← Chapters

ဘာမှမပြောနဲ့

Vol. 20 Ch. 268

ဘာမှမပြောနဲ့

Vol. 20 Ch. 268

ရှောင်းယွင်သည် လီပိုင်၏ခွန်အားကို အနည်းငယ်စိုးရိမ်နေမိသော်လည်း သူ့ရင်ထဲရှိ ဒေါသတရားများက သူ့ကိုစတင်လှုပ်ရှားစေခဲ့သည်။

ယဲ့တောက်ရွှမ်၏ သေဆုံးမှုမှာ သူ၏ဒေါသများကို စတင်၍ မီးမြိုက်လိုက်လေသည်။ ပို၍အရေးကြီးသည်က ယဲ့တောက်ရွှမ်းသည် တာအိုအင်မော်တယ်တစ်ပါး၏ သတ်ဖြတ်ခြင်းကိုသူ၏ မျက်စိအောက်တွင်ပင် ခံခဲ့ရတာဖြစ်သည်။ ဤသတင်းသာ ပျံနှံ့သွားပါက ရှောင်းမိသားစု၏ ဂုဏ်သတင်းလည်း မြောင်းထဲရောက်သွားပေလိမ့်မည်။ သူတို့ရှောင်းမျိုးနွယ်စုဟာ ထျန်းလန်ဒေသတွင် လူရယ်စရာဖြစ်သွားပေလိမ့်မည်။

​ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သူ၏မျက်လုံးများအတွင်း၌ ဖြစ်ပေါ်လာခဲ့ပြီး သူ့လက်ထဲက ဓါးရှည်မှ အေးစက်စက်အလင်းတန်းများ ဖြာထွက်လာပေသည်။ ဤအချိန်တွင် ကမ္ဘာလောကကြီး၏ အပူချိန်သည် ရေခဲမှတ်ထိအောင် ကျဆင်းသွားပုံပေါ်သည်။ အဝေးရှိ စောင့်ကြည့်နေသော ကျင့်ကြံသူများအားလုံးသည် အေးစိမ့်မှုကြောင့် တုန်ယင်သွားကြပေသည်။

ရှောင်းယွင်၏ဓါးရှည်ပေါ်၌ အပြာရောင်ရေခဲသလင်းကျောက်များ စတင်ဖြစ်ပေါ်လာပြီး ဓါးရှည်တစ်ခုလုံးကို ရစ်ပတ်လိုက်လေသည်။ အဆိုပါဓါးရှည်ထံမှ အေစစက်သောလေများ ပျံ့လွင့်လျက်ရှိပြီး လူသားတို့၏ စိတ်ဝိညာဥ်ကို အေးခဲစေတော့မည်ကဲ့သို့ ထင်မှတ်ရလေသည်။

ရှောင်းယွင်က ဓါးရှည်ကို ခုတ်ပိုင်းလိုက်သည့်အခါ ဓါးအလင်းတန်းဖြတ်သွားရာလမ်းတစ်လျှောက်ရှိ လေထုသည် ရုတ်ချည်းပင် အက်ကွဲသွားခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သော လေပွေများက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်တိုက်ခတ်သွားလေသည်။

သူဟာ လီပိုင်၏အရှေ့ကို ရုတ်ချည်းပြေးဝင်သွားပြီး ငရဲဘုံကိုးဘုံမှ ဆင်းသက်လာသော ကြောက်မက်ဖွယ် ဓါးအလင်းတန်းကြီးသည် လီပိုင်ရှိရာသို့ ပြေးဝင်သွားခဲ့လေသည်။ ရှောင်းယွင်၏ဓါးကို တွေ့မြင်လိုက်ရသည့်အခါ လီပိုင်က ခပ်ဖွဖွရယ်မောလိုက်သည်။ သူ့လက်ထဲရှိ ဓါးဟာလည်း မျက်စိကျိမ်းလောက်သော အလင်းတန်းများကို ထုတ်လွှတ်လျက် ရုတ်တရက် ရွေ့လျားလာခဲ့လေသည်။ ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းပိုင်းန်ိုင်သော မြင့်မြတ်ပြီး ဆန်းကြယ်သော စွမ်းအားများသည် ၎င်းဓါးချက်၌ ပါဝင်နေခဲ့ကာ ရှောင်းယွင်၏ ဓါးချက်ကို တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်လေသည်။

