← Chapters

မြင့်မြတ်သော မျိုးနွယ်စု သုံးစု

Vol. 33 Ch. 491

မြင့်မြတ်သော မျိုးနွယ်စု သုံးစု

Vol. 33 Ch. 491

ဘယ်လိုပင် နားလည်မှုလွဲနေပါစေ ပြဿနာက သူ့ခေါင်းပေါ်ကျရောက်လာခဲ့ပြီဖြစ်၍ ပထမဆုံးလုပ်ရမည့် အရာမှာ ကိုင်တွယ် ဖြေရှင်းရန်သာ ဖြစ်သည်။

ထို့အပြင် ဆရာလေးလင်းက အိမ်မှာ ရှိနေသောကြောင့် သူ့အနေဖြင့် ကောင်းမွန်စွာ စွမ်းဆောင်ရမည် ဖြစ်၏။

သူ့ဆရာ ဂိမ်းကစားနေချိန်တွင် အနှောင့်အယှက် ဖြစ်မည်ကို လုံးဝခွင့်မပြုနိုင်ပေ။

ငွေရောင်လေးက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

အသေအချာ တွေးကြည့်လျှင် အင်မော်တယ်စံအိမ် နှင့် တိုက်ပွဲပြီးသည် နှင့် ဆရာလေးလင်းက သူ့ကို လူ့အသိုင်းအဝိုင်းသို့ ခေါ်သွင်းခဲ့ပြီး နောက်တွင် ဤတိုက်ပွဲက သူ၏ စစ်မှန်သောတိုက်ပွဲဟု ယူဆနိုင်ပေသည်။

ဒီမတိုင်ခင် တိုက်ခိုက်ခဲ့သော နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ အကြီးအကဲနှစ်ယောက်က အလွန်အားနည်းသောကြောင့် ငွေရောင်လေးက စာရင်းထဲ ထည့်မတွက်ခဲ့ပေ။

ယခု သူ့ရှေ့မှ ဆွေကြီးမျိုးကြီးနှင့် တူသောလူက လုံလောက်သော ကြံ့ခိုင်မှုရှိသည်ဟု ထင်ရသော်လည်း တိုက်ပွဲမစသေးဘဲ ထိုလူ၏ တိုက်ပွဲဝင်စွမ်းရည်ကို သူအသေအချာ မဆုံးဖြတ်နိုင်သေးပေ။

ထို့ကြောင့် ငွေရောင်လေးက သားရဲအသွင်ကို လုံးဝ မလိုအပ်ဘဲ အလွယ်တကူ ပြောင်းလဲမည်မဟုတ်ပေ။

သားရဲအသွင်ဖြင့်ဆိုလျှင် သူ၏ လက်ရှိ လူသားပုံစံထက် တိုက်ခိုက်ရေးစွမ်းရည် ငါးဆယ်ရာခိုင်နှုန်း ပိုမြင့်လာမည် ဖြစ်သည်။

သို့သော်ငြားလည်း ငွေရောင်လေးသည် အင်မော်တယ်စံအိမ်တွင် သူ့အမေပင် သူ့ကိုမမှတ်မိနိုင်လောက်သည် အထိ ဆရာလေးလင်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်ကို အမှတ်ရမိသည်။

ထိုအတွေးကြောင့် ငွေရောင်လေး၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။

သူ့ခံစားချက်များ ငြိမ်သက်သွားပြီးနောက်တွင် မစ္စတာလုကို မေးခွန်းထုတ်လိုက်သည်။

"မင်းက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကလား"

သူက ဤလူ၏ အထောက်အထားကို ခန့်မှန်းမိခဲ့သော်လည်း အတည်ပြုရန်အတွက် မေးလိုက်ခြင်းသာ။

မစ္စတာလုက တရားမ၀င် ဝိညာဥ်သားရဲ ကုန်သွယ်မှုတွင် နှစ်အတော်ကြာ ပါဝင်ပတ်သက်နေသောကြောင့် ပုံမှန်သားရဲများပင် အနံ့ခံ၍ မရနိုင်သည့် ဝိညာဥ်သားရဲ အနံ့များက သူ့ထံတွင် ရှိနေခဲ့သည်။

