ဝန်ချီစက်ထိပ်ဆုံးပေါ်မှ အသေအကျေတိုက်ပွဲ
Vol. 34 Ch. 501
ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်များက ကီးဘုတ်ကို နှိပ်နေစဉ်မှာပင် ID WFက ရန်သူ၏ဦးခေါင်းအား ထိမှန်အောင် ပစ်ခတ်လိုက်သည်။
ကစားသမား WFက AWMကို အစောကြီးကတည်းကကောက်ယူပြီး ထိုလူ၏ဦးခေါင်းကို ချက်ချင်းပစ်ခတ်သတ်ဖြတ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
၎င်းက ဂိမ်းထဲတွင် အကောင်းဆုံး စနိုက်ပါရိုင်ဖယ် ဖြစ်ပြီး သင့်အနေဖြင့် ဦးထုပ်ဆောင်းထားလျှင်ပင် လုံးဝ အသုံးမဝင်ပေ။
ခမောက် သို့မဟုတ် ချပ်ဝတ်တန်ဆာ မည်မျှပင် ဝတ်ထားပါစေ၊ ဤရိုင်ဖယ်သေနက်၏ ကျည်ဆံတစ်တောင့်သည် သင့်အား သတ်ဖြတ်ရန် လုံလောက်ပေသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ပစ်မှတ်လုယူ ခံလိုက်ရသောကြောင့် စိတ်ပျက်အားငယ်သောခံစားချက်များ လွှမ်းမိုးသွားခဲ့သည်။
သူက ဝမ်လင်း၏ ရှေ့တွင် စကေးအနည်းငယ် ကြွယ်ပြချင်သော်လည်း ထင်မှတ်မထားသည်များ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
“အခုခေတ်ဂိမ်းတွေက ဆော့ရတာအရမ်းခက်တာပဲ”
သို့သော် ဤကစားသမား WF၏ အရည်အချင်းက တော်တော်လေးကောင်းသည်ဟု သူ့အနေဖြင့် ဝန်ခံရပေမည်။
“ညီနောင်လင်း.. မင်းသတိထားရမယ်.. ဒီလူက ငါတို့ရဲ့ တည်နေရာကို ကောင်းကောင်း သိနေပုံရတယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့နားကျပ်ကို ချွတ်လိုက်ပြီး နံဘေးရှိ ဝမ်လင်းကို ပြောလိုက်သည်။
ဝမ်လင်းကလည်း စိတ်ထဲမှ အံ့ဩနေမိသည်။
ဗုံးပစ်စီနီယာအင်မော်တယ်ကို ဤအတိုင်းအတာအထိ လွမ်းမိုးနိုင်ကတည်းက ကစားသမား WF၏ အဆင့်က အလွန်မြင့်မားနေသည်မှာ လုံလောက်သော သက်သေတစ်ခုပင်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဤဂိမ်းကို မကစားဖြစ်သည်မှာ အတော်ကြာပြီဟု အခိုင်အမာဆိုသော်လည်း ဂိမ်းအပေါ်ရူးသွပ်မှု အထွတ်အထိပ်သို့ ရောက်ရှိစဉ် ကာလအတွင်း သူနှင့် အင်မော်တယ်ထုံရာ တို့သည် ဟွာရှို့၏ ထိပ်တန်းကစားသမား ငါးဆယ်စာရင်းသို့ပင် ပေါက်ရောက်ခဲ့ဖူး၏။
ထိုကြောင့် ဤကစားသမားWFသည် အနည်းဆုံး ထိပ်တန်းကစားသမား ငါးဆယ်စာရင်းတွင် အဆင့်သတ်မှတ်ခံရမည်ဖြစ်သည်။
ထို့ပြင် ၎င်းသည် ဂိမ်းမြေပုံနှင့် အကျွမ်းတဝင်ရှိသည့် ကစားသမားဟောင်း တစ်ဦး ဖြစ်နေသည်မှာ ထင်ရှားနေ၏။
