← Chapters

ငါဘရိုကိုလီသုပ် သွားလုပ်လိုက်ဦးမယ်

Vol. 34 Ch. 498

ငါဘရိုကိုလီသုပ် သွားလုပ်လိုက်ဦးမယ်

Vol. 34 Ch. 498

တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ် တွေးသလို ဝမ်လင်းကလည်း တွေးမိခဲ့သည်။

သူ၏ ဝိညာဉ်သားရဲနှင့်အတူ ဂိမ်းကစားခြင်းကပင် အလွန်မှော်ဆန်သော အတွေ့အကြုံ ဖြစ်နေပြီ ဖြစ်သည်။

သူ့အဖေဟု သံသယရှိသည့် ကစားသမားကိုပါ ထည့်ပေါင်းလိုက်လျှင် ဝမ်လင်းကို ဖော်မပြနိုင်သော ခံစားချက်များ ချက်ချင်း ပေးစွမ်းခဲ့သည်။

လက်ရှိတွင် ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ဝမ်လင်းတို့က လေညင်းခံရင်း စစ်အခြေစိုက်စခန်း၏ ခေါင်မိုးပေါ်တွင် လဲလျောင်းနေသည်။

သူတို့က သေလောက်အောင် ငြီးငွေ့လာခဲ့သည်။

သူတို့၏ ဘယ်ဘက်တွင် "ဝန်ချီစက်" ရှိပြီး ညာဘက်တွင် အဆောက်အဦး၏ နံရံများဖြင့် ရှုပ်ရှက်ခက်နေသည်။

ကစားသမားများ အနေဖြင့် "ဝန်ချီစက်" ပေါ်၌ ရပ်နေလျှင်ပင် သူတို့ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက ပြိုကျလုနီးပါးဖြစ်လာသည်။

ဆင်းသက်ပြီးသည်နှင့် သေတ္တာတစ်လုံး အဖြစ် ပြောင်းလဲသွားနိုင်သည့် ဤဂိမ်းကစားနည်းတွင် သူတို့က အသက်ရှင်နေသေးသည့်အပြင် ထောက်ပံ့ရေး ပစ္စည်းများနှင့် ကုသရေးပစ္စည်းများ အပြည့်အစုံ တပ်ဆင်ထားနိုင်ခဲ့သည်။

သို့သော်လည်း ၎င်းပစ္စည်းများ၏ အသုံးဝင်ပုံကို ယခုအချိန်ထိ လုံးဝ မပြသနိုင်သေးပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းနှင့် အတူ ရှိနေသရွေ့ သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင် ကျိန်စာစက်ဝိုင်းထဲ မည်သည့်နည်းနှင့်မျှ မရောက်နိုင်မှန်း နားလည်သွားခဲ့သည်။

အခြားလူများ ဂိမ်းကစားသည့် အခါတွင် ဘုရားသခင် ကောင်းချီးပေးသည့် စက်ဝိုင်းကို ကြုံတွေ့ရန်မှာ ကံကောင်းခြင်းပေါ်တွင် မူတည်သည်။

ဝမ်လင်း ဂိမ်းကစားသော အခါတွင် ဘုရားသခင် ကောင်းချီးပေးသည့် စက်ဝိုင်းကို ကြုံတွေ့ရန်မှာ ဝမ်လင်းအပေါ်တွင်သာ မူတည်သည်။

ဝမ်လင်း ဘယ်နေရာရောက်ရောက် ထိုစက်ဝိုင်း၏ ဗဟိုချက် ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

ဝမ်လင်း နှင့် ဂိမ်းကစားခြင်းက အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသော အတွေ့အကြုံ ဖြစ်မည်ဟု ဗုံးပစ်စီနီယာအင်မော်တယ်က အစောပိုင်းတွင် ထင်ခဲ့သည်။

သူတို့၏ ပထမဆုံးအကြိမ် ဂိမ်းကစားခြင်းက သူထင်ထားသလို မဟုတ်၍ စိတ်ပျက်သွားခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က သူ့နားကြပ်ကို ချွတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

ငွေရောင်လေး "ညီနောင်ဗုံးပစ်.. မင်း မကစားတော့ဘူးလား"

"ဂိမ်းဆော့ရင်း စားဖို့ ဘရိုကိုလီသုပ် သွားလုပ်လိုက်ဦးမယ်..."