သို့သော် ဝိညာဥ်သားရဲများထက် အဆင့်အတန်းမြင့်သော သူတော်စင် သားရဲအနေဖြင့် ငွေရောင်လေးသည် ထိုအနံ့ကို ကောင်းစွာ အနံ့ခံနိုင်ခဲ့သည်။

ထိုရနံ့က ထိုလူအပေါ်ရှိ ပြင်းထန်သော နတ်ဆိုးချီ နှင့် ရောနှောနေသောကြောင့် ငွေရောင်လေးက မအီမသာသလိုပင် ခံစားခဲ့ရသည်။

ဤလူက မည်ကဲ့သို့ နတ်ဆိုး အမျိုးအစားလဲ သူတကယ် သိချင်မိသည်။

"ငါက နတ်ဆိုးမုဆိုးများ အဖွဲ့ဝင်မှန်း သိနေတဲ့အတွက် မင်းက အမွေးစိမ်းခွေး လူသားပုံစံ ပြောင်းထားတာ ဖြစ်ရမယ်"

မစ္စတာလုက သူ့လက်ထဲမှ ကောင်းကင်လမ်းလျှောက်သူဓားဖြင့် ငွေရောင်လေးကို ချိန်ရွယ်လိုက်သည်။

"ငါ့နာမည်ကလု.. နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ ဥက္ကဌအမိန့်နဲ့ မင်းကိုသတ်ဖို့ ရောက်လာတာပဲ"

မစ္စတာလုက သူ့ရှေ့မှ ငွေရောင်ဆံပင်ရှည်နှင့် လူငယ်လေးကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူက တစ်ခုခု မူမမှန်သလို ခံစားရသော်လည်း ဤခံစားချက်က ဘယ်ကနေ လာမှန်း မပြောနိုင်ပေ။

စဥ်းစားကြည့်လျှင် အမွေးစိမ်းခွေးက ပထမတန်းစား ဝိညာဥ်သားရဲ ဖြစ်နေ၍ လူသား အသွင်ပြောင်းနိုင်လျှင်ပင် ဤကဲ့သို့မူလ စိတ်ဝိညာဥ်နယ်ပယ်ကို ထုတ်ဖော်နိုင်သည်က နည်းနည်းတော့ ပုံမှန်မဟုတ်ချေ။

သို့သော် ရန်သူကရှေ့တွင် ရောက်နေပြီဖြစ်၍ ဘာမှ ထပ်တွေးစရာ မလိုတော့ပေ။

ဥက္ကဌပိုင်၏ အမိန့်အရ သူ့ရှေ့မှ လူငယ်ကို အရင် ဖယ်ရှားပစ်ရပေမည်။

အကယ်၍ ၎င်းသာ အမွေးစိမ်း ခွေးတစ်ကောင် ဖြစ်ခဲ့လျှင် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားချိန်၌ ၎င်း၏ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို မူလဝိညာဉ်နယ်ပယ်က တားဆီးထားသော်လည်း မစ္စတာလုက သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေ၏။

သစ်ပင်မှင်စာအတွက် ဝိညာဉ်စွမ်းအင် အနည်းငယ်သာ လိုအပ်သည်။

အလင်းရောင် ရှိနေသ၍ အာဟာရဓာတ်များ ပြည့်ဝနေမည် မဟုတ်လော။

မစ္စတာလုက မူလစိတ်ဝိညာဉ်နယ်ပယ်ကို မထုတ်ဖော်နိုင်သော်လည်း သူ၏ ခံနိုင်ရည်စွမ်းကိုမူ အထူးယုံကြည်မှု ရှိသည်။

သူ၏ "ဖန်ဆင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း" မှော်စွမ်းရည်၏ သီအိုရီအရ အလင်းရှိနေသ၍ (မည်သည့်အလင်းရောင်မဆို) အလင်းတစ်စက္ကန့်သည် သူ၏အသက်ကို တစ်နာရီကြာအောင် သက်တမ်းတိုးစေမည် ဖြစ်သည်။

.............

