← Chapters

ဇာတ်ခုံ(ခ)

Vol. 59 Ch. 925

ဇာတ်ခုံ(ခ)

Vol. 59 Ch. 925

ခေါင်းဆောင်၏ အသွင်အပြင်တစ်ခုလုံးသည် ထူးဆန်းလာသည်။ သူက ဧရာမလင်းနို့တစ်ကောင်သဖွယ် ထင်မှတ်ရပြီး ဝိညာဉ်သခင်မယုံကျင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

နောက်တစ်စက္ကန့်မှာ ရွှီချင်းသည် အနီးနားမှ အစေခံမိန်းကလေးတစ်ယောက်ဆီသို့ တစ္ဆေတစ်ကောင်သဖွယ် ရွေ့လျားသွားသည်။

လေထဲသို့ လွင့်စင်သွားသော ရေစက်များသည် ပုံပျက်သွားကြပြီး ရေဘောလုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုရေဘောလုံးများသည် တခြားအစေခံများဆီသို့ ပျံသန်းသွားကြသည်။

ထိုအဖြစ်အပျက်အားလုံးသည် တစ်ခဏအတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းသည် အစေခံမိန်းကလေး၏ အရှေ့မှာ ထွက်ပေါ်လာသည်။ အစေခံမိန်းကလေး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အနောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားချေ၏။

သူက ညာလက်ကို အမြန်လွှဲယမ်းလိုက်ပြီး အစေခံမိန်းကလေးကို ရိုက်လိုက်သည်။ အစေခံမိန်းကလေးသည် သွေးအန်လိုက်ရပြီး မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားသည်။

ရွှီချင်းသည် မည်သူ့ကိုမှ မသတ်ပေ။

သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးသည် ဖြန့်ကားထွက်လာပြီး အနက်ရောင်ကန့်လန့်ကာသို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ သူ၏ အလျင်သည် ပိုပြီးမြန်ဆန်လာသည်။

အစေခံမိန်းကလေးအများစု၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအမြူတေအဆင့်မှာ ဖြစ်ကြသည်။ သူတို့ထဲမှာ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူသည် နှစ်ယောက်တည်းရှိသည်။ သူတို့နှင့် ရွှီချင်းကြားမှ စွမ်းအားကွာဟမှုသည် အလွန်ကြီးမားသည်။ သို့ဖြစ်၍ ရွှီချင်း၏ တိုက်ခိုက်မှုသည် အသက်ရှူချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။

ဒါဇင်ပေါင်းများစွာရှိသော အစေခံများထဲတွင် တစ်ယောက်မှ သူ့လက်ထဲမှ မလွတ်မြောက်သွားခဲ့ကြပေ။ သူတို့အားလုံးသည် သတိလစ်နေကြပြီး ရေပူစမ်း၏ ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲနေကြသည်။

ကိစ္စအားလုံးကို လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး ခေါင်းဆောင်၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။

ဝိညာဉ်သခင်မယုံကျင်းသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်ဝှေ့ယမ်းလိုက်လေရာ ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ခေါင်းဆောင်၏ အက်ကွဲသွားသော ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အပြာရောင်ပိုးဟပ်များသို့ အမှန်တကယ် ပြောင်းလဲသွားသည်။

အပြာရောင်ပိုးဟပ်များသည် ဝိညာဉ်သခင်မယုံကျင်းဆီသို့ ဘက်ပေါင်းစုံမှ ဦးတည်ပျံသန်းသွားကြသည်။

ထိုပိုးဟပ်များ၏ အရေအတွက်သည် ထောင်သောင်းမကပေ။

ဝိညာဉ်သခင်မယုံကျင်းသည် လက်ကို ထပ်မံမြှောက်တင်လိုက်ပြီး ပိုးဟပ်အများအပြားကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော်လည်း ကျန်ရှိသော ပိုးဟပ်များသည် ခန္ဓာကိုယ်ကွဲထွက်သွားကြပြီး နောက်ထပ်ပိုးဟပ်များ ထွက်ပေါ်လာကြပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပိုးဟပ်များ၏ အရေအတွက်သည် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တိုးပွားလာသည်။

