ်ရှားမှု"ဟု အဓိပ္ပါယ်ဖွဲ့ဆိုကြသည်။

"ညီနောင် ငွေရောင်လေး.. မင်းရဲ့ ချက်တင်မှတ်တမ်းကို တစ်ချက်လောက် ကြည့်လို့ရမလား”

ထိုမေးခွန်းကို မေးရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်နှာကျက်တွင် ငွေရောင်လေး ဖောက်ထားသည့် အပေါက်ကို ခေါင်းမော့၍ ကြည့်လိုက်သည်။

ဤအပေါက်ကို ငွေရောင်လေးက သပ်သပ်ရပ်ရပ် ဖေါက်ထားသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ထင်ခဲ့သည်။

အကြောင်းရင်းမှာ ထိုအပေါက်မှ အလင်းရောင်က မြေအောက်ခန်း၏ စားပွဲပေါ်သို့ ကျရောက်လာ၍ မြေအောက်ခန်းတွင် မီးဖွင့်စရာ မလိုသောကြောင့် ဖြစ်သည်။

သူ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ပင် ငွေရောင်လေးက ကန့်ကွက်ခဲ့သည်။

“ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”

ငွေရောင်လေးက အလွန်ပြတ်သားစွာ ကန့်ကွက်လိုက်သည်။

ပထမတစ်ချက်မှာ ဤကိစ္စသည် သူ၏ ကိုယ်ရေးကိုယ်တာကိစ္စနှင့် ပတ်သက်နေ၏။

ဒုတိယတစ်ချက်မှာ သူကဲ့သို့ သူတော်စင်သားရဲက ဒုတိယတန်းစား ဝိညာဉ်သားရဲ တစ်ကောင်ကို အကူအညီတောင်းခံထားခြင်းကြောင့် ဖြစ်သည်။

ဤကိစ္စသာ ပေါ်ပေါက်သွားခဲ့လျှင် မည်မျှ ရှက်စရာကောင်းလိမ့်မည်နည်း။

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

၎င်းက ငွေရောင်လေး၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်နေ၍ သူ့အနေဖြင့် အတင်းအကျပ်လုပ်ရန် မသင့်တော်ချေ။

အဆုံးသတ်တွင် စားပွဲပေါ်ရှိ သူ့ဖုန်းသည် ဝမ်လင်းထံမှ‌ နောက်ထပ် မက်ဆေ့တစ်ခုနှင့်အတူ တုန်ခါလာသည်။

“ကုယွမ်ခရိုင်သစ်လား”

ဝမ်လင်းက ဝိညာဉ်သားရဲစာချုပ်ကြောင့် ထွင်ထျန်းဟာ ရှိနေသည့် ဧရိယာကို ဆုံးဖြတ်နိုင်ခဲ့သော်လည်း တိကျသောတည်နေရာကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

“ကုယွမ်ခရိုင်သစ်က အခုမှဖွင့်တာ မဟုတ်ဘူးလား.. ညီနောင်ခွေးက ဘာလို့အဲဒီကို သွားရတာလဲ”

ထိုနေရာတွင် ဖျော်ဖြေရေး အဆောက်အဦး များစွာကို ဆောက်လုပ်နေဆဲ ဖြစ်ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် သိရှိထားသည်။

အနီးအနားတွင် (Yida) ကဲ့သို့သော ကျင့်ကြံရေး ကုန်တိုက်ကြီးများ သို့မဟုတ် ရေချိုးခန်းနှင့် ချွေးထုတ်ခန်းများ ပါဝင်သည့် အပန်းဖြေစခန်းများပင် မရှိခဲ့ပေ။

ပထမဆုံး အချက်အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ထွင်ထျန်းဟာ ခြေထောက်သွားစိမ်သည့် ဖြစ်နိုင်ချေကို ဖယ်ထုတ်ထားခဲ့သည်။

စကားပြောနိုင်ပြီး ထူးခြားသော အမွေးများရှိသည့် ခွေးတစ်ကောင်သာ ခြေထောက်စိမ်ရန် အတွက် အပန်းဖြေစခန်းသို့ရောက်ရှိသွားခဲ့လျှင် ချက်ချင်းပင် ထိုသတင်းက ပေါက်ကွဲထွက်လာမည် မဟုတ်ပါလော။

