← Chapters

ချီတာဆန့်ကျင်ရေးဆော့ဝဲလ်

Vol. 34 Ch. 496

ချီတာဆန့်ကျင်ရေးဆော့ဝဲလ်

Vol. 34 Ch. 496

ဝမ်လင်းက သူနှင့်အတွေးတူသောသူ အများအပြားမရှိနိုင်ဟု ခံစားခဲ့ရသည်။

ID TTXS သည် သူ့ကို အလွန်ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းနေ၏။

ဝမ်လင်းက စိတ်ထဲတွင် တွေးတောနေမိသည်။

ဖန်းကွမ်း ပြောခဲ့သည့်အတိုင်းပင် အာရုံခြောက်ပါးကို မြှင့်တင်ပေးနိုင်သည့် မှော်စွမ်းရည်များမှ လွဲ၍ ဤကဲ့သို့သော ဒီဂျစ်တယ်ဂိမ်းမျိုးတွင် အခြားသော မှော်စွမ်းရည်များသည် အလုပ်မဖြစ်ပေ။

အော်ရာအာရုံခံခြင်း သို့မဟုတ် ကောင်းကင်မျက်လုံးသည်လည်း အသုံးမဝင်ချေ။

ကျင့်ကြံသူများသည် တိုက်ပွဲဝင်ရာတွင် အတုအယောင် တိုက်ကွက်များကို ရှောင်ရှားရန် ၎င်းတို့၏ ကောင်းကင်မျက်လုံးများကို ဖွင့်လေ့ရှိကြသည်။

သို့သော် ဒစ်ဂျစ်တယ်ဂိမ်း၏ မြက်ခင်းပြင်တွင် မြက်ခင်း ဝတ်စုံဖြင့် လဲလျောင်းနေသည့် ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင်မူ လုံးဝ အသုံးမဝင်နိုင်တော့ပေ။

ထို့ကြောင့် ဝမ်လင်း လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဖန်းကွမ်းကဲ့သို့ပင် မှော်စွမ်းရည်အချို့ကို အသုံးပြုပြီး သူ၏ အကြားအာရုံနှင့် အမြင်အာရုံကို မြှင့်တင်ရန် ဖြစ်သည်။

ဂိမ်းကစားရာတွင် မှော်စွမ်းရည်အသုံးပြုခြင်းသည် လှည့်စားခြင်း မဟုတ်ပေ။

အချို့သော ကစားသမားများသည် စခရင် ချဲ့ထွင်သည့် အကျိုးသက်ရောက်မှုကို ရရှိရန် ကွန်ပျူတာရှေ့တွင် မှန်ဘီလူးကို တပ်ဆင်ထားလိုက် သကဲ့သို့ပင် ၎င်းကို ဗျူဟာမြောက် "ရုပ်ပိုင်းဆိုင်ရာ ပြင်ပလှည့်ကွက်"ဟု ယူဆနိုင်ပေသည်။

သို့သော် ဤကဲ့သို့ ဂိမ်းပြိုင်ပွဲမျိုးတွင် လှည့်ဖြား၍ ကစားသူတစ်ယောက်မက ရှိနိုင်ကြောင်း ဝမ်လင်းသိရှိခဲ့သည်။

ထိုအချိန်မျိုးတွင် သင်၏ ဆော့ဝဲလ် မည်မျှကောင်းမွန်သနည်း ဆိုသည့်အချက်မှာ အရေးကြီး၏။

ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဝမ်လင်းတို့ ဆင်းသက်လာသောအခါ မျက်နှာပြင်ပေါ်ရှိ လူစုစုပေါင်း ရှစ်ဆယ်အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

ပွဲစသည်မှာ သုံးမိနစ်ပင် မပြည့်သေးပေ။

ID SNAKE ဟူသော ကစားသမားတစ်ဦး၏ သတ်ဖြတ်မှု သတိပေးချက်များက ထုတ်လွှင့်မှုတွင် ပေါ်လာပြီ ဖြစ်သည်။

ထို့အပြင် သူ၏ သတ်ဖြတ်မှု အားလုံးနီးပါးသည် ဦးခေါင်းကိုသာ ဖြစ်သည်။

"ညီနောင်လင်း.. တစ်ယောက်ယောက်ကတော့ လှည့်စားပြီးကစားနေပြီ... ငါတို့ ဘာလုပ်သင့်လဲ"