နောက်ဆုံးမှာတော့ ပိုးဟပ်များသည် ဝိညာဉ်ရေပူစမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဝဲကတော့အသွင် လှည့်ပတ်ပျံသန်းလိုက်ကြသည်။ ယင်းက ဝိညာဉ်သခင်မယုံကျင်း၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ရေပူစမ်း၏ အောက်ခြေမှ ဝဲကတော့နှင့်ပင် ချိတ်ဆက်သွားသည်။

နောက်တစ်စက္ကန့်မှာ ဝဲကတော့သည် ဝိညာဉ်သခင်မယုံကျင်းနှင့်အတူ ပျောက်ကွယ်သွားသည်။

ရေပူစမ်းပေါ်မှ လှိုင်းဂယက်များသည်သာ ဆက်လက်ပြီး တအိအိလှုပ်ခတ်နေသည်။ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ရေသည် ဖြည်းဖြည်းချင်း ပြန်ငြိမ်သွားသည်။

ရွှီချင်းသည် အဖြစ်အပျက်အားလုံးကို မြင်သည်။ သူ၏ နှလုံးသားထဲမှ ထူးဆန်းသော ခံစားမှုသည် ပိုပြီးအားကောင်းလာသည်။ သူက ဘေးပတ်ဝန်းကျင်ကို အမြန်စစ်ဆေးလိုက်ပြီး ဤနေရာမှ အားလှိုင်းအတတ်အကျများက အပြင်ဘက်သို့ ပျံ့လွင့်သွားခြင်းရှိမရှိ သေချာအောင် အတည်ပြုလိုက်သည်။

“ အစီအစဉ်က ချောမွေ့လွန်းတယ်… ”

“ ဝိညာဉ်သခင်မယုံကျင်းက တစ်ချိန်က ဗလာနတ္ထိအဆင့်ပညာရှင်ပဲ… ဒဏ်ရာကြောင့် သူက ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့်ကို ကျဆင်းသွားတယ်ဆိုရင်တောင် သူ့ကို ဖမ်းဆီးဖို့က အခုလို အရမ်းမလွယ်ကူသင့်ဘူး ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သို့သော်လည်း အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ ခေါင်းဆောင်မှာ လျှို့ဝှက်ချက်တွေ အရမ်းများလွန်းတယ်… သူက ဒီအတွက် အချိန်အကြာကြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တာဆိုတော့ မဖြစ်နိုင်တာမဟုတ်ဘူး… ဒါကြောင့်လည်း သူက သူ့ကိုယ်သူ ယုံကြည်မှုရှိနေတာဖြစ်မယ် ”

ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် ယင်းက အဓိပ္ပာယ်ရှိသည်ဟု သူခံစားမိသွားသည်။ သို့ဖြစ်၍ သူက ဘေးပတ်ဝန်းကျင်မှ ဖုံးကွယ်စွမ်းအားကို ထပ်တိုးမြှင့်လိုက်ပြီး ရေပူစမ်းထဲမှ အပြောင်းအလဲများကို အာရုံစိုက်လိုက်သည်။

တစ်ချိန်တည်းမှာ သူက ခေါင်းဆောင်ကို ငှားပေးထားသော ကမ္ဘာငယ်ကိုလည်း အာရုံခံလိုက်သည်။

ကမ္ဘာငယ်ထဲတွင် အစီအရင်များစွာကို ခင်းကျင်းထားသောကြောင့် အထဲမှာ ဖြစ်ပျက်နေသည့် ကိစ္စများကို ရွှီချင်း မမြင်နိုင်ပေ။ သို့သော်လည်း ကြောက်စရာကောင်းသော အားလှိုင်းအတတ်အကျများက ထိုထဲမှ ထွက်ပေါ်လာနေသည်ကိုတော့ သူအာရုံခံနိုင်ဆဲပင်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဆယ်နာရီကျော်သွားသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ပြဿနာဖြစ်ပေါ်နိုင်ခြေသည် များပြားလာနိုင်သော်လည်း ခေါင်းဆောင်၏ ရူးမိုက်မှုကို နားလည်ထားသော ရွှီချင်းအတွက် သူက အလွယ်တကူ ကျရှုံးလိမ့်မည်မဟုတ်ဟု ယုံကြည်ထားသည်။

နောက်ဆုံးမှာတော့ နောက်ထပ်နှစ်နာရီကုန်လွန်သွားသောအခါ ရေပူစမ်းသည် ရုတ်တရက် လှိုင်းထလာသည်။