ထိုအကြောင်းကို စဉ်းစားမိရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က စာရိုက်ရမည့်အစား အသံမက်ဆေ့သာ ဝမ်လင်းထံ တိုက်ရိုက်ပေးပို့ခဲ့သည်။

“ညီနောင်လင်း.. ခဏစောင့်ပါဦး.. ငါဘလက်လေးကို ချက်ချင်း ဆက်သွယ်ပြီး တည်နေရာ အတိအကျကို ရှာခိုင်းလိုက်မယ်”

သူ့စကားမဆုံးခင်မှာပင် ငွေရောင်လေးက ချက်ချင်း ဟန့်တားလိုက်သည်။

“ခဏနေပါဦး.. စီနီယာအင်မော်တယ်.. အဲဒီအသံမက်ဆေ့ကို ဆရာလေးလင်းဆီ မပို့ပါနဲ့ဦး”

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ အော်သံကြောင့် လက်ချောင်းများ တုန်ခါသွားပြီး အသံမက်ဆေ့ကို ခပ်မြန်မြန် ဖျက်ပစ်လိုက်သည်။

“ဘာဖြစ်လို့လဲ ညီနောင်ငွေရောင်လေး”

ထိုအချိန်မှာပင် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူ့ဦးခေါင်းထက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်နှာကျက်ကို မော့ကြည့်လိုက်ရာ ငွေရောင်လေးက စောနက အပေါက်ကို ထပ်ချဲ့၍ မြေအောက်ထပ်သို့ ခုန်ဆင်းလာသည်အား တွေ့လိုက်ရသည်။

ထိုခဏဝယ် သူက အေးစက်သောလေကို ရှူရှိုက်လိုက်ရသည်။

“ငွေရောင်လေး.. မင်းငါ့အိမ်ကို ဘာတွေလုပ်နေတာလဲ”

ဤအိမ်ကို အကောင်းဆုံး နီလာစကျင်ကျောက်များဖြင့် ပြုလုပ်ထားပြီး အတော်ဆုံး ဗိသုကာ ပညာရှင်များဖြင့် စိတ်ကြိုက် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က မျက်နှာကျက်ကို ကြည့်ရင်း ငိုချင်လာသော်လည်း မျက်ရည်ကျခြင်း မရှိခဲ့ပေ။

“ညီနောင်ဗုံးပစ်.. ညီနောင်ဗုံးပစ်.. ဒါကို တစ်ချက်ကြည့်ပါဦး”

ငွေရောင်လေးက သူ့ကိုယ်သူ ဖုန်ခါပြီးနောက်တွင် ဖုန်းကို တိုက်ရိုက်ပြလိုက်သည်။

ယင်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ စခရင်ရှော့ ဓါတ်ပုံဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုဓါတ်ပုံကို စိုက်ကြည့်လိုက်သည်။

“တာအိုကျင့်ကြံသူ..ဖန်း”

သူက ဖန်းကွမ်း၏ အထောက်အထားကို ပါးစပ်မှ ရုတ်တရက် ထုတ်ဖော်လုနီးပါး ဖြစ်သွားသည်။

သို့သော်လည်း ငွေရောင်လေးက သတိမထားမိခဲ့ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းတို့က မိစ္ဆာဓါးနတ်ဘုရား နှင့် အင်မော်တယ်စံအိမ် အကြောင်းကို ထုတ်ဖေါ်ပြောဆိုခဲ့သူ ဖန်းကွမ်း၏ အထောက်အထားအား လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ကြသည် မဟုတ်ပါလော။

“ညီနောင်ဗုံးပစ် ဒီတိုက်ရိုက် ထုတ်လွှင့်သူကို သိလား.. သူကအခုတလော အရမ်း ရေပန်းစားနေတာလေ"

ငွေရောင်လေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က တုန်လှုပ်ခြောက်ခြားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ငါသူ့ကို သိပါတယ်”

“ဒါကို တစ်ချက်ကြည့်ပါဦး”

ငွေရောင်လေးက ဓာတ်ပုံပေါ်ရှိ တစ်စုံတစ်ခုကို ထောက်ပြလိုက်သည်။

ထိုအရာက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ မက်ဆေ့များဖြစ်သည်။

ထိုမက်ဆေ့အရ အင်မော်တယ်2 နှင့် သူငယ်ချင်းသည် အင်တာနက်ဘားသို့ သွားရာလမ်းတွင် ရှိနေပြီး ကျွန်းသခင်က သူ၏ဖန်ဂရုမှ သူငယ်ချင်းများကို စုစည်းနေ၏။

