← Chapters

ငွေခေါင်းလောင်းအသုံးပြုပုံနည်းစနစ်

Vol. 34 Ch. 510

ငွေခေါင်းလောင်းအသုံးပြုပုံနည်းစနစ်

Vol. 34 Ch. 510

တစ်ခါတစ်ရံတွင် အမှန်တရားက သင်ထင်ထားသည်ထက် သင်၏ အနီးတွင် ရှိနေတတ်သည်။

ဤနှစ်များတစ်လျှောက်လုံး သူလုံ့လဝီရိယရှိရှိ ရှာဖွေခဲ့သောအမှန်တရားသည် သူနှင့် အလွန် နီးစပ်စွာ ရှိနေလိမ့်မည်ဟု ငွေရောင်လေး ကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။

“ဒါဆို သူတော်စင်သားရဲတွေ မျိုးသုန်းသွားအောင် လုပ်ခဲ့တဲ့ကောလာဟလတွေရဲ့ အရင်းအမြစ်က ဥက္ကဌပိုင်လို့ မင်းပြောချင်တာလား”

ကျိုးရီ လုံးဝ အံ့အားသင့်သွားသည်။

ဤကိစ္စက အဖြေရှာမရသေးသည့် ကိစ္စ ဖြစ်ပြီး ယခုအချိန်ထိစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်၏။

သူတော်စင်သားရဲ၏ နှလုံးကို စားသုံးလျှင် ကောင်းကင်တာအိုကို နားလည်နိုင်သည် ဟူသော ကောလာဟလသည် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောင်ခန့်တွင် ပျံ့နှံ့ခဲ့သည်။

ထိုအချိန်က ငွေရောင်လေးသည် အသက်နှစ်ထောင်သာ ရှိသေးပြီး သူတော်စင်သားရဲများကြားတွင် ကလေးလေးတစ်ယောက် အရွယ်သာရှိ၏။

နိုင်ငံတည်ထောင်ပြီးနောက်တွင် သူတော်စင်သားရဲများ မျိုးသုန်းပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသောအခါထိုကိစ္စကို စတင် စုံစမ်းခဲ့သော်လည်း နောက်ကျသွားပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကောလာဟလ၏ အရင်းအမြစ်ကို ခြေရာခံရန် မဖြစ်နိုင်သောကြောင့်ပင်။

သို့သော် ယခုခေတ်ကမူ မတူတော့ပေ။

အင်တာနက်က ပိုမိုအဆင့်မြင့်လာပြီး ကျင့်ကြံသူများသည်လည်း အွန်လိုင်း ပလက်ဖောင်းများတွင် ၎င်းတို့ပြောသမျှအတွက် တာဝန်ယူရမည် ဖြစ်သည်။

တစ်စုံတစ်ရာကို ဇွဲမလျှော့ဘဲ ရှာဖွေသရွေ့ တွေ့ရှိနိုင်မည် မဟုတ်ပါလား။

အမည်မသိ အသုံးပြုသူများကို ခြေရာခံရန်မှာ မခက်ခဲတော့ပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကျင့်ကြံခြင်း ဖိုရမ်မှ သတင်းပေးသူသည် တစ်စုံတစ်ရာကို သိသာစွာ ပြင်ဆင်လာခဲ့သည်။

ဘလက်လေးပင်လျှင် ဤလူကို ခြေရာခံနိုင်ခြင်း မရှိခဲ့ပေ။

ဘလက်လေး၏ နည်းပညာသည် ဝမ်မင်ထက် အနည်းငယ်သာ နိမ့်ကျ၏။

အဆုံးသတ်တွင် ဤကိစ္စကို စုံစမ်းစစ်ဆေးရန် ဝမ်မင်ကိုတောင်းဆိုသည်ကသာ ပိုမိုစိတ်ချရမည်ဟု ဝမ်လင်း ထင်ခဲ့သည်။

အကယ်၍ ဝမ်မင်သာ ထိုသတင်းပေးသူ၏ တည်နေရာကို ခြေရာမခံနိုင်ခဲ့လျှင် ၎င်းတို့အနေဖြင့် အမှန်တကယ် ရွေးချယ်စရာ မရှိတော့ပေ။

“အကယ်၍ မစ္စတာလုရဲ့ စကားသာ အမှန်ဆိုရင် ဥက္ကဌပိုင်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက အင်မော်တယ် စံအိမ်သခင် ချန်ယွီ နဲ့ မိစ္ဆာအင်ပါယာ ကွာဖီ တို့ထက် ပိုပြီး ဆိုးရွားလွန်းတယ်လို့ သတ်မှတ်ရတော့မှာပဲ”

