← Chapters

အင်မော်တယ်တွေကြားက တိုက်ပွဲ

Vol. 34 Ch. 502

အင်မော်တယ်တွေကြားက တိုက်ပွဲ

Vol. 34 Ch. 502

ဝမ်လင်းက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို သေချာပေါက် စောင့်ကြည့်နေမှန်း ဝမ်မင် သိသည်။

သူက ဝမ်လင်း၏ ပင်ကိုစရိုက်ကို ကောင်းကောင်းသိ၍ ဝမ်လင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် မခက်ခဲခဲ့ပေ။

ကျင့်ကြံမှုတွင် သူက ဝမ်လင်းကို မယှဉ်နိုင်သော်လည်း ဤဒစ်ဂျစ်တယ်စ်တယ် ဂိမ်းလောကတွင်မူ သူ့အနေဖြင့် ဘာမဆိုလုပ်နိုင်သည်ဟု ဝမ်မင် ခံစားမိသည်။

ဖန်းကွမ်း နှင့် ဖေဖေဝမ်တွင် အပြည့်အ၀ ပြင်ဆင်ထားသော ဂျစ်ကားတစ်စီးရှိပြီး ၎င်းတို့က ထိုဂျစ်ကားဖြင့် စက်ဝိုင်းဆီသို့ အလျန်အမြန်သွားနိုင်ရန် အထူးပြင်ဆင်ထားသည်။

ဝမ်မင်က ယာဉ်မောင်း ထိုင်ခုံတွင် နေရာယူလိုက်ပြီး ဝန်ချီစက်ဆီသို့ ဦးတည်သွားခဲ့သည်။

ဂျစ်ကားကို အမှန်တကယ် မောင်းသူမှာ သူမဟုတ်ဘဲ သူဖန်တီးထားသည့် "TTXS" ဇာတ်ကောင် ဖြစ်သည်။

ထို့ကြောင့် ဝမ်မင်က TTXSကို လိုသလို အမိန့်ပေးစေခိုင်း နေခဲ့သည်။

"အရှိန်မြှင့်စမ်း"

ဝမ်မင်က TTXS ကို အမိန့်ပေးလိုက်ရာ ဂျစ်ကားက ၎င်း၏ အမြင့်ဆုံး အမြန်နှုန်းသို့ ချက်ချင်း မြှင့်တင်လိုက်သည်။

လေယာဉ်ကွင်း ဧရိယာတွင် အတားအဆီး အမျိုးမျိုး ရှိသည်။

အတားအဆီးများထဲ ပြေးဝင်သွားသည့် ကားများ ပေါက်ကွဲမှုဖြစ်လာလျှင် ကားထဲရှိလူများပါ သေဆုံးရလေ့ရှိသည်။

ထို့ကြောင့် ကစားသမား တော်တော်များများက ကားများကို စွန့်လွှတ်ကာ လမ်းလျှောက်လာကြသည်။

ထိုခဏဝယ် သူတို့ ဂျစ်ကားက ကျောက်တုံးတစ်ခုကို ဝင်တိုက်မိသောအခါ မက်ဆေ့ချ်များထဲမှ လူအများအပြားက ကားမှောက်တော့မည်ဟု ထင်ခဲ့ကြသည်။

"ဟက်.. လေယာဉ်ကွင်းရဲ့ ဂိတ်တံခါးက ရှေ့မှာ ရှိနေပြီ.. ကျောက်တုံးတစ်တုံးကိုတောင် မရှောင်တိမ်းနိုင်ဘူးလား"

"မောင်းတဲ့သူက သောက်ရူးပဲ"

"ဟားဟားး.. ကားမှောက်တော့မယ်"

"ကားက သေချာပေါက် ပေါက်ကွဲသွားလိမ့်မယ်..."

