← Chapters

ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ သေနတ်ပစ်ဖျော်ဖြေမှု

Vol. 34 Ch. 500

ဗုံးပစ်စီနီယာအင်မော်တယ်ရဲ့ သေနတ်ပစ်ဖျော်ဖြေမှု

Vol. 34 Ch. 500

ဤသည်မှာ ဗုံးပစ်စီနီယာအင်မော်တယ် စောင့်ဆိုင်းနေခဲ့သော ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး သူ့အနေဖြင့် အစွမ်း ပြသရန် အခွင့်အရေး ရလာသောအခါမှ တစ်စုံတစ်ယောက်က ခိုးယူသွားခဲ့သည်။

ဤလုပ်ရပ်ကို စကားစု နှစ်ခုဖြင့်သာ ဖော်ပြနိုင်သည်။

(၁)သွေးဆူအောင် လုပ်ခဲ့သည်။

(၂)အရူး။

သို့သော် သူတွင် အပြစ်တင်ရန် အခွင့်အရေးမရှိခဲ့ပေ။

တကယ်တမ်းတွင် တူညီသော ပစ်မှတ်တစ်ခုကို ကစားသမားတစ်ယောက်ထက် ပိုပြီး ဦးတည်လေ့ရှိသည်မှာ သာမန်ပင်။

ထိုစကားသမားအနေဖြင့် ကံဆိုးသည်ဟုသာ ဆိုနိုင်သည်။

စနိုက်ပါပညာရှင် နှစ်ဦးက သူ့ကို တချိန်တည်း ပစ်မှတ်ထားခဲ့သည် မဟုတ်ပါလော။

အဆုံးသတ်တွင် သူမည်ကဲ့သို့ သေဆုံးခဲ့ရသည်ကိုပင် မသိခဲ့ပေ။

သို့သော် ဤအရာက အလွန်စိုးရိမ်စရာ အကြောင်းမရှိဟု ဗုံးပစ်စီနီယာအင်မော်တယ် ခံစားမိသည်။

လူ လေးဆယ့်ခြောက်ယောက် ကျန်နေသေး၍ သူ့အတွက် စကေးပြရန် အခွင့်အရေး အများအပြား ကျန်နေပါသေးသည်။

ဘေးကင်းဇုန်က မြေပုံပေါ်ရှိ လေယာဉ်ကွင်း ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဤဘေးကင်းဇုန်အသစ်ကို မြင်ပြီးနောက်တွင် ကစားသမားများသည် မြေပုံပေါ်ရှိ အခြားမြို့ကြီးများကနေ လေယာဉ်ကွင်း ဧရိယာဆီသို့ ဦးတည်လာကြမည်မှာ သေချာသည်။

သို့သော် လေယာဉ်ကွင်း ဧရိယာသို့ ချဉ်းကပ်ရန်အတွက် ၎င်းတို့သည် စပိဘုတ်စီး၍ မြစ်ကိုဖြတ်ကူးရမည် ဖြစ်သည်။

ထိုသို့မဟုတ်လျှင် တံတားကို ကိုယ်ပိုင်အင်အားဖြင့်သာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ဘေးကင်းသောဇုန်က လေယာဉ်ကွင်းဧရိယာတွင် ဖြစ်နေ၍ တံတားပေါ်ကနေ အခြားသူများကို လုယက်ရန် စောင့်မျှော်နေသူများ ရှိနေမည်မှာလည်း သေချာသလောက်ပင်။

ကစားသမား တချို့က တံတားပေါ်သို့ စွန့်စားပြီး ပြေးတက်လာကြသဖြင့် လုပ်ကြံခံခဲ့ရပြီး ကစားသမားက ခြောက်ဆယ်ကနေ ငါးဆယ်အထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။

၎င်းက လှည့်ဖြားမှုပါဝင်သော ရလဒ် မဟုတ်ခဲ့ဘဲ ပုံမှန်ကိန်းဂဏန်းများ ကျဆင်းသွားခြင်း ဖြစ်သည်။

အကယ်၍ လှည့်စားမှုများသာ အမှန်တကယ် ပါဝင်ခဲ့မည်ဆိုလျှင် ဝမ်မင်က ထိုသူများကို အပြစ်ပေးမည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် ခံစားခဲ့ရသည်။

