← Chapters

ဇာတ်ခုံ(က)

Vol. 59 Ch. 924

ဇာတ်ခုံ(က)

Vol. 59 Ch. 924

တေးသီချင်းသည် သာယာကြည်နူးဖွယ်ကောင်းပြီး ပျော်ရွှင်မှုကို ခံစားရစေသော တီးလုံးသံများ ပါရှိသည်။ ဝိညာဉ်သခင်မယုံကျင်းသည် တုနှိုင်းမဲ့သော အလှတရားနှင့်အတူ ချဉ်းကပ်လာနေသည်။ လူတိုင်းသည် ဝိညာဉ်သခင်မယုံကျင်း၏ အလှကို လေထဲမှာ ပျံ့လွင့်နေသော ပန်းပေါင်းစုံရနံ့ဖြင့်အတူ ရှုစားနိုင်ကြပေသည်။

ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ ခေါင်းလောင်းမြည်သံသုံးကြိမ် ထွက်ပေါ်လာသည်။

ခေါင်းလောင်းသံသုံးကြိမ်သည် ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုသော ဓလေ့ဖြစ်ပြီး ရွှမ်မင်ဇီအပေါ် လေးစားမှုလည်း ဖြစ်သည်။

ယွင်ရှသည် ဝိညာဉ်သခင်မယုံကျင်းကို ကြိုဆိုရန် ကိုယ်တိုင်ကိုယ်ကျ အပြင်သို့ ထွက်လျှောက်လာသည်။

“ တာအိုရောင်းရင်း ရှန်းဟန်ကို ကြိုဆိုပါတယ် ”

“ မင်္ဂလာပါ… ဂိုဏ်းခေါင်းဆောင်ယွင်ရှ ”

ဝိညာဉ်သခင်မယုံကျင်းသည် ကျက်သရေရှိစွာ ပြုံးလိုက်သည်။ လည်တိုင်ကြော့ကြော့ပေါ်မှ ထင်ရှားသော အမှတ်အသားသည် သူ့အား တစ်သက်မေ့မရစေသော ဆွဲဆောင်မှုကို ပေးသည်။

“ ဝိညာဉ်ရေပူစမ်းက အဆင်သင့်ဖြစ်ပါပြီ… ကျေးဇူးပြုပြီး ကြွပါ ”

ဂိုဏ်းခေါင်းဆောင်ယွင်ရှသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုနောက် ယင်ယန်ပန်းပွင့်ဂိုဏ်း၏ ဂိတ်တံခါးသည် ပွင့်သွားသည်။ ယွင်ရှ၏ လမ်းပြပေးမှုနှင့်အတူ မိန်းမလှနှစ်ဦးသည် ဝိညာဉ်ရေပူစမ်းဆီသို့ ကြော့ရှင်းတင့်တယ်စွာ ဦးတည်လျှောက်သွားကြသည်။

မကြာမီ သူတို့သည် တောင်၏ အနောက်ဘက်ခြမ်းသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် လူတစ်ယောက်မှ မရှိပေ။ နောက်တစ်လအတွင်း အပြင်လူများကို ဤနေရာဆီသို့ ခြေချခွင့်မပြုပေ။

ဝိညာဉ်သခင်မယုံကျင်းသည် နောက်တစ်လကြာလျှင် ကျင်းပမည့် လက်ထပ်ပွဲအတွက် ဤနေရာတွင် တစ်လကြာသည်အထိ ခန္ဓာကိုယ်သန့်စင်လိမ့်မည်။

သူ၏ အစေခံတချို့သာလျှင် သူနှင့်အတူ အထဲသို့ လိုက်ဝင်နိုင်ကြသည်။

မည်သို့ဖြစ်ပါစေ ပုံမှန်အခြေအနေမျိုးတွင် ဤနေရာမှာ မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်မလာနိုင်ပေ။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းသည် အားမနည်းပေ။ သူက ရွှမ်မင်ဇီထက်ပင် ပိုသန်မာသည်။

