လှည့်စားမှုအကဲဖြတ်သူ
Vol. 34 Ch. 497
ဝမ်မင်က ကစားသမား ID SNAKE ၏ ခေါင်းကို ပစ်ခတ်ပြီးနောက်...
ကျင့်ဟွာမြို့ရှိ အဆင့်မြင့် တိုက်ခန်းတစ်ခု၏ ဖန်သားပြင်ရှေ့တွင် ထိုင်နေသော ပိန်ပါးပါး လူတစ်ယောက်သည် ကီးဘုတ်မှ လက်ကို ချကာ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
သူက ခေါက်ဆွဲပြုတ် စားရင်းဖြင့် ဖုန်းပြောခဲ့သည်။
"ဟယ်လို... အာဖရိကမျောက်ကြီးလား"
အာဖရိကမျောက်တစ်ကောင်လို ကြမ်းတမ်း ခက်ထန်သော အသံက လိုင်းပေါ်ကနေ ထွက်လာသည်။
"မစ်ရှင်ပြီးပြီလား"
ပိန်ပိန်ပါးပါးလူ "မပြီးဘူး.. မအောင်မြင်ခဲ့ဘူး..."
"မအောင်မြင်ဘူး.. ဟုတ်လား.. မင်း လှည့်စားပြီး ကစားတာ မဟုတ်ဘူးလား"
အခြားတစ်ဖက်မှ လူ၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။
သူက လှည့်ဖြား၍ကစားသည့် အပြင် ယုတ်မာသော စိတ်ထား ရှိခြင်းကြောင့် မကြာသေးမီက "Focus Report" မှ တိုက်ရိုက် နာမည်ပျက် စာရင်းသွင်းခဲ့ရသည့် ဂိမ်းတိုက်ရိုက် ထုတ်လွှင့်သူ ဖြစ်သည်။
သူက ပလက်ဖောင်း အားလုံး၏ နာမည်ပျက် စာရင်းသွင်းခံထားရသူ ဖြစ်ပြီး အနာဂတ်တွင် တစ်ကျော့ပြန် လုပ်ကိုင်နိုင်မည့် အခွင့်အရေး ဘယ်သောအခါမှ ရရှိတော့မည် မဟုတ်ပေ။
ယင်းက သူ့ကို အချိန်အတော်ကြာ စိတ်ဆိုးစေခဲ့သည်။
ထို့ကြောင့် သေချာစွာ ကြံစည်ပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်သူ အာဖရိကမျောက်ကြီးသည် အင်တာနက်ပေါ်ရှိ လူကြိုက်အများဆုံး တိုက်ရိုက် ထုတ်လွှင့်သူများကို လက်စားချေရန် ဆုံးဖြတ်ခဲ့သည်။
သူက လှည့်စားမှုများကို အသုံးပြုနိုင်ရန် ကစားသမားများအား စီစဉ်ပေးပြီး တိုက်ရိုက် ထုတ်လွှင့်သူကို အရှက်ကွဲစေမည့် အတွေ့အကြုံမျိုး ခံစားစေမည် ဖြစ်သည်။
သို့သော် သူစေခိုင်းထားသည့် ကစားသမားက အမှန်တကယ် ကျရှုံးသွားလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
"အရမ်းထူးဆန်းတယ်လို့ ခံစားရတယ်... အဆုံးမဲ့ အသက်တာကို ရှင်းရှင်းလင်းလင်း သော့ဖွင့်ထားပေမယ့် တစ်ဖက်လူက Uzi သုံးပြီး သတ်နိုင်ခဲ့တယ်"
"တစ်ဖက်လူ ကြည့်ရတာ အစွမ်းထက် အင်မော်တယ် ဖြစ်ရမယ်..."
