← Chapters

ရဲဝံ့စွာရောက်လာခဲ့သောမစ္စတာလု

Vol. 33 Ch. 489

ရဲဝံ့စွာရောက်လာခဲ့သောမစ္စတာလု

Vol. 33 Ch. 489

ဤလူက မရေမတွက်နိုင်သော ပရိသတ်များရှိသည့် ခမ်းနားကြီးကျယ်သော ဝမ်စစ်ထူ ဖြစ်သည်။

သူက စာရေးဆရာ"နှစ်ညအိပ်သုံးရက်" ၏ အမာခံပရိသတ်တစ်ဦး ဖြစ်ကြောင်း အခြားလူများ မည်ကဲ့သို့ သိနိုင်ပါအံ့နည်း။

ဖေဖေဝမ်၏ စာရေးခြင်း လုပ်ငန်းသည် ယခုအချိန်အထိ ချောမွေ့နေခဲ့သည်။

သူ၏ ပထမဆုံးစာအုပ်ဖြစ်သည့် "နို့ထိန်းမိခင်ဆီသွားကြစို့" ဟူသော စာအုပ်ကို အွန်လိုင်းတွင် ဖြန့်ချီပြီးသည်နှင့် ရောင်းရသောအရေအတွက်က တခြား စာရေးဆရာများကို အကြီးအကျယ် မနာလိုဖြစ်စေခဲ့သည်။

ဝဘ်ဆိုက်ရှိ နတ်ဘုရားအဆင့် စာရေးဆရာ "ကျူးကော"ပင်လျှင် အခြားဝဘ်ဆိုဒ်သို့ ပြောင်းသွားသည်အထိ သူ့ကို အလွန်တရာ စိတ်ဆိုးသွားခဲ့သည်။

ဖေဖေဝမ်က ဤနှစ်များအတွင်း သူ့အား ပြိုင်ဘက်အဖြစ် ယှဥ်ပြိုင်နိုင်မည့် လူတစ်ယောက်ရှိခဲ့လျှင် ထိုလူက စာရေးဆရာ နှစ်ညအိပ်သုံးရက်သာ ဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။

ဤလူ၏ ဇာတ်လမ်းများက အလွန်လေးနက်ပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ဖေဖေဝမ် ထင်မြင်ခဲ့သည်။

သို့သော် ဇာတ်လမ်းကို နှေးကွေးစွာ ရေးပြီး မကြာခဏ အပ်ဒိတ် မလုပ်သောကြောင့် စုန်းပြူး စာဖတ်သူအချို့၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

အပ်ဒိတ်များကို တည်ငြိမ်သောနှုန်းဖြင့်သာ ပြန်လည် စတင်ခဲ့လျှင် ဤလူသည် ခိုင်မာသော ပြိုင်ဘက် ဖြစ်လာမည်မှာ သေချာသလောက်ပင်။

လက်ရှိတွင် ဖေဖေဝမ်၏ အဆင့်အတန်းက ထိပ်တန်းအဆင့်တွင် ရှိနေသည်မှာ ပြောနေစရာပင်မလိုပေ။

ဝဘ်ဆိုက်ပေါ်တွင် သူ၏ဝတ္ထုကို ဝင်ရောက်ကြည့်ရှုသူ များပြားခဲ့ပြီး အားပေး ချီးကျူးမှုများကို ရရှိခဲ့သည်။

သို့သော် အဆုံးသတ်တွင် ဖေဖေဝမ်က မာနမကြီးခဲ့ပေ။

ထို့ကြောင့် ဖေဖေဝမ်၏ စိတ်ဓာတ်က အတော်လေး ကောင်းမွန်သည်ဟု လဲ့မုန့်မုန့် တွေးထင်ခဲ့သည်။

နာမည်ကျော် စာရေးဆရာ "ဝမ်စစ်ထူ" တစ်ဖြစ်လဲ ဖေဖေဝမ်သည် စာရေးဆရာ နှစ်ညအိပ်သုံးရက်၏ အမာခံ ပရိသတ်တစ်ဦး ဖြစ်သည်ကို သိလိုက်ရသောအခါတွင် လဲ့မုန့်မုန့် အလွန်အံ့သြသွားခဲ့သည်။

