မစ္စတာလု ဝမ်းနည်းပက်လက်ဖြစ်ခြင်း
Vol. 33 Ch. 493
မစ္စတာလုက သူ၏ ကောင်းကင်လမ်းလျှောက်သူဓား ဖျက်ဆီးခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ ဒုတိယတန်းစား သူတော်စင် လက်နက်ဖြစ်သည်။
လက်သီးချက်နှင့် ထိမိပြီးနောက်တွင် ဒုတိယတန်းစား သူတော်စင် လက်နက်သည် အမှိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး မစ္စတာလုသည် အချိန်အတော်ကြာ မှင်တက်သွားခဲ့သည်။
သူ သတိပြန်ဝင်လာချိန်တွင် ငွေရောင်လေး၏ လက်သီးက သူ့မျက်နှာနှင့် နီးကပ်နေပြီ ဖြစ်သည်။
"ဘန်း"
သူ့မျက်နှာက ငွေရောင်လေး၏ လက်သီးနှင့် မိတ်ဆက်သွားပြီးနောက်တွင် သူ့တစ်ကိုယ်လုံးသည် လေထဲသို့ ပျံသန်းသွားခဲ့သည်။
သူ့မျက်နှာက လုံးဝကို အီစိမ့်သွားခဲ့၏။
လက်သီးဖြင့် မျက်နှာကို ထိုးမိသည်က သစ်ပင်၏ ပင်စည်ကို ခုတ်မိလိုက်သည်နှင့် တူညီသည်။
"အရမ်းအားနည်းလွန်းတယ်.."
ငွေရောင်လေးက သူ့လက်သီးချက်ဖြင့် ပျံသန်းသွားသော မစ္စတာလုကို စိုက်ကြည့်ရင်း မသိစိတ်ကနေ ခပ်ဝင့်ဝင့် ရေရွတ်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် ချွေးများ ရုတ်တရက် စီးကျလာသည်။
သစ်ပင်မျိုးနွယ်စုသည် ကြံခိုင်မှု အလွန် အားကောင်းပြီး အစွမ်းထက်မြက်သော ပြန်လည် ရှင်သန်နိုင်စွမ်းလည်း ရှိသည်။
ထို့အပြင် ၎င်းတို့အသုံးပြုသော မှော်စွမ်းရည်များသည် ချုပ်နှောင်ခြင်းနှင့် သက်ဆိုင်နေ၏။
ဝိညာဉ်သားရဲများနှင့် နတ်ဆိုးသားရဲများ၌ ကိုယ်ပိုင်ဂုဏ်ရည်များ ရှိကြသလို သူတော်စင် သားရဲများသည်လည်း အတူတူပင် ဖြစ်သည်။
ငွေရောင်လေး၏ ငွေရောင်ယူနီကွန်း မျိုးနွယ်စုသည် တိုက်ပွဲကို ဆင်နွှဲနိုင်ရုံသာမက အကြွင်းမဲ့ ခွန်အားရှိသော စစ်သည်တော်များ ဖြစ်ကြသည်။
အကယ်၍ သူတော်စင် စစ်ပွဲကြီးသာ ပေါ်ပေါက်ခဲ့လျှင် ငွေရောင် ယူနီကွန်းများသည် ရှေ့တန်း၌ ရှိနေပေလိမ့်မည်။
သူတော်စင် စစ်ပွဲစတင်ရန် ရလဒ်ကို ဆုံးဖြတ်ပေးမည့် မျိုးနွယ်စုခေါင်းဆောင်များနှင့် သူတော်စင်သားရဲ ကိုယ်စားလှယ်များ ပါဝင်သည့် အထွေထွေ စည်းဝေးပွဲကို ကျင်းပရန်မှာ အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ထိုစဉ်က ပထမဆုံးအကြိမ် သူတော်စင် သားရဲ အထွေထွေ စည်းဝေးပွဲ ကျင်းပချိန်ကို ငွေရောင်လေး သတိရမိသည်။
ထိုအချိန်က သူတော်စင် သားရဲ ကိုယ်စားလှယ် အရေအတွက် အများဆုံး တက်ရောက်ခဲ့ကြသည်။
မျိုးဆက်သစ် ဂျူနီယာ တစ်ဦးအနေဖြင့် ငွေရောင်လေးက စည်းဝေးပွဲ အတွင်း နောက်ဆုံးခုံတန်း၌ ထိုင်ခွင့်ရခဲ့သည်။
ပထမအကြိမ် သူတော်စင်သားရဲ အထွေထွေ စည်းဝေးပွဲတွင် မျိုးနွယ်စု အားလုံးမှ ကိုယ်စားလှယ်များသည် လူသား ကျင့်ကြံသူများကြားတွင် ပျံ့နှံနေသော ကောလဟလနှင့် မကြာသေးမီက ဖမ်းဆီးခံရသော သူတော်စင်သားရဲများ ကိစ္စနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးခဲ့ကြသည်။
အချို့သော ကိုယ်စားလှယ်များသည် သူတော်စင် စစ်ပွဲကို စတင်ရန် အဆိုပြုခဲ့ကြသည်။