ရွှီချင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူ့ကိုယ်သူ ပုန်းကွယ်လိုက်သည်။ သူက အချိန်မရွေး ထွက်ပြေးနိုင်ရန် အသင့်ပြင်ဆင်ထားပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ရေပူစမ်းဆီသို့ ကြည့်လိုက်သည်။

ရေပူစမ်း၏ မျက်နှာပြင်သည် တအိအိလှုပ်ခတ်လာပြီး လှိုင်းဂယက်များ ဆက်လက်ဖြစ်ပေါ်လာသည်။ မကြာမီ ဦးခေါင်းတစ်ခုသည် ရေပူစမ်း၏ အောက်ခြေမှ ပေါ်လျှိုးလာသည်။

ဤသည်မှာ အမျိုးသမီးဦးခေါင်းဖြစ်သည်။ သူက အလွန်အမင်း ဆွဲဆောင်မှုရှိပြီး သူ၏ အသားအရေသည် နှင်းကဲ့သို့ ဖွေးဖွေးဖြူသည်။ ထိုသူသည် ဝိညာဉ်သခင်မယုံကျင်းမှလွဲ၍ တခြားလူမဟုတ်ပေ။

ရေပူစမ်း၏ မျက်နှာပြင်ပေါ်၌ ပေါ်ထွက်လာပြီးသောအခါ သူက ရွှီချင်းကို ကြည့်လိုက်သည်။ သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်လေရာ ခန္ဓာကိုယ်မှ ညှို့ဓာတ်ပြင်းသော အရှိုက်အဝန်းများကို လှစ်ဟဖော်ပြလာသည်။ ရေစိုနေသော အဝတ်အစားများက သူ၏ အရေပြားပေါ်မှာ ကပ်တွယ်နေသဖြင့် အရှိုက်အဝန်းများသည် ပိုပြီးထင်သာမြင်သာသည်။

သူက လက်ထဲတွင်လည်း ဦးခေါင်းတစ်လုံးကို ကိုင်ထားသေးသည်။

ထိုဦးခေါင်းသည် အမှန်တကယ်ပဲ ခေါင်းဆောင်၏ ဦးခေါင်းဖြစ်သည်။

ဝိညာဉ်သခင်မယုံကျင်း၏ ခန္ဓာကိုယ်ထဲမှ ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် စွမ်းအင်အတတ်အကျများကို ထုတ်လွှတ်နေလေသည်။

ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို အေးတိအေးစက်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက လက်ထဲမှ ဦးခေါင်းပြတ်ကို ရွှီချင်း၏ ခြေထောက်နားသို့ ပစ်လွှတ်လိုက်သည်။

“ မင်းရဲ့ စီနီယာအကိုကြီးက တကယ်ပဲ အသုံးမကျဘူး ”

ခေါင်းဆောင်၏ ဦးခေါင်းပြတ်သည် ဘောလုံးတစ်လုံးနှယ် လိမ့်သွားသည်။ သူက မသေသေးပေ။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲ၌ ခါးသီးမှုဖြင့် ပြည့်နှက်နေပြီး အားအင်ချည့်နဲ့စွာ ပြောသည်။

“ ဂျူနီယာညီလေး… မြန်မြန်ပြေးတော့… ဒါက ထောင်ချောက်ပဲ ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။

“ စီနီယာအကိုကြီး… နောက်ပြောင်တာ ရပ်ပါတော့ ”

“ ဒီတစ်ခါ ငါနောက်နေတာမဟုတ်ဘူး… မြန်မြန်ပြေးတော့… ဒီတစ်ခါတော့ တကယ်အတည်ပြောတာ… ရွှမ်မင်ဇီက မကြာခင် ရောက်လာတော့မယ်… ဒါက ငါ့ကို ပစ်မှတ်ထားတဲ့ သူ့ရဲ့ အစီအစဉ်ပဲ ”