ကျွန်းသခင် ဂိမ်းဆော့မည်ဖြစ်၍ လူတိုင်း အံ့ဩကာ မက်ဆေ့ အပြိုင်အဆိုင် ပို့နေကြခြင်းပင်။

မက်ဆေ့ပါ အကြောင်းအရာများအရ ကျွန်းသခင်က ဂိမ်းဆော့ရမည့် သူငယ်ချင်းများကို ကျပန်းရွေးချယ်မည် ဖြစ်သည်။

ယင်းက ကျွန်းသခင်၏ ဖန်များအတွက် ရှားပါးသည့် အခွင့်အရေး တစ်ခုပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုသတင်းကြောင့် ထိတ်လန့်သွားခဲ့သည်။

“အင်မော်တယ်2 လား.. အဲဒါ ညီနောင်ခွေးရဲ့ အွန်လိုင်း အိုင်ဒီမဟုတ်လား”

ထို့နောက်တွင် သူတို့က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအား ဖွင့်လိုက်ရာ ကျွန်းသခင်က အွန်လိုင်းပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် အများသူငှာ ဖန်သားပြင်ပေါ်တွင် အထူးသတိပေးချက်တစ်ခု ရှိနေသည်ကိုလည်း သူတို့ သတိပြုမိလိုက်သည်။

“ဤအွန်လိုင်းလှုပ်ရှားမှုကို ရှင်ရှင်း အင်တာနက်ဘားမှ သီးသန့် စပွန်ဆာ ပေးထားခြင်း ဖြစ်သည်”

ဒါတင် မကသေးဘဲ ဖန်းကွမ်းက ထိုအင်တာနက်ဘား၏ လိပ်စာကို အများသူငှာ ဖန်သားပြင်ပေါ်တွင် မြင်သာအောင် တိုက်ရိုက် တင်ထားပေးခဲ့သည်။

“အင်း.. ဒီအတိုင်းဆိုရင် ဘလက်လေးရဲ့ အကူအညီကို မလိုတော့ဘူး ထင်ပါရဲ့”

ဗုံးပစ်စီနီယာ အင်မော်တယ်က ဇာတ်လမ်းတစ်ခုလုံးကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူက တိုက်ရိုက် ထုတ်လွှင့်မှုအခန်း၏ စခရင်ရှော့ ဓါတ်ပုံကို ရိုက်ယူခဲ့ပြီး သုံးယောက် သီးသန့်ချက်ဂရုသို့ ပေးပို့လိုက်သည်။

“တာအိုကျင့်ကြံသူ ဖန်းကွမ်းက ညီနောင်လင်းရဲ့ ခွေးနဲ့ အွန်လိုင်းမှာ ဂိမ်းကစားနေတယ်”

ဝမ်လင်း “...???...”

ဝမ်လင်းက မက်ဆေ့ချ် ဘောက်ကို တစ်ချိန်လုံး စိုက်ကြည့်နေသောကြောင့် မက်ဆေ့ချ် ပေါ်လာသောအခါတွင် ချက်ချင်းတွေ့လိုက်ရသည်။

ဗုံးပစ်စီနီယာအင်မော်တယ် ပေးပို့ခဲ့သည့် စခရင်ရှော့ကို သူထင်ရှားစွာ မြင်လိုက်သည်။

၎င်းမက်ဆေ့များကြားတွင် ထွင်ထျန်းဟာ၏ အွန်လိုင်းအိုင်ဒီကို ဖေါ်ပြထားသည့် အနီရောင်အကွက် တစ်ခု ရှိနှင့်နေ၏။

ဝမ်လင်း၏မျက်နှာက ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားခဲ့သည်။

“ဒီခွေးက ဂိမ်းဆော့ဖို့အတွက် အင်တာနက်ဘားကို တကယ်ပဲသွားခဲ့တာလား”

ဝမ်လင်း ရုတ်တရက် တွေးမိလိုက်သည်။

သူ၏ခွေးက အပျော်ရှာနည်းကို တကယ်ပဲသိနေပုံရ၏။

All Chapters