စခရင်ကို ကြည့်ကာ ဗုံးပစ်စီနီယာ အင်မော်တယ်က နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။

မက်ဆေ့ချ်များကို ဖတ်စရာမလိုဘဲ လူတိုင်းက ဆဲဆိုနေကြပြီမှန်း သူသိခဲ့သည်။

"လခွမ်း.. ဒီလိုပွဲမျိုးမှာတောင် လှည့်စားမှုတွေကို အသုံးပြုချင်သေးတာလား"

"လူတိုင်းက ကျွန်းသခင် နဲ့ ပျော်ပျော်ပါးပါး ကစားချင်ကြတာလေ.. ဘာလို့ ဒီလိုအကျင့်ယုတ်တဲ့သူ ပါလာရတာလဲ"

"ကျွန်းသခင်...ကျေးဇူးပြုပြီး ဒီ ID ကို စစ်ဆေးပေးပါ.. နောက်တစ်ကြိမ် ကစားရင် ဒီကောင့်ကို မပါစေနဲ့"

"ဒီလူက တခြား တိုက်ရိုက် ထုတ်လွှင့်သူတွေရဲ့ ပရိသတ် တစ်ယောက် ဖြစ်နိုင်တယ်.. သူက ပြဿနာရှာဖို့ အတွက် ဒီကို တမင်တကာ ရောက်လာတာလို့ ငါထင်တယ်"

ဂိမ်းအစမှာပင် ID snake၏ သတ်ဖြတ်ခြင်းကို ခံရသည့် ကစားသမားများက သူတို့၏ မကျေနပ်ချက်များကို ကျွန်းသခင်ဆီ မက်ဆေ့ချ် ပေးပို့ခဲ့ကြသည်။

ဝမ်လင်းက ထိုအရာများကို သိပ်ဂရုမစိုက်ပေ။

ဆင်းသက်လာပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ပစ္စည်းများကို ကောက်ယူရန် ဝမ်လင်းကို အဆောက်အဦး တစ်ခုထဲသို့ ခေါ်သွားခဲ့သည်။

သူတို့က တစ်ထပ်တည်းကိုသာ ရှာဖွေရသေးသော်လည်း ကျည်ကာအင်္ကျီများ၊ ခမောက်များ၊ ရိုင်ဖယ်များနှင့် X စကေးများကို ကောက်ယူနိုင်ခဲ့ကြသည်။

ဒုတိယထပ်သို့ ရောက်သောအခါတွင်လည်း အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ရှေးဦးသူနာပြုပစ္စည်းများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အားဖြည့်အချိုရည်များကို ချက်ချင်းတွေ့ရှိခဲ့သည်။

အဆောက်အဦးကို နှစ်မိနစ်ကြာ ရှာဖွေပြီးနောက် ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့သည် အဆင့်သုံး ဝတ်စုံ၊ စနိုက်ပါ ရိုင်ဖယ်တစ်လက်နှင့် ၎င်းတို့နောက်တွင် ချိတ်ထားသည့် ဒယ်အိုးများအပြင် ကျည်အပြည့် ထည့်ထားသော လက်ဆွဲအိတ်များ နှင့် ကုသရေး ပစ္စည်းများကို ရရှိသွားကြသည်။

"ဒီနေ့ဘာလို့ဒီလောက်ကံကောင်းနေရတာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ် အံ့အားသင့်သွားသည်။

"............."

ယခင် တစ်ကိုယ်တော် ကစားခဲ့စဉ်ကဆိုလျှင် အဆောက်အအုံများစွာကို တစ်ခုပြီးတစ်ခု ရှာဖွေပြီးမှသာ သူလိုချင်သည့်အရာများကို ရှာတွေ့ခဲ့သည်။

သူ့အနေဖြင့် ကျောပိုးအိတ်ကို ရှာမတွေ့သည့် အကြိမ်များစွာပင် ရှိခဲ့ဖူးသည်။

အကယ်၍ ရှာတွေ့ခဲ့လျှင်ပင် ၎င်းကို ကောက်ယူ၍ မရနိုင်ခဲ့ပေ။

တကယ့် အမှန်တရားမှာ ယခင်က ဝမ်လင်း ပြုလုပ်ခဲ့သော မဟာကံကြမ္မာ မှော်စွမ်းရည်၏ သက်ရောက်မှုနှင့် သက်ဆိုင်နေသည်။