ဗုံးပစ်စီနီယာ အင်မော်တယ်က အေးအေးဆေးဆေး ပြန်ဖြေခဲ့သည်။

ငွေရောင်လေး "ဒါပေမယ့်... မင်းက ဂိမ်းထဲမှာ ရှိနေဆဲပဲလေ"

ဗုံးပစ်စီနီယာအင်မော်တယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ညီနောင်လင်းနဲ့သာ အတူကစားရရင် ခြေထောက်နဲ့ ကီးဘုတ်ကို သုံးရင်တောင် ငါအနိုင်ရနိုင်တယ်"

ဝမ်လင်း နှင့် ငွေရောင်လေး "..........."

ယင်းက ကောင်းမွန်သော ဂိမ်းအတွေ့အကြုံ မဟုတ်ခဲ့ပေ။

သူက မကစားရတာ ကြာပြီ ဖြစ်သော်လည်း ဝမ်လင်းရှေ့တွင် စကေးပြချင်နေခဲ့သည်။

သို့သော် မဟာ ကံကြမ္မာတာအိုကြောင့် ယနေ့တွင် သူ့အတွက် အစွမ်းပြရန် နည်းလမ်းမရှိပေ။

အရေးကြီးဆုံးအချက်မှာ မဟာကံကြမ္မာ တာအိုက အသက်သွင်းပြီးသည်နှင့် ရုတ်သိမ်း၍ မရခြင်း ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်တွင် ရူးလောက်စရာ ဂိမ်းအတွေ့အကြုံ ရှိနေကြောင်း ဝမ်လင်း သိထားသည်။

လူတိုင်းက အစွမ်းပြချင်ကြပြီး သူ့လို သိုသိုသိပ်သိပ် နေနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် စနစ်၏ တတိယအကြိမ် စက်ဝိုင်းကျုံ့မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း သူမြင်လိုက်ရသည်။

သူမြေပုံကို ဖွင့်ကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ဘေးကင်းဇုံ၏ ဗဟိုချက်တွင် ရှိနေသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဘရိုကိုလီသုပ်ကို သွားယူစဥ် ​​နံပါတ်တစ် ပရိသတ်က စီနီယာဝမ် ဟုတ်မဟုတ် စစ်ဆေးရန် နည်းလမ်းတစ်ခုကို ဝမ်လင်း ရုတ်တရက် စဉ်းစားမိခဲ့သည်။

ယနေ့ ဝမ်လင်း ထွက်လာစဥ်တွင် လဲ့မုန့်မုန့် နှင့်ဖေဖေဝမ်က စာကြည့်ခန်းထဲတွင် ရှိနေမှန်း သူသိထားသည်။

ဖေဖေဝမ် အပ်ဒိတ်နှေးသည့် အခါတိုင်းတွင် လဲ့မုန့်မုန့်က အပ်ဒိတ်များကို အရှိန်မြှင့်ရန် ဖေဖေဝမ်ကို အထူး တိုက်တွန်းကာ တွန်းအားပေးလေ့ရှိသည်။

အင်မော်တယ်ဘုရင်၏ တိုက်ရိုက်ထုတ်လွှင့်မှုဘဝ စာအုပ်သည် ယခုအခါတွင် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သည်။

ယေဘုယျအားဖြင့် ဖေဖေဝမ်က စာမူကြမ်းများကို စုဆောင်းလေ့မရှိပေ။

စာအုပ် မထုတ်ဝေမီတွင် သူသိမ်းဆည်းထားခဲ့သော စာမူကြမ်းများ အားလုံးကို လစဉ်မဲများ ရရှိစေရန် အတွက် ပွဲဦးထွက်ပြီး ပထမလမှာပင် အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။