သို့ဖြစ်၍ အားလုံးသည် အကျိုးအကြောင်းဆီလျော်ဟန် ရသည်။

ဤအခိုက်အတန့်မှာ သူက ဝိညာဉ်ရေပူစမ်း၏ ဘေးသို့ ရောက်ရှိသွားပြီး မြူဆိုင်းနေသော ရေပူစမ်းကို ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှာ ပျံ့လွင့်နေသော ဝိညာဉ်ချီကို အာရုံခံမိသွားသောအခါ သူ၏ မျက်လုံးထဲမှာ စိတ်ကျေနပ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ နောက်တစ်လအတွင်း အဆုံးမဲ့ကောင်းကင်နွားတောင်တန်းမှာရှိသည့် ဝိညာဉ်မြစ်အားလုံးသည် ဤနေရာမှာ စုဝေးသွားလိမ့်မည်ဖြစ်ကြောင်း သူသိသည်။

ဤသည်မှာ ရွှမ်မင်ဇီက သူ့အတွက် အထူးပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ယင်းက သူ့အပေါ်ထားသော သူ၏ ချစ်မေတ္တာကို ကိုယ်စားပြုသည်။

ရွှမ်မင်ဇီ၏ လုပ်ဆောင်မှုများကို စဉ်းစားမိသွားသောအခါ ဝိညာဉ်သခင်မယုံကျင်း၏ နှလုံးသည် လှုပ်ခါလာသည်။ သူ၏ နှုတ်ခမ်းထောင့်သည် အပေါ်သို့ မသိလိုက်မသိဘာသာ တွန့်ကွေးသွားပြီး ရွှမ်မင်ဂိုဏ်း၏ တည်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

“ ဆရာရွှမ်က ငါ့အပေါ် တကယ်ကောင်းတာပဲ ”

ဝိညာဉ်သခင်မယုံကျင်းသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အနာဂတ်ကို လိုချင်တောင့်တသော အရိပ်အယောင် ထွက်ပေါ်လာသည်။

ယွင်ရှက နှုတ်ဆက်ပြီး ထွက်ခွာသွားသောအခါ သူက ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ရေမျက်နှာပြင်သည် ညင်သာစွာ တအိအိလှိုင်းထသွားသည်။

ထို့နောက် သူက အရှေ့သို့ တစ်လှမ်းချင်းလျှောက်သွားပြီး ရေပူစမ်းထဲသို့ ဆင်းသက်သွားသည်။

သူ၏ အဝတ်အစားများသည် မြန်ဆန်စွာ ရေစိုသွားသည်။ ရေစိုမှုကြောင့် သူ၏ အဝတ်အစားများက ခန္ဓာကိုယ်ပေါ် ကပ်တွယ်သွားသောအခါ ဆွဲမက်ဖွယ်ကောင်းသော သူ၏ ခန္ဓာကိုယ်အရှိုက်အဝန်းများက ထွက်ပေါ်လာသည်။ ယင်းက ဆန့်ကျင်ဘက်လိင်ကို နှလုံးခုန်မြန်စေရန် လုံလောက်သည်။ သူက ရေပူစမ်း၏ အလယ်ဗဟိုသို့ လျှောက်သွားပြီး ထိုနေရာမှာ ထိုင်ချလိုက်သည်။

တေးသီချင်းသည် ဆက်လက် ထွက်ပေါ်နေဆဲပင်။ အစေခံမိန်းမပျိုလေးများသည် သူ၏ ဘေးနားတဝိုက်မှာ ထိုင်နေကြသည်။ တချို့က ပန်းပွင့်များကို ကြဲချပေးနေပြီး တချို့က ဂီတတူရိယာများကို တီးခတ်နေကြသည်။ တချို့သည် မန္တန်များကို အသုံးပြုလိုက်ပြီး ရေပူစမ်းထဲမှ ရေကို လှိုင်းထသွားစေသည်။ ဤသည်မှာ မရေမတွက်နိုင်သော လက်များက ရေပူစမ်းထဲမှာ ထွက်ပေါ်လာကြပြီး ဝိညာဉ်သခင်မယုံကျင်း၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည့်အလားပင်။

သက်တောင့်သက်သာရှိသော ခံစားမှုကြောင့် ဝိညာဉ်သခင်မယုံကျင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ကျေနပ်သော အမူအရာထွက်ပေါ်လာသည်။

သို့သော်လည်း သူ၏ နူးညံ့သော ကိုယ်လုံးလေးနှင့် သိပ်မဝေးသည့် ရေကန်အောက်ခြေမှ တစ်နေရာတွင် ရွှံ့တုံးတစ်တုံးရှိနေကြောင်း သတိမပြုမိခဲ့ပေ။ ဤအခိုက်အတန့်မှာ ရွှံ့တုံးသည် အက်ကွဲသွားပြီး မျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။