ဟုတ်ပါသည်။ ဤအကျိုးသက်ရောက်မှုက ယနေ့တွင် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

မဟာကံကြမ္မာ မှော်စွမ်းရည် သက်ရောက်နေသ၍ ဂိမ်းများကသူ့အတွက် အလွန်ပျင်းစရာကောင်းနေမည်မှာ အမှန်ပင်။

ဤဂိမ်းတွင် ကစားသမားအများစုသည် အထောက်အပံ့များနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေရန် အာရုံစိုက်ကာ အခြားကစားသမားများကို ဖယ်ရှား၍ ပျော်ရွှင်မှုကို ရရှိကြသည်။

သို့သော် ဝမ်လင်း အတွက်မူ မဟာကံကြမ္မာ မှော်စွမ်းရည် အသက်ဝင်နေသရွေ့ ပစ္စည်းများ ရှာရသည်မှာ မခက်ခဲတော့ပေ။

ဂိမ်းစကတည်းက ဝမ်လင်း တွေ့ကြုံခံစားခဲ့ရသည့် တစ်ခုတည်းသော ပျော်ရွှင်မှုသည် လေထီးခုန်ခြင်းပင် ဖြစ်သည်။

ဂိမ်းက အမှန်တကယ် လေထီးခုန်ရသည့် ခံစားချက်နှင့် တူအောင် လုပ်ဆောင်ထားသည်။

....................

ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ကျန်ရှိသော လူအရေအတွက်ကို ကြည့်ရှုနေသည်။

ကစားချိန် ခြောက်မိနစ် ကျော်သွားခဲ့ပြီးနောက်တွင် လူခြောက်ဆယ်သာ ကျန်ရှိတော့သည်။

ID "SNAKE"က အခြားသော ကစားသမားများကို ရက်စက်စွာသတ်ရန်အတွက် လှည့်စားမှုကို ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။

ကစားသမားများက အဆက်မပြတ် ငြီးတွားလာကြ၏။

မည်သည့်နေရာမှ ထွက်လာမှန်း မသိရသည့် လျှို့ဝှက်ဆန်းကြယ်သော ID snakeသည် တိုက်ရိုက် ထုတ်လွှင့်မှုအခန်းတွင် ဦးစားပေး မက်ဆေ့ခ်ျတစ်ခုကို ပေးပို့ခဲ့သည်။

"ငါ လေယာဉ်ကွင်းက သံမဏိ မျှော်စင်မှာ ရှိတယ်.. မင်းတို့တွေ ခေါင်းအပစ်ခံချင်ရင် တက်လာခဲ့ကြ.. ငါ မင်းတို့ကို သတ်ပစ်မယ်"

တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ နံပါတ်တစ် ပရိတ်သတ်မှ လွဲ၍ ကျန်ပရိသတ်များသည် ဦးစားပေး ကျည်ဆန်မက်ဆေ့ချ်တစ်စောင်ကို HNY ငါးဆယ်နှုန်းဖြင့် ပေးပို့ရသည်။

ထိုခဏဝယ် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် မက်ဆေ့ချ်များဖြင့် ပေါက်ကွဲသွားခဲ့သည်။

"လခွမ်း.. သောက်ရမ်းမာနကြီးလှချည်လား"

"အခုခေတ်မှာ လှည့်စားတဲ့သူတွေ အားလုံး ဒီလိုပဲ ဘဝင်မြင့်နေကြပြီလား"

...........