လီပိုင်နှင့်ရှောင်းယွင်တို့ကို ဗဟိုပြုလျက် ပတ်ဝန်းကျင်လေထုသည် တစ်စထက်တစ်စအက်ကွဲလာခဲ့လေသည်။ ပျက်စီးခြင်းနှင့် သေဆုံးခြင်းအရှိန်အဝါများသည် ကမ္ဘာလောကကြီးအတွင်း၌ ရုတ်ချည်းဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ယံရှိတိမ်မဲများမှာ ဤဓါးနှစ်ချက်၏အောက်တွင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့လေသည်။

လီပိုင်၏ဓါးကို ယဲ့တောက်ရွှမ်းကသာ ခုခံရပါလျှင် လုံးဝကိုခုခံနိုင်မှာမဟုတ်ပါပေ။ သို့ပါသော်လည်း ရှောင်းယွင်ကတော့ ကြယ်နှစ်ပွင့် တာအိုနတ်ဘုရားအဆင့်ကို ရောက်နေခဲ့ပြီဖြစ်သည်။ လီပိုင်၏ တိုက်ပွဲဝင်ခွန်အားမှာ အလွန်အမင်းသန်မာသော်လည်း ရှောင်းယွင်ကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်ဖို့ဆိုသည်ကတော့ လုံးဝကို မဖြစ်နိုင်သေးပါပေ။

လီပိုင်၏ဓါးဟာ ရှောင်းယွင်၏ ဓါးအလင်းတန်းကို လွယ်လင့်တကူ ချိုးဖြတ်သွားခဲ့ပြီး ရှောင်းယွင်ထံဆက်လက်ပြေးဝင်သွားခဲ့သည်။ သို့ပါသော်လည်း ဓါးအလင်းတန်း၏ ခွန်အားမှာ အလွန်အမင်းအားပျော့နေပြီဖြစ်တာကြောင့် ရှောင်းယွင်က လွယ်လင့်တကူ ခုခံနိုင်လိုက်လေသည်။

ရှောင်းယွင်ဟာ လက်ထဲရှိ ဓါးရှည်ကိုဝှေ့ယမ်းလျက် အရှေ့ကို ပြေးဝင်သွားခဲ့သည်။ သူ့လက်ထဲရှိဓါးရှည်ကို ဝှေ့ယမ်းလိုက်သည့်အခါတိုင်းတွင် စိတ်ဝိညာဥ်ကို အေးခဲသွားစေနိုင်သော ရေခဲအရှိန်အဝါများ ဖြစ်တည်လာလျက်ရှိသည်။

အဆိုပါလူနှစ်ယောက်၏ ဓါးချက်များမှ ထုတ်လွတ်နေသော ဓါးရောင်စဥ်များသည် အဝေးတစ်နေရာ၌ စောင့်​ကြည့်နေသော ကျင့်ကြံသူများကို အကြောက်တရားဖြင့် တုန်ယင်လာစေခဲ့သည်။ ဤသည်မှာ ရှောင်းမိသားစုဘိုးဘေး၏ ခွန်အားပဲဖြစ်သည်!

သူတို့ဟာ တာအိုအင်မော်တယ်အဆင့်ရောက်ရှိနေပြီဖြစ်သော်လည်း ရှောင်းယွင်၏ ဓါးချက်ကို ခုခံနိုင်လိမ့်မည်ဟု အနည်းငယ်မျှတောင် ယုံကြည်မှုရှိမနေခဲ့ပါချေ။