"ဒါက မရဏကျောက်တုံးပဲ.. ငါ့ ဒီမှာ အကြိမ်ကြိမ် မှောက်ခဲ့ဖူးတယ်"

"ဒီလှည့်ဖြားမှု တိုက်ဖျက်ရေးညီနောင်က ကားကို ဘယ်လိုမောင်းရမှန်း မသိဘူးပဲ.. လိုင်စင်ကို သူ တစ်ခါမှ မကိုင်ခဲ့ဖူးဘူးလို့ ငါထင်တယ်"

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ ဆွေးနွေးမှုများစွာ ဖြစ်ပွားခဲ့သည်။

အဆုံးသတ်တွင် မည်သူမျှ မျှော်လင့်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။

ဂျစ်ကားက ကျောက်တုံးကြီးကို တိုက်မိသော်လည်း မပေါက်ကွဲသည့်အပြင် မြေပြင်ပေါ်သို့ အတည့်အတိုင်း ပြန်ကျခဲ့သည်။

ဂျစ်ကား၏တံခါးများကမူ လေဆင်နှာမောင်း တိုက်ခတ်မိသကဲ့သို့ ပြတ်ကျသွားခဲ့သည်။

"ဘာလဲဟ ဒါက ဘယ်လို လုပ်ဆောင်ချက်ကြီးလဲ"

ယင်းက ဝမ်မင်၏ ဆော့ဖ်ဝဲလ်ဇာတ်ကောင်မှ တိကျသော တွက်ချက်မှုများပြုလုပ်ထားသည့် စမတ်ကျသော စကေးတစ်ခု ဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။

၎င်းတို့က ဝမ်မင်ကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ဟု ထင်မြင်ခဲ့ကြသည်။

ချက်ချင်းပင် 666 များက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။

ထိုသို့ ဖြစ်လာမည်ဟု ဖန်းကွမ်းနှင့် ဖေဖေဝမ် တို့ပင် မမျှော်လင့်ထားခဲ့ပေ။

"ဒါက အံ့မခန်းစွမ်းဆောင်ရည်လို့ ပြောလို့ရလား"

ဝမ်မင်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဒီညီငယ်လေးမှာ ဒီလိုမျိုး အရည်အချင်းရှိမယ်လို့ ငါတကယ် မထင်ထားမိဘူး"

ဖန်းကွမ်းက ပြောလိုက်သည်။

ရိုးရှင်းစွာ ပြောရလျှင် ဤအရာက တော်တော်လေး အံ့မခန်းဖြစ်လောက်သည့် စွမ်းဆောင်ရည်မျိုး ဖြစ်သည်။

ဤကားမောင်းကျွမ်းကျင်မှုဖြင့် ဆိုလျှင် ဝမ်မင်သည် Fast and Furious 8 Plus တွင် ပါဝင်သရုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

ဤညီငယ်လေး၏ စကေးက တကယ်ကို အံ့မခန်းပင်။

"ဆရာ.. ငါ့ကိုသင်ပေးပါလား"

"မင်းဘယ်လောက်ပဲ သင်ယူချင်စိတ် ပြင်းပြပါစေ၊ ငါ မင်းကို သင်ပေးလို့မရဘူး"

ဝမ်မင်ကို ဆရာတင်လိုသောလူကို တစ်စုံတစ်ယောက်က စနောက်လိုက်သည်။

"ဒီစကေးက အရမ်းခက်ခဲတယ်.. ငါတော့ သင်ယူနိုင်မှာ မဟုတ်ဘူး။"

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ မက်ဆေ့ချ်များကို တစ်ချက်ကြည့်လိုက်ရာ ဝမ်မင် မရယ်ဘဲ မနေနိုင်တော့ပေ။

"မင်းတို့ သင်ယူချင်ကြလား.. သင်ပေးလို့တော့ ရပါတယ်.. ဒီစကေးကို Cyclone magnum ဟာရီကိန်းလို့ နာမည်ပေးထားတယ်"

[cyclone magnum= ကားနာမည်]

ပရိတ်သတ်များ "............."

ဖေဖေဝမ် နှင့် ဖန်းကွမ်း "............."