ကံမကောင်းစွာပဲ ဤအဖြစ်အပျက်က သက်ရောက်မှု အများအပြား မရှိသေးသောကြောင့် တခြား မျိုးနွယ်စုများမှသူတော်စင်သားရဲများမှာ ဤပြဿနာ မည်မျှအထိ ပြင်းထန်မှန်း နားမလည်ခဲ့ကြပေ။
ထို့ကြောင့် သူတော်စင် စစ်ပွဲအတွက် ပထမဆုံးအကြိမ် အစည်းအဝေးသည် ပြီးဆုံးသွားခဲ့သည်။
ထို့နောက် ဒုတိယအကြိမ် အထွေထွေညီလာခံကို ဆွေးနွေးခဲ့ကြသည်။
သူတောင်စင်ခွေးက ခွေးမျိုးနွယ်စု၏ ကိုယ်စားလှယ်အနေဖြင့် သူတော်စင် စစ်ပွဲအပေါ် သူ၏ အတွေးအမြင်ကို မျှဝေခဲ့သည်။
၎င်းက သူတော်စင် သားရဲများအားလုံး စည်းလုံးညီညွတ်စွာဖြင့် သူတော်စင် သားရဲများကို အညှာအတာမဲ့စွာ အမဲလိုက်နေသော လူသားကျင့်ကြံသူများအား ဆန့်ကျင်ရန် တောင်းဆိုခဲ့ကြသည်။
ကံမကောင်းစွာပဲ ဤအဆိုပြုချက်က မအောင်မြင်ခဲ့ပေ။
ငွေရောင်လေးက သူတော်စင် သားရဲများ၏ အစည်းအဝေးပွဲတိုင်းကို တက်ရောက်ခဲ့သောကြောင့် အရာအားလုံးကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေခဲ့သည်။
တတိယအကြိမ် သူတော်စင်သားရဲ အထွေထွေ စည်းဝေးပွဲကို ကျင်းပသောအခါတွင် တက်ရောက်လာသော သူတော်စင်
သားရဲ ကိုယ်စားလှယ် အရေအတွက်သည် ထက်ဝက်ခန့် ကျဆင်းသွားပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သတိထားမိခဲ့သည်။
အံ့သြစရာကောင်းသည်မှာ ထိုစာရင်းတွင် သူတော်စင်ခွေးလည်း ပါဝင်ခဲ့၏။
အဆုံးသတ်တွင် သူတော်စင်ခွေးက ဟော့ပေါ့စွပ်ပြုတ် အဖြစ် ပြောင်းလဲသွားသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ထိုသူတော်စင် သားရဲ အထွေထွေစည်းဝေးပွဲ၌ သူတော်စင် သားရဲ ကိုယ်စားလှယ်များ၏ အရေအတွက် ထက်ဝက်မျှ လျှော့ကျလာသည်ကို တွေ့ရသောအခါမှသာ ပြဿနာက မည်မျှပြင်းထန်သည်ကို သိရှိ နားလည်လာခဲ့ကြသည်။
သို့သော်လည်း သူတော်စင်သားရဲ ကိုယ်စားလှယ်များက လူသားကျင့်ကြံသူများ၏ ရက်စက်မှုကို တွေးမိပြီး သူတော်စင် စစ်ပွဲကို စတင်လိုက်လျှင် အခြေအနေ ပိုဆိုးသွားနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အဆုံးသတ်တွင် သူတော်စင် သားရဲအပေါင်းတို့သည် အလုံးစုံ သုတ်သင် ဖယ်ရှားခံခဲ့ရသည်။
ထိုအချိန်က အမဲလိုက်သူများနှင့် ညှိနှိုင်းရန် သူတော်စင်သားရဲများသည် သံတမန်တစ်ဦး စေလွှတ်ခဲ့ကြသည်။
ထိုသံတမန်က သူတော်စင် သားရဲများကို စားသုံးခြင်းဖြင့် နယ်ပယ်အဆင့်ကို မြှင့်တင်နိုင်သည် ဆိုခြင်းမှာ ကောလာဟလများ ဖြစ်ကြောင်း ရှင်းလင်းရန် နှင့် အမဲလိုက်သူများအား နောက်ထပ်မကျူးကျော်ရန် လက်မှတ်ရေးထိုးခိုင်းမည် ဖြစ်သည်။
ထိုနှစ်တွင် စေလွှတ်လိုက်သော သူတော်စင် သားရဲသံတမန်သည် ဘယ်သောအခါမျှ ပြန်မလာနိုင်တော့သည်ကို ငွေရောင်လေး အမှတ်ရမိသည်။
အဘယ်ကြောင့်ဆိုသော် စတုတ္ထမြောက် သားရဲ အထွေထွေစည်းဝေးပွဲတွင် သူတော်စင်သားရဲ ကိုယ်စားလှယ်များ မရှိတော့သောကြောင့်ပင်။
ယင်းနောက်ပိုင်းတွင် အစည်းအဝေးပွဲများကို ထပ်မံ မကျင်းပဖြစ်တော့ပေ။
..................
