← Chapters

အဲ့ဒါအားလုံးက ရှေးဘုရင်ရွမ်ယုံရဲ့ အမှား(ဂ)

Vol. 59 Ch. 922

အဲ့ဒါအားလုံးက ရှေးဘုရင်ရွမ်ယုံရဲ့ အမှား(ဂ)

Vol. 59 Ch. 922

“ ကဗျာတစ်ပုဒ်ရဲ့ အစချီလင်္ကာလေးကိုတောင် ငါမှတ်မိနေသေးတယ်… မင်းကို ငါရွတ်ပြမယ် ”

“ ကောင်းကင်ဘုံက ဦးညွတ်တယ်… နေနဲ့လက ထိန်ထိန်လင်း တောက်ပနေပြီး တော်ဝင်ကုန်းမြေကို သန့်ရှင်းတယ်… ကုန်းမြေကြီးရှစ်ခုက ရှင်ဘုရင်ရဲ့ ဘုန်းတန်ခိုးအောက်မှာ ပေါင်းစည်းလာတယ် ”

ခေါင်းဆောင်က နူးညံ့စွာ ရေရွတ်လိုက်သည်။ သူက စပြောလိုက်သည်နှင့်ချက်ချင်း ဖော်မပြနိုင်သော အရှိန်အဝါတစ်ခု ပေါ်လျှိုးလာသည်။

ဝူကျန်းဝူသည် ခန္ဓာကိုယ်တုန်ယင်လာသည်။ သူ၏ အကြည့်ထဲမှာ လိုချင်တပ်မက်စိတ်ဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးမှာတော့ သူ၏ ဦးခေါင်းပေါ်မှ ကြက်တူရွေးကို ဖမ်းဆုပ်လိုက်ပြီး ၎င်းကို အဝေးမှာ ချထားလိုက်သည်။

ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

“ လုပ်တာပေါ့ ”

သူ၏ အကြည့်သည် ခိုင်မြဲသည်။ သူ၏ အသံထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် ချီးကျူးလေးစားသော အကြည့်ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်အသေးစိတ်ကို ဝူကျန်းဝူနှင့်အတူ ဆွေးနွေးလိုက်သည်။

ရွှီချင်းသည် အားလုံးကို ဘေးမှ ရပ်ကြည့်နေပြီး တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ သူက ခန်းမဆောင်၏ အရှေ့တံခါးဝဆီသို့ လျှောက်သွားလိုက်ပြီး အပြင်ဘက်မှ ညကောင်းကင်ယံကို ကြည့်လိုက်သည်။

မူလက မည်းမှောင်နေသော ဤလောကထဲမှာ ပိုးစုန်းကြူးများသည် အလင်းအစက်အပြောက်များသဖွယ် တည်ရှိနေကြသည်။

အမှန်မှာ ၎င်းတို့သည် ကျားခေါင်းလိပ်ပြာများ ဖြစ်ကြသည်။ ၎င်းတို့သည် ယင်ယန်ပန်းပွင့်ဂိုဏ်းအတွက် ထူးခြားသော လိပ်ပြာအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းတို့သည် ကျိန်စာနှင့် အဆိပ်ကို ဖြန့်နေရုံသာမက ညဘက်တွင် အလင်းရောင်ကိုပါ ထုတ်လွှတ်နိုင်သည်။

“ ဂိုဏ်းထဲက တပည့်တွေမှာ အဆိပ်ဖြေနည်းရှိရမယ်… ဒါကြောင့် သူတို့က ကကြိုးလိပ်ပြာတွေဆီက အဆိပ်ကို စိုးရိမ်ဖို့မလိုဘူး ”

“ ဒါပေမဲ့ အရင်နှစ်ကြိမ်က ငါအသိစိတ်လွတ်သွားတာ တကယ်ပဲ ဘာကြောင့်များလဲ ”

ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းကို အာရုံခံလိုက်သည်။ နတ်ဘုရားလက်ချောင်းက နှစ်ချိုက်စွာ အိပ်မောကျနေကြောင်း သူတွေ့သွားသည်။

“ လောကက ဖရိုဖရဲဖြစ်နေချိန် ကောင်းကင်ကဒ်ဘေးဒုက္ခကို ငါကျော်လွှားခဲ့လို့ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးများလား ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်ထဲမှ သုံးသပ်ကြည့်လိုက်သည်။

