← Chapters

လျော့တွက်မရသည့်သူငယ်ချင်းများ

Vol. 33 Ch. 487

လျော့တွက်မရသည့်သူငယ်ချင်းများ

Vol. 33 Ch. 487

ထွင်ထျန်းဟာက ဝေ့ကျစ်ကို ဂိမ်းချက်ဂရုထဲသို့ ဆွဲသွင်းလိုက်သည်။

ကျွန်းသခင် နှင့် အလွန်နီးကပ်သော ပထမဆုံး အကြိမ်ဖြစ်၍ ဝေ့ကျစ်က အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

"ကျွန်းသခင်.. ဒီနေ့လို တကယ် ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး.. ကျွန်းသခင် ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါ"

"ကောင်းပါပြီ"

ဖန်းကွမ်းက အလွန်ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

လောလောဆယ်တွင် ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ထွင်ထျန်းဟာ နှင့် ဝေ့ကျစ် တို့က အခြားတစ်ဖွဲ့ဖြစ်ကာ ဖန်းကွမ်း နှင့် ၎င်း၏ နံပါတ်တစ် ပရိသတ် "နှစ်ညအိပ်သုံးရက်"တို့က တစ်ဖွဲ့ ဖြစ်သည်။

ဖန်းကွမ်း နောက်ဆက်တွဲ လုပ်ဆောင်ရမည့်အရာမှာ ချက်ဂရုထဲသို့ လူတစ်ရာ ပြည့်သည်အထိ လူများကို ပေါင်းထည့်ရန် ဖြစ်သည်။

"ငါလုပ်ပါရစေ သခင်ကျွန်း"

ထိုအချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ညီနောင် အိပ်စက်က စကားစလာသည်။

တကယ်တမ်းတွင် ဤ "ညီနောင်အိပ်စက်" ၏ သရုပ်မှန်ကို ဝမ်လင်း အလွန် သိချင်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ညီနောင် အိပ်စက်၏ လေသံက အထူးသဖြင့် သူ၏ လေးနက်သော လေသံနှင့် အလွန်တူသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

"ညီနောင်အိပ်စက်က နှစ်ညအိပ်သုံးရက် မွမ်းမံပြီးပြီ ဆိုတဲ့စာရေးဆရာလား"

"အဲဒီစာရေးဆရာက နေ့စဉ်နေ့တိုင်း တိုက်ရိုက် ထုတ်လွှင့်မှုတွေလုပ်ပြီး အားနေရင် ဂိမ်းပဲကစားနေတာလေ.. အပ်ဒိတ်နှေးတော့ စာဖတ်သူတွေ အမြဲ စိတ်အနှောင့်အယှက် ဖြစ်ရတယ်"

ဝေ့ကျစ်က မတုန်မလှုပ် မေးလိုက်သည်။

ဤမေးခွန်းကို စခရင်ပေါ်မှမြင်ရလျှင် "ညီနောင် အိပ်စက်"၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

ဝေ့ကျစ် အနည်းငယ် စိတ်ပျက်သွားမိသည်။

"ငါက အဲဒီစာရေးဆရာကို မင်းလို့ ထင်နေခဲ့တာ"

"ညီနောင်ဝေ့ကျစ်က အဲဒီစာရေးဆရာရဲ့ စာအုပ်တွေ ဖတ်တာလား"

ဝေ့ကျစ် "ဖတ်တယ်လေ.. သူနာပြုလေးကိုစိုစွတ်အောင်လုပ်ဖို့သွားကြစို့ ဆိုတဲ့ဝတ္ထုကို အကြိုက်ဆုံးပေါ့"

ညီနောင်အိပ်စက် "............."

ထွင်ထျန်းဟာ "............"

ဝမ်လင်း ".............."

ဗုံးပစ်စီနီယာအင်မော်တယ်

"ညီနောင်ဝေ့ကျစ်... စာရေးဆရာ နှစ်ညအိပ်သုံးရက်က အဲဒီစာအုပ်ကို မရေးဘူးလေ.. ဒါက ဝမ်စစ်ထူရဲ့ခေါင်းစဥ်နဲ့ ဆင်နေတယ်"

ဝေ့ကျစ် "အိုး.. ငါသူတို့ကို ရောထွေးသွားတာ ဖြစ်မယ်.. ဘာပဲဖြစ်ဖြစ် ဝမ်စစ်ထူ နဲ့ ဒီနှစ်ညအိပ်သုံးရက် တို့က ငါ အထူးနှစ်သက်တဲ့ စာရေးဆရာတွေပါပဲ"