"ညီနောင်လင်း ငါတို့ ဒီကစားသမားကို အပြစ်ပေးသင့်လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။

ယခု သူတို့ ရောက်နေသည့် အဆောက်အဦးသည် တကယ်တမ်းတွင် လေယာဉ်ကွင်း၏ နယ်နိမိတ်အတွင်းမှာ ရှိနေသည်။

ဆိုရလျှင် သူတို့က ID Snake စိန်ခေါ်သည့် သံမျှော်စင်နှင့် အမှန်တကယ် မဝေးလှပေ။

မျှော်စင်က အမှန်တကယ်တွင် လေယာဉ်ကွင်းမြေပုံအလယ်ဗဟိုရှိ ရုံးခန်းအဆောက်အဦး C ၏ ဘေးမှာ အလွန်မြင့်မားသော ဝန်ချီစက် တစ်ခုဖြစ်သည်။

ဤနေရာက အလွန်မြင့်မားပြီး လူအများကို သတ်ဖြတ်ရန် အလွယ်ကူဆုံး နေရာလည်း ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က လှည့်ဖြားမှုများကို အသုံးပြုနေသော ဤကစားသမားအား အပြစ်ပေးလိုသော်လည်း ဝမ်လင်းကို ဆန့်ကျင်၍ သူ့သဘောနှင့်သူ မလုပ်ခဲ့ပေ။

လက်ရှိတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဝမ်လင်း၏ အဖွဲ့တွင် ရှိနေသည်။

ထို့ကြောင့် မဟာကံကြမ္မာ တာအို၏ မှော်စွမ်းရည်သည် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုပါ အလိုအလျောက် ဖုံးလွှမ်းသွားခဲ့သည်။

ယင်းအတွက်ကြောင့် ကံကြမ္မာချိန်ခွင်လျှာက သူတို့ဘက်တွင် လုံးလုံးလျားလျား ရှိနေသည်ဟု ဆိုရမည်။

တစ်စုံတစ်ယောက်က လှည့်ဖြားမှုကို အသုံးပြုလျှင်ပင် သူတို့ကို သတ်ပစ်နိုင်မည် မဟုတ်ပေ။

သို့သော် ဗုံးပစ်စီနီယာအင်မော်တယ် စကားပြောပြီး သိပ်မကြာခင်မှာပဲ အများသူဌာ မြင်ရသော စခရင်ပေါ်၌ နောက်ထပ်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကစားသမား "TTXS" သည် "UZI" ကို အသုံးပြု၍ ကစားသမား "SNAKE"၏ ခေါင်းကို ပစ်ခတ်ခဲ့သည်။

ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က သူတို့ မလှုပ်ရှားမီ ID Snake တစ်ယောက် အခြားသူတစ်ဦး၏ အပြစ်ပေးခံရလိမ့်မည်ဟု တစ်ခါမျှ မထင်ခဲ့မိပေ။

ID SNAKEကို သတ်ခဲ့သည့်လူက စောစောက သူသတိပြုမိခဲ့သည့် ID "TTXS" ဆိုသည်ကို ဝမ်လင်း သတိပြုမိခဲ့သည်။

...................

တစ်ချိန်တည်းမှာပင် ဝမ်မိသားစု အိမ်ငယ်လေး၏ စာကြည့်ခန်းတွင် ဖေဖေဝမ်၏ ရွှင်မြူးသော အသံထွက်ပေါ်လာသည်။

"လုပ်သွားတာမိုက်တယ် မင်လေး"

ဖေဖေဝမ်က ဤကစားပွဲတွင် ကစားသမားအများစုသည် လှည့်ဖြားမှုများကို အသုံးပြုဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်။

ထို့ကြောင့် ယင်းမတိုင်မီ လှည့်ဖြားမှု တိုက်ဖျက်ရေး ဆော့ဖ်ဝဲကို ဖန်တီးပေးရန် ဝမ်မင်ကို အကူအညီ တောင်းခဲ့သည်။

ဝမ်မင်က ဤကစားပွဲအတွက် လူတစ်ရာကျော်၏ အကောင့်ထဲ တိတ်တဆိတ် စိမ့်ဝင်ရန် သူ့လျှို့ဝှက်အကောင့်ကို အသုံးပြုခဲ့သည်။

ဤအရာအားလုံးကို ဖေဖေဝမ်က ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

ဖေဖေဝမ် နှင့် ဝမ်မင်၏ အကောင့်က လက်ရှိတွင် ချိတ်ဆက်၍ စကားပြောဆိုနေကြသည်။

"ဟားဟား.. အန်ကယ်ဝမ်က ကျနော့်ကို မြှောက်နေပါပြီ.. ဒီလောက်က အသေးအဖွဲလေးပဲလေ"