များမကြာမီ ညအချိန်က ကုန်လွန်သွားသည်။

ခေါင်းဆောင်၏ စေ့စပ်သေချာသော ဗျူဟာချပေးမှုအောက်မှာ နံနက်မိုးလင်းသောအခါ ဝူကျန်းဝူ၏ အကြည့်သည် လေးနက်လာသည်။ သူ၏ အမူအရာသည်တော့ ပုံမှန်အတိုင်းပင်။ သူက လက်နောက်ပစ်ထားပြီး ခန်းမဆောင်ထဲမှ ထွက်သွားသည်။

ညက ခေါင်းဆောင်ပေးထားသော ယွင်ရှအား သွေးဆောင်ဖြားယောင်းရမည့် တာဝန်ကို သူထမ်းဆောင်တော့မည် ဖြစ်သည်။

ဤတာဝန်သည် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း တာဝန်ပြီးမြောက်လျှင်ရရှိမည့် ဆုလာဘ်သည် သူ၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် အလွန်အရေးပါသည်။ သူက ခန်းမဆောင်ထဲမှ ထွက်သွားသည့်အခါ နေရောင်ခြည်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သူက အနောက်လှည့်လိုက်ပြီး‌ ခေါင်းဆောင်နှင့် ရွှီချင်းကို မကြည့်ဘဲမနေနိုင်ပေ။

ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး သူ့ကို အားပေးလိုက်သည်။

“ သေချာပေါက် မင်းလုပ်နိုင်တယ် ”

ဝူကျန်းဝူသည် မေးစေ့ကို မြှောက်လိုက်ပြီး မထူးမခြားနား ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အဝေးသို့ ဦးတည်လျှောက်သွားသည်။

ခေါင်းဆောင်သည် ဝူကျန်းဝူကို ကြည့်နေသည်။ ဝူကျန်းဝူ၏ ပုံရိပ်က သူ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည့်အခါ သူက မျက်လုံးတစ်လုံးကို ချက်ချင်း ထုတ်လိုက်သည်။ သူက ထောင့်တစ်ထောင့်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရွှီချင်းကို လက်ယပ်ခေါ်လိုက်သည်။

ရွှီချင်းသည် မအံ့ဩချေ။ ခေါင်းဆောင်၏ စူးစမ်းသိလိုစိတ်နှင့်ပတ်သက်ပြီး သူက နည်းနည်းမှ အယုံအကြည်မရှိချေ။ သူက သေချာပေါက် ခိုးကြည့်လိမ့်ပေမည်။ သူက ထိုမြင်ကွင်းကို မှတ်တမ်းတင်ပြီး သိမ်းထားခြင်းပင် ပြုလုပ်နိုင်သည်။

“ ဟား ဟား… ကျန်းကျန်းကြီးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ ”

ခေါင်းဆောင်သည် သဘောကျစွာ ရယ်မောလိုက်ပြီး ဝူကျန်းဝူကို ကြည့်လိုက်သည်။ သူက မှတ်တမ်းကျောက်စိမ်းပြားတစ်ခုကို သာမန်ကာလျှံကာ ထုတ်ယူလိုက်သည်။

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက ဝူကျန်းဝူ၏ ပုံရိပ်ထင်ပေါ်နေသော မျက်လုံးကို ကြည့်လိုက်သည်။

ဝူကျန်းဝူသည် ယင်ယန်းပန်းပွင့်ဂိုဏ်းထဲမှာ ဖြည်းဖြည်းချင်း လျှောက်နေသည်။ လမ်းတစ်လျှောက်တွင် သူက စိတ်မသက်မသာဖြစ်ခြင်းကို ခံစားနေရပြီး သူ့ကိုယ်သူ အစဉ်အမြဲ အားပေးနေသည်။

သူက နန်းဆောင်တစ်ခု၏ ဘေးသို့ ရောက်ရှိသွားသောအခါ လေတစ်ဝကြီး ရှူသွင်းလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ယွင်ရှဆီသို့ သူ၏ အသံကို ပို့လွှတ်လိုက်သည်။

“ ငှက်တွေက ကောင်းကင်ကနေ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားတယ်… တကယ်လို့ ကံတရားက မျက်နှာသာပေးရင် အင်မော်တယ်နဲ့ တွေ့ဆုံပါရစေ ”

အတိတ်တွင် ဂိုဏ်းခေါင်းဆောင်ယွင်ရှသည် သူတို့ကို ဤနေရာသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူက ထွက်မသွင်းခင် ဝူကျန်းဝူနှင့် ကျောက်စိမ်းပြားချင်း လဲလှယ်ခဲ့သည်။

အသံပို့လွှတ်ပြီးနောက် ဝူကျန်းဝူသည် လက်ကို အနောက်ပို့လိုက်ပြီး ခေါင်းကို မြင့်မြင့်မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