ဝေ့ကျစ်က ဤတစ်ကြိမ်တွင် အွန်လိုင်းကနေ စာအုပ်ခေါင်းစဥ်ကို အရင်စစ်ဆေးလိုက်သည်။

ခေါင်းစဉ်ကို အတည်ပြုပြီးနောက် ၎င်းကို ချက်ဂရုတွင် တင်ခဲ့သည်။

"ဒီစာအုပ်လေ.. ခေါင်းစဥ်က ကြောက်ရွံ့ခြင်းနိဗ္ဗာန်ဘုံ"

ညီနောင်အိပ်စက် နှင့် နံပါတ်တစ် ပရိတ်သတ်က ခေါင်းညိတ်လိုက်သည်။

"ဒီစာအုပ်က တကယ်ကောင်းပါတယ်..ဇာတ်လိုက်က ဒေါသကြီးပြီး ခိုင်မာတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်"

ဗုံးပစ်စီနီယာအင်မော်တယ်က ရုတ်တရက် စပ်စုလိုက်သည်။

"ဇာတ်လမ်းအကျဉ်းကဘယ်လိုလဲ"

ဝေ့ကျစ် "ဒါက ငယ်ရွယ်တဲ့ ဇာတ်လိုက်တစ်ယောက် တဖြည်းဖြည်း သန်မာလာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ.. တစ်နေ့မှာ သူက ကမ္ဘာ့ဝိညာဉ်ချီ ပြန်လည် ရှင်သန်လာတာကို ရုတ်တရက် တွေ့ရှိခဲ့တယ်.. အဲဒီနောက်မှာ မမျှော်လင့်ဘဲ စနစ်တစ်ခုကို ရရှိခဲ့တယ်.. စနစ်ရဲ့ အဓိကအချက်က သူကြုံတွေ့ရတဲ့ ဘယ်လိုအန္တရာယ်ကို မဆို ကြောက်ရွံ့နေသရွေ့ သူက ကြောက်ရွံ့ခြင်းရဲ့ စွမ်းအားကို ပုံရိပ်ယောင် ငွေကြေးအဖြစ် ပြောင်းလဲပြီး သူအမှီသဟဲပြုဖို့အတွက် အထောက်အပံ့ပစ္စည်းတွေကို ဝယ်လာနိုင်မယ်လေ.."

"အဆုံးသတ်မှာ သူဝယ်ခဲ့တဲ့ အသန်မာဆုံး အမှီသဟဲ အထောက်အပံ့က သားရေဆိုဖာ ဆိုတာကို ငါ မှတ်မိနေသေးတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် ".............."

“မင်း ဒီစာအုပ်ကို စိတ်ဝင်စားရင် နောက်ကျရင်ဖတ်ကြည့်ပေါ့”

ညီနောက်အိပ်စက်က ပြောလိုက်သည်။

ဝေ့ကျစ်က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ဖန်သားပြင်ရှေ့တွင် သက်ပြင်းချလိုက်သည်။

"အင်း မင်းက တကယ်ပဲ စာရေးဆရာ နှစ်ညအိပ်သုံးရက် မဟုတ်ဘူးပေါ့"

ညီနောင်အိပ်စက်က ခေါင်းခါယမ်းပြီး ရယ်လိုက်သည်။

"ငါမဟုတ်ပါဘူး.. ငါက သူ့ရဲ့ပရိတ်သတ် တစ်ယောက်ပါ.. အွန်လိုင်းနာမည်ပြောင် အများစုက အစစ်အမှန် မဖြစ်နိုင်ဘူးလေ.. ဒီသူငယ်ချင်း ID 'အင်မော်တယ်2'ကိုပဲ ဥပမာကြည့်"

"မင်းတို့အားလုံးက သူ့ကို ညီနောင်ခွေးလို့ ခေါ်ကြပေမယ့် သူက တကယ့်ခွေးတစ်ကောင် မဟုတ်ဘူးလေ ဟုတ်တယ်မလား"

ထွင်ထျန်းဟာ "............."

".............."

သူတို့၏ ဖန်သားပြင်များရှေ့တွင် ညီနောင်အိပ်စက် မှလွဲ၍ လူတိုင်းသည် ပြောစရာစကားများ ချက်ချင်းပင် ပျောက်ဆုံးသွားကြသည်။

"ကောင်းပြီ ငါက ဂိမ်းချက်ဂရု ကုတ်နံပါတ်ကို တင်ပေးလိုက်ပြီ"

ဖန်းကွမ်း၏ ပရိသတ်များက အပလီကေးရှင်းကနေ ချက်ဂရုကို ချက်ချင်း ဝင်ရောက်လာကြပြီး မက်ဆေ့ချ်များ ပေးပို့ခဲ့ကြသည်။

"၁၁၁"

"ငါက ကျွန်းသခင်ကို အချစ်ဆုံးပဲ"

"ကျွန်းသခင်က ပင်လယ်ပြင်ရဲ့ မီးရှူးတန်ဆာဆိုရင် ငါက လှိုင်းလုံးတွေရဲ့ အမြှုပ်တွေပဲ.. တစ်ချိန်ချိန်မှာ... မင်းရဲ့ အလင်းရောင်က ငါ့ကို လင်းလက်စေမှာပါ.."