ရှောင်းယွင်၏ သိပ်သည်းသော ဓါးအလင်းတန်းကို ရင်ဆိုင်လိုက်ရသည့်အခါ လီပိုင်၏ အမူအရာမှာ ပိုမိုတည်ငြိမ်လာခဲ့သည်။ ပထအဆုံးအကြိမ်အနေဖြင့် သူဟာသေရည်အိုးကိုချထားလိုက်ပြီး အရှေ့ကိုထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဆန်းကြယ်သော ချီစွမ်းအင်များမှာ လှုပ်ရှားသွားခဲ့ပြီး သူ့လက်ထဲရှိ ဓါးရှည်က ဝှေ့ယမ်းလာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကြောက်မက်ဖွယ်ဓါးချီများသည် ပြင်းထန်သောမုန်တိုင်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ရှောင်းယွင်ဆီသို့ ပြေးဝင်သွားခဲ့လေသည်။

ကမ္ဘာလောကကြီးအတွင်း၌ ခြောက်ခြားဖွယ်ရာ ဓါးချီမုန်တိုင်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီး အဆိုပါဓါးချီမုန်တိုင်းသည် ရှေးဟောင်းတောင်တန်းများ၏ တစ်ဝက်တိတိကို နေရာယူလိုက်လေသည်။ ၎င်းမှာ အလွန်အမင်းစွမ်းအားကြီးလှပေသည်။

ဘုံး....

လူအများ၏ အကြည့်များအောက်တွင် တိုက်ကွက်နှစ်ခုသည် ထိပ်တိုက်တွေ့ဆုံမိသွားကြသည်။ ကမ္ဘာကြီးဟာ ရုတ်တရက်တုန်ခါသွားခဲ့ပြီး လှိုင်းသဏ္ဍာန်စွမ်းအားအရှိန်အဝါများသည် အရပ်မျက်နှာအသီးသီးသို့ ပျံလွင့်သွားခဲ့ပေသည်။ အဝေးကြီးမှ စောင့်ကြည့်နေသော ကျင့်ကြံသူများကတောင် အဆိုပါ စွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး လွင့်စင်ထွက်သွားကာ သွေးများအန်ထုတ်လိုက်ကြရ​လေသည်။

တစ်လောကလုံးတွင် တည်ငြိမ်နေသေးသော လူဟူ၍ ဝမ်ဖုန်းတို့အုပ်စုသာ ရှိတော့ပေသည်။ ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်းကို လီပိုင်က ကာကွယ်ပေးထားသည်ဖြစ်ရာ တိုက်ပွဲမှလွင့်စင်ထွက်လာသော စွမ်းအားအကြွင်း အကျန်များက သူတို့ကို အဘယ်မှာ ထိခိုက်စေနိုင်မည်နည်း။

ဤအချိန်တွင် လွီပုနှင့် ရှောင်းယွင်တို့၏ ပုံရိပ်များကို ဘယ်သူကမှ တွေ့မြင်နိုင်ခြင်းမရှိတော့ပေ။ သူတို့ဟာ ဖုံမှုန့်များအကြားတွင် အဆက်မပြတ်ရွေ့လျားနေသော အလင်းတန်းနှစ်ခုကိုသာ တွေ့မြင်နိုင်ကြလေသည်။ အဆိုပါအလင်းတန်းနှစ်ခု ပူးကပ်သွားသည့် အခါတိုင်းတွင် ထက်မြသော ဓါးအလင်းတန်းများ ပတ်ဝန်းကျင်သို့ လွင့်စင်ထွက်လာလေသည်။ အဆိုပါဓါးအလင်းတန်းများဟာ ဘေးနားရှိ အရာအားလုံးကို တိုက်စားသွားခဲ့လေသည်။

တိုက်ပွဲမြေပြင်တွင် ရှောင်းယွင်သည် သူ့လက်ထဲရှိ ဓါးရှည်ကို အဆက်မပြတ်ဝှေ့ယမ်းရင်း တည်ငြိမ်နေသေးသော လီပိုင်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်မိသည်။ ထိုသူ၏ မျက်နှာထက်၌ စိုးရိမ်နေသည့် အမူအရာဟူ၍ စိုးစဥ်းမျှမရှိခဲ့ပေ။

ထိုသို့သော တည်ငြိမ်သည့်အကြည့်များ.... ၎င်းဟာပုရွက်ဆိတ်တစ်ကောင်နှင့် တိုက်ခိုက်နေရသည်ကဲ့သို့သော အကြည့်မျိုးပဲဖြစ်သည်။

