← Chapters

ဇာတ်ခုံ(ဂ)

Vol. 59 Ch. 926

ဇာတ်ခုံ(ဂ)

Vol. 59 Ch. 926

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။ ထို့နောက် သူက ဘေးတွင် တင်ပျဉ်ခွေလျက် ထိုင်လိုက်သည်။

ရွှီချင်းက သူ့ကို လျစ်လျူရှုထားသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် ပြုံးလိုက်သည်။ သူက ပန်းသီးတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။ သူက နောက်ပန်းသီးတစ်လုံးကို ထုတ်လိုက်ပြီး ရွှီချင်းကို ပစ်ပေးလိုက်သည်။

ရွှီချင်းသည် ပန်းသီးကို လှမ်းယူပြီးနောက် သူ့လက်ထဲမှ ပန်းသီးကို ကြည့်လိုက်သည်။

ထို့နောက် သူက ခေါင်းဆောင်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ပြုံးလိုက်သည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။

အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး အရာအားလုံးသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေသည်။ အစေခံမိန်းကလေးများက ပြန်နိုးလာသည့်အခါ သူတို့သည် ဇဝေဇဝါဖြစ်သွားကြသော်လည်း အမူအရာကင်းမဲ့လျက်ရှိနေသော သူတို့၏ သခင်မကို မမေးမြန်းဝံ့ကြချေ။ သခင်မနှင့်ပတ်သက်ပြီး မူမမှန်သော မည်သည့်အပြုအမူကိုမှလည်း သူတို့မတွေ့ကြပေ။

ခေါင်းဆောင်၏ အမူအကျင့်များတွင် မည်သည့်ပြစ်ချက်မှ မရှိပေ။ သူက ဝိညာဉ်သခင်မယုံကျင်းထံမှ အကြောင်းအရာတော်တော်များများကို မေးမြန်းစုံစမ်းထားသည့်အလား ဝိညာဉ်သခင်မယုံကျင်းပုံစံ ပြီးပြည့်စုံစွာ သရုပ်ဆောင်နိုင်ပေသည်။

ရွှီချင်းသည်ပင် မည်သည့်ပြစ်ချက်မှ ရှာမတွေ့ပေ။

ဝိညာဉ်သခင်မယုံကျင်းက တစ်လကြာ ခန္ဓာကိုယ်သန့်စင်ပြီးသောအခါ ကောင်းကင်ပေါ်၌ ထူးဆန်းပြီး မင်္ဂလာရှိသော အလင်းရောင်များ ထွက်ပေါ်လာကြသည်။ ထိမ်းမြားမင်္ဂလာလှည့်ပတ်ခြင်းအတွက် မင်္ဂလာဝေါယာဉ်သည် အဝေးရှိ မိုးကုပ်စက်ဝိုင်းမှ ချဉ်းကပ်လာနေသည်။

မင်္ဂလာဝေါယာဉ်သည် ယခင်အတိုင်း ဧရာမဦးခေါင်းခွံကြီးနှင့် သဏ္ဍာန်တူစမြဲပင်။ ဝေါယာဉ်ကို အနီရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော ခြင်္သေ့မျိုးနွယ်ဝင်(၃၂)ယောက်က သယ်ဆောင်ထားကြသည်။ မင်္ဂလာဝေါယာဉ်၏ ဘေးတွင် အခြွေအရံ အများအပြားက ဝန်းရံတည်ရှိနေကြပြီး ပျော်ရွှင်ဖွယ် တေးသံကို တီးမှုတ်နေကြသည်။

အခြွေအရံရာပေါင်းများစွာ လိုက်ပါလာသော မင်္ဂလာဝေါယာဉ်သည် ယင်ယန်ပန်းပွင့်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ယနေ့သည် မင်္ဂလာပွဲနေ့ဖြစ်သောကြောင့် သူတို့က ဝိညာဉ်သခင်မယုံကျင်းကို ရွှမ်မင်ဂိုဏ်းဆီသို့ ပို့ဆောင်ပေးရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

တစ်လကြာ ပျောက်ကွယ်နေခဲ့သော ယွင်ရှသည် ယနေ့မှာ ထွက်ပေါ်လာသည်။ သူက ဝိညာဉ်ရေပူစမ်း၏ အပြင်ဘက်မှာ ရပ်နေပြီး ဝိညာဉ်သခင်မယုံကျင်း ထွက်လျှောက်လာသည်ကို ပြုံးလျက် ကြည့်နေသည်။