ဝမ်လင်းက အမြင်အာရုံ ကောင်းမွန်မှုကြောင့် မြေပြင်ပေါ်ရှိ လှုပ်ရှားမှု မှန်သမျှကို အလွန် သေးငယ်သော အစက်ပြောက်လေးများ အဖြစ် တွေ့နိုင်သည်။
သို့သော် ကစားသမားWFသည် အစမှအဆုံးထိ သူ၏တည်နေရာကို ဘယ်တုန်းကမှ ထုတ်ဖော်မပြခဲ့ပေ။
၎င်းက မျက်စိဖြင့်မမြင်နိုင်သည့် အစက်အပြောက် မျိုးစုံကို အကာအကွယ်ယူကာ သူ၏ တည်နေရာကို ဖုံးကွယ်ရန်ကြိုးစားခဲ့သည်။
သို့သော် ဤကစားသမားWFသည် သူနှင့်နီးစပ်သူ တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဝမ်လင်း တလျှောက်လုံးခံစားနေရသည်။
ထို့နောက်တွင် ဝမ်လင်းက မျက်စိတစ်ဖက်ကိုမှေး၍ မှန်ဘီလူးဖြင့် အခြားပစ်မှတ်တစ်ခုကို အလျင်အမြန် ရှာဖွေလိုက်သည်။
ယင်းအချိန်တွင် အခြားအဖွဲ့တစ်ဖွဲ့သည် ဂျစ်ကားကို မောင်းနှင်လာပြီး သူ၏ ပစ်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
သို့သော် သူမပစ်ခင်မှာပင် အဝေးမှ သေနတ်သံကို ပြတ်သားစွာ ကြားလိုက်ရသည်။
“ဒိုင်း”
AWM ရိုင်ဖယ်သေနတ်မှ ကျည်ဆန်က ဂျစ်ကားကို တိုက်ရိုက်ထိမှန်ပြီး ဂျစ်ကားတစ်စီးလုံး ပေါက်ကွဲသွားခဲ့သည်။
{ကစားသမားWFသည် ကစားသမားWoshizhazhahui နှင့် ကစားသမားWoshiguitianle ကိုသတ်ရန် AWMကို အသုံးပြုခဲ့သည်}
ဝမ်လင်း "……........."
ယခုအချိန်တွင် ဝမ်လင်းသည် ဤကစားသမား WFက သူနှင့်နီးစပ်သူဖြစ်ကြောင်း အလွန့်အလွန် သေချာနေခဲ့ပြီ ဖြစ်သည်။
ကစားသမား WF၏ ရူးသွပ်လောက်သော သတ်ဖြတ်မှုအပြီးတွင် ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၌ သံသယမက်ဆေ့များ ပိုမို များပြားလာခဲ့သည်။
တကယ်တမ်းတွင် ယင်းက ပုံမှန်တွေ့နေကျ အရာတစ်ခုပင်။
ကစားသမားတစ်ဦး၏ စွမ်းဆောင်ရည်က သာမန်လူများ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားသောအခါတွင် လူအများစုသည် လှည့်ဖျား၍ ကစားသည်ဟု စွပ်စွဲကြမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ယခင်က ဖန်းကွမ်း၏ ရေပန်းစားသော တိုက်ရိုက် ထုတ်လွှင့်မှုတွင်လည်း လူအများအပြားသည် ဖန်းကွမ်း အပေါ်တွင် သံသယရှိခဲ့ကြသည်။
ညီငယ်လေးကို ဦးဆောင်ရင်း လူအယောက် နှစ်ဆယ်ကို ဆာမူရိုင်းဓားရှည်ဖြင့် သတ်လိုက်သည့်တိုင်အောင် သံသယအနည်းငယ် ရှိနေကြဆဲ ဖြစ်၏။
ထိုအချိန်က ကျင့်ကြံခြင်း တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း၏ စူပါအက်မင်တစ်ဦးသည် ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုဒေတာကို အထူးတလည် စောင့်ကြည့်ခဲ့သည်။