"မဖြစ်နိုင်ဘူး"
အာဖရိကမျောက်ကြီးက ခေါင်းခါယမ်းလိုက်သည်။
"ငါဝယ်ခဲ့တဲ့ လှည့်ဖြားရေး ဆော့ဝဲလ်က အွန်လိုင်းမှာ ဈေးအကြီးဆုံးပဲ.. လစဉ်ငှားရမ်းခတောင် နှစ်သိန်းကျတယ်.."
"ဒါပေမယ့် ညီနောင် အာဖရိကမျောက်ကြီး.. ဒီလူရဲ့ လှည့်စားမှုက ငါတို့ထက် ပိုကြောက်စရာကောင်းတယ်.. မယုံရင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်ကြည့်ပြီး သုံးသပ်နိုင်ပါတယ်"
ပိန်ပါးပါးလူက ခေါက်ဆွဲပြုတ်ကို ခက်ရင်းဖြင့် မွှေရင်း ပြောလိုက်သည်။
သူက အာဖရိကမျောက်ကြီးကို မည်သို့ ရှင်းပြရမည်မှန်း မသိခဲ့ပေ။
ထိုစကားကို ပြောနေစဉ် သူက ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်ခဲ့သည်။
ထို့နောက်တွင် ခေါက်ဆွဲပြုတ် တစ်လုတ်ကို ဖန်သားပြင်ပေါ်သို့ တိုက်ရိုက် အန်ထုတ်လိုက်မိသည်။
"ဘာမှားလို့လဲ"
အာဖရိက မျောက်ကြီးက မေးလိုက်သည်။
ပိန်ပါးပါးလူက ဖန်သားပြင်ကို ညွှန်ပြ၍ ပြောလိုက်သည်။
"ဘာတွေလဲ.. ဘာလဲဟ.. လခွမ်း.. ညီနောင် အာဖရိကမျောက်ကြီး.. စောစောက ငါသတ်ခဲ့တဲ့ လူတွေအားလုံး ရှင်ပြန်ထမြောက်ကုန်ပြီ
ညီနောင်အာဖရိကမျောက်ကြီး "............"
..............
ဤအခိုက်အတန့်တွင် ယခင်က အသတ်ခံခဲ့ရသော ကစားသမား အားလုံးသည် ထူးထူးခြားခြား ရှင်ပြန်ထမြောက် လာခဲ့သည်။
ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင် ကြည့်ရှုသူဦးရေမှာ ရှစ်သန်းအထိ ခုန်တက်သွားခဲ့သည်။
တစ်ခါတစ်ရံတွင် တိုက်ရိုက် ထုတ်လွှင့်သူများ လှည့်စားခံရခြင်းသည် ပရိသတ်များကို ပိုမို ဆွဲဆောင်နိုင်သည်။
သို့သော် ယခုအခါတွင်မူ ပြောင်းပြန် ဖြစ်၏။
လှည့်စားမှုများကြောင့် အသတ်ခံခဲ့ရသည့် လူအားလုံးကိုပင် အသက်ပြန်ရှင်အောင် ဆောင်ကျဥ်းပေးနိုင်သည့် တိုက်ရိုက်ထုတ်လွှင့်သူကို အားလုံးက မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
ဤလုပ်ဆောင်ချက်ကြောင့် လူတော်တော်များများက စကားမပြောနိုင်ဘဲ ခေတ္တမျှ မှင်တက်သွားကြ၏။
"ဒါဆို ဒီကစားသမား TTXS က ကျွန်းသခင် ဖိတ်ခေါ်ထားတဲ့လှည့်ဖြားမှု တိုက်ဖျက်ရေး ပညာရှင် ဖြစ်မယ်ထင်တယ်"
"လခွမ်း.. ကျွမ်းသခင်က အရမ်းမိုက်တယ်ဟ.. ဒီလို ဆရာကြီးကို ဘယ်ကနေ ရှာတွေ့လာတာလဲ"