ကျိုးရီက ပြောလိုက်သည်။

“ဒီတစ်ခေါက်မှာ ဒီလောက်ကြီးတဲ့ ငါးကြီးနဲ့ တည့်တည့်တိုးမိမယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. သူ့ကိုဖမ်းဖို့ ခက်နေတာ မဆန်းတော့ပါဘူးလေ”

ဗုံးပစ်စီနီယာ အင်မော်တယ်က မစ္စတာလုကို ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

“မစ္စတာလု.. မင်းရဲ့စကားတွေကို သက်သေခံနိုင်တဲ့ အထောက်အထား တစ်ခုခုရှိရဲ့လား”

“ဝူကျီထီးက သက်သေပါပဲ.. ဒါ့အပြင် ပိုင်ကျယ်မှာ တခြားထူးခြားတဲ့ မှော်လက်နက်တွေလည်း ရှိသေးတယ်.. အဲဒီမှော်လက်နက်တွေကလည်း သူတော်စင်သားရဲတွေကနေ ပြုလုပ်ထားတာလို့ ကျွန်တော်ထင်တယ်.. အကယ်၍ ကျွန်တော်တို့သာ သူ့ကို ဖမ်းနိုင်မယ်ဆိုရင် ဒါတွေအားလုံးက သက်သေခံပစ္စည်းတွေ ဖြစ်လာမှာပါ”

မစ္စတာလုက သူသိထားသမျှကို ပြောပြလိုက်သည်။

တကယ်တမ်းတွင် မစ္စတာလု ကိုယ်တိုင်ပင် ဥက္ကဌပိုင် မည်သည့်နေရာတွင် နေထိုင်သည်ကို မသိခဲ့ပေ။

တယ်လီဖုန်းကို အသုံးမပြုဘဲ ဥက္ကဌပိုင်ကို ဆက်သွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ငွေခေါင်းလောင်း ဖြစ်သည်။

ဥက္ကဌပိုင်သည် အလွန်လိမ္မာပါးနပ်သူ ဖြစ်၏။

သူ၏ ဆဲလ်ဖုန်းနံပါတ်သည် အချိန်တိုင်းတွင် ကွဲပြားနေ၏။

မစ္စတာလုအနေဖြင့် တစ်နေ့လျှင် တစ်ကြိမ်သာဖုန်းဖြင့် ဆက်သွယ်နိုင်သည်။

ထို့နောက်တွင် နံပါတ်သည် ချက်ချင်း ပြောင်းလဲသွားမည်ဖြစ်၏။

မစ္စတာလုက အစောပိုင်းတွင် ဇိမ်ခံအိမ်၏ ဝင်ပေါက်အပြင်ဘက်၌ ၎င်းကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။

ဆဲလ်ဖုန်းနံပါတ်အသစ်ကို မနက်ခြောက်နာရီတွင် မစ္စတာလု၏ ဆဲလ်ဖုန်းဆီသို့ ဥက္ကဌပိုင်က ပို့ပေးလေ့ ရှိသည်။

မစ္စတာလုအနေဖြင့် ဥက္ကဌပိုင် နှင့် လူချင်း တွေ့ဆုံလိုလျှင်မူ ငွေခေါင်းလောင်းကိုသာ အသုံးပြုရ၏။

မစ္စတာလုက ဗုံးပစ်စီနီယာ အင်မော်တယ်ထံသို့ ငွေခေါင်းလောင်းကို လွှဲပေးရင်း သတိပေးလိုက်သည်။

“ဒီငွေခေါင်းလောင်းကို အသုံးပြုတဲ့ နည်းစနစ် ရှိတယ်.. ဒီငွေခေါင်းလောင်းကို တစ်နေရာကို သွားပြီး တိကျတဲ့ တေးသွားတစ်ခုခု တီးခတ်ပေးဖို့ လိုအပ်တယ်.. တီးခတ်ရမယ့်နေရာက အများပြည်သူ ဗဟိုပန်းခြံမှာပဲ”

“ဘယ်သီချင်းကို တီးရမှာလဲ”

“ချမ်စစ်ရှီးကို သိတယ် မဟုတ်လား.. အဲဒီသီချင်းကို တီးရမယ်”

ထိုသီချင်းက ရုပ်သေး နှင့် ၎င်း၏ပိုင်ရှင်တို့ကြား ချစ်ခင်မှုအကြောင်းကို ဖွဲ့နွဲ့သီကုံးထားသော ဂန္ဓဝင် တရုတ်သီချင်းဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် ”……….”