ခေါင်းဆောင်၏ ဦးခေါင်းပြတ်သည် စိုးရိမ်တကြီး ပြောသည်။

ရွှီချင်းသည် သူ့ဆီသို့ လျှောက်လှမ်းလာနေသော ဝိညာဉ်သခင်မယုံကျင်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ မင်းရဲ့ ခြေသလုံးမွှေးကို အရင်ရိတ်ပစ်လိုက်ပါလား… အရင်တစ်ခေါက်က ပင်လယ်အလောင်းကောင်မျိုးနွယ်ရဲ့ မင်းသမီးငယ်လေးအဖြစ် ရုပ်ဖျက်တုန်းကလည်း ဒီအတိုင်းပဲ… ဒီပြစ်ချက်က အရမ်းထင်သာလွန်းတယ် ”

ဝိညာဉ်သခင်မယုံကျင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူ၏ ချောမောလှပသော မျက်နှာသည် အောက်သို့ငိုက်စိုက်သွားပြီး အဝတ်အစားအောက်မှ ခြေသလုံးကို ကြည့်လိုက်သည်။

ထိုနေရာတွင် ထူထဲသော အနက်ရောင်အမွှေးများ ရှိသည်။ ဤသည်မှာ သူက သိုးမွှေးဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည့်အလားပင်။

အဝတ်အစားက ယင်းတို့ကို ဖုံးကွယ်ထားသော်လည်း ထင်သာနေဆဲပင်။

ဝိညာဉ်သခင်မယုံကျင်းသည် ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ရွှီချင်းကို မကျေနပ်စွာ ကြည့်လိုက်သည်။

ထိုအကြည့်က ရွှီချင်းကို ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားစေသည်။ လင်းအာသည် ရွှီချင်း၏ ကော်လံအောက်မှ တွားသွားထွက်လာပြီး ဝိညာဉ်သခင်မယုံကျင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ ဟဲ ဟဲ… ငါက နောက်လိုက်တာပါ ”

ခေါင်းဆောင်၏ အသံသည် ဝိညာဉ်သခင်မယုံကျင်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ရွှီချင်း၏ ခြေထောက်နားမှ ဦးခေါင်းပြတ်သည်တော့ အရည်ပျော်ကျသွားပြီး အပြာရောင်ပိုးဟပ်ငယ်တချို့သို့ ပြောင်းလဲသွားသည်။ ၎င်းတို့က လေထဲသို့ ပျံသန်းသွားပြီ ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားကြသည်။

“ ဝိညာဉ်သခင်မယုံကျင်းရော ဘယ်လိုလဲ ”

ရွှီချင်းက တည်ငြိမ်စွာ မေးသည်။

“ သူအဆင်ပြေပါတယ်… ငါသူ့ကို အားလုံးပြောပြလိုက်တော့ သူအတော်လေး ထိတ်လန့်သွားတယ်… အဲ့ဒီနောက်တော့ ငါတို့တွေ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးကြတယ် ”

ခေါင်းဆောင်သည် ဘေးမှာ ထိုင်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူက စကားပြောနေရင်း ခြေသလုံးမွှေးများကို ရိတ်လိုက်သည်။

အမျိုးသမီးခန္ဓာကိုယ်ဖြင့် ခေါင်းဆောင်၏ ပြုမူလှုပ်ရှားပုံသည် အတော်လေး အထူးအဆန်းဖြစ်သည်။

“ အဲ့ဒီလိုနဲ့ ငါတို့နှစ်ယောက်က အတိတ်က နားလည်မှုလွဲတာတွေကို ဖြေရှင်းလိုက်ကြတယ်… အမှန်တိုင်းဖွင့်ပြောပေးတဲ့အတွက် သူက ငါ့ကို အရမ်းကျေးဇူးတင်တယ်… အဲ့ဒါကြောင့် သူက ငါ့ကို အကူအညီပေးဖို့အတွက် သူ့ဘာသာ ချိပ်ပိတ်ခံလိုက်တယ် ”

“ အခု မင်းမြင်ပြီလား… ငါက ကိုယ်ကျင့်တရားကောင်းသူပါ ”

ခေါင်းဆောင်သည် ခြေသလုံးတစ်ဖက်ကို အပြောင်ရိတ်ပြီးသောအခါ တခြားခြေသလုံးတစ်ဖက်ကို ပြောင်းလဲလိုက်သည်။ အမွှေးများသည်တော့ မြေပြင်ပေါ် ကျသွားသည်နှင့် လောင်ကျွမ်းသွားကြပြီး ပျောက်ကွယ်သွားကြသည်။

All Chapters