တစ်လကြာ ခန္ဓာကိုယ်သန့်စင်ပြီးသောအခါ ဝိညာဉ်သခင်မယုံကျင်း၏ အသားအရေသည် ရွှန်းလဲ့တောက်ပလာသည်။ ယခု သူက အဝတ်အစားအသစ်တစ်စုံကိုပင် ပြောင်းလဲဝတ်ဆင်ထားသည်။ ယင်းက သူ၏ အလှအပများကို ပိုပြီးထင်သာမြင်သာစေသည်။

သူက ရှည်လျားသော ကြက်သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဖီးနစ်သရဖူသည် သူ၏ ဦးခေါင်းပေါ်မှာ ရှိသည်။ သူက မျက်နှာကို အသင့်အတင့်မျှသာ ပါးနီခြယ်ထားသည်။ လှပသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးကို တွဲစပ်ထားသဖြင့် ဝိညာဉ်သခင်မယုံကျင်းသည် မရေမတွက်နိုင်သော အကြည့်များကို ဖမ်းစားနိုင်ပေသည်။

ဝိညာဉ်ရေပူစမ်း၏ အပြင်ဘက်တွင် သူက ယွင်ရှကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက အစေခံမိန်းကလေးများ၏ ဝန်းရံခံထားရလျက် ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားပြီး ဦးခေါင်းခွံမင်္ဂလာဝေါယာဉ်ထဲသို့ ဝင်ရောက်သွားသည်။

ခြင်္သေ့မျိုးနွယ်ဝင်(၃၂)ယောက်သည် တစ်ညီတစ်ညာတည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး မင်္ဂလာဝေါယာဉ်ကို မမြှောက်လိုက်ကြသည်။ သူတို့က ခြေလှမ်းကျဲကြီးများဖြင့် လေထဲမှာ လျှောက်သွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်သွားကြသည်။

မင်္ဂလာတေးသံသည် ဘေးပတ်ဝန်းကျင်သို့ ဆက်လက် ပျံ့လွင့်သွားပြီး ပန်းပွင့်များသည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားကြသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ ကျင့်ကြံသူအားလုံးသည် အပေါ်သို့ ငေးမောကြည့်လိုက်ကြသည်။

ယနေ့တွင် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ ဂိုဏ်းအားလုံးသည် မင်္ဂလာပွဲသို့ တတ်ရောက်ကြရန် ရွှမ်မင်ဂိုဏ်းဆီသို့ ဖိတ်ကြားခံထားရသည်။

သို့သော်လည်း ထွက်ခွာသွားကြသော မင်္ဂလာယာဉ်တန်းဖြစ်စေ ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ ဂိုဏ်းတပည့်များဖြစ်စေ ဤအခိုက်အတန့်မှာ အဓိပ္ပာယ်ရှိသော ရယ်သံက အမွှာတောင်ထွတ်ဆီမှ ပဲ့တင်ထပ်လာနေကြောင်း မည်သူမှ သတိမထားမိကြချေ။

ရယ်သံ၏ ဇစ်မြစ်သည် အမွှာတောင်ထွတ်ထဲရှိ ဂူကြီးတစ်ဂူထဲမှ ဖြစ်သည်။

ဂူသည် အလွန်ရှည်လျားသည်။ ဤသည်မှာ တောင်တစ်ခုလုံးကို အပေါ်မှ အောက်ခြေအထိ လှိုင်ခေါင်းဖောက်ထားသည့်အလားပင်။ လှိုင်ဂူ၏ အပေါ်တွင် ဆံပင်ဖရိုဖရဲဖြစ်နေသော အဖိုးအိုတစ်ဦး ရှိသည်။ သူက ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားပြီး တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

အဖိုးအို၏ ခန္ဓာကိုယ်သည် အရိုးများပင် မြင်နေရသည်အထိ ပိန်ချုံးခြောက်ကပ်နေသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ သေခြင်းအရှိန်အဝါမရှိပေ။ ယင်းအစား အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။

မြင်သာသော ဗလာနတ္ထိစွမ်းအင်လှိုင်းများက သူ၏ ဘေးပတ်ပတ်လည်၌ လှည့်ပတ်နေကြလေရာ အဖိုးအို၏ ရုပ်အသွင်အပြင်ကို မြင်နိုင်ရန် ခဲယဉ်းပေသည်။