ဝဘ်ဆိုက်၏ စနစ်အရ VIP စာဖတ်သူများသည် ၎င်းတို့၏ အကြိုက်ဆုံးဝတ္ထုများကို လစဉ်မဲပေးခြင်းဖြင့် ထောက်ခံနိုင်ပြီး စာအုပ်၏ ပရိုဖိုင်ကို မြှင့်တင်နိုင်သည်။

ဤ "နံပါတ်တစ် ပရိတ်သတ်"သည် ကစားပွဲ ပရိုမိုးရှင်း ပြုလုပ်စဉ် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၌ အလွန်ပင် တက်ကြွနေခဲ့ကြောင်း ဝမ်လင်း သတိရမိသည်။

လဲ့မုန့်မုန့်က အပ်ဒိတ်များ ပြုလုပ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ အိမ်ထိ လာရောက် တိုက်တွန်းခဲ့သည်။

သို့တိုင် ဖေဖေဝမ်က သူ၏ ဝတ္ထုကို ယနေ့ထိ အပ်ဒိတ်မလုပ်ရသေးလျှင် တစ်စုံတစ်ရာ မှားယွင်းနေမည်မှာ သေချာ၏။

ဝမ်လင်းက ဝတ္ထုဆော့ဖ်ဝဲ အက်ပ်ကို ဖွင့်လိုက်သည်။

သူထင်ထားသည့် အတိုင်းပင်၊ ယနေ့တွင် ဖေဖေဝမ်က သူ၏ ဝတ္ထုအတွက် အပ်ဒိတ်မလုပ်ခဲ့ပေ။

ယင်းက ခိုင်လုံသောသက်သေ ဖြစ်သည်။

ဝမ်လင်းက ဖေဖေဝမ်၏ ဝတ္ထုနှင့် ပတ်သက်သည့် စာအုပ် ပြန်လည်သုံးသပ်ခြင်း အပိုင်းကို ကြည့်ရှုခဲ့သည်။

ဝတ္ထုကို တစ်မနက်လုံး အပ်ဒိတ် မလုပ်ရသေးသောကြောင့် ပြန်လည်သုံးသပ်မှုအပိုင်းတွင် ဝေဖန်သူ များနေခဲ့သည်။

[ဝတ္ထုသုံးသပ်ချက် ပေးပို့လိုပါသလား]

ဝမ်လင်း ရုတ်တရက် လန့်သွားသလို ခံစားလိုက်ရသည်။

ဆယ်စက္ကန့်လောက် အကြာတွင် ဝမ်လင်းက စာအုပ်သုံးသပ်ချက်ကို ပေးပို့ခဲ့သည်။

{စာရေးဆရာသည် ကျော်ကြားသော တိုက်ရိုက်ထုတ်လွှင့်သူ ကျွန်းသခင် နှင့် ဂိမ်းကစားရန် အလုပ်အား လျစ်လျူရှုထားသည်}

၎င်းသည် အလွန်တိုတောင်းသော စာကြောင်း ဖြစ်သည်။

ဝမ်လင်းက ဖေဖေဝမ်၏ ဂိမ်း ID ကိုမူ မထည့်ခဲ့ပေ။

သို့သော် ဤ သုံးသပ်ချက်က ပေါက်ကွဲစေမည့် အကျိုးသက်ရောက်မှုရှိမည်ဟု သူယုံကြည်၏။

တကယ်တမ်းတွင် အပ်ဒိတ်မလုပ်သည့် လျော်ကြေးအနေဖြင့် စာရေးဆရာက အမျိုးသမီး အဝတ်အစားများ ၀တ်ပြရသည်မှာ မည်မျှအထိ ကြောက်စရာကောင်းမှန်း မည်သူမှ မသိကြပေ။

.................

