← Chapters

အားလုံးက ရှေးဘုရင်ရွှမ်ယုံရဲ့ အမှား(ဃ)

Vol. 59 Ch. 923

အားလုံးက ရှေးဘုရင်ရွှမ်ယုံရဲ့ အမှား(ဃ)

Vol. 59 Ch. 923

“ ငါ့အဖေက အငြင်းခံလိုက်ရတယ် ”

“ ကိစ္စမရှိပါဘူးကွာ… မိန်းကလေးတွေအားလုံးက အဲ့ဒီလိုပါပဲ… အစပိုင်းမှာတော့ မူရာမူယာတွေနဲ့ တည်ငြိမ်ချင်ယောင် ဟန်ဆောင်တတ်ကြတယ်… ကျန်းကျန်းကြီး… ငါမင်းကို မိန်းမပိုးပန်းနည်း သင်ပေးမယ်… ငါ့နည်းလမ်းတွေက သေချာပေါက် အလုပ်ဖြစ်မှာပါ ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက ဝူကျန်းဝူ၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

မနက်ခင်းအချိန်သို့ ကျရောက်လာသောအခါ ဝူကျန်းဝူသည် သူ့ကိုယ်သူ အားသစ်ခွန်သစ် မွေးမြူလိုက်ပြီး အပြင်သို့ ထွက်လျှောက်သွားသည်။ သူက ယွင်ရှကို ဆက်လက် ဖိတ်ခေါ်သည်။

အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။ မကြာမီ ရက်ပေါင်း(၂၀)ကုန်ဆုံးသွားသည်။ ဝိညာဉ်သခင်မယုံကျင်း ရောက်ရှိလာရန် ခုနစ်ရက်ပင် မလိုတော့ပေ။

ထိုရက်များတွင် ရွှီချင်းနှင့် ခေါင်းဆောင်သည် ဝိညာဉ်ရေပူစမ်းဆီသို့ မကြာမကြာ သွားရောက်ခဲ့သော်လည်း မည်သည့်အရာမှ မလုပ်ဆောင်ခဲ့ပေ။ ဝူကျန်းဝူ၏ အခြေအနေသည်တော့ တိုးတတ်မှု အနည်းငယ် ရှိလာသည်။

သူက နေ့တိုင်းနီးပါး ယွင်ရှကို အပြင်သွားရန် ဖိတ်ခေါ်ခဲ့သည်။ တစ်ခါတစ်ရံ သူတို့နှစ်ယောက်သည် အပြင်သို့ အတူတူ လျှောက်လည်လေ့ရှိပြီး တစ်ခါတစ်ရံ ကဗျာများစပ်လေ့ ရှိသည်။

သူတို့က ရှေးဘုရင်ရွှမ်ယုံ၏ အရည်အချင်းများကို ချီးမွမ်းကြပြီး နှစ်ယောက်တည်း စကားစမြည်ပြောလေ့ရှိသည်။ မသိလိုက်မသိဘာသာဖြင့် သူတို့နှစ်ယောက်သည် ရင်းနှီးကျွမ်းဝင်လာကြသည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ လှုပ်ရှားမှုတိုင်းသည် ယွင်ရှ၏ နားထဲသို့ နေ့တိုင်းရောက်ရှိလာသည်။

အားလုံးက ပုံမှန်အတိုင်းရှိနေသောကြောင့် သူတို့နှစ်ယောက်အပေါ် ယွင်ရှ၏ သံသယသည် ဖြည်းဖြည်းချင်း လျော့နည်းလာသည်။

သုံးရက်ကုန်လွန်သွားသည်။ ယခု ဝိညာဉ်သခင်မယုံကျင်း ရောက်မလာမီ အချိန်သုံးရက်မျှသာ ကျန်ရှိတော့သည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည် လုပ်ငန်းစရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့က ခါတိုင်းကဲ့သို့ ဝိညာဉ်ရေပူစမ်းထဲ ရောက်ရှိသွားသည်နှင့် ရေထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်လိုက်ကြသည်။