ဝမ်လင်း ".............."

ဤစကေးကိုပြရန် စေ့စပ်သေချာပြီး အလွန်တိကျသော လေ့ကျင့်မှု လိုအပ်သည်။

ဝမ်မင်​က သူဒီဇိုင်းထုတ်ထားသည့် ဆော့ဝဲလ်ကို အလွန် ယုံကြည်သည်။

ဆော့ဖ်ဝဲလ်၏ (built-in AI) စနစ်သည် ဇာတ်ကောင်ကို တိကျစွာ ထိန်းချုပ်နိုင်ရုံသာမက ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်နိုင်သည့်အရာများ အပေါ် အခြေခံကာ ဇာတ်ကောင်၏ အကောင်းဆုံးစွမ်းရည်များကို ထုတ်ဖော်ပေးသည်။

ဆိုလိုသည်မှာ ဝမ်မင်၏ ဇာတ်ကောင် လုပ်သမျှသည် ဤဂိမ်း၏ ဖြစ်နိုင်ချေရှိသော လုပ်ဆောင်ချက်များ ဖြစ်သည်။

စက်ဝိုင်းထဲ ရောက်သောအခါ လူက သုံးဆယ်အောက်သာ ကျန်တော့သည်။

သေနတ်သံများက စဲသွားလေပြီ။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ပရိသတ်အချို့က ဤတိုက်ပွဲကို ဝန်ချီစက်မှ စိန်ခေါ်သံဟု အမည်ပေးခဲ့ကြသည်။

ဤအခိုက်အတန့်တွင် ဝမ်မင်က လူတိုင်း၏ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။

ဝမ်မင် နှင့် ဖန့်ရှင်း တို့၏ တိုက်ပွဲကြီး မပြီးမချင်း မည်သူမှ ပစ်ခတ်ခွင့်မရှိဟု ဤပွဲကို ပါဝင်ဆင်နွှဲကြသည့် ကစားသမား အားလုံးက သဘောတူခဲ့ကြသည်။

မကြာခင်မှာပင် ဂျစ်ကားက ဝန်ချီစက်ဆီ ရောက်လာပြီး ကားထဲကနေ ဝမ်မင် ထွက်လာခဲ့သည်။

"ကံကောင်းပါစေ ညီနောင်"

ဖန်းကွမ်းက လေးနက်စွာ ပြောလိုက်သည်။

ဖန်းကွမ်းက ဝမ်မင်၏နောက်မှ လိုက်ပါလာစဥ် ဖေဖေဝမ်က ကားပေါ်တွင်နေရန် ရွေးချယ်ခဲ့သည်။

ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ မြင်ကွင်းရှုထောင့်များကို ထိန်းချုပ်ထား၍ ပရိသတ်များ ပိုမိုကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ရန် ရှုထောင့်များကို အတတ်နိုင်ဆုံးပြောင်းလဲ​ခဲ့သည်။

တစ်ဖက်တွင်လည်း လျှို့ဝှက်ဆန်းကြယ်သော ကစားသမား WF သည် နောက်ဆုံးတွင် သူ့ကိုယ်သူ ထုတ်ဖော်ခဲ့သည်။

၎င်းက မြင်းမြီးကေ နှင့် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော အမျိုးသမီး ဇာတ်ကောင် ဖြစ်သည်။

အနက်ရောင် ဂျာကင်အင်္ကျီနှင့် သူမ ဝတ်ထားသည့် မီနီစကတ်သည် ဂိမ်းတွင်ရှားပါးသော ဖက်ရှင်ပစ္စည်းများ ဖြစ်သည်။

ထိုထက် အရေးပါသည်မှာ မီနီစကတ်၏ အရောင်က ပန်းနုရောင် ဖြစ်နေခြင်းပင်။

ပန်းနုရောင် မီနီစကတ်သည် ရှားပါးဖက်ရှင်ပစ္စည်း အားလုံးထဲတွင် တန်ဖိုးအရှိဆုံးဖြစ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချ၍ စျေးနှုန်း အလွန်မြင့်မားသည်။