"မွမွ.. ငါကျွန်းသခင်ကို အရမ်းကြိုက်တယ်.. ငါ့ကို ခြေအိတ်ဖြူ ပေးလို့ရမလား"

................

နှစ်မိနစ်မပြည့်မီမှာပင် ချက်ဂရုရှိ လူအရေအတွက်သည် အများဆုံး ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။

ချက်ဂရု​​တစ်ခုသည် အများဆုံး လူတစ်ရာသာ ဆံ့၏။

ဖန်းကွမ်းက ဤအရေအတွက်သို့ မရောက်မီတွင် အလိုအလျောက် ပြန်လည်သုံးသပ်သည့် စနစ်တစ်ခုကို တည်ဆောက်ခဲ့သည်။

ဖန်းကွမ်းက အခြား တိုက်ရိုက်ထုတ်လွှင့်မှုများမှ ၎င်းကို ဆန့်ကျင်သည့် ပရိသတ်များ ဝင်ရောက်လာမည်ကို တားဆီးရန်အတွက် စစ်ထုတ်မှုကို အထူး ပြင်ဆင်ထားခဲ့သည်။

ဆိုရလျှင် အဆင့်နိမ့်လွန်းသော အကောင့်များကို စနစ်မှ တိုက်ရိုက်စစ်ထုတ်မည် ဖြစ်သည်။

မကြာမီ ဂိမ်းချက်ဂရုအဖွဲ့က အသက်ဝင်လာသည်။

ထွင်ထျန်းဟာက သူ့ဘေးနားရှိ ဝေ့ကျစ်ကို လှည့်ကြည့်လိုက်ရာ ဝေ့ကျစ်က ဂိမ်းကီးဘုတ် ထိန်းချုပ်မှုများကို အမှန်တကယ် စစ်ဆေးနေကြောင်း တွေ့ရှိလိုက်သည်။

သူ့မျက်လုံးထောင့်များက ချက်ချင်းပင် လှုပ်ရှားသွားသည်။

"မင်းကစားနိုင်ပါ့မလား.."

ဝေ့ကျစ် ခေါင်းကုတ်လိုက်သည်။

"ငါနောက်ဆုံးကစားခဲ့တာ ကြာပြီ... အရင်ကစားတုန်းက ဆိုရင် ဒီလို ယန္တရားတွေ အများကြီးမရှိခဲ့ဘူးလေ"

"စိတ်မပူပါနဲ့ ငါမင်းကို ကူညီပေးမယ်.. သူတို့တွေက သာမန် ဂိမ်းကစားသူတွေပါပဲ.. လှည့်စားမှုကို မသုံးသရွေ့တော့ သူတို့ကို အနိုင်ယူနိုင်မယ်လို့ ငါယုံကြည်တယ်"

ထွင်ထျန်းဟာက ပြုံး၍ ပြောလိုက်သည်။

သူက အလွန် ယုံကြည်မှုရှိနေပုံ ပေါ်သည်။

"ညီနောင်ခွေးရေ ဒီမှာအမြန်လာကြည့်ပါဦး"

ဝေ့ကျစ်က ဝဘ်စာမျက်နှာကို ဖွင့်လိုက်ပြီးနောက် အော်ဟစ်လိုက်သည်။

ဝေ့ကျစ် ဖွင့်ထားသော ဝဘ်စာမျက်နှာက ပရိုအသင်း တစ်သင်း၏ ပရိုဖိုင်ဒေတာ ဖြစ်ကြောင်း ထွင်ထျန်းဟာ သတိပြုမိခဲ့သည်။

"ဒါကဘာလဲ"

"ကျင့်ကြံခြင်း ကမ္ဘာရဲ့ ဂိမ်းသမိုင်းမှာ အကောင်းဆုံးအသင်း Team XXလေ"