ယင်းက ဖေဖေဝမ် အတွက် လုံးဝ လျှို့ဝှက်ထားရမည့် အရာတစ်ခု ဖြစ်သည်။

စာရေးဆရာများသည် အချင်းချင်း ကျိတ်၍ အပြိုင်အဆိုင် ဖြစ်နေကြသည်မှာ အမှန်ပင်။

ဖေဖေဝမ်၏ သီးသန့် အယ်ဒီတာ အနေဖြင့် ဤအချက်ကို အသုံးချ၍ အခွင့်ကောင်းယူနိုင်သည်ဟု လဲ့မုန့်မုန့် ခံစားမိသည်။

အနည်းဆုံးတော့ အခန်းများ ပိုရေးပေးရန် တောင်းဆိုနိုင်သည် မဟုတ်ပါလား။

ဖေဖေဝမ်က ဂိမ်းထဲတွင် သူ၏အသံကို အနည်းငယ် ပြောင်းလဲလိုသောကြောင့် အသံမွမ်းမံထားသော ခလုတ်ကို ဖွင့်ထားသည်။

ဖေဖေဝမ်ထံတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ချက်တင်အကောင့် ရှိသောကြောင့် ၎င်း၏အမည်ကို မြင်သည်နှင့် ချက်ချင်း သိလိုက်သည်။

ဖေဖေဝမ်က ID အင်မော်တယ်2ကို တွေ့သောအခါတွင် ဤအင်မော်တယ်2က ထွင်ထျန်းဟာ ဖြစ်သည်ကို ချက်ချင်းနီးပါး ခန့်မှန်းမိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ခွေး2ဟု ထွင်ထျန်းဟာကို တစ်ခါတလေ ခေါ်လေ့ရှိသောကြောင့်ပင်။

"မင်းမိသားစုရဲ့ ဝိညာဉ်သားရဲနဲ့ PUBG ကစားရတာ ဘယ်လိုခံစားရလဲ"ဟု တစ်စုံတစ်ယောက်က မေးလာလျှင်လတ်တလော၌ ဖေဖေဝမ်ထံတွင် အဖြေကောင်းကောင်း မရှိသေးပေ။

အနည်းဆုံးတော့ သူက ဂိမ်းကစားသည့်အခါတွင် အနည်းငယ် ပို၍ လေးနက်လာမည် ဖြစ်သည်။

သူ့ဝိညာဉ်သားရဲသာ 98Kကို သုံးပြီး သူ့ကို တကယ်သတ်ခဲ့လျှင် သူအလွန်တရာ မျက်နှာပျက်ရလိမ့်မည် မဟုတ်ပါလား။

ဖန်းကွမ်းက စိတ်ကြိုက်မုဒ်ကို စနစ်ထည့်သွင်းထားပြီးနောက်တွင် ဂိမ်းချက်ဂရုမှလူများက ဂိမ်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။

ဂိမ်းက စတင်တော့မည် ဖြစ်၏။

ဖေဖေဝမ်က ဖန်သားပြင်ကိုသာ အာရုံစိုက်နေသည်။

ထိုအချိန်တွင် လဲ့မုန့်မုန့်က ရုတ်တရက် မေးလိုက်သည်။

"ဒီစာရေးဆရာ နှစ်ညအိပ်သုံးရက်က ဘယ်လိုလူလို့ ထင်လဲ"

“ခဏခဏ အပ်ဒိတ် မလုပ်တာကလွဲရင် သူက လူကောင်းတစ်ယောက်လို့ ထင်ပါတယ်..