အများအားဖြင့် မီနီစကတ် တစ်ထည်ကို တစ်ထောင်ဝန်းကျင်သာ ရောင်းချသော်လည်း ပန်းနုရောင် မီနီစကတ်ကမူ HNY တစ်သောင်းကျော်လောက် ကုန်ကျနိုင်၏။

ကစားသမားများသည် အွန်လိုင်းတွင် မီနီစကတ် များကို ဝယ်ယူ ရရှိနိုင်သည်။

သို့သော်လည်း ပန်းရောင် မီနီစကတ်ကိုမူ ဝယ်၍မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ဆာဗာတစ်ခုလုံးတွင် အကန့်အသတ်ဖြင့် ထုတ်ဝေသော ပန်းရောင်မီနီစကတ် သုံးမျိုးသာရှိ၍ ဖြစ်ပြီး ဤပစ္စည်းကို ရောင်းချရန် တားမြစ်ထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အကောင့် နှင့် ချိတ်ဆက်၍သာ ဝယ်ယူနိုင်သည်။

ပန်းရောင်စကတ်ပါရှိသည့် အကောင့်တစ်ခုကို အလွန်မြင့်မားသော ဈေးနှုန်းဖြစ်သည့် အင်မော်တယ် ရွှေသုံးထောင်ဖြင့် ယခင်က ရောင်းချခဲ့ဖူးသည်။

သာမန် ကစားသမားများစွာ အတွက် ဤတန်ဖိုးသည် ၎င်း​တို့စိတ်ကူးထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

အဝတ်တစ်ထည်ကို အင်မော်တယ် ရွှေသုံးထောင်နှင့် ရောင်းချနိုင်သည့် ဂိမ်းအကောင့်တစ်ခု၊

ယင်းက စိတ်ကူးယဥ် ဆန်လွန်းသည် မဟုတ်ပါလား။

WF ပေါ်လာပြီးနောက် ဖန်းကွမ်း၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းတွင် မက်ဆေ့ချ်များ ပျံ့နှံ့သွားသည်။

"ဘာလဲဟ"

"ငါ ဘာကိုမြင်လိုက်တာလဲ.. ပန်းရောင် မီနီစကတ်လား"

"ထင်ထားတဲ့ အတိုင်းပဲ.. လောကကြီးက ချမ်းသာတဲ့သူတွေအတွက်ပဲ.. မျှတမှု မရှိဘူး"

“အဲဒါက သေချာပေါက် ကစားသမား ဝယ်ခဲ့တာ မဖြစ်နိုင်ဘူး.. ဂိမ်းကံစမ်းမဲ ပေါက်တာ ဖြစ်လိမ့်မယ်"

"တကယ်ပဲ ကံစမ်းမဲ ပေါက်တယ်ဆိုရင် ဒီညီငယ်လေးရဲ့ အကောင့်က အရမ်းဟောင်းနေမှ ဖြစ်နိုင်လိမ့်မယ်

ဤဂိမ်းနှင့် ရင်းနှီးကျွမ်းဝင်သော ကစားသမားများစွာ အတွက် ပန်းရောင် မီနီစကတ်သည် ဖက်ရှင် အမျိုးအစားများ၏ သင်္ကေတတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ဆိုရလျှင် ၎င်းက ဖက်ရှင်ဘုရင်မ၏ သင်္ကေတ ဖြစ်သည်။

နောက်တစ်နည်းပြောရလျှင် ဤကစားသမား WF က တကယ်ကို တစ်ခုခုပင်။

ထိုအချိန်တွင် ဝမ်မင် နှင့် ဖန့်ရှင်း၏ ဇာတ်ကောင်များက မျက်နှာချင်း ဆိုင်လိုက်ကြသည်။

တင်းမာမှုဟာ အထွတ်အထိပ်ကို ရောက်ရှိနေလေပြီ။

ဖန်းကွမ်း၏ ရှုထောင့်မှ နေ၍ ဤမြင်ကွင်းကို လူတိုင်းက စိုက်ကြည့်နေကြသည်။

ဖေဖေဝမ်၊ထွင်ထျန်းဟာ၊ဝေ့ကျစ်၊ဝမ်လင်း၊ဗုံးပစ်စီနီယာအင်မော်တယ်..