သို့သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ရှိခဲ့ပေ။
ယင်းအချိန်တွင် ဖန်းကွမ်း၏ အလင်းရှာဖွေသူ ပရိသတ်များသည် လူအများကို စိတ်အနှောင့်အယှက် မပေးရန် ဖောင်းထုသူများအား တွန်းလှန်ခဲ့ကြသည်။
ရှင်းလင်းစွာပြောရလျှင် ဖန်းကွမ်း အနေဖြင့် လှည့်စား၍ ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ ယင်းက ပရိသတ်များ အပေါ်တွင်သာ မူတည်သည်။
ကောင်းမွန်စွာ ကစားတတ်သူ တစ်ယောက်၏ ဝိသေသလက္ခဏာသည် သူ၏ခွန်အားနှင့် မကိုက်ညီခဲ့လျှင် ကြည့်ရှုသူအများစုသည် ၎င်းအား လှည့်ဖျားသူဟု ထင်ကြလိမ့်မည် မဟုတ်ပါလော။
“ကျွန်းသခင်.. ကစားသမားWFက လှည့်ဖျားပြီး ကစားနေတာများလား”
“ငါတော့ သူကစားတာကို မယုံကြည်ဘူး”
“သူ့အိုင်ဒီက အခု အများသူငှာ မျက်နှာပြင်ပေါ်တောင် ရောက်နေခဲ့ပြီ”
“ဒါက ဆရာကြီး တစ်ယောက်ယောက်ရဲ့ အကောင့်များ ဖြစ်နေမလား”
ဖန်းကွမ်းက မက်ဆေ့များကို စစ်ဆေးကြည့်လိုက်ရာ အခြေအနေ မူမမှန်ဟု ခံစားလိုက်ရပြီး ဖေဖေဝမ်ကို မေးလိုက်သည်။
“ညီနောင်အိပ်စက်.. မင်းရဲ့ လှည့်ဖြားမှု ဆန့်ကျင်ရေး ညီနောင်က ဘာပြောသေးလဲ”
“သူက ဒီလူကို စစ်ဆေးပြီးသွားပြီ.. အချက်အလက်အားလုံးက ပုံမှန်ပဲလို့ ပြောတယ်.. ဒီကစားသမားWFက လှည့်စားမှုတွေကို အသုံးပြုတာနဲ့ ငါ့သူငယ်ချင်း ရေးဆွဲထားတဲ့ လှည့်စားမှု ဆန့်ကျင်ရေးစနစ်က ချက်ချင်း တွေ့ရှိနိုင်ပါလိမ့်မယ်”
ဖေဖေဝမ်က ပြုံး၍ ပြန်လည် ဖြေကြားခဲ့သည်။
အဆုံးသတ်တွင် လှည့်စားမှုဆန့်ကျင်ရေး ဆော့ဝဲကို ဒီဇိုင်းထုတ်ခဲ့သူမှာ ဝမ်မင် ဖြစ်သည်။
ဝမ်မင်ဆိုသည်မှာ မည်သူနည်း။
၎င်းက ဟွာရှို့နိုင်ငံ၏ အသန်မာဆုံး ဦးနှောက်ပင် ဖြစ်သည် မဟုတ်ပါလော။
ယနေ့ခေတ်တွင် တိုက်ရိုက် ထုတ်လွှင့်သူများသည် ၎င်းတို့၏ ဂိမ်းများကို ပို၍ ကြည့်ပျော်ရှုပျော် ဖြစ်စေရန် လှည့်ကွက်များကို အသုံးပြုလေ့ ရှိကြသည်။
ယင်းက ရန်သူများကို တတ်နိုင်သမျှ ထောက်လှမ်းနိုင်စေပြီး လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ရယူရန်အတွက်လည်း ကူညီပေးသည်။
ထိုထဲတွင် (Wallhack) လှည့်ဖျားမှုသည် ရှာဖွေရန် အခက်ခဲဆုံး ဖြစ်သည်။
ထိုဆော့ဝဲကို အသုံးပြုထားလျှင် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် ထူးထူးခြားခြား မည်သည့်အရာကိုမှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် (Wallhack) လှည့်ဖျားမှုဆော့ဝဲကို ချက်ချင်း ထောက်လှမ်းနိုင်သည့် ဆော့ဝဲသည် အလွန် အဆင့်မြင့်သည်ဟု ယူဆနိုင်ပေသည်။