အခြားတစ်ဖက်တွင် ဖေဖေဝမ် နှင့် ဖန်းကွမ်း တို့က အတူတကွ ကောင်းမွန်စွာ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

သူတို့က စုစုပေါင်း လူငါးဦးကို သတ်ဖြတ်ခဲ့ကြသည်။

ဖန်းကွမ်းက သုံးဦးနှင့် ဖေဖေဝမ်က နှစ်ဦး ဖြစ်သည်။

ဖေဖေဝမ်က သူ့ကိုယ်သူ ဂိမ်းဆော့ရာတွင် အရည်အချင်းရှိသည်ဟု လုံးဝ မထင်ထားသော်လည်း ဤတစ်ခေါက်တွင် အတော်လေး လက်တွေ့နေခဲ့သည်။

အစောပိုင်းတွင် ဖေဖေဝမ်က ဖန်းကွမ်းထံ လျှို့ဝှက်မက်ဆေ့ချ် တစ်စောင်ပေးပို့ခဲ့ပြီး လိမ်လည်မှု တိုက်ဖျက်ရေး ပညာရှင်ကို ဖိတ်ခေါ်ခဲ့သူမှာ သူဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ဟုတ်ပါသည်၊ ဖေဖေဝမ်က ထိုလူ မည်သူဟု အတိအကျ မပြောခဲ့ဘဲ သူငယ်ချင်းဟုသာ ပြောခဲ့သည်။

တစ်ခါတရံ "သူငယ်ချင်း" ဟူသော စကားလုံးသည် အရာအားလုံးအတွက် ရှင်းပြချက်တစ်ခု ဖြစ်သည်။

ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်သည့် အရာတစ်ခုရှိလျှင် သင်၏ သူငယ်ချင်းအပေါ် လွှဲချလိုက်ရုံသာ ဖြစ်၏။

ထိုအချိန်တွင် စားပွဲပေါ်ရှိ ဖေဖေဝမ်၏ ဆဲလ်ဖုန်းက တုန်ခါသွားသည်။

ဝမ်မင်က သူ့အား အသံမက်ဆေ့ချ် ပို့ထားသည်ကို တွေ့လိုက်ရသဖြင့် ဖေဖေဝမ်က ဖန်းကွမ်းနှင့် ချိတ်ဆက်ထားသည့် မိုက်ခရိုဖုန်းအား အမြန်ပိတ်လိုက်သည်။

သူနှင့် ကျွန်းသခင် တို့က အဖွဲ့တစ်ဖွဲ့ထဲ ကစားခဲ့ကြသည်။

အကယ်၍ သူသာ မိုက်ခရိုဖုန်းကို မပိတ်မိခဲ့လျှင် ဝမ်မင် နှင့် သူ၏ သီးသန့် စကားပြောဆိုမှုက မှတ်တမ်းတင် ခံရမည်ဖြစ်သည်။

"အန်ကယ်ဝမ်.. ကျွန်တော် တစ်ခုလောက် မေးလို့ရမလား.. ဒီနေ့ အိမ်မှာ လင်းလင်းရှိနေလား"

"လင်းလင်းလား.. သူအိမ်မှာရှိနေတယ်.. လာမဲ့ စာမေးပွဲအတွက် အလုပ်များနေတယ်"

ဖေဖေဝမ်က အမြန် ပြန်ဖြေလိုက်သည်။

"အိမ်မှာလား.. ဟဲဟဲ.. ​အဲဒါဆို ကျနော်လာခဲ့မယ်"

ဝမ်မင်၏ နှုတ်ခမ်းများက ရယ်မောရင်း တွန့်ကွေးသွားသည်။

ဝမ်မင်၏ရယ်သံက ထူးဆန်းသည်ဟု ဖေဖေဝမ် ခံစားခဲ့ရ၏။

"မင်းညီလေးကတော့ ဂိမ်းတောင် ကောင်းကောင်း မဆော့တတ်ဘူး.. မင်းဆို သူ့အရွယ်တုန်းက ဘွဲ့ရပြီးပြီ.. သူက မင်းလောက် ဉာဏ်မကောင်းဘူးလေ.. ဒီငတိက ငါမှာထားတဲ့အတိုင်း သူ့အဆင့်တွေကို ပျမ်းမျှအဆင့်မှာတောင် မထိန်းထားနိုင်ဘူး"