လူတိုင်းက လေးလေးနက်နက် ကြည့်နေကြသည်။

မျက်နှာချင်းဆိုင် ရပ်နေသော လူနှစ်ယောက်က လက်ထဲတွင်ရှိသော သေနတ်များကို စနိုက်ပါ ရိုင်ဖယ်များ အဖြစ် ပြောင်းလဲပစ်လိုက်ကြသည်။

"ဒီတိုက်ပွဲမှာ 98K ရိုင်ဖယ်တွေကို သုံးမှာလား"

ဝမ်လင်းက ဤမြင်ကွင်းကို ငေးကြည့်နေမိသည်။

အလွန်လျင်မြန်စွာ ပစ်ခတ်လိုက်သော အသံနှစ်သံကို လူတိုင်းက ကြားလိုက်ရသည်။

သူတို့နှစ်ယောက်လုံးက တစ်ပြိုင်နက်နီးပါး ပစ်ခတ်လိုက်ကြပြီး ဝမ်မင်က သံတိုင်တစ်ခု၏ နောက်ဘက်သို့ လျင်မြန်စွာ လှဲအိပ်ချလိုက်သည်။

လျင်မြန်ချောမွေ့သော တုံ့ပြန်မှုကို သာမန်မျက်လုံးက လုံးဝ အမီလိုက်ကြည့်နိုင်မည် မဟုတ်ပေ။

သို့သော် အမြင်စူးရှမှု ရှိလျှင်မူ ဤမြင်ကွင်းကို အလွန်ရှင်းလင်းစွာ မြင်နိုင်မည် ဖြစ်သည်။

ဖန့်ရှင်း၏ ကျည်ဆန်က ဝမ်မင်၏ ရှေ့မှ သံတိုင်အား ထိမှန်သွားသည်ကို မြင်လိုက်ရသလို ဝမ်မင်၏ ကျည်ဆန်ကိုလည်း ဖန့်ရှင်း ချက်ချင်း ပြောင်းကိုင်လိုက်သော ဒယ်အိုးက ပိတ်ဆို့သွားသည်။

"အာ.. ဒယ်အိုးနဲ့တောင် ကာကွယ်နိုင်တယ်လား"

လူတိုင်းက အံသြသွားကြသည်။

ကစားသမားနှစ်ဦးက အနီးကပ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

သို့ရာတွင် မထင်မှတ်ပဲ မည်သူမျှ ထိမှန်ခဲ့ခြင်း မရှိပေ။

သို့သော် ဤအခိုက်​အတန့်​မှာ လူတိုင်းက ​မေးရိုးအောက်သို့ပြုတ်ကျလောက်သည့် မြင်ကွင်းကို မြင်​လိုက်​ရသည်။

ဖန်းကွမ်းက ဝမ်မင်လည်း ဒယ်အိုး ထုတ်လိုက်သည်ကို တွေ့လိုက်သည်။

ထို့နောက်တွင် ဖန့်ရှင်း၏ ဒယ်အိုးနှင့် ထိမှန်ပြီး သူ့ဆီ ပြန်ကန်ထွက်လာသည့် ကျည်ဆန်ကို ဝမ်မင်က ဒယ်အိုးဖြင့် ပြန်လည် ရိုက်လွှတ်လိုက်သည်။

"ဘာလဲဟ လခွမ်း"

ဖန်းကွမ်း တကယ်ကို ကူကယ်ရာမဲ့သွားသည်။

{ဒါက အင်မော်တယ်တွေကြားက တိုက်ပွဲများလား}

All Chapters