ထို့ပြင် စည်းချအစီအရင်တစ်ခုသည် ရေပူစမ်း၏ အောက်ခြေတွင် ဖြည်းညင်းစွာ အသက်ဝင်လာနေသည်။

စည်းချအစီအရင်မှ အားလှိုင်းအတတ်အကျများသည်တော့ ခေါင်းဆောင်က မည်သို့မည်ပုံ ပြုလုပ်ထားခဲ့မှန်းမသိရသော်လည်း ယင်းတို့သည် လုံးဝဖုံးကွယ်ခံထားရသည်။

တစ်ချိန်တည်းမှာ ယင်ယန်ပန်းပွင့်ဂိုဏ်း၏ အပြင်ဘက်မှ ချိုင့်ဝှမ်းတစ်ခုတွင် ခေါင်းဆောင်နှင့် ရွှီချင်းသည် မျက်နှာဖုံးတပ်ထားကြသည်။

“ ကျန်းကျန်းကြီး… နင်ယန်ကို သွားရှာစမ်းပါ… ဒီကောင်လေး ဘယ်ကိုရောက်သွားလဲ ငါမသိဘူး… ငါတို့ သူ့ကို တစ်ယောက်တည်း လွှတ်မထားသင့်ဘူး… ငါတို့က သူငယ်ချင်းတွေမဟုတ်လား… ငါတို့အတူတူ သွားကြရမယ်… အရင်ကဆို သူက မင်းပျောက်သွားလို့ လိုက်ရှာပေးခဲ့တယ်လေ ”

“ ဂျူနီယာညီလေး… ဝိညာဉ်ရေပူစမ်းထဲက တခြားလူတွေကို မင်းကိုင်တွယ်လိုက်ပါ… မင်း သူတို့ကို သတ်ပစ်ဖို့မလိုဘူး… သတိမေ့သွားအောင်ပဲ လုပ်ပါ ”

“ ဝိညာဉ်သခင်မယုံကျင်းကိုတော့ သူ့ကို ကမ္ဘာငယ်ထဲ ငါဆွဲသွင်းမယ်… မင်းငါ့ကို စိတ်ပူစရာမလိုဘူး… ကမ္ဘာငယ်ထဲက ပြန်ထွက်လာမယ့်လူက လုံးဝ သူမဟုတ်စေရဘူး ”

ခေါင်းဆောင်၏ အသံသည် တည်ကြည်လေးနက်သည်။ သူတို့၏ အစီအစဉ်သည် ယခုအချိန်ထိ အဆင်ပြေချောမွေ့နေသော်လည်း ဤသည်မှာ အရေးကြီးဆုံးအခိုက်အတန့် ဖြစ်သည်။

သူတို့၏ အစီအစဉ်က အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ခေါင်းဆောင်က ဝိညာဉ်သခင်မယုံကျင်းကို ဖိနှိပ်နိုင်မည်လောဟူသည့် အဖြေပေါ်မှာ မူတည်သည်။

အကယ်၍ သူက မဖိနှိပ်နိုင်လျှင် သူတို့က ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရလိမ့်မည်။

ဝူကျန်းဝူသည် စိုးရိမ်ကြောင့်ကြလာသည်။ ခေါင်းဆောင်၏ ညွှန်ကြားမှုကို ကြားသောအခါ သူက အလျင်စလို ခေါင်းညိတ်လိုက်သည်။ သူ၏ စိတ်ထဲမှာ အကယ်၍ ထိုနှစ်ယောက်က ကျရှုံးသွားမည်ဆိုလျှင် သူက ထွက်ပြေးရန် မလိုတော့ပေ။ သူက ထိုကိစ္စထဲတွင် မပါဝင်ကြောင်း နာမည်ရှင်းလင်းနိုင်မည့် ပုံပြင်တစ်ပုဒ်ပြင်ဆင်ရန်သာ လိုအပ်သည်။

ထိုသို့တွေးမိသောအခါ ဝူကျန်းဝူသည် အလျင်စလို ထွက်သွားသည်။ သူက နင်ယန်ကို ရှာဖွေရန် သူ၏ သားငယ်လေးများကို ဆင့်ခေါ်လိုက်သည်။