"သူက အိမ်မှာနေတဲ့ အဖေလို့လည်း ကြားတယ်.. သူ့ကလေးက ငယ်သေးတယ်လေ.. စာရိုက်ရင်းနဲ့ သူ့ကလေးကို ကြည့်ဖို့ မလွယ်လို့ ဖြစ်မှာပေါ့.. ဒီစာရေးဆရာက တိုက်ရိုက်ထုတ်လွှင့်ရတာကို နှစ်သက်ပြီး ဂိမ်းကစားဖို့အတွက် သူ့အလုပ်ကို လျစ်လျူရှုမိတာလို့ ကြားဖူးတယ်.."

"ဒါနဲ့ သူက ပွဲတစ်ခုကိုမှ မတက်ရောက်ဖူးဘူးလို့လည်း ကြားတယ်.. တစ်နေ့ကျရင် နှစ်ပတ်လည် အစည်းအဝေးမှာ သူနဲ့ တစ်ကြိမ်လောက် ဆုံတွေ့နိုင်ရင် အရမ်းကောင်းမှာပဲ"

ထိုစကားကို ကြားလျှင် လဲ့မုန့်မုန့် နှုတ်ဆိတ်သွားသည်။

"ဘာဖြစ်လို့လဲ ညီနောင်လဲ့"

လဲ့မုန့်မုန့်က တစ်စုံတစ်ရာ လျှို့ဝှက်ထားသည်ဟု ဖေဖေဝမ်က ရုတ်တရက် တွေးမိခဲ့သည်။

"ဘာမှမဖြစ်ပါဘူး"

လဲ့မုန့်မုန့် ခပ်ယဲ့ယဲ့ ပြုံးလိုက်​သည်​။

တကယ်တမ်းတွင် ၀က်ဘ်ဆိုက်သည် "နှစ်ညအိပ်သုံးရက်"ဟူသော ကလောင်အမည်ဖြင့် စာရေးဆရာအကြောင်းကို လျှို့ဝှက်ထားခဲ့သည်။

ဝဘ်ဆိုက်၏ အထက်ပိုင်း စီမံခန့်ခွဲမှုအပြင် ၎င်းတို့နှင့် ဆယ်နှစ်ကျော် အတူရှိခဲ့သော တည်းဖြတ်သူများသာ ဤလျှို့ဝှက်ချက်ကို သိထားကြ၏။

လွန်ခဲ့သည့်ဆယ်နှစ်ခန့်က အယ်ဒီတာချုပ်ထံမှ တဆင့် ဤလျှို့ဝှက်ချက်ကို လဲ့မုန့်မုန့် ​သိရှိခဲ့သည်။

နှစ်ညအိပ်သုံးရက်၏ တကယ့် သရုပ်မှန်သည် အိမ်မှာနေသည့် အဖေတစ်ယောက် မဟုတ်ပေ။

ပုံမှန်အားဖြင့် ဂိမ်းများကို တိုက်ရိုက် ထုတ်လွှင့်နေသူသည် နှစ်ညအိပ်သုံးရက် လုံးဝ မဟုတ်ဘဲ နှစ်ညအိပ်သုံးရက်၏ ခင်ပွန်းဖြစ်သည်။

ဟုတ်ပါသည်၊စင်စစ် စာရေးဆရာ နှစ်ညအိပ်သုံးရက်သည် မိန်းကလေး ဖြစ်သည်။

.................

ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်ဟု ထင်ရသော မစ္စတာလုသည် ဇိမ်ခံအိမ်၏ ဝင်ပေါက်တွင် ရပ်၍ ဇိမ်ခံအိမ်ကို စိုက်ကြည့်နေသည်။

သူ့လက်ထဲက ရေဒါပေါ်ရှိ ကိုသြဒိနိတ် အမှတ်များသည် စိတ်ဝိညာဉ် အမှတ်အသားနှင့် လုံး၀ ဆက်စပ်နေ၍ ဤဇိမ်ခံအိမ်က သူရှာဖွေနေသော နေရာဖြစ်ပြီး အမွေးစိမ်းခွေးက ဤနေရာတွင် ရှိနေကြောင်း သက်သေပြနေ၏။