ဝမ်မင်က အလွန် ဆွဲဆောင်မှုရှိသော အသံဖြင့် ရယ်မောလိုက်သည်။

"ဒါပေမယ့် ကျွန်တော် တစ်ချို့အရာတွေကို လျစ်လျူရှုခဲ့မိတယ်.. ဒီဆော့ဖ်ဝဲလ်ကို သုံးမိနစ်အတွင်း ဒီဇိုင်းထုတ်ရတာကြောင့် ခြေရာခံခြင်း ယန္တရားကို မတော်တဆ ချန်ထားခဲ့မိတယ်.. အဲဒါကြောင့် ဒီလှည့်စားသူတွေရဲ့ တည်နေရာကို ထောက်လှမ်းဖို့အတွက် နည်းလမ်းမရှိခဲ့ဘူး.. ဒါပေမဲ့ ဒီလှည့်စားသူကို ဖယ်ရှားပြီးနောက်မှာ ဆယ်စက္ကန့်အတွင်း ဒီယန္တရားကို ထည့်ထားလိုက်ပါပြီ"

".............."

ဖေဖေဝမ်က ချွေးနည်းနည်း စို့လာသည်။

"ဒါပေမယ့် ဒီလူ သုံးသွားတဲ့ လှည့်ဖြားမှုမျိုးက အဆုံးမဲ့ သက်တမ်းကို သော့ဖွင့်လိုက်သလိုမျိုး ဖြစ်သွားစေတာ မဟုတ်လား.. သူက ဘာကြောင့် မင်းလက်ချက်နဲ့ သေသွားရတာလဲ"

လဲ့မုန့်မုန့်က နားမလည်နိုင်စွာ မေးလိုက်သည်။

ဝမ်မင် ခေါင်းခါယမ်းလိုက်သည်။

"လှည့်ဖြားမှုတွေ သုံးလည်း အသုံးမဝင်ဘူး...ငါ့ကျည်ဆံတွေက မယုံနိုင်စရာ အစွမ်းထက်တယ်.. ဒီလိုကောင်ကို ပစ္စတိုနဲ့တောင် ပစ်သတ်လို့ရတယ်"

လဲ့မုန့်မုန့် ".........."

"ဟားဟား.. မင်လေးက အရမ်းတော်တာပဲ"

ဖေဖေဝမ်က အားပါးတရ ချီးကျူးလိုက်သည်။

ဝမ်မင် "စိတ်မပူပါနဲ့ အန်ကယ်ဝမ်.. အန်ကယ် အေးဆေး ကစားပါ.. လှည့်စားသူတွေကို ကျနော် ဖြေရှင်းလိုက်မယ်"

"အင်း"

ဖေဖေဝမ်က ခေါင်းညိတ်ကာ စိတ်ချလက်ချ ဖြစ်သွားသည်။

"ဒါနဲ့ စောစောက မတရား သေဆုံးသွားတဲ့ ကစားသမားတွေကို နောက်တဖန် ပြန်ရှင်အောင် လုပ်နိုင်မလား"

ဝမ်မင်"ဦးလေးဝမ်က သူတို့ကို ရှင်ပြန်ထမြောက်စေချင်တာလား.. ဒီလောက်က ကိစ္စမရှိပါဘူး

လဲ့မုန့်မုန့် ထိတ်လန့်သွားသည်။

"လခွမ်း.. ဖြစ်နိုင်လို့လား"

ဝမ်မင်၏ လေသံက အလွန်ယုံကြည်မှု ရှိနေသည်။

"သူတို့သေဆုံးမှုက လှည့်စားသူတွေကြောင့် ဖြစ်သရွေ့ ဒါက ပြဿနာ မဟုတ်ပါဘူး.. ကျွန်တော့်ရဲ့ လိမ်လည်မှု တိုက်ဖျက်ရေး ဆော့ဖ်ဝဲလ်မှာ ဒေတာ တစ်ခု ထပ်ရေးဖို့ပဲ လိုအပ်ပါတယ်"

ဖေဖေဝမ် နှင့် လဲ့မုန့်မုန့် ".............."

ဝမ်မင် "ကျနော် ဒီဒေတာကို ကောင်းကင်ဘုံဘဝသံသရာလို့ အမည်ပေးမယ်"

ဖေဖေဝမ် နှင့် လဲ့မုန့်မုန့် "............."

All Chapters