ဖေဖေဝမ်၏ စကားကို မည်သူမျှ သံသယ မဝင်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ယခင်က ဝမ်မင်သည် ဤလှည့်ဖျားမှုဆန့်ကျင်ရေးဆော့ဝဲကို အသုံးပြု၍ ကစားသမားများကို ပြန်လည် အသက်ရှင်လာစေရန် ပြုလုပ်ပေးခဲ့သောကြောင့်ဖြစ်သည်။
ထိုလုပ်ဆောင်ချက်နှင့် နှိုင်းယှဉ်လျှင် Wallhack လှည့်ဖျားမှုစနစ်ကို ရှာဖွေတွေ့ရှိခြင်းသည် လုံးဝ ရိုးရှင်းသော လုပ်ဆောင်မှုတစ်ခုသာ ဖြစ်၏။
ယင်းအချိန်တွင် ဖန်းကွမ်း နှင့် ဖေဖေဝမ်တို့သည် ဘေးကင်းသောဇုန်၏ အစွန်အဖျားရှိ လေယာဉ်ကွင်းအပြင်ဘက် အိမ်ငယ်လေးတွင် ဝပ်နေခဲ့ကြသည်။
သူတို့က နောက်ထပ် ဘေးကင်းဇုန်ပေါ်လာလျှင် ရွေ့ပြောင်းရန် စီစဉ်ထားခဲ့ပြီး ဤနေရာတွင် ခေတ္တနေရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းပင်။
ထိုအချိန်တွင် ဖန်းကွမ်းသည် အောက်ထပ်မှ တံခါးဖွင့်သံကို ကြားလိုက်ရသည်။
တံခါးသံကို တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက ကျယ်လောင်စွာ ကြားလိုက်ရသည်။
ဖန်းကွမ်း နှင့် ဖေဖေဝမ်က ၎င်းတို့၏ ရိုင်ဖယ်သေနတ်များနှင့် ဝင်ပေါက်ကို ချိန်ရွယ်ထားခဲ့သည်။
အတင့်ရဲ၍ ဝင်လာလျှင် ဤလူ သေရပေလိမ့်မည်။
သို့သော် ထိုလူ၏ ခြေလှမ်းများသည် လှေကားထိပ်နားတွင် ရပ်တန့်သွားခဲ့သည်။
“မစိုးရိမ်ပါနဲ့.. ကျနော်ပါ"
ထို့နောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ် များသည် မရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသည်။
“မင်လေးလား”
ဝမ်မင်၏အသံကို ကြားလျှင် ဖေဖေဝမ်က သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
“ကျွန်းသခင်.. ဒါက လှည့်ဖျားမှု တိုက်ဖျက်ရေး ဆော့ဝဲလ်ကို တီထွင်ခဲ့တဲ့ ငါ့ရဲ့ သူငယ်ချင်းပါ”
ဖန်ကွမ်က ခေါင်းငြိမ့်လိုက်ပြီး ရိုင်ဖယ်သေနတ်ကို ဖယ်လိုက်သည်။
“ညီနောင်.. မင်းရဲ့အကူအညီ အတွက် ကျေးဇူးတင်ပါတယ်.. မင်းဘာလိုအပ်သလဲ.. ငါ့မှာ အရာအားလုံးရှိတယ်”
“ရတယ်.. ငါဘာမှမလိုအပ်ပါဘူး.. ငါအဆင်ပြေပါတယ်”
ဝမ်မင်က ပြောလိုက်သည်။
“လှည့်စားသူတွေကို အပြစ်ပေးတုန်းက သူတို့ရဲ့ ပစ္စည်းတွေကို ငါ ကောက်ယူခဲ့တယ်လေ.. အဲဒါကြောင့် ဘာမှ မလိုအပ်ပါဘူး”
ပရိသတ်များ "......……."