ဥက္ကဌပိုင် ပေးအပ်လိုက်သည့် တာဝန်အရ အမွေးစိမ်းခွေးကို အရင်သတ်ပြီးမှ ရဲတိုက်လေဒီ ပြောသည့် ဆယ်ကျော်သက်အရွယ် ကျင့်ကြံသူနှင့် သွားတွေ့ရမည် ဖြစ်သည်။

မစ္စတာလုက သူ့လက်စွပ်ကို ဖိနှိပ်လိုက်ရာ အလင်းတစ်ခု ချက်ချင်း ထွက်လာ၏။

၎င်းက အနီအောက်ရောင်ခြည် ရောင်ခြည်တစ်ခု ဖြစ်ပြီး ဇိမ်ခံအိမ်ကို စကင်န်ဖတ်ခြင်းဖြင့် ဇိမ်ခံအိမ်၏ အပြင်အဆင်နှင့် လူရှိသည့် နေရာများကို သိရှိနိုင်မည် ဖြစ်သည်။

အနီအောက်ရောင်ခြည် အာရုံခံကိရိယာ၏ ဖော်ပြချက်အရ ဇိမ်ခံအိမ်တွင် လောလောဆယ် လူသုံးယောက်ရှိပြီး အားလုံးက မြေအောက်ခန်း၌ ရှိနေကြောင်း ပြသနေ၏။

"ဒီခွေးက ဘယ်ရောက်နေတာလဲ"

မစ္စတာလုက တစ်စုံတစ်ရာ မူမမှန်သလို ခံစားရသည်။

ဤခွေးက ဒုတိယတန်းစား ဝိညာဥ်သားရဲ တစ်ကောင်သာ ဖြစ်သော်လည်း အကြီးအကဲစန်းလန်နှင့် အကြီးအကဲ ဟန်အိုက်တို့က အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။

သူက ထိုဖြစ်ရပ်ကို ပြန်တွေးမိကာ မျက်မှောင်ကြုတ်သွားသည်။

အမှန်တရားက တစ်ခုသာ ရှိသည်။

ဤအမွေးစိမ်းခွေး၏ အစစ်အမှန် နယ်ပယ်အဆင့်က ပထမတန်းစား ဝိညာဥ်သားရဲ ဖြစ်နေလောက်၏။

၎င်းက လူသားပုံစံကိုပင် ပုံဖော်နိုင်စွမ်းရှိသည် မဟုတ်ပါလော။

သို့သော် အနီအောက် ရောင်ခြည် အာရုံခံကိရိယာ တစ်ခုတည်းကို အခြေခံ၍ ဤလူသုံးယောက်တွင် မည်သူက အမွေးစိမ်းခွေး ဖြစ်ကြောင်း သူ သေချာမသိပေ။

"သုံးယောက်လုံးကို အတူတူ တစ်ခါတည်း ရှင်းပစ်လိုက်ရင်ကောင်းမလား"

မစ္စတာလုက အချိန်ကို ကြည့်လိုက်သည်။

သို့သော် အလွန်နောက်​ကျနေပြီ ဖြစ်သည်။

သူ၏အလုပ်ချိန်က ကုန်ဆုံးတော့မည် မဟုတ်ပါလား။

အဆုံးသတ်တွင် မစ္စတာလု တစ်ယောက် ဥက္ကဌပိုင်နှင့် လက်တွဲနေရသည့် အကြောင်းရင်းမှာ ဥက္ကဌပိုင်က သူ့ကို နာရီအလိုက် အဖိုးအခများ ပေးထားသောကြောင့် ဖြစ်သည်။

ယခုအခါတွင် သူက အစီအစဉ်ကို အပြောင်းအလဲများ လုပ်ရပေတော့မည်။

လူသုံးယောက်ကို သတ်ပစ်ရမည် ဖြစ်သောကြောင့် အချိန်ပိုယူရမည်မှာ သေချာသည် မဟုတ်ပါလား။

ထို့ကြောင့် မစ္စတာလုက ဇိမ်ခံအိမ် ဝင်ပေါက်တွင်ရပ်ကာ အခြေအနေကို ရှင်းပြရန် ဥက္ကဌပိုင်ထံ မက်ဆေ့ချ် ပေးပို့ခဲ့သည်။