ဤလေယာဉ်ကွင်း ဧရိယာက အချိန်တိုအတွင်း တိုက်ပွဲ၏ ဗဟိုချက် ဖြစ်လာမည်ကို ဗုံးပစ်စီနီယာ အင်မော်တယ် ကြိုသိနေပြီ ဖြစ်သည်။

ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်က လက်ရှိတွင် အတော်လေး အားသာချက်ရှိသော နေရာကို သိမ်းပိုက်ထားသည်။

ဤနေရာက ဝန်ချီစက်၏ မျက်ကွယ်ရာနေရာ ဖြစ်ခဲ့ပြီး "ဝန်ချီစက်" ပေါ်တွင် ရပ်နေသော မည်သူမဆို ၎င်းတို့အား ခက်ခက်ခဲခဲ ရှာဖွေမှသာ တွေ့ရှိနိုင်မည် ဖြစ်သည်။

ဒုတိယအချက် အနေဖြင့် နောက်ဆုံး ကျရောက်လာမည့် ဘုရားသခင် ကောင်းချီးပေးသည့် စက်ဝိုင်းက ဤအဆောက်အဦးတစ်ဝိုက် ဖြစ်မည်ဟု မည်သူမျှ ထင်မိမည်မဟုတ်ပေ။

သူ့အမြင်တွင် ထိုစက်ဝိုင်းက ဤခေါင်မိုးပေါ်၌ ဗဟိုပြုရမည့် အလားအလာ အရမ်းများနေသည်။

ဤအတွေးဖြင့် သူက ဝမ်လင်းကို သူ့မျက်လုံးထောင့်ကနေ တစ်ချက် ခိုးကြည့်လိုက်သည်။

ဝမ်လင်းက စိတ်ဖတ်နိုင်သည်ကို သူသိသော်လည်း မျက်နှာပေါ်ရှိ အမူအရာကြောင့် ထိုကဲ့သို့ မလုပ်ခဲ့ကြောင်း ထင်ရှားနေသည်။

သို့မဟုတ်လျှင် ဝမ်လင်းက မျက်မှောင်ကြုတ်နေမည် ဖြစ်သည်။

ယင်းမှာ ဆန့်ကျင်ဘက်အားဖြင့် ဝမ်လင်းက ​​ကစားပွဲကို အလေးအနက်ထားမှန်း သက်သေပြနေ၏။

ဤတစ်ခေါက် သူ၏ ဂိမ်းအတွေ့အကြုံက တကယ်ကို ကြီးကြီးမားမား မဟုတ်သော်လည်း ညီနောင်လင်း၏ ပုံမှန် မြင်တွေ့နေကျ အမူအကျင့်၏ အခြားတစ်ဖက်ကို မြင်လိုက်ရ၍ အလွန် ကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူ့အတွက်တော့ ညီနောင်လင်းက ထာဝရစံနမူနာ ဖြစ်နေလိမ့်မည်သာ။

အနီးနား ပတ်ဝန်းကျင်တွင် လူအရေအတွက် တဖြည်းဖြည်း တိုးလာသည်ကို မြင်လိုက်ရသောအခါ ဝမ်လင်း၏ အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။

လေယာဉ်ကွင်း အနီးတစ်ဝိုက်သို့ ချီတက်လာကြ၍ နေရာပေါင်းစုံမှ အနက်ရောင် အစက်အပျောက်ငယ် များစွာကို အဝေးမှပင် မြင်နိုင်နေပြီ ဖြစ်သည်။

သို့သော် ဤအကွာအဝေးတွင် ရွေ့လျားနေသော အစက်များအဖြစ်သာ မြင်နိုင်သည်။

လှည့်ဖြားမှုကို အသုံးမပြုလျှင် စနိုက်ပါရိုင်ဖယ်ပင် ၎င်းတို့ကို ထိမှန်နိုင်မည် မဟုတ်ပေ။

၎င်းတို့ နီးကပ်လာသည်အထိ စောင့်ရပေလိမ့်မည်။

ဝမ်လင်းက သင့်လျော်သော ထောင့်တစ်ခုကို ရှာဖွေရင်း သူ့နှင့်အနီးဆုံးရှိ ခပ်ဝါးဝါးသာ မြင်ရသည့် အစက်အပြောက်များကို မှန်ဘီလူးဖြင့် ကြည့်လိုက်သည်။

တကယ်တမ်းတွင် ထိုအစက်အပျောက်များက ဆိုင်ကယ်စီးလာသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