လေပြေက တဟူးဟူး တိုက်ခတ်သွားသောအခါ သူ၏ ဆံနွယ်သည် ကြိုးများသဖွယ် ယိမ်းနွဲ့သွားသည်။ မကြာမီ ရယ်သံစွက်သော နူးညံ့သည့် အသံတစ်သံသည် သူ၏ အနောက်မှာ ပျံ့လွင့်လာသည်။

“ သခင်လေးက ကျွန်မကို ခေါ်တာလား ”

ဝူကျန်းဝူသည် အနောက်သို့ မလှည့်ကြည့်ဘဲ မာနကြီးစွာ ပြောသည်။

“ ကောင်းကင်ပေါ်က တိမ်တိုက်တွေက ဖြူဖွေးပြီး ရေက တသွင်သွင် စီးဆင်းနေတယ်… နှင်းဆီရောင်အလင်းက ကမ္ဘာပေါ် ဖြာကျလာပြီး လှပတဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးနေတယ် ”

ယွင်ရှ၏ မျက်လုံးသည် ဝင်းလက်သွားပြီး ဝူကျန်းဝူ၏ ဘေးသို့ လျှောက်သွားသည်။ သူက ဝူကျန်းဝူ၏ မျက်နှာကို ကြည့်လိုက်ပြီး ရုတ်တရက် ကဗျာရွတ်ဆိုလိုက်သည်။

“ ရှေးဟောင်းလစန္ဒာရဲ့ ဝိညာဉ်က နံနက်ခင်းရဲ့ အလှကို ရောင်ပြန်နေတယ်… ဒီဘဝမှာတော့ နှလုံးသားထဲမှာ ဘာမှမရှိဘူး ”

ဝူကျန်းဝူသည် အံ့ဩသွားသည်။ သူက ဘေးသို့ လှည့်လိုက်ပြီး ယွင်ရှကို ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

တစ်ဖက်လူသည် သူ၏ ကဗျာများကို နားလည်ရုံမျှသာဟု အစက ထင်မှတ်ခဲ့သည်။ သူက ယွင်ရှကို ကဗျာစပ်ရန် သာမန်ကာလျှံကာ ပြောခဲ့ဖူးသော်လည်း တစ်ဖက်လူသည် မသိချင်ယောင်ဆောင်ခဲ့သည်။ သို့သော် ယွင်ရှသည် အမှန်တကယ် ကဗျာစပ်နိုင်လိမ့်မည်ဟု သူမျှော်လင့်မထားပေ။

သို့ဖြစ်၍ သူ၏ စိတ်ဝင်စားမှုသည် မြင့်တတ်လာသည်။ သူက စိတ်အားထက်သန်သော လေသံဖြင့် ပြောသည်။

“ လေက ငြိမ်သက်မနေရင် ဘယ်သူက သီချင်းဆိုမှာလဲ… စိမ်းလဲ့လဲ့ရေကြည်က အရင်ကလို လှိုင်းထနေဆဲပါ ”

နံနက်ခင်း၏ နေရောင်ခြည်က ယွင်ရှ၏ မျက်နှာပေါ်သို့ ဖြာဆင်းကျလာလေရာ သူ၏ ခန္ဓာကိုယ်ပေါ်၌ နှင်းဆီရောင်ဖျော့ဖျော့အလင်း ထွန်းလင်းလာသည်။ သူက မိုးကုပ်စက်ဝိုင်းဆီသို့ မျှော်ကြည့်လိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။

“ သဘာဝရဲ့ တောင်တန်းတွေက နှစ်ကာလ ဘယ်လောက်ကြာကြာ တည့်တံနေစမြဲပါ… မိုးကောင်းကင်ဟာလည်း တောင်တန်းတွေကို မလှုပ်ခါနိုင်ပါ… ဘဝက အိမ်မက်ဆိုရင် ဘယ်သူက အမြင့်ကို တတ်လှမ်းနိုင်မှာလဲ ”

ဝူကျန်းဝူသည် အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ သို့သော်လည်း သူက အလွယ်တကူ အလျော့မပေးနိုင်ပေ။ သူက ကဗျာရွတ်လိုက်သည်။

“ ဇီးသီးက ရင့်မှည့်နေပြီ… ခရမ်းရောင်ပြောင်းသွားတဲ့အခါ ဝိုင်ချက်ဖို့ ဘယ်သူက လာခူးပြီး အိမ်ပြန်လမ်းကို မေးလိမ့်မလဲ ”

ယွင့်ရှသည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ သူ၏ အတွေးများက မတည်မငြိမ်ဖြစ်လာသည့်အခါ နူးညံ့သော သူ၏ အသံသည် ပဲ့တင်ထပ်သွားသည်။