သို့သော်လည်း ခေါင်းဆောင်၏ ခြေချောင်းများထဲမှ တစ်ချောင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားသည်။ ခြေချောင်းသည် သေးငယ်သော အင်းစက်တစ်ကောင်သို့ ပြောင်းလဲသွားပြီး ရေအောက်ထဲမှာ ဖြည်းညင်းစွာ လူးလွန့်ကူးခတ်နေသည်။

၎င်းက ရေပူစမ်းကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ကူးခတ်ပြီးနောက် ရေပူစမ်း၏ အလယ်ဗဟိုတွင် ရွှံ့တုံးအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ရေပူစမ်း၏ အောက်ခြေမှာ တင်းတင်းကျပ်ကျပ် စိုက်ဝင်သွားသည်။

ရွှီချင်းသည် မည့်သည့်ဟာကွက်မှ မပေါ်စေရန် မျက်လုံးမှိတ်ထားလျက် ဝိညာဉ်ရေပူစမ်းထဲမှ အားဖြည့်စွမ်းအားကို စုပ်ယူနေသည်။

သို့သော်လည်း ခေါင်းဆောင်က အလုပ်ပြီးခါနီးတွင် ကကြိုးလိပ်ပြာတစ်အုပ်စုသည် ကောင်းကင်ယံမှ ပျံသန်းလာကြသည်။

လိပ်ပြာများက လေထဲမှာ ပျံသန်းနေကြစဉ် ခံစားမှုလှိုင်းလုံးတစ်ခုသည် ရွှီချင်း၏ စိတ်ကို ရိုက်ခတ်လာသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ကြည့်လိုက်သည်။ ထိုအခါ သူနှင့်ရင်းနှီးပြီးသော မူးနောက်သည့် အာရုံခံစားမှုက ထပ်မံဖြစ်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ တစ်လောကလုံးက တစ်နေရာတည်းမှာ စုစည်းသွားသည့်ဟန် ရသည်။ ကျောက်ဆောင်ကျောက်တုံးများဖြစ်စေ ဝိညာဉ်ရေပူစမ်းဖြစ်စေ ဤနေရာမှ လူများဖြစ်စေ ထပ်ဆင့်ပုံရိပ်လွှာများက ၎င်းတို့အားလုံးကို လွှမ်းခြုံသွားသည်။

ချွင်းချက်အနေဖြင့် ခေါင်းဆောင်၏ နေရာသည် ယခင်အတိုင်း ရှင်းလင်းစွာ ကျန်ရှိနေဆဲပင်။

ဝေဝါးသော အာရုံခံစားမှုနှင့်အတူ ပြင်းထန်သော နာကျင်မှုလှိုင်းများက ထွက်ပေါ်လာသည်။ ဤသည်မှာ တစ်လောကလုံးက သူ့ကို ဗဟိုပြု၍ မြန်ဆန်စွာ လှည့်ပတ်နေသည့်အလားပင်။

နာကျင်သော ခံစားမှုကြောင့် ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး ဝေဒနာကို သက်သာလျော့ပေါ့စေရန် ကြိုးစားလိုက်သည်။ သူက တတ်နိုင်သမျှ ကြိုးစားသော်လည်း ပင်ပန်းနွမ်းနယ်ခြင်းနှင့် မအိမသာဖြစ်ခြင်းကို ခံစားရလာသည်။

သူ၏ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်များ စီးကျလာနေသည်ကိုပင် သူသတိမပြုမိချေ။ သူက နွေးထွေးသော ရေပူစမ်းထဲမှာ ခန္ဓာကိုယ်စိမ်ထားသည့်တိုင် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့နေသော အအေးဓာတ်ကို မတားဆီးနိုင်ပေ။ သူ၏ နားထဲမှာ ကြားနေရသော အသံများသည်လည်း တဖြည်းဖြည်း တိုးညင်းလာသည်။

ဤတစ်ကြိမ်တွင် ထိုသို့ခံစားရခြင်းသည် ယခင်နှစ်ကြိမ်ထက် ပိုကြာရှည်သည်။ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက်မှ ရွှီချင်းသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိသွားသည်။

သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ မျက်နှာက ဖြူဖျော့လာသည်။ သူက သူ့ဘေးနားမှ ကျောက်တုံးတစ်ခုပေါ်မှာ လဲလျောင်းလိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေပြီး သူက တုန်ယင်နေသော ရွှီချင်း၏ ခန္ဓာကိုယ်ကို တွဲထူပေးလိုက်သည်။

“ ဘာဖြစ်တာလဲ ”

“ စီနီယာအကိုကြီး… မင်းငါ့ကို တစ်ခုခု ဖုံးကွယ်ထားလား ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး အားအင်ချည့်နဲ့စွာ မေးသည်။

ခေါင်းဆောင်သည် နှုတ်ဆိတ်သွားပြီး ရွှီချင်း၏ မေးခွန်ကို ပြန်မဖြေပေ။ ယင်းအစား သူက ပြုံးလိုက်သည်။ ရိုးသားမှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး နူးညံ့စွာ ပြောသည်။

“ ချင်းလေး… ငါ့ကို ယုံကြည်ပါ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး နောက်ထပ် မမေးတော့ပေ။

သူတို့သည် မြန်ဆန်စွာ မတ်တတ်ရပ်လိုက်ကြပြီး ရေပူစမ်းထဲမှ ထွက်ခွာသွားကြကာ ဧည့်ခန်းမဆောင်ဆီသို့ ပြန်သွားကြသည်။

ယခုအချိန်ထိ သတိထားမိနိုင်သည့် မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်မလာသောကြောင့် သူတို့၏ အစီအစဉ်က အဆင်ပြေချောမွေ့စွာ ဆက်သွားနေသည်ဟု ရွှီချင်း ခံစားမိသည်။ အရာအားလုံးက သူတို့အစီအစဉ်ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးနေသည့်အလားပင်။

ဝူကျန်းဝူသည် ဂိုဏ်းခေါင်းဆောင်ယွင်ရှနှင့် ရင်းနှီးသော ဆက်ဆံရေးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် တစ်ဖက်လူသည် သူတို့၏ လှုပ်ရှားမှုများကို သတိမပြုမိချေ။

သူတို့၏ အစီအစဉ်အရ စီစဉ်စရာရှိသမျှအားလုံးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ဝိညာဉ်သခင်မယုံကျင်း ရောက်ရှိလာမည့်အချိန်ကို သူတို့က စောင့်ဆိုင်းနေရုံသာ လိုသည်။

သို့သော်လည်း ရွှီချင်းသည် သူ၏ စိတ်ထဲမှ သံသယကို ထုတ်ဖော်မပြောပေ။

နောက်တစ်နေ့တွင် သူက ခေါင်းဆောင်နှင့် ဝူကျန်းဝူနှင့်အတူ ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။

အစပိုင်းတွင် ဝူကျန်းဝူသည် အနည်းငယ် တွန့်ဆုတ်နေသည်။ သို့သော်လည်း သူ၏ အနာဂတ်ပန်းတိုင်အတွက် အံတင်းတင်းကြိတ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။

သူတို့ထွက်သွားပြီး သုံးရက်ကြာပြီးနောက် ဝိညာဉ်သခင်မယုံကျင်းက ရောက်ရှိလာသည်။

အဝေးတွင် အုပ်စုတစ်စုသည် ယင်ယန်ပန်းပွင့်ဂိုဏ်းသို့ ချဉ်းကပ်လာနေသည်။ အစေခံမိန်းမပျိုလေးများသည် ပန်းကြဲနေကြပြီး သာယာသော တေးသီချင်းကို တီးမှုတ်နေကြသည်။ သူတို့ထဲမှာ ဝိညာဉ်သခင်မယုံကျင်းသည် ကြော့ရှင်းတင့်တယ်စွာ ရွေ့လျားနေသည်။

သူရောက်ရှိလာသည့်အခိုက် အမွှာတောင်ထွတ်အတွင်းမှ မျက်လုံးတစ်စုံသည် ဖြည်းညင်းစွာ ပွင့်သွားပြီး ဝိညာဉ်သခင်မယုံကျင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ကြောင်း မည်သူမှ သတိမထားမိကြချေ။

“ စိတ်ဝင်စားစရာပဲ ”

All Chapters