ဝမ်လင်း “……….”

ဥက္ကဌပိုင်က သူ့ကို ခြေရာခံ၍ မရအောင် သေချာကျနစွာ အစီအစဉ် ချထားခဲ့သည်။

ယခုအခါတွင် မစ္စတာလုသည် အရေးကြီး သက်သေတစ်ဦး ဖြစ်လာ၍ ကာကွယ်ပေးရန် လိုအပ်သည်။

သို့သော်လည်း ဥက္ကဌပိုင်ကို ရှာဖွေရာတွင် ၎င်းက အရေးပါသောကြောင့် အချုပ်ထဲတွင် ထည့်ထားရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က မစ္စတာလုကို ညစ်ညမ်းသော လေထုကို သန့်စင်ပေးရန် စေခိုင်းခြင်းဖြင့် အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

ဝမ်လင်းက တည်နေရာ ရွေ့ပြောင်းခြင်း တာအိုအဆောင်သုံးခုကို ရေးဆွဲလိုက်ပြီး စုန့်ချင်းရှုအား ပေးလိုက်သည်။

တည်နေရာရွေ့ပြောင်းခြင်း တာအိုအဆောင်လက်ဖွဲ့သည် စုန့်ချင်းရှု နှင့် မစ္စတာလုတို့ အန္တရာယ် ကျရောက်နေသည်ဟု ခံစားမိသည်နှင့် သတ်မှတ်ထားသည့် ကိုဩဒိနိတ် နေရာသို့ အလျင်အမြန် ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။

ထိုနေရာမှာ ဝမ်မိသားစု အိမ်ငယ်လေး၏ နေရာ ဖြစ်သည်။

အကယ်၍ တစ်ဖက်လူသာ ထိုနေရာထိ လိုက်လာခဲ့လျှင် ဝမ်လင်းအိမ်၌ မရှိလျှင်ပင် အိမ်ငယ်လေးရှိ မှင်စာများက ကျူးကျော်သူများကို ဒုက္ခပေးရန် လုံလောက်မည် ဖြစ်သည်။

ထို့အပြင် အိမ်ငယ်လေးကို ကျင့်ခယ် ကိုယ်တိုင် စောင့်ရှောက်နေသောကြောင့် ဝမ်လင်း လုံးဝ စိုးရိမ်ခြင်းမရှိပေ။

“ကျေးဇူးတင်ပါတယ် လင်းကျန်းရန်”

ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်တံခါးဝတွင် စုန့်ချင်းရှုက အစီအရင်စာရွက်ကို တလေးတစား လက်ခံယူလိုက်သည်။

အင်မော်တယ်ရဲတိုက်မှ ထွက်လာပြီးနောက်တွင် စုန့်ချင်းရှုသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လမ်းညွှန်မှုအောက်၌ အိမ်ထိန်းတစ်ဦးနှင့် ပိုတူလာခဲ့သည်။

ထို့ပြင် ၎င်းသည် ရင့်ကျက်ဖြောင့်မတ်သော စိတ်ထားရှိ၏။

စင်စစ် စုန့်ချင်းရှုသည် အလားအလာရှိသည့် အရည်အချင်းရှိသူတစ်ယောက် ဖြစ်သည်။

စုန့်ချင်းရှုက ကားကို မောင်းလိုက်သည်။

ရှေ့ခရီးသည် ထိုင်ခုံတွင်ထိုင်နေသော မစ္စတာလုသည် သူ၏ မျက်လုံးထောင့်ကနေ ဝမ်လင်း ကြည့်နေသည်ကို တွေ့လိုက်ရသည်။

စောစောက ဤလူငယ်၏ မောက်စ်ပစ်ချက်ကို သူအမှန်တကယ် ကြောက်ရွံသွားခဲ့သည်။

ယခုအခါတွင် သူက တိတ်ဆိတ်ငြိမ်သက်နေသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်နေပြီး လုံးဝ မလှုပ်ရှားရဲတော့ပေ။

ငွေရောင်လေးက အိမ်ရှေ့တံခါးဝတွင် ရပ်ကာ လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။