တိုက်ပွဲအတွင်း သူတို့ ငွေရောင်ယူနီကွန်း မျိုးနွယ်စု၏ စရိုက်လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နေရင်း ငွေရောင်လေးသည် အတိတ်မှ အဖြစ်အပျက်များကို ပြန်တွေးမိခဲ့ပြီး စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားခဲ့ရသည်။
ငွေရောင်ယူနီကွန်း မျိုးနွယ်စု၏ နောက်ဆုံးလက်ကျန် မျိုးဆက် အနေဖြင့် ငွေရောင်လေးသည် တိုက်ခိုက်ရေးစွမ်းအားတွင် အစကတည်းက အသာစီးရနေပြီဟု ဆိုနိုင်သည်။
သို့သော်လည်း ဒုတိယတန်းစား သူတော်စင် လက်နက်ကို ထိုးနှက်ချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခြင်းမှာမူ အနည်းငယ် ချဲ့ကားလွန်းသည်ဟု ငွေရောင်လေး ခံစားမိသည်။
ထို့အပြင် သူက သူ၏ခွန်အားကို လုံးဝ အသုံးမပြုခဲ့ပေ။
မစ္စတာလုက သူ၏ ကောင်းကင်ပိုင်းဖြတ်ဓား ပျက်စီးသွားသည်ကို မြင်သောအခါ တိုက်ပွဲအတွင်း အာရုံစူးစိုက်မှု လျော့နည်းသွားပြီး လက်သီးဖြင့် ထိုးခံခဲ့ရသည်။
သူ့မျက်နှာက ပူလောင် နာကျင်နေခဲ့သည်။
"ဖန်တီးခြင်း နှင့် ပြန်လည်မွေးဖွားခြင်းမှော်စွမ်းရည်"
မစ္စတာလုက စိတ်ထဲကနေ ရေရွတ်လိုက်ပြီး သူ့မျက်နှာပေါ်မှ ဒဏ်ရာကို အစိမ်းရောင် ဝိညာဥ်စွမ်းအားဖြင့် ကုသလိုက်သည်။
သို့သော် ဤစွမ်းအားက ရောင်ရမ်းသည်ကိုပင် မသက်သာစေခဲ့ပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
မစ္စတာလု၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သူ၏ ဖန်ဆင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း မှော်စွမ်းရည်က အမှန်တကယ် အလုပ်မဖြစ်ခဲ့ပေ။
ငွေရောင်လေးက မစ္စတာလု ဆီသို့ လျှောက်လာခဲ့သည်။
သူက စုတ်ပြတ်သတ်နေသော မစ္စတာလုကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"မှော်စွမ်းရည်နဲ့ ကုလည်း အသုံးမင်ဘူး... စောစောက ထိုးလိုက်တဲ့ ငါ့လက်သီးပေါ်မှာ ငါတံတွေး သုတ်ထားတယ်"
မစ္စတာလု"..............."