မကြာခင်မှာပင် ၎င်းတို့က ပစ်ကွင်းအတွင်းကို ရောက်ရှိလာတော့မည် ဖြစ်သည်။

"အနောက်မြောက်အရပ်မှာ အဖွဲ့တစ်ဖွဲ့"

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

သူ့အသံက ယခင်အတိုင်း အေးစက်နေသည်။

တကယ်တမ်းတွင် ၎င်းတို့ကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ခံစားမိသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် ၏ စကေးပြချင်သည့် အခွင့်အရေးကို လုယက်လိုခြင်း မရှိပေ။

အနည်းဆုံးတော့ သူ့အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို ဂိမ်းကစားနေသည့် ခံစားချက်မျိုး ရရှိအောင် လုပ်ပေးသင့်ပေသည်။

သို့မဟုတ်လျှင် ဂိမ်းကစားသည်ကို ပျင်းရိသွားနိုင်သည် မဟုတ်ပါလော။

ဝမ်လင်းထံမှ အချက်အလက်ကို ရပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဤအဖွဲ့ကို လျင်မြန်စွာ ချိန်ရွယ်ခဲ့သည်။

တစ်ဖက်အဖွဲ့မှ နှစ်ယောက်က အဆင့်သုံး ၀တ်စုံ ၀တ်ဆင်ထားသည်။

၎င်းတို့ထဲမှ တစ်ဦးက ဤဂိမ်းရှိ အကောင်းဆုံး စနိုက်ပါရိုင်ဖယ်ဖြစ်သည့် AWMကို နောက်ကျောတွင် လွယ်၍ ဆောင်ထားပုံရသည်။

ကံမကောင်းစွာပင် သူတို့နှစ်ယောက်က တကယ်ကို ဝေးကွာလွန်းနေသည်။

ထို့ကြောင့် သူက ၎င်းတို့ကိုသတ်ပစ်နိုင်လျှင်ပင် ၎င်းတို့၏ အိတ်များကို ရှာဖွေနိုင်မည် မဟုတ်ပေ။

"နှုတ်ဆက်ပါတယ် ညီနောင်"

ဗုံးပစ်စီနီယာအင်မော်တယ်က သူ့မျက်လုံးများကို မှေးလိုက်ပြီး မောက်စ်ကို နှိပ်လိုက်သည်။

သူ့လက်ထဲ ကိုင်ထားသည့် 98K မှ ပြတ်သားသော ပေါက်ကွဲသံနှင့်အတူ ကစားသမားတစ်ဦး ဝတ်ဆင်ထားသည့် အဆင့်သုံးဦးထုပ်က တိုက်ရိုက် ထိမှန်သွားသည်။

ဒုတိယ အကြိမ် ပစ်တော့မယ့် အချိန်တွင်..

ထိုလူက အမှန်တကယ် လဲကျပြီး သေဆုံးသွားခဲ့သည်။

သတိပေးချက်သည် အများသူငှာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

ကစားသမား "WF" သည် "M24" ကို အသုံးပြု၍ ကစားသမား PIPIku ကို ခေါင်းကို ပစ်ခတ်ခဲ့သည်။

ဝမ်လင်း "............."

ဗုံးပစ်စီနီယာအင်မော်တယ် ".............."

{အလုခံရပြန်ပြီလား}

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

တုန်လှုပ်ချောက်ခြားသော စိတ်ခံစားချက်က သူ၏ ယုံကြည်မှုကို ထိခိုက်စေနိုင်သည် မဟုတ်လော။

ဤသည်မှာ ထိပ်တန်းအဆင့် စနိုက်ပါသမားများ အကြောက်ဆုံးအရာ ဖြစ်သည်။

သူက အသက်ရှုကြပ်လာသလို ခံစားရပြီး ထို PIPIku ၏ အဖော်ကို ချိန်ရွယ်လိုက်သည်။

"ညီနောင်လင်း.. ဒီနေ့ တစ်ယောက်ယောက်ကို သေချာသတ်ပစ်ပြီး ငါ့စကေးကိုပြမယ်"

ဝမ်လင်း ".............."