"ညီငယ်လေး.. မူလစိတ်ဝိညာဉ်နယ်ပယ်ရဲ့ ဝိညာဉ်စွမ်းအင် ကန့်သတ်ချုပ်ချယ်မှုက ငါ့အပေါ်မှာ လုံးဝ အလုပ်ဖြစ်မှာမဟုတ်ဘူး.. မင်းကို ဒီလိုပြောရတာ စိတ်မကောင်းပါဘူး"

ထိုစကားကို ပြောရင်း မစ္စတာလုက ရယ်မောလိုက်သည်။

ယခုမှ တကယ့် တိုက်ပွဲကြီး စတင်တော့မည် ဖြစ်သည်။

သူ့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ရှိနေ၏။

ထို့နောက်တွင် ငွေရောင်လေးသည် ခြေထောက်များ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခံထားရသည်ဟု ရုတ်တရက် ခံစားလိုက်သည်။

သူ့ခြေကျင်းဝတ်များကို တစ်စုံတစ်ခုက ချည်နှောင်ပြီး မြေကြီးထဲသို့ ဆွဲချနေသလိုပင်။

ထိုမြင်ကွင်းကိုမြင်လျှင် မစ္စတာလုက ရယ်လိုက်သည်။

ဤငွေရောင်ဆံပင်နှင့် လူငယ်လေး၏ မူလစိတ်ဝိညာဉ်နယ်ပယ်က သဲကန္တာရဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေါ

သဲကန္တာရ ဖြစ်နေခြင်းက သူ့အတွက် လှည့်ကွက်များစွာ အသုံးပြုခွင့် ရစေသည်။

ဥပမာအားဖြင့် သူက သဲထဲ၌ တိတ်တဆိတ် သွားလာရန် နွယ်ပင်များကို စေလွှတ်နိုင်ပြီး တစ်ဖက်လူအား ယခုလို ချုပ်နှောင်နိုင်ပေသည်။

"မင်းက မြင့်မြတ်သော မျိုးနွယ်စုကလား"

ငွေရောင်လေး အံ့အားသင့်သွားသည်။

သူ့ရှေ့မှလူက မြင့်မြတ်သော မျိုးနွယ်စု သုံးစုထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် သစ်ပင်မှင်စာမျိုးနွယ်စုမှ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မြင့်မြတ်သော မိသားစုဆိုသည်မှာ သူတော်စင်သားရဲ မဟုတ်သော်လည်း သက်တမ်းရှည်သော မျိုးနွယ်စုများ ဖြစ်သည်။

သူတော်စင် သားရဲများနှင့် နတ်ဆိုးသားရဲများကြားတွင် မြင့်မြတ်သော မျိုးနွယ်စုများ အဖြစ် အသိအမှတ်ပြု ခံထားရသော မိသားစုသုံးစု ရှိသည်။

တစ်ခုက ဖားပြုပ် မျိုးနွယ်၊ တစ်ခုက လိပ် မျိုးနွယ်ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ သစ်ပင်မျိုးနွယ် ဖြစ်သည်။

ဤမျိုးနွယ်စုကြီး သုံးခုသည် အလွန် ပြင်းထန်သော ခံစစ်စွမ်းရည်များ ရှိပြီး တက်ကြွမှု အပြည့်ရှိသည့် စရိုက်လက္ခဏာများ တူညီကြသည်။

၎င်းတို့ကို သာမန်နည်းလမ်းဖြင့် သတ်ရန်မှာ ခဲယဥ်းသည်။

ထိုအချက်ကို ကောင်းကင်ဝါးမျို ဖားပြုပ်ဘဝကတည်းက ထွင်ထျန်းဟာ သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။

ထို့ကြောင့် အခွင့်အရေးနှင့် ကံကြမ္မာက ၎င်းတို့ လက်ထဲမှာ ရှိသည်ဟုပင် ပြော၍ရသည်။

ငွေရောင်လေးက အံ့အားသင့်သွားသည်။

အကြောင်းရင်းမှာ သူ့ရှေ့မှ လူသည် မြင့်မြတ်သော မျိုးနွယ်စုသုံးစုတွင် မိမိကိုယ်ကို ကုသနိုင်စွမ်း အပြင်းထန်ဆုံးဖြစ်သည့် သစ်ပင်နတ်ဆိုး တစ်ဦးဖြစ်ကြောင်း သူသိလိုက်သောကြောင့် ဖြစ်သည်။