“ကံကောင်းပါစေ မစ္စတာလုရေ.. မသန့်စင်တဲ့လေကို သန့်စင်အောင် အစွမ်းကုန်လုပ်ပြလိုက်ပါ”

မစ္စတာလုက ငွေရောင်လေးကို ကြည့်ကာ လက်မထောင်ပြလိုက်သည်။

စုန့်ချင်းရှုက နောက်တစ်ကြိမ် နှုတ်ဆက်ပြီးနောက် မစ္စတာလုနှင့် ထွက်ခွာသွားခဲ့သည်။

မစ္စတာလု ထွက်သွားပြီးနောက်တွင် ကျန်ရှိသောဖိအားများသည် ကျိုးရီ အပေါ်သို့ လုံးဝ ကျဆင်းလာခဲ့သည်။

ပိုင်ကျယ်ကို ဖမ်းချင်လျှင် မစ္စတာလုကို လွှတ်ထားရမည်ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ ပိုင်ကျယ်က မစ္စတာလုနှင့် အဆက်အသွယ် မရလျှင် သံသယ များလာမည် ဖြစ်၏။

ဥက္ကဌပိုင်၏ မျိုးရိုးအမည်သည် အဖြူရောင်ဟု အဓိပ္ပါယ်ရသော်လည်း အလွန်သံသယ ဖြစ်ဖွယ်ကောင်းသော လူတစ်ဦးဖြစ်သည်မှာ ထင်ရှားနေသည်။

ထို့အပြင် ဤပုဂ္ဂိုလ်သည် လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်ခန့်က သူတော်စင်သားရဲ အားလုံးကို မျိုးသုန်းအောင် ကောလာဟလ လွှင့်နိုင်ခဲ့သည်။

ထို့ကြောင့် ထိုပုဂ္ဂိုလ်၏ နှလုံး နှင့် အရိုးများသည် အမှန်တကယ်ပင် မည်းညစ်နေမည်မှာ သေချာသလောက်ပင်။

“ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်.. ညီနောင်ငွေရောင်လေးနဲ့ ငါက ဒီညပဲ ဥက္ကဌပိုင်ကို သွားတွေ့မယ်.. ညီနောင်ကျိုးရီကတော့ အဆုံးသတ်ကျရင် ကျန်ရှိတဲ့ အရာအားလုံးကို တာဝန်ယူပြီး ရှင်းပေးရမယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။

“ဒါဆိုလည်း ငါတို့ စီနီယာအင်မော်တယ်ကိုပဲ ဒုက္ခပေးရတော့မယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိမ့်လိုက်သည်။

“ရပါတယ်.. ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး”

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ဝိညာဉ် ဖိနှိပ်ခြင်း လက်စွပ်ရှိသဖြင့် အလွန်ယုံကြည်မှု ရှိနေသည်။

ထိုလက်စွပ်ရှိနေသ၍ သူ့အတွက် ကြောက်စရာဘာမှ မရှိပေ။

ငွေရောင်လေးကလည်း ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို စားပြီးနောက်တွင် တိုက်ပွဲဝင်စွမ်းအားများ မြင့်တက်လာခဲ့သည်။

သူတို့နှစ်ဦးသာ တိုက်ပွဲဝင်အင်အားကို ပေါင်းစည်းလိုက်လျှင် ဥက္ကဌပိုင်ကို ကိုင်တွယ်ရန် လုံလောက်သည်ဟု ဝမ်လင်းခံစားမိသည်။

မစ္စတာလု၏အဆိုအရ ဥက္ကဌပိုင်၏ စွမ်းအားက ပကတိအင်မော်တယ်အဆင့်တွင် ရှိနေသော်လည်း သူ၏ အဖျက်စွမ်းအားက ပကတိ အင်မော်တယ်အဆင့်ဟု မဆိုလိုပေ။

ဥက္ကဌပိုင်၏ ကြောက်စရာကောင်းသည့် အစွမ်းအစမှာ မိမိကိုယ်ကို ကုသနိုင်စွမ်း ရှိခြင်းဖြစ်၏။

ဝမ်လင်းက ထိုအစွမ်းကို အလွန်ပင် သိချင်နေခဲ့သည်။

[သစ်ပင်မျိုးနွယ်စုထက် သာလွန်တဲ့ မိမိကိုယ်ကို ကုသနိုင်စွမ်းရှိတဲ့ လူသားကျင့်ကြံသူ.. ဒါကဖြစ်နိုင်လို့လား]

All Chapters