"သူတို့အဖွဲ့က အဖွဲ့ဝင် ဆယ်ယောက်ရှိပြီး တစ်ဦးချင်းစီက ဂိမ်းအမျိုးအစား အားလုံးကို ကျွမ်းကျင်ကြတယ်.. သူတို့ကို ငါးမိနစ်လောက် အချိန်ပေးလိုက်တာနဲ့ ဂိမ်းတစ်ခုကို အပြည့်အဝ ကျွမ်းကျင်တယ်လို့တောင် ပြောကြတယ်"

"ပဟေဠိဂိမ်းတစ်ခု ဖြစ်ရင်တောင်မှ သူတို့က အချိန်တိုအတွင်း ဖြေရှင်းနိုင်ကြတယ်"

ဤအချက်ကိုပြောပြီးနောက်တွင် ဝေ့ကျစ်သည် အသင်းအလယ်တွင် ရပ်နေသော လူငယ်တစ်ဦးကို သတိပြုမိလိုက်သည်။

ထိုလူငယ်က လက်ပိုက်ထားပြီး ခပ်ယဲ့ယဲ့ ပြုံးနေသည်။

"ဒီလူက အသင်းခေါင်းဆောင်ပဲ... သူက ဂိမ်းလမ်းညွှန်တွေကိုရေးတဲ့ ဂိမ်းဗျူဟာမှူး မဟာနတ်ဘုရား ယဲ့ရှန်းပဲ"

Team XX က အလွန်နာမည် ကြီးသော်လည်း ယခုမှ ဂိမ်းဆော့သောလူသစ်များကမူ ၎င်းတို့အကြောင်းကို သိပ်မသိကြပေ။

သို့သော် မဟာနတ်ဘုရား နှင့် ဂိမ်းလမ်းညွှန် ဟူသော စကားကိုကြားလျှင် ထွင်ထျန်းဟာ ချက်ချင်း သတိရသွားသည်။

ထိုအချိန်က ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဖန်းကွမ်းသည် ဂိမ်းလမ်းညွှန် မှ အဆင့်မြင့် "Z Shake" ခန္ဓာကိုယ်လှုပ်ရှားမှုကို အသုံးပြုခဲ့သည် မဟုတ်ပါလား။

ထိုအကြောင်းကို ထွင်ထျန်းဟာက ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

ထို့ကြောင့် ဝေ့ကျစ်၏ စကားကို ကြားလျှင် ထွင်ထျန်းဟာ ချက်ချင်း နားလည်သွားခဲ့ခြင်း ဖြစ်သည်။

သူဌေးယဲ့ ပိုင်သည့် ဤအင်တာနက်ဘားကို ရှင်ရှင်း ဟုခေါ်ပြီး သမိုင်းတွင် အကောင်းဆုံး ဂိမ်းအဖွဲ့သည် ရှင်ရှင်း၏ အတိုကောက် XX ဖြစ်နေသည်။

အရေးကြီးဆုံးအရာမှာ သူတို့နှစ်ယောက်လုံးက ယဲ့ မျိုးရိုး ဖြစ်နေခြင်းပင်။

"သူဌေးယဲ့က ဒီမဟာနတ်ဘုရားယဲ့ နဲ့ တစ်ခုခု ပတ်သက်နေတယ်လို့ မင်းထင်လား"

"ထင်တယ်"

ဝေ့ကျစ်က ခေါင်းညိတ်လိုက်သည်။

"Team XXက အဓိကဂိမ်းပြိုင်ပွဲတွေမှာ လူတိုင်းကို ချေမှုန်းနိုင်တယ်.. နောက်ပိုင်းမှာ သူတို့က အချိန်တိုအတွင်း ပွဲအဖြေကို ထုတ်နိုင်မဲ့ လျှို့ဝှက်သုတေသန နည်းဗျူဟာတွေကို ကလပ်အသင်းတွေဆီ မျှဝေပေးခဲ့တယ်"

ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ အနည်းငယ် အံ့သြသွားမိသည်။

"TeamXXက အဲဒီလောက်ထိ ကြီးကျယ်ခမ်းနားခဲ့တယ်လား"

ဝေ့ကျစ်က ထွင်ထျန်းဟာကို စိုက်ကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

"ဒီမဟာနတ်ဘုရားယဲ့က Team XX ကို ဘယ်လိုဘယ်ပုံ ဖန်တီးပြီး ကျွမ်းကျင်အဖွဲ့ဝင်တွေကို စုဆောင်းခဲ့လဲ မင်းသိလား"

ထွင်ထျန်းဟာ "...???..."

ဝေ့ကျစ် "သူက အဖွဲ့ဝင်အားလုံးကို မက်ဆေ့ချ် တွေကနေ ရှာတွေ့ခဲ့တာပဲ"

ထွင်ထျန်းဟာ "..........."

All Chapters