"ငါအလင်းရှာဖွေသူ အဖွဲ့ထဲ ဝင်ပြီး ကတည်းက တစ်သက်လုံး အလင်းရှာဖွေသူ ဖြစ်စေရမယ်လို့ ကတိပေးတယ်.. အလင်းရှာဖွေသူ တစ်ယောက် ဖြစ်ရတဲ့အတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"
"ကျွန်းသခင်က အရမ်းမိုက်တယ်"
"ငါအခုကစပြီး ကျွန်းသခင်ရဲ့ အမာခံ ပရိတ်သတ် တစ်ယောက် လုပ်တော့မယ်.. အဲဒီ လှည့်စားသူတွေကို ငါ မုန်းတီးနေတာ ကြာပြီ.. ဒီလို ပညာပေးတာ မြင်ရတာ အရမ်းသဘောကျတယ်"
ဤအဖြစ်အပျက်က ဖန်းကွမ်း၏ အလင်းရှာဖွေသူများကို မျက်နှာရစေရုံသာမက ကြည့်ရှုသူ ပရိသတ်များကိုပင် ကြည်နူးစေသည်။
ဖန်းကွမ်းက ထိုအချိန်တွင် သူ၏ (fan tag) အရေအတွက်များ အရူးအမူး တိုးလာသည်ကို တွေ့လိုက်ရ၏။
လက်ဆောင်များက လှိုင်းလုံးကြီးများကဲ့သို့ လှိမ့်တက်လာပြီး နာမည်အားလုံးကို မဖတ်နိုင်လောက်အောင်ပင်။
အံ့ဖွယ် "ရှင်ပြန်ထမြောက်ခြင်း"ဟုပင် ခေါ်ဆိုနိုင်သည့် ဤမြင်ကွင်းသည် ကြည့်ရှုသူများကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းလင့်ခ်ကို အွန်လိုင်းအသုံးပြုသူများက ရူးသွပ်စွာ မျှဝေခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ဖန်းကွမ်း၏ မျက်နှာ၌ နားမလည်နိုင်သော အမူအရာ ဖြစ်ပေါ်နေ၏။
လှည့်ဖြားမှု တိုက်ဖျက်ရေး ပညာရှင် ဆိုသည်မှာ မည်သူနည်း။
သူ တစ်ခါမှ မဖိတ်ခဲ့ဖူးပေ။
............
တခြားတစ်နေရာရှိ ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်တွင်..
ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့ဩခြင်း အပြည့်ဖြင့် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
"ဒီကစားသမား TTXS က အရမ်းအံ့သြဖို့ကောင်းတယ်.."
တကယ်တမ်းတွင် သူက ဤကစားသမား "TTXS" ၏ သရုပ်မှန်ကို ခန့်မှန်းနိုင်ခဲ့သည်။
သီအိုရီအရ မဖြစ်နိုင်သော ရှင်ပြန်ထမြောက်ခြင်း အံ့ဖွယ်အမှုကို ဆောင်ကျဉ်းရန်အတွက် ဂိမ်းကို အပြည့်အ၀ စိမ့်ဝင်နိုင်သည့် လှည့်စားမှု တိုက်ဖျက်ရေး ဆော့ဖ်ဝဲလ် အမျိုးအစားကို တီထွင်နိုင်သူ ဟွာရှို့တွင် လူမည်မျှ ရှိနိုင်ပါမည်နည်း။
ဂိမ်းဒေတာထဲ တိုက်ရိုက်စိမ့်ဝင်ပြီး ဂိမ်းအတွင်း လှည့်စားမှုများကြောင့် အသတ်ခံခဲ့ရသူများ၏ သေဆုံးမှု မှတ်တမ်းများကို မွမ်းမံပြင်ဆင်ကာ ၎င်းတို့ကို ပြန်လည် ရှင်သန်စေခဲ့သည့်စွမ်းရည်..