သူ၏ အောက်တွင် မြင်ရသူတိုင်းကို ဆွံ့အသွားစေနိုင်မည့် မြင်ကွင်းတစ်ခုရှိသည်။

ဤသည်မှာ အလွန်ကြီးမားသော တောင်တန်းမြစ်ပုံရိပ်ပန်းချီဖြစ်သည်။ အပြင်လူများသည် ယင်းကို အကြည့်တစ်ချက်တည်းဖြင့် မှတ်မိရန် ခဲယဉ်းလိမ့်မည်။ သို့သော်လည်း ဤနေရာမှာ နေထိုင်ကြသော ဒေသခံများသည်တော့ ပုံရိပ်ပန်းချီထဲမှ တောင်တန်းသည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဖြစ်ကြောင်း ချက်ချင်း မှတ်မိကြလိမ့်မည်။

အရွယ်အစားက ခြားနားနေသည်ကလွဲလျှင် ကျန်အရာအားလုံးသည် တစ်ပုံစံတည်း တူညီသည်။

မြေပြင်ပေါ်မှာ အလေ့ကျပေါက်ရောက်သော မြက်ပင်များ၊ တောင်ကုန်းတောင်ထွတ်များ၊ ကျောက်ဆောင်ကျောက်တုံးများ၊ ကောင်းကင်ပေါ်မှ ငှက်များအပါအဝင် တောင်ခြေမှ မြို့တော်နှင့် မြို့တော်ထဲမှ အဆောက်အဦးများသည်ပင် အပြင်လောကမှအတိုင်း တစ်ပုံစံတည်း တူညီသည်။

ပုံရိပ်ပန်းချီထဲတွင် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲမှာရှိသော အရာအားလုံး၏ ပုံရိပ်များ ထင်ပေါ်နေသည်။ ထိုထဲတွင် သက်ရှိများသည်လည်း ပါဝင်သည်။

ယင်းက သေမျိုးဖြစ်စေ ကျင့်ကြံသူဖြစ်စေ သူတို့အားလုံးသည် ပုံရိပ်ပန်းချီထဲမှာ ပုံရိပ်ပေါ်နေကြသည်။

ထို့အပြင် ပုံရိပ်များသည် အပြင်လောကမှ အချိန်နှင့်တူညီစွာ ရွေ့လျားလှုပ်ရှားနေကြသည်။ ယင်းကို အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသ၏ အသေးစားဖြစ်တည်မှုပုံစံဟုပင် မှတ်ယူနိုင်သည်။

မင်္ဂလာယာဉ်တန်းဖြင့်အတူ ယင်ယန်ပန်းပွင့်ဂိုဏ်းထဲမှ ထွက်ခွာသွားကြသော ရွှီချင်းတို့အုပ်စုပင် ပုံရိပ်ပန်းချီထဲမှာ ထင်ပေါ်နေသည်။

ပိုပြီးအံ့ဩစရာကောင်းသည်မှာ သက်ရှိများ၏ ပုံရိပ်တစ်ခုစီတွင် ချည်မျှင်တစ်ခုဖြင့် စည်းနှောင်ခံထားရသည်။ ဤသည်မှာ ချည်မျှင်သည် သူတို့၏ ကံကြမ္မာကို ကိုယ်စားပြုဟန်ရပြီး လှိုင်ဂူထဲမှာ မျောလွင့်နေကြသည်။

လှိုင်ဂူထဲတွင် မရေမတွက်နိုင်သော ချည်မျှင်များက တည်ရှိနေကြလေရာ အလွန်ချောက်ချားဖွယ်ကောင်းသည်။

အထူးဆန်းဆုံးသော အရာမှာ လှိုင်ဂူ၏ အမြင့်ဆုံးနေရာတွင် တရားထိုင်နေသော ရောင်စုံဝတ်စုံဝတ် အဖိုးအို ဖြစ်သည်။ သူက အချိန်တိုင်း လက်နှစ်ဖက်ကို ဝှေ့ယမ်းနေလေသည်။

သူ၏ ထိန်းချုပ်မှုအောက်မှာ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းရှိ သက်ရှိအားလုံးထံမှ ကံတရားကြိုးမျှင်များသည် တစ်ခုနှင့်တစ်ခု ယှက်ထွေသွားကြသည်။

သို့ဖြစ်၍ ရေစက်မပါသော ဆက်နွယ်မှုများသည် အဖိုးအို၏ ထိန်းချုပ်မှုအောက်မှာ ဖြစ်ပေါ်လာကြသည်။ ထို့အတူ မမျှော်လင့်ထားသော စိတ်ခံစားချက်များနှင့် မအပ်စပ်သော ဆက်ဆံရေးများသည်လည်း ဖန်တီးဖြစ်ပေါ်လာကြသည်။