ဥက္ကဌပိုင်က တစ်စက္ကန့်နီးပါးကြာမှ ပြန်ဖြေခဲ့သည်။

"သူတို့အားလုံးကို သတ်ပစ်လိုက်ပါ.. အချိန်ပိုလုပ်ခပေးမယ်"

"ကောင်းပါပြီ ဥက္ကဌကြီး"

နောက်ထပ် ညွှန်ကြားချက်များ ရရှိပြီးနောက်တွင် မစ္စတာလုက သူ၏ဖုန်းကို ပိတ်လိုက်သည်။

အချိန်ပိုကြေး လုံလောက်သရွေ့ သူဘာမဆို လုပ်မည် ဖြစ်၏။

"အိမ်ထဲကို ဖောက်ဝင်သင့်လား"

မစ္စတာလုက လက်သီးတွင် စွမ်းအားများ စုစည်း၍ တံခါးကိုဖွင့်ရန် ပြင်လိုက်သည်။

ထိုခဏဝယ် သူက အဆင်မပြေသလို ခံစားမိခဲ့သည်။

ဇိမ်ခံအိမ်က အဆင့်အတန်းရှိသူများ နေထိုင်သောအိမ် ဖြစ်၍

တံခါးခေါက်သည်ကသာ သင့်တော်ပေသည်။

တံခါးဖွင့်သည်နှင့် သူက ပြေးဝင်ပြီး ဤလူသုံးယောက်ကို အစအနပင် မကျန်အောင် ရှင်းပစ်မည်ဟု တွေးလိုက်သည်။

..................

တံခါးခေါက်သံ မြည်နေချိန်နှင့် တစ်ချိန်တည်းတွင် မစ္စတာလု၏ သိမ်မွေ့သော လူသတ်ငွေ့သည် ဝမ်လင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏နားကြပ်ကို ချွတ်လိုက်သည်။

"ညီနောင်လင်း ဘာဖြစ်လို့လဲ"

"လူသတ်ငွေ့ ရတယ်"

ဝမ်လင်းက ခေါင်းကိုလှည့်ကာ ဇိမ်ခံအိမ်၏ ပင်မဝင်ပေါက်ဆီသို့ ဦးတည်နေသည့် ​မြေအောက်ခန်း၏ ညာဘက် အပေါ်ထောင့်ကို ကြည့်လိုက်သည်။

"ဒါက နတ်ဆိုးချီပဲ"

ငွေရောင်လေး မတ်တပ်ရပ်လိုက်သည်။

သူတော်စင် သားရဲအနေဖြင့် သူက လူသားကျင့်ကြံသူများထက် နတ်ဆိုးချီကို မွေးရာပါ အာရုံခံနိုင်စွမ်းဖြင့် မွေးဖွားလာခဲ့သည်။

ဝမ်လင်းက ဂိမ်းမျက်နှာပြင်ကို ကြည့်လိုက်သည်၊

"အဆင်သင့်ဖြစ်နေပြီ ဒီအချိန်မှာ ရပ်လို့မဖြစ်ဘူး"

ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို ပြောလိုက်သည်။

"ညီနောင် ငွေရောင်လေး.. ညီနောင်လင်း နဲ့ ငါက အခု အလုပ်များနေတယ်.. မင်း အစွမ်းကို ပြသဖို့ အချိန်ရောက်ပြီ"

"ဒါပေမယ့် ဒီနတ်ဆိုးချီအရ ပြိုင်ဘက်က အရမ်းသန်မာလွန်းတယ်.. အနည်းဆုံးတော့ ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ပဲ.. ဆရာသာ မရှိရင် အနိုင်မရမှာကို စိုးရိမ်မိတယ်"

ငွေရောင်လေးက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ညီနောင် ငွေရောင်လေး မကြောက်နဲ့... ခေါက်ဆွဲခြောက်ကြွပ်ကြော်စားပြီးပြီပဲဟာ.. ဘာကြောက်စရာရှိလို့လဲ"

All Chapters