ဘလက်လေးမှာပင် ထိုကဲ့သို့ စွမ်းရည်မျိုး မရှိခဲ့ပေ။
ဟွာရှို့တွင် ဘလက်လေး၏ အရည်အချင်းကို ကျော်ဖြတ်နိုင်သူမှာ ဝမ်မင်သာ ဖြစ်သည်။
ထို့အပြင် ဘလက်လေးတွင် ဒေတာကို ပြုပြင်၍ ဂိမ်းသို့ တိုက်ရိုက် ခိုးဝင်နိုင်သည့် အရည်အချင်းရှိလျှင်ပင်၊ သူကျန်ရစ်ခဲ့နိုင်သည့် ခြေရာလက်ရာများသည် ဂိမ်းကုမ္ပဏီမှလူများ၏ တရားစွဲဆိုမှုအတွက် အကြောင်းပြချက် ဖြစ်လာလိမ့်မည် ဖြစ်ပြီး အကျိုးဆက်များမှာ စိတ်ကူးပင် ယဉ်နိုင်လိမ့်မည် မဟုတ်ပေ။
အဆုံးသတ်တွင် ဤသည်မှာ ဟက်ကင်းလုပ်ခြင်းသာ ဖြစ်၏။
သို့သော် ဝမ်မင်သာ ဆိုလျှင် ဤပြဿနာအတွက် လုံးဝစိုးရိမ်စရာ မလိုအပ်ပေ။
ကုမ္ပဏီက ဝမ်မင်ကို ခြေရာခံနိုင်ခဲ့လျှင်ပင် အဆုံးသတ်တွင် နောက်ပြန်လှည့်ရမည်သာ ဖြစ်၏။
ဥက္ကဌချီ နှင့် ဗိုလ်ချုပ်ရီ တို့သည် အဆင့်တူများ ဖြစ်ကြသည်။
ဂိမ်းကုမ္ပဏီက ဝမ်မင်ကို မျက်နှာသာ မပေးလျှင်ပင် အဆုံးသတ်တွင် ဝမ်မင်၏ နောက်၌ ဥက္ကဌချီ ရှိနေဆဲပင်။
ဗုံးပစ်စီနီယာအင်မော်တယ်က တွေးတောရင်း ပြဿနာတစ်ခုကို တွေ့ရှိခဲ့သည်။
ကစားသမား"TTXS" သည် ဝမ်မင် ဖြစ်လျှင် ဤပွဲတွင် ပါဝင်ရန် ဖန်းကွမ်း၏ အတိအလင်း ဖိတ်ကြားခံရခြင်းမှာ မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဖန်းကွမ်းက ဝမ်လင်းထံတွင် ဝမ်မင်ဟူသော ဝမ်းကွဲတစ်ယောက်ရှိသည်ကို လုံးဝ မသိသေးသောကြောင့်ပင်။
၎င်းတို့က စကားစမြည်ပင် မပြောဖူးဘဲ အဘယ်ကဲ့သို့ အတူတူ ဂိမ်းဆော့ကြပါမည်နည်း။
ထို့ကြောင့် နောက်ဆုံးတွင် အဖြေတစ်ခုသာ ရှိတော့သည်။
ဝမ်မင်၏ ပါဝင်မှုကို အခြားသူတစ်ဦးမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က မေမေဝမ် ဂိမ်းမကစားကြောင်းသိထားသည်။
ထွင်ထျန်းဟာကလည်း ယနေ့တွင် ဝေ့ကျစ်နှင့် အတူရှိနေသည်။
ဝမ်လင်းပြီးလျှင် ဝမ်မိသားစု၌ ဝမ်မင်ကို အမိန့်ပေးနိုင်သူမှာ မည်သူနည်း။
အဖြေက ဗုံးပစ်စီနီယာ အင်မော်တယ်၏ စိတ်ထဲတွင် ရှိနေပြီ ဖြစ်သည်။
သို့ဆိုလျှင် ပဟေဠိ အားလုံးရှင်းသွားပေပြီ။
ဤ ကစားသမား"TTXS" မှာ သေချာပေါက် ဝမ်မင်သာ ဖြစ်ရပေမည်။
ဝမ်မင်ကို ညီနောင်လင်း၏ ဖခင် စီနီယာဝမ် ဖိတ်ကြားခဲ့ပုံရ၏။
ဂိမ်းတွင် စီနီယာဝမ်၏ ID အတွက်လည်း ဗုံးပစ်စီနီယာအင်မော်တယ်တွင် အဖြေတစ်ခု ရှိနေသည်။