ရှောင်းယွင်သည် အမုန်းတရားများဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကာ သူ့နှလုံးသားအတွင်းရှိ ဒေါသများမှာ မီးတောင်ကြီး ပေါက်ကွဲထွက်သကဲ့သို့ ထွက်လာခဲ့လေသည်။ သို့ပါသော်လည်း သူမည်မျှကြိုးစားတိုက်ခိုက်သည်ဖြစ်ပါစေ လီပိုင်ကို ထိခိုက်ဒဏ်ရာ ရအောင်မလုပ်နိုင်ခဲ့ချေ။

သူဟာ အရူးမဟုတ်ပါပေ။ ဤအခြေအနေမှတစ်ဆင့် လီပိုင်၏ ခွန်အားက သူ့ထက်ပိုမိုသန်မာကြောင်း ရှောင်းယွင်တစ်ယောက် မှန်းဆလိုက်မိသည်။

ဒီလိုသာ ဆက်သွားနေပါက သူ၏ကံကြမ္မာကလည်း ယဲ့တောက်ရွှမ်းကဲ့သို့ ဖြစ်သွားမှာကို ရှောင်းယွင်တစ်ယောက် စိုးထိတ်နေမိသည်။

ကြောက်မက်ဖွယ်ဓါးအလင်းတန်းကြီးတစ်ခု ထပ်မံထွက်ပေါ်လာသည်။ လီပိုင်ဟာ အဆိုပါဓါးအဘင်းတန်းကြီးကို လွယ်လင့်တကူခုခံလိုက်လေသည်။ ဤအချိန်တွင် ရှောင်းယွင်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ တချိုးတည်း လှည့်ပြေးသွားတော့သည်။

ဆုံးဖြတ်ချက်မပြတ်သားခြင်းက ဘေးဒုက္ခများကို သယ်ဆောင်လာနိုင်လေသည်။

မိမိအသက်နှင့် နှိုင်းယှဥ်ရပါက ဂုဏ်သိက္ခာဆိုသည်က အရေးမပါသော အရာတစ်ခုပင်ဖြစ်တော့သည်။

"ထွက်ပြေးချင်နေတာလား..."

လီပိုင်၏နှုတ်ခမ်းထောင့်များသည် မြောက်တက်သွားပြီး ခပ်ယောင်ယောင်ပြုံးလိုက်လေသည်။ သူ၏ပုံရိပ်ဟာ ရုတ်တရက်ရွေ့လျားသွားပြီး ရှောင်းယွင်၏ နောက်ဖက်၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ သူဟာဓါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ခုတ်ပိုင်းလိုက်လေသည်။

ဓါးရောင်ခြည်ထွက်ပေါ်လာသည့်အခါ အရာအားလုံးသေကြေပျက်စီးရပေမည်။

ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဓါးစွမ်းအင်အလင်း တန်းသည် အချိန်နှင့် လေဟာနယ်ကိုတောင် ဖြတ်ပိုင်းသွားပုံပေါ်လေသည်။ စွမ်းအားကြီးသော ဓါးအလင်းတန်းကြီးသည် ကောင်းကင်နှင့်မြေပြင်ကိုတောင် စုတ်ဖြဲပစ်လိုက်လေသည်။

အဆိုပါဓါးအလင်းတန်းကြီး သက်ဆင်းမလာခင်ကပင် ရှောင်းယွင်တစ်ယောက် အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်လိုက်ရလေသည်။ သူဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ပြေးခဲ့သည်။ ထွက်ပြေးနေစဥ်အတွင်း ရှောင်းယွင်သည် ခေါင်းလှည့်၍ ဓါးအလင်း တန်းကြီးကို လှည့်ကြည့်လိုက်လေသည်။ ထို့နောက်ရုတ်ချည်းဆိုသလို သူဟာ ရှိရှိသမျှသောခွန်အားများကို အသုံးပြုလျက် အစွမ်းကုန်ထွက်ပြေးလေတော့သည်။

သနားစရာပင်... သူမည်မျှမြန်ဆန်သည်ဖြစ်ပါစေ လီပိုင်၏ ဓါးထက်တော့ ပိုမိုမြန်ဆန်နိုင်ပါမည်လော?