သက်ရှိအားလုံး၏ ကံကြမ္မာသည် ပြုပြင်ခံလိုက်ရပြီး သူတို့၏ ဘဝလမ်းကြောင်းသည် လွှမ်းမိုးခံလိုက်ရသည်။ အရာအားလုံးသည် အဖိုးအို၏ စိတ်ဆန္ဒနောက်သို့ လိုက်ရပေမည်။

ဤသည်မှာ အဆုံးမဲ့ကောင်ကင်နွားတောင်တန်းဒေသက သူ့အတွက် ကစားစရာ ဇာတ်ခုံတစ်ခု ဖြစ်သည့်အလားပင်။

အဖိုးအိုသည် ဤဇာတ်ခုံ၏ ဖန်တီးရှင်ဖြစ်သည်။ ဇာတ်ခုံပေါ်ရှိ ဇာတ်ကောင်အားလုံးကို သူက ဖန်တီးထားခြင်း ဖြစ်သည်။

ဇာတ်ကောင်အားလုံးသည် သူတို့၏ မူလမှတ်ဉာဏ်များနှင့် အကျင့်စရိုက်များကို ထိန်းသိမ်းထားနိုင်သော်လည်း သူတို့ဘဝတစ်လျှောက်လုံး သူကြိုးဆွဲရာအတိုင်း ကပြဖျော်ဖြေရလိမ့်မည်။

ထိုသို့လုပ်ဆောင်နေစဉ် မရေမတွက်နိုင်သော အသက်အလင်းစက်များက မွေးဖွားလာကြလိမ့်မည်။ ယင်းတို့က မီးရှူးမီးပန်းများအလား ထွန်းလင်းတောက်ပသည်။ မကြာမီ ယင်းတို့က ကကြိုးလိပ်ပြာများအဖြစ်သို့ ပြောင်းလဲသွားကြပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံသန်းသွားကြသည်။

တချို့လိပ်ပြာများသည် တောင်တန်းအတွင်းမှ ဂူများထဲမှာ ကခုန်ပျံသန်းနေကြပြီး တချို့သည် ကျောက်တုံးကျောက်ဆောင်များကို ဖြတ်သန်းကျော်လွှားသွားကြကာ အပြင်လောကဆီသို့ ဦးတည်သွားကြသည်။

ထိုကကြိုးလိပ်ပြာများသည် ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေကြသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း နူးညံ့သော မြူမှုန်များကို ဖြန့်ကျဲသွားလေ့ရှိပြီး အရာအားလုံးကို လွှမ်းခြုံသွားစေသည်။

ရံဖန်ရံခါ အပြင်လူတချို့သည် ဤဧရိယာအတွင်းမှာ ထွက်ပေါ်လာတတ်သည်။ သို့သော်လည်း သူတို့က အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲသို့ ဝင်ရောက်သွားကြသည့်အခါ သူတို့၏ ပုံရိပ်များသည် ပုံရိပ်ပန်းချီထဲမှာ ထွက်ပေါ်လာကြလိမ့်မည်။

ကံတရားကြိုးမျှင်များသည် သူတို့၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာပြီး သူတို့ကို အဖိုးအို၏ ဇာတ်ခုံပေါ်မှ ဇာတ်ကောင်တစ်ကောင် ဖြစ်လာစေလိမ့်မည်။

ထိုအခိုက်အတန့်မှာ သူတို့၏ ကံတရားသည် သူတို့ကို တာဝန်အသစ်တစ်ခု ပေးအပ်လိမ့်မည်။

ရံဖန်ရံခါ အဖိုးအိုသည် တင်ပျဉ်ခွေထိုင်ရာမှ မတ်တတ်ရပ်လေ့ရှိပြီး ဂူထဲမှာ ထူးထူးဆန်းဆန်း ပုံစံတစ်မျိုးဖြင့် လျှောက်ပတ်သွားလေ့ ရှိသည်။

သူ၏ ခြေလက်များသည် ဘယ်ညာလှုပ်ယမ်းနေလေရာ သက်ရှိအားလုံး၏ ကံတရားကြိုးမျှင်များသည် ပြင်းထန်စွာ လှုပ်ခါလာကြသည်။ သူ၏ အမူအရာသည် အစဉ်မပြတ် ပြောင်းလဲနေပြီး သက်ရှိအားလုံး၏ ကံတရားများသည် ချက်ချင်း ယှက်ထွေသွားကြသည်။ ချစ်ခြင်းမေတ္တာမြင်ကွင်းများနှင့် အမုန်းတရားပုံပြင်များသည်လည်း ထွက်ပေါ်လာကြသည်။

All Chapters