ဖန်းကွမ်း၏ နံပါတ်တစ် ပရိတ်သတ် ညီနောင်အိပ်စက်သည် အစောပိုင်းက အွန်လိုင်းဝတ္ထုများ အကြောင်း ပြောနေသည်ကို သူကြားသိခဲ့ရသည်။
အကယ်၍ သူ့ ခန့်မှန်းချက်သာ မှန်ကန်လျှင် ဤညီနောင်အိပ်စက်သည် စီနီယာဝမ် ဖြစ်နိုင်ဖွယ် ရှိ၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကောင်းကင်ဘုံ ဘဝသံသရာ၏ အကျိုးသက်ရောက်မှုဖြင့် ကစားသမားများ ရှင်ပြန်ထမြောက်ပြီးနောက်တွင် ဂိမ်းရှိ လူအရေအတွက်ကို ကြည့်ရှုခဲ့သည်။
စခရင်၏ အပေါ် ညာဘက်ထောင့်တွင် ဖော်ပြထားသည့် လက်ရှိ လူအရေအတွက်မှာ ရှစ်ဆယ့်ခုနစ်ယောက် ဖြစ်သည်။
လှည့်စားမှုများကြောင့် အသတ်ခံခဲ့ရသည့် ကစားသမားအားလုံး ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်၏။
ထိုအချိန်တွင် စနစ်က စက္ကန့်သုံးဆယ်အတွင်း နောက်ထပ် စက်ဝိုင်းကျုံ့တော့မည်ဟု အချက်ပြခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ် ထိတ်လန့်သွားသည်။
"မကောင်းတော့ဘူး ညီနောင်လင်း.. ငါတို့ ဒီနေရာကနေ ပြေးရတော့မယ်"
သူက ဝမ်လင်းကို ပြောပြီးနောက်တွင် မြေပုံကို ချက်ချင်းဖွင့်လိုက်တယ်။
ထို့နောက်တွင် သူတို့ရှိနေသည့် အဆောက်အအုံသည် ဘေးကင်းသောဇုန်၏ အလယ်ဗဟိုတွင် ရှိနေသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "...???.."
"ဟူးး.."
ဝမ်လင်းက ပျင်းရိစွာ သက်ပြင်းချလိုက်သည်။
မဟာကံကြမ္မာ မှော်စွမ်းအားကြောင့် ယခု သူရောက်ရှိနေသည့် အဆောက်အဦးသည် နောက်ဆုံးကျန်ရှိမည့် ဘုရားသခင် ကောင်းချီးပေးသည့် စက်ဝိုင်းကြီး ဖြစ်ရန် ရာခိုင်နှုန်း အပြည့် ရှိကြောင်း သူသိသည်။
စက်ဝိုင်းက မည်မျှပင် ကျုံ့သွားပါစေ.. သူ ဘယ်နေရာပဲ ရောက်နေပါစေ၊ သူရောက်နေသည့် နေရာက ဘေးကင်းသောဇုန်၏ ဗဟိုချက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
"............."
ဤဂိမ်းက အမှန်တကယ် ငြီးငွေ့ဖို့ ကောင်းသည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
.......................
ထိုနေ့တွင် ကစားပွဲပြီးသွားသောအခါ ငွေရောင်လေးက ဗုံးပစ်စီနီယာအင်မော်တယ်ကို မေးလိုက်သည်။
"ညီနောင်ဗုံးပစ်.. ဆရာနဲ့ ကစားရတာ ဘယ်လိုခံစားရလဲ"
"မင်းလုပ်ချင်တာ အကုန် လုပ်လို့ရတယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
ငွေရောင်လေး "............."