စနိုက်ပါဖြင့် သူ့အဖော် ပစ်သတ်ခံရပြီးနောက်တွင် ကျန်ရှိသည့်ကစားသမားသည် အိမ်သာထဲတွင် ဝင်ပုန်းနေခဲ့သည်။

စီနီယာအင်မော်တယ်က ထိုလူ ထိတ်လန့်နေမှန်း ကောင်းစွာ သိသည်။

ကစားသမားအသစ်များသည် ၎င်းတို့၏ အဖော်များ သတ်ဖြတ်ခံရပြီးနောက်တွင် တစ်နေရာရာ၍ ခိုအောင်းလေ့ရှိကြသည်။

သို့သော် ခိုအောင်းမည့် နေရာ၏ ပတ်ဝန်းကျင်ကို သတိမပြုမိကြပေ။

ဤအိမ်သာက ကျည်ဆန်များကို ကာကွယ်ထားနိုင်သော်လည်း ဘေးဘက်တွင် ပြတင်းပေါက်ငယ်များစွာ ရှိနေသည်။

ကစားသမားက အိမ်သာထဲတွင် ဝပ်၍ မနေခဲ့လျှင် ခေါင်းက ပြတင်းပေါက်နှင့် ကွက်တိကျသွားမည် ဖြစ်သည်။

ထို့ကြောင့် အိမ်သာထဲ ဝင်ပုန်းခြင်းက ၎င်းတို့၏ ဦးခေါင်းကို အလွယ်တကူ ပွင့်ထွက်အောင် တောင်းဆိုနေသလိုပင်။

သူ့​အဖော် PIPIku ပစ်သတ်ခံရပြီးနောက် ကစားသမားက အိမ်သာသို့ ထွက်ပြေးလာစဉ်တွင် သူဆောင်းထားသည့် အဆင့်သုံး ဦးထုပ်သည် ကစားသမား WF၏ ပစ်ခတ်ခံရပြီး လွင့်စင်သွားခဲ့သည်။

ဦးထုပ် မဆောင်းထားလျှင် M24 သို့မဟုတ် 98K ဖြင့် အပစ်ခံရပါက ချက်ချင်း သေဆုံးသွားနိုင်ပေသည်။

ထို့ကြောင့် ဤအချိန်က အရာအားလုံးကို အရှိန်အဟုန်နှင့် ထိန်းထားရမည့် အချိန်ပင်။

ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏ အသက်ရှုနှုန်းကို ထိန်းချုပ်ကာ အခွင့်အရေးကို စောင့်ကြည့်ခဲ့သည်။

နှစ်စက္ကန့်မကြာမီမှာပင် အိမ်သာပြတင်းပေါက်ကနေ ကစားသမား၏ ဦးခေါင်း ပေါ်လာသည်ကို တွေ့လိုက်ရပြီး အလျင်အမြန် ပစ်ခတ်လိုက်သည်။

သူ၏တုံ့ပြန်မှုက အလွန်ပင် လျင်မြန်၏။

"ဒိုင်း"

ပစ်ခတ်ပြီးနောက်တွင် စနစ်၏ သတိပေးချက်ကို သူတွေ့လိုက်ရသည်။

{စနစ်သတိပေးချက်= ကစားသမား "WF" သည် "M24" ကို အသုံးပြုပြီး တစ်ဖက် ကစားသမား၏ ဦးခေါင်းကို ပစ်ခတ်လိုက်သည်}

"မဖြစ်နိုင်ဘူး.. ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ.. ဒီကောင် တမင်လုပ်တာ သေချာတယ်"

ဝမ်လင်း "............"

ဗုံးပစ်စီနီယာအင်မော်တယ်

"သူက ငါ့ပစ်မှတ်တွေကို ပစ်မှတ်ထားနေတာပဲ.. ညီနောင်လင်း ငါ သည်းမခံနိုင်တော့ဘူး.. ဒီကောင့်ကို အပြစ်ပေးရမယ်"

ထိုသို့ပြောပြီးနောက် ဝမ်လင်း သူ့ကို မတားဆီးမီ ဗုံးပစ်စီနီယာ အင်မော်တယ်က ခုန်ထွက်သွားခဲ့သည်။

ဝမ်လင်းနှင့် ဝေးကွာလေ မဟာကံကြမ္မာတာအိုမှော်အစွမ်း၏ သက်ရောက်မှုက သူ့ထံတွင် အားနည်းသွားလေလေ ဖြစ်သည်။

ထို့နောက် ဝမ်လင်း မျှော်လင့်ထားသလိုပင်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဘယ်တော့မှ ပြန်မလာနိုင်တော့ပေ။

All Chapters