ဖန်းကွမ်း "........….."
ဖေဖေဝမ် "……........"
“ဒါဆို အဲဒီ ညီနောင်WFက တကယ်ပဲ လှည့်စားသူ မဟုတ်ဘူးလား”
ဖန်းကွမ်းက မေးလိုက်သည်။
“လုံးဝ မဟုတ်ပါဘူး.. ငါသူ့ကို သေချာ စစ်ဆေးပြီးသွားပြီ.. ဂိမ်းကုမ္ပဏီ ဒါမှမဟုတ် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းမှာ ငါ့ရဲ့ ဆော့ဝဲလ်လောက် ကောင်းတဲ့ လှည့်ဖျားမှု တိုက်ဖျက်ရေးဆော့ဝဲ တစ်ခုမှ မရှိဘူးလေ”
ဝမ်မင်က ပြောကြားလိုက်သည်။
“အဲဒီညီနောင်က ဘယ်နေရာမှာ ရှိနေတာလဲ”
ဖန်းကွမ်းက မေးလိုက်သည်။
“ဒီညီနောင်က လှုပ်ရှားမှု အရမ်းမြန်ဆန်တယ်.. ဒါပေမဲ့ ငါသူ့ကို ဒီဝန်ချီစက်ပေါ်မှာ အသေအကြေ တိုက်ခိုက်ချင်တယ်”
ဝမ်မင်က ပြုံးလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
“သူက ကျွန်းသခင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာသေချာတယ်.. ဒါကြောင့် ကျွန်းသခင်ကို အကူအညီတောင်းဖို့ ငါဒီကိုရောက်လာတာပါ”
ဖန်းကွမ်း "ဒါဆို ညီနောင်.. မင်းဆိုလိုချင်တဲ့ အဓိပ္ပါယ်က.."
ဝမ်မင် "ကျွန်းသခင်က ငါ့ကိုကူပြီး ငါတို့ရဲ့တိုက်ပွဲကို ထုတ်လွှင့်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်.. ငါတို့ နှစ်ယောက်ရဲ့တိုက်ပွဲကို ဘယ်သူ့ကိုမှ ဝင်ပြီး မစွက်ဖက်စေချင်ပါဘူး.. ဒီကောင်က မာနကြီးလွန်းတယ်လို့ ငါခံစားရတယ်.. ဒါကြောင့် လူတိုင်းရဲ့ဒေါသကို ဖြေဖျောက်ဖို့ ငါက ကိုယ်စားပြုပေးမယ်”
ဝမ်လင်းက တိုက်ရှိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်ရှုခဲ့သည်။
ဝမ်မင်၏အသံကို ကြားလျှင် သူက လုံးဝ မအံ့ဩခဲ့ပေ။
ထိုအချိန်မှာပင် ဝမ်မင်က တစ်ခွန်း ထပ်ပြောလိုက်သည်။
“နောက်တစ်ချက်ရှိသေးတယ်.. အဲဒါက ငါ့ရဲ့ သောက်သုံးမကျတဲ့ညီလေးကို ငါ့ရဲ့အရည်အချင်းတွေ ပြသဖို့ အခွင့်အရေးယူချင်လို့ပဲ”
ဝမ်လင်း "……........"
"မငေိုး"