"ဒါက ဘယ်လို တိုက်ခိုက်မှုကြီးလဲဟ"
တကယ်တမ်းတွင် ယင်းက သလိပ်ဖြစ်သည်။
ဤသလိပ်က အလောင်းများကို ဖျက်ဆီးခြင်းအပြင် "မှော်ဆန်သော အာနိသင်များ" များစွာရှိသည်။
"ဒီလိုဆိုရင်တောင် ငါ့ရဲ့ ကောင်းကင်လမ်းလျှောက်သူ ဓားကို တစ်ချက်ထဲနဲ့ ဖျက်ဆီးနိုင်တာတော့ သဘာဝမကျဘူး"
မစ္စတာလု၏ နှလုံးသားက နာကျင်နေသည်။
သူ့မျက်လုံးများက သနားစဖွယ်ကောင်းသော အဖိုးအိုတစ်ယောက်လို ချက်ချင်းပင် နီရဲလာခဲ့သည်။
သစ်ပင်မှင်စာများသည် တောင့်တင်းသော ခန္ဓာကိုယ်ရှိသော်လည်း နုနယ်သော နှလုံးသားများရှိသည့် သတ္တဝါများဖြစ်ကြသည်။
ငွေရောင်လေးက ငိုချတော့မည့်ပုံ ပေါ်သော ဤအဘိုးအိုအား စိုက်ကြည့်နေခဲ့သည်။
ယခုအချိန်တွင် ဤအဖိုးအိုကို သတ်ရန် ဆန္ဒမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤမစ္စတာလုက တကယ်ကို သနားစရာ ကောင်းသောကြောင့်ပင်။
ငွေရောင်လေးက ကောင်းကင်လမ်းလျှောက်သူ ဓား၏ အပိုင်းအစ အချို့ကို သူ့လက်ထဲတွင် ချိန်ဆလိုက်သည်။
သေချာပါသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင်။
စစ်မှန်သော ဒုတိယတန်းစား သူတော်စင်လက်နက်သည် ဤမျှ မဆိုးရွားသင့်ပေ။
ထို့ကြောင့် ဤကောင်းကင်လမ်းလျှောက်သူဓားသည် အတုသာ ဖြစ်ရပေမည်။
...................
"မင်း အလိမ်ခံရပြီ.. ဒါက ကောင်းကင်လမ်းလျှောက်သူဓား မဟုတ်ဘူး"
ငွေရောင်လေးက မစ္စတာလု၏ ငိုသံပါကြီးဖြင့် ရေရွတ်သံကို ကြားနေရသည်။
"မဖြစ်နိုင်ဘူး.. ဒါလုံးဝ မဖြစ်နိုင်ဘူ.. ဒီဓားကို ငါ့အတွက် ဝယ်ဖို့ ဥက္ကဌက အင်မော်တယ် ရွှေချောင်း ဆယ်သန်းကို သုံးစွဲခဲ့ရတယ်.. ကျင့်ရှီ အပြည်ပြည်ဆိုင်ရာ လေလံပွဲမှာ ကုန်ပစ္စည်း အတုတွေကို လေလံအဖြစ် သုံးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး"
မစ္စတာလုက မယုံနိုင်သေးဘဲ သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး ဝယ်ယူခဲ့သည့် စခရင်ရှော့ကို ငွေရောင်လေးအား ပြသခဲ့သည်။
ထိုဓာတ်ပုံမှ "တကယ့်အရာဝတ္ထုရုပ်ပုံ"က ငွေရောင်လေး၏ မှတ်ဉာဏ်ထဲမှ ပုံနှင့် အမှန်တကယ် ဆင်တူသည်။
ငွေရောင်လေးက မေးစေ့ကို လက်နှင့် ပွတ်သပ်ရင်း ဓာတ်ပုံကိုကြည့်ကာ အလွန်ထူးဆန်းသည်ဟု တွေးမိလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ဓားက ဒီထဲကပုံနဲ့ ဘာလို့မတူရတာလဲ"
"ရောင်းချတဲ့သူက ကောင်းကင်လမ်းလျှောက်သူဓားကို ပြုပြင်ထားတယ်လို့ ဥက္ကဌက ပြောတယ်"
ထိုသို့ ပြောပြီးနောက် မစ္စတာလုသည် စခရင်ရှော့ ဓာတ်ပုံတစ်ပုံကို ထပ်မံ ပြသခဲ့သည်။
ဤတစ်ခေါက်ဓာတ်ပုံကမူ မစ္စတာလု၏ ကြိမ်တုတ်ဓားနှင့် တစ်ထေရာတည်းပင်။
ထို့နောက်တွင် ငွေရောင်လေးသည် မစ္စတာလု၏ ရှေ့မှာပင် အွန်လိုင်းကုန်တိုက်ကို ရှာဖွေရန် ကုန်ပစ္စည်း ရှာဖွေရေးလုပ်ဆောင်ချက်ကို အသုံးပြုခဲ့သည်။
အဆုံးသတ်တွင် ထိုကြိမ်တုတ်ဓား၏ ပုံစံနှင့် အတူ အချက်အလက်ကို တွေ့ရှိခဲ့သည်။
ထို့အပြင် ဤကြိမ်တုတ်ဓား၏ အမည်သည် ကောင်းကင်လမ်းလျှောက်သူဓားနှင့် အတော်လေး ဆင်တူ၏။
ဤကြိမ်တုတ်ဓား၏ နာမည်အပြည့်အစုံမှာ "ညင်သာစွာ လမ်းလျှောက်သူဓား" ဖြစ်သည်။