ထို့အပြင် သစ်ပင်နတ်ဆိုးများ၌ ကျွမ်းကျင်မှုများစွာ ရှိကြသည်။

၎င်းတို့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားလျှင် လွတ်မြောက်ရန်မှာ ယေဘုယျအားဖြင့် အလွန် ခက်ခဲသည်။

ငွေရောင်လေးက ရုန်းရင်းကန်ရင်း ခြေထောက်ကို အသာအယာ ဆောင့်ချမိလိုက်ရာ ချုပ်နှောင်ထားသည့် နွယ်ပင်များက ခေါက်ဆွဲကဲ့သို့ နူးညံ့ပျော့ပျောင်းလာပြီး ကွဲထွက်သွားခဲ့သည်။

"ဘယ်လိုဖြစ်တာလဲ"

ငွေရောင်လေးက မှင်တက်သွားသည်။

သူတင်မက တစ်ဖက်မှ မစ္စတာလုသည်လည်း ဤမြင်ကွင်းကို မြင်ပြီးနောက်တွင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

"အချုပ်အနှောင်မှော်စွမ်းရည်"

သူက သွားများကို အံကြိတ်ကာ ရေရွတ်လိုက်ပြီး နောက်ထပ် နွယ်ပင်လှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

ငွေရောင်လေးက ခြေထောက်ကို အသာအယာ ဆောင့်ချလိုက်ရာ ချုပ်နှောင်ထားသည့် နွယ်ပင်များက ကွဲထွက်သွားပြန်သည်။

မစ္စတာလုက သူ့သွားများကို ဆက်လက် အံကြိတ်ရင်း ရေရွတ်လိုက်သည်။

"ရွှေရောင်အချုပ်အနှောင်မှော်စွမ်းရည်"

ငွေရောင်လေးက ခြေထောက်ကို အသာအယာ ဆောင့်ချလိုက်ရာ နွယ်ပင်များက တဖန် ပျက်စီးသွားပြန်သည်။

"ပြတ်သွားပြန်ပြီလား"

"စိန်အချုပ်အနှောင်မှော်စွမ်းရည်"

ထို့နောက်...

ငွေရောင်လေးက ခြေထောက်ကို အသာအယာ ဆောင့်ချလိုက်ရာ နွယ်ပင်များက တဖန် ကွဲထွက်သွားခဲ့သည်။

လေးချီမြောက် တိုက်ခိုက်ပြီးသောအခါတွင် မစ္စတာလုက အသက်ရှုရကြပ်လာပြီး သူ့လက်ကို ဒူးပေါ်တင်လိုက်သည်။

သူက ဝိညာဥ်စွမ်းအားကို အဆက်မပြတ် အသုံးပြုခြင်းကြောင့် အတိုင်းအတာ တစ်ခုအထိ စွမ်းအင်များ ဆုတ်ယုတ်သွားခဲ့၏။

သို့သော်လည်း သူသုံးစွဲခဲ့သော ဝိညာဉ်စွမ်းအားကို အလင်း၏ စွမ်းအင်ဖြင့် အလွန်လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

"ဒီလူငယ်က ကိုင်တွယ်ရ နည်းနည်းခက်တယ်..."

မစ္စတာလုက စိတ်ထဲကနေ ရေရွတ်လိုက်သည်။

တစ်ဖက်တွင်လည်း လေးချီခန့် ရင်ဆိုင်အပြီးတွင် ငွေရောင်လေးသည် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

အစောပိုင်းက ခေါက်ဆွဲခြောက်ကို စားပြီးချိန်တွင် ပုံမှန်မဟုတ်သည့် စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ ရောက်လာသလို ခံစားခဲ့ရသည်။

ထို ထူးခြားသော စွမ်းအားကနေ နွယ်ပင်တွေ ပြိုကွဲသွားအောင် စွမ်းအင်စီးကြောင်းကို ထုတ်လွှတ်ခဲ့ခြင်းပင်။

ယခု ထိုစွမ်းအား၏ ပံ့ပိုးမှုဖြင့် သူက အချုပ်အနှောင် မှော်စွမ်းရည်ကို ခံနိုင်ရည်ရှိနေပြီဟု ရာနှုန်းပြည့် သေချာသွားခဲ့သည်။

All Chapters