ဝမ်မင်က ထိုစကားကို ချေပချင်သော်လည်း အဆုံးသတ်တွင် ဖေဖေဝမ်ကို ချေပရန် သတ္တိမရှိခဲ့ပေ။

သူတကယ် ပြောချင်သည်မှာ တစ်ခါတစ်လေ အတန်းထဲ၌ သိုသိုသိပ်သိပ် နေသူများသည် တကယ့် ဆရာကြီးများ ဖြစ်နေတတ်ခြင်းပင်။

တတိယစက်ဝိုင်း ကျုံ့သွားပြီးနောက်တွင် လူအရေအတွက်သည် ခြောက်ဆယ်အထိ ကျဆင်းသွားပြန်သည်။

ယင်းက သာမန်ဖြစ်ရပ်တစ်ခုပင်။

သို့သော် ဖေဖေဝမ်က ​​အများသူငှာ မြင်ကွင်းရှိ သတိပေးချက်များကို ကြည့်လိုက်ရာ ID "WF"ဆိုသူက 98Kကို သုံး၍ လူသုံးယောက်ကို ဆက်တိုက် သတ်ပစ်ခဲ့သည်ကို တွေ့လိုက်ရသည်။

ID WFက ထိုသုံးယောက်လုံးကို ခေါင်းကိုချည်း ပစ်ချသွားခြင်း ဖြစ်သည်။

"မင်လေး.. ဒီကစားသမား WF က လှည့်စားမှု ရှိ မရှိ စစ်ဆေးပေးလို့ရမလား"

ဖေဖေဝမ်က ပြောလိုက်သည်။

ငါးစက္ကန့်အကြာတွင် ဝမ်မင်ထံမှ သတင်းစကား ထွက်ပေါ်လာသည်။

"မဟုတ်ဘူး.. ဒီလူက လှည့်ဖြားပြီး ကစားနေတာ မဟုတ်ဘူး.. သူက အရမ်းတိကျတဲ့ လက်ဖြောင့်သမားပဲ.. လောလောဆယ် လူခုနစ်ယောက်ကို သတ်ပစ်ပြီးပြီ.. အားလုံးကို ခေါင်းချည်းပဲ ပစ်ချသွားတာ"

"ဒါဆို အံ့သြစရာပဲ.. ဒီဂိမ်းမှာ တကယ့်ပညာရှင်တွေ ရှိနေဆဲပါပဲလား"

ဖေဖေဝမ်က ရေရွတ်လိုက်သည်။

"ဒီလူကို ရှင်းဖို့ ကျနော် လုပ်လိုက်ရမလား"

ဝမ်မင်က ပြုံး၍ ပြောလိုက်သည်။

"မလုပ်ပါနဲ့.. သူက မလှည့်စားဘူး ဆိုတော့ အဆင်ပြေပါတယ်.. အန်ကယ်ဝမ်က ညံ့ပေမယ့် သမာဓိတော့ ရှိပါသေးတယ်"

ထိုစကားကြောင့် ဝမ်မင် မျက်မှောင်ကြုတ်သွားသည်။

"အန်ကယ်ဝမ်... တကယ်ပဲ သမာဓိရှိရင် ဝတ္ထုအတွက် အခုချက်ချင်း စာရိုက်သင့်ပြီ.."

"............."

ထိုစကားကိုကြားလျှင် ဖေဖေဝမ်က တကယ်ကို မတုံ့ပြန်နိုင်ခဲ့ပေ။

ဖခင်ဝမ်၏နောက်မှ လဲ့မုန့်မုန့်က အရူးအမူး ခေါင်းညိတ် ထောက်ခံလိုက်သည်။

All Chapters