အဆုံးမှအဆုံးအထိ ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက ခေါင်းဆောင်၏ မျက်လုံးထဲသို့သာ ကြည့်နေသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ထူးဆန်းသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ အမြစ်တွယ်နေသည်။

“ ဂျူနီယာညီလေး… ငါ့ကို ယုံကြည်ပါ ”

ခေါင်းဆောင်သည် လေးနက်သော အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

သူက ရယ်လိုက်ပြီးနောက် မျက်လုံးတစ်လုံးကို ထုတ်လိုက်သည်။ သူ၏ အမူအရာက တည်ကြည်လာပြီး မျက်လုံးထဲသို့ ချောင်းကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် သူက မြင်ကွင်းဆန်းတချို့ကို မြင်တွေ့သွားသည့်အလား မျက်ခုံးပင့်တင်လိုက်သည်။ သူက အံ့အားသင့်သွားဟန် ရသည်။

အမှန်မှာတော့ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးသည်ပင် အရောင်လင်းလက်လာသည်။

ရွှီချင်းက အံ့ဩနေစဉ် ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး သူ၏ လက်ထဲမှ မျက်လုံးကို ရုတ်တရက် ချေမွဖျက်ဆီးပစ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ဝဲကတော့တစ်ခုသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး ခေါင်းဆောင်၏ ပုံရိပ်က ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူ၏ ရင်ထဲမှာ သံသယများစွာရှိနေသော်လည်း ခေါင်းဆောင်ကို သူယုံကြည်သည်။ သို့ဖြစ်၍ သူက ဝဲကတော့ထဲသို့ ခြေလှမ်းလိုက်သည်။

သူတို့က အထဲသို့ဝင်ရောက်ပြီးသွားသောအခါ ဝဲကတော့သည် ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် ဝိညာဉ်ရေပူစမ်းထဲမှာ ထွက်ပေါ်လာကြသည်။

သူတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝိညာဉ်ရေပူစမ်းထဲမှာ ခေါင်းဆောင်ခင်းကျင်းထားသော စည်းချအစီအရင်သည် ချက်ချင်း အသက်ဝင်လာသည်။ ဖုံးကွယ်ခြင်းစွမ်းအားသည် စည်းချအစီအရင်ထဲမှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ဝိညာဉ်ရေပူစမ်း၏ အောက်ခြေမှ ရွှံ့တုံးသည်တော့ ရုတ်တရက် ဝဲကတော့တစ်ခုသို့ ပြောင်းလဲသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော စုပ်ယူအားကို ထုတ်လွှတ်လာသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် ချက်ချင်း လူစုခွဲလိုက်ကြသည်။

ရွှီချင်း၏ ပစ်မှတ်သည် ဘေးပတ်ဝန်းကျင်မှ အစေခံများဖြစ်ပြီး ခေါင်းဆောင်၏ ပစ်မှတ်သည် ဝိညာဉ်သခင်မယုံကျင်းဖြစ်သည်။

ရေမျက်နှာပြင်သည် ပေါက်ကွဲထွက်လာပြီး ရေစက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားကြသည်။ ဘေးပတ်ဝန်းကျင်မှ အစေခံများ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။

ထိုသို့ရုတ်တရက် အပြောင်းအလဲကို မြင်တွေ့သွားသောအခါ ဝိညာဉ်သခင်မယုံကျင်း၏ အမူအရာသည် ပျက်ယွင်းသွားသည်။ ခေါင်းဆောင်သည် မျက်နှာဖုံးဝတ်ထားသော်လည်း သူက အကြည့်တစ်ချက်တည်းဖြင့် သူ့ကို မှတ်မိသွားဆဲပင်။

“ နင်ကို ”

သူက ဒုတိယစကားကို မပြောနိုင်ခင်မှာ ခေါင်းဆောင်၏ တစ်ကိုယ်လုံးသည် အပြာရောင် တောက်ပလာသည်။ မျက်လုံးအများအပြားသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာကြသည်။ မျက်လုံးတစ်လုံးစီမှာ မျက်နှာတစ်ခုရှိသည်။ မျက်နှာ၏ မျက်လုံးတစ်စုံထဲတွင်လည်း နောက်ထပ်မျက်နှာများ ထွက်ပေါ်လာကြသည်။

All Chapters