“ အပြုံးလေးနဲ့ တွေ့ဆုံတယ်… လေပြေနောက်ကို ငါတို့လိုက်မယ်… တရားသဘောအကြောင်းကို ဆက်ဆွေးနွေးမယ် ”

ဝူကျန်းဝူသည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သို့သော်လည်း သူက သူ့ကိုယ်သူ အားပေးလိုက်ပြီး ပြုံးလိုက်သည်။

ယွင်ရှသည်လည်း ပြုံးလိုက်သည်။ သူတို့နှစ်ယောက်သည် နန်းဆောင်အောက်သို့ ဆင်းသွားကြပြီး အဝေးသို့ လျှောက်သွားကြသည်။

လေသည် သူတို့၏ အနောက်သို့ အဖော်လိုက်ပါသွားပြီး နေရောင်ခြည်သည် သူတို့လျှောက်လှမ်းနေသော လမ်းကြောင်းပေါ်သို့ အလင်းရောင်ထွန်းလင်းပေးနေသည်။ ကကြိုးလိပ်ပြာများသည် သူတို့၏ ဘေးပတ်ပတ်လည်မှာ ကခုန်လှုပ်ရှားနေကြပြီး ရီဝေဝေလေထုကို ဖန်တီးနေသည်။ ယင်းက ဖော်မပြနိုင်အောင် လှပသော မြင်ကွင်းဖြစ်သည်။

သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုလှပသော မြင်ကွင်းထဲမှာ ဝမ်းနည်းဖွယ်ကောင်းသော အရိပ်အမြွက်တို့ ကိန်းဝပ်နေသည်။

“ သူတို့က ဘာတွေပြောနေကြတာလဲ ”

ခေါင်းဆောင်သည် ခံစားချက်ကို နှောင့်ယှက်ရာတွင် အထူးကျွမ်းကျင်သည်။ သူက ရွှီချင်းကို ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ထပ်ပေါင်းပြောသည်။

“ သူတို့က လျှို့ဝှက်စကားတွေနဲ့ ဆက်သွယ်နေတယ်လို့ ဘာလို့ ငါခံစားမိတာလဲ ”

ရွှီချင်းသည်လည်း စိတ်ရှုပ်ထွေးသွားသည်။ အစကတည်းက ဝူကျန်းဝူ၏ ကဗျာများကို နားလည်သူသည် ယွင်ရှတစ်ယောက်တည်းသာ ဖြစ်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝူကျန်းဝူကို ဆက်လက် စောင့်ကြည့်လိုက်ကြသည်။

တစ်နေ့တာကုန်ဆုံးသွားသည်။ ညနေခင်းအချိန်သို့ ရောက်သောအခါ ဝူကျန်းဝူသည် ပြန်ရောက်လာသည်။

သူ၏ မျက်နှာပေါ်မှာ ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။ စိတ်ရှုပ်ထွေးသော အရိပ်အယောင် တစ်စွန်းတစ်စလည်း ရှိသည်။ သူက ပြန်ရောက်လာပြီးနောက် မည်သည့်စကားမှ မပြောပေ။

သူက အသိစိတ်ပျောက်ဆုံးနေသည့်အလား ထိုင်ခုံပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသည်။

ဝူကျန်းဝူ၏ ထိုပုံစံကို မြင်သောအခါ ခေါင်းဆောင်သည် သူ့ကို နှစ်သိမ့်ပေးရန် လျှောက်လာသည်။ သူက မေးခွန်းမေးမြန်းရန် ကြိုးစားသည်။

သို့သော်လည်း ဝူကျန်းဝူသည် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ ဒီဘဝမှာ နှစ်တစ်ရာသက်တမ်းရှိတဲ့ ပန်းမရှိဘူး… ဘေးမှာရှိတဲ့ ကြယ်ကလေးတွေက ကန့်လန့်ကာကို မမြင်နိုင်ကြဘူး ”

ခေါင်းဆောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်း၏ အကြည့်သည် အေးစက်လာပြီး တည်ငြိမ်စွာ ပြောသည်။

“ လူနားလည်အောင်ပြော ”

ဝူကျန်းဝူသည် မျက်နှာငယ်လေးဖြင့် ကြက်တူရွေးကို ထုတ်လိုက်ပြီး သူ့ခေါင်းပေါ်ကို တင်လိုက်သည်။ ကြက်တူရွေးသည် သက်ပြင်းချလိုက်ပြီး တိုးညင်းစွာ ပြောသည်။

All Chapters