ရှောင်းယွင်သာ ရပ်တန့်ပြီး အဆိုပါဓါးအလင်းတန်းကို ခုခံရန် အကောင်းဆုံးကြိုးစားခဲ့ပါက အသက်ရှင်သန်ဖို့ အခွင့်အရေးရရှိဦးမှာဖြစ်သည်။ သို့ပါသော်လည်း သူဟာ ခုခံရန်ရည်ရွယ်ချက်မရှိဘဲ ဆက်လက်ထွက်ပြေးနေခဲ့သည်။ ဤသည်က သေခြင်းကို ဦးတည်စေခဲ့သည်။

ဘုံး.....

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ကမ္ဘာလောကကြီးအတွင်း မွေးဖွားလာခဲ့ပြီး ရှောင်းယွင်၏ ခန္ဓာကိုယ်ဟာ ထက်ခြမ်းပိုင်းခံလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သော ဓါးရောက်ခြည်များဟာ နှစ်ခြမ်းဖြစ်သွားသော ခန္ဓာကိုယ်ကိုတောင် အပိုင်းပိုင်းအစစ ထပ်မံဖြတ်တောက်လိုက်လေသည်။ ချက်ခြင်းဆိုသလို ကောင်းကင်ယံထက်၌ သွေးမိုးကြီးတစ်ခု ရွာသွန်းလာခဲ့ပြီး မြေပြင်ကို စွေးစွေးနီသွားစေခဲ့သည်။

ပြင်းထန်သော သွေးရနံ့များက လေယူရာ ပျံ့လွင့်သွားခဲ့တော့သည်။

မြင့်မြတ်သော ကြယ်နှစ်ပွင့်တာအိုနတ်ဘုရားတစ်ပါးမှာ ဤကဲ့သို့ သေဆုံးသွားခဲ့ရလေသည်။ အဆိုပါမြင်ကွင်းက ကြည့်ရှုနေသော ကျင့်ကြံသူများ၏ စိတ်နှလုံးကို တစ်ဒုန်းဒုန်းခုန်သွားစေခဲ့သည်။ သူတို့၏ စိတ်ဝိညာဥ်များတောင် ယခုအချိန်တွင် တုန်လှုပ်နေကြပြီဖြစ်သည်။

"ရှောင်းမိသားစုတော့ သွားပြီ..."

ရှောင်းမိသားစု၏ အဓိကထောက်တိုင်ကြီးမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ရှောင်းမိသားစုတွင် နောက်ခံအချို့ဆက်လက်ရှိနေဦးမည်ဆိုလျှင်တောင် ရှောင်းယွင်သေဆုံးသွားပြီးနောက် အဆိုပါလူများက ရှောင်းမိသားစုကို ကူညီကြပါဦးမည်လော။

စောင့်ကြည့်နေသောသူများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အမျက်ဒေါသကို မခံစားကြရစေရန် ရှောင်းမိသားစုနှင့် ခပ်ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ကြသည်။

"ဒင်~~~ ရှန်ရှန့်ကျုံဂိုဏ်း၏ အစောင့်အရှောက်လီပိုင်မှ ကြယ်တစ်ပွင့်တာအိုနတ်ဘုရား ယဲ့တောက်ရွှမ်းနှင့် ကြယ်နှစ်ပွင့်တာအိုနတ်ဘုရား ရှောင်းယွင်တို့ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ်သန်း ၂၀ နှင့် အဆုံးစွန်သော တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်နှစ်ကြိမ်ကို ဆုချလိုက်သည်"

တစ်ချိန်တည်းမှာပဲ စနစ်၏ အေးစက်စက်အသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်းထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် ဝမ်ဖုန်းသည် ယဲ့တောက်ရွှမ်သေဆုံးသွားရခြင်းမှာ မတော်တဆမဟုတ်ဘဲ လီပိုင်က တမင်တကာ လုပ်ခဲ့ခြင်းဖြစ်ကြောင်းကို သိရှိလိုက်ရလေသည်။

"ငါက... ရှန်ရှန့်ကျုံဂိုဏ်း အစောင့်အရှောက်ဖြစ်တဲ့ လီပိုင်ပဲ!"

"ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စရဲတဲ့လူမှန်သမျှ ဒီလူနှစ်ယောက်လိုပဲ အဆုံးသတ်ရမယ်"

လီပိုင်သည် ဓါးရှည်ကို ကိုင်ဆောင်လျက် လေထုအတွင်း ရပ်နေခဲ့သည်။ သူ၏ဆံနွယ်များမှာ လေယူရာယိမ်းနွဲ့နေခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ဓါးချီစွမ်းအားများက ရစ်ပတ်ထားခဲ့လေသည်။ သူဟာ ဓါးနတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ငြားသော အသွင်အပြင်ဖြင့် အရပ်မျက်နှာအသီးသီးကို ဝေ့ဝဲ​ကြည့်ရှုလိုက်ပြီး ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ စောင့်ကြည့်နေသော ကျင့်ကြံသူများအားလုံးသည် အသက်တောင်ရဲရဲမရှုရဲကြတော့ပါပေ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများမှ စွမ်းအားရှင်များ၏ မျက်နှာထက်တွင် အလွန် အမင်း လေးနက်သော အမူအရာများ ရှိနေခဲ့ကြသည်။ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်မစဝံ့သော အင်အားစုတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။

ရှေးဟောင်းအင်​မော်တယ်မျိုးနွယ်စုကြီးများ ဖြစ်သည်နှင့်အညီ သူတို့တွင် ကြယ်နှစ်ပွင့်တာအိုနတ်ဘုရားကဲ့သို့သော သန်မာသည့်ပုဂ္ဂိုလ်များရှိနေပေသည်။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းက ကြယ်နှစ်ပွင့်တာအိုနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ သူတို့စိတ်ထဲတွင် အလွန်အမင်းမနာလို ဖြစ်နေမိကြသည်။

ဤတိုက်ပွဲပြီးသွားသည့်နောက်တွင် ရှန်ရှန့်ကျုံဆိုသော စကားလုံးသုံးလုံးသည် ထျန်းလန်အလယ်ပိုင်းဒေသတွင် ကျော်ကြားပျံ့နှံ့သွားမှာကို အဆိုပါစွမ်းအားရှင်များအားလုံး ခန့်မှန်းသိရှိလိုက်ကြသည်။ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းနှင့် အနာဂတ်တွင် မည်သို့ မည်ပုံဆက်ဆံရမည်ကိုတောင် စတင်တွေးတောနေပြီဖြစ်သည်။

ရှိနေကြသော စွမ်းအားရှင်များအားလုံးသည် အတွေးတစ်ခုကို ပြိုင်တူတွေးမိလိုက်ကြသည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိတ်ဆွေမဖွဲ့ဘူးဆိုလျင်တောင်မှ ရန်သူတော့ မဖြစ်သင့်ပါပေ။

ဓါးတစ်ချောင်းဖြင့် မတ်တပ်ရပ်နေသော လီပိုင်ကို လှမ်းကြည့်လိုက်ပြီး ဝမ်ဖုန်း၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားခဲ့သည်။ ဒီအရက်စွဲနေတဲ့ကောင်က စကားကြီးစကားကျယ်တွေပြောလို့ပါလား။

တစ်ချိန်တည်းမှာပဲ ထိတ်လန့်ဖွယ်တိုက်ပွဲကို ​မျက်မြင်တွေ့မြင်လိုက်ရသော ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အမည်နာမကို တညီတညွတ်တည်း ဟစ်ကြွေးမိလိုက်ကြသည်။ သူတို့အားလုံးဟာ စိတ်လှုပ်ရှားနေကြပြီး သူတို့၏ မျက်ဝန်းများကလည်း တောက်ပလာလျက် လီပိုင်ကို လေးလေးစားစားစိုက်ကြည့်မိလိုက်ကြသည်။

"ငါတို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက စွမ်းအားမကြီးလွန်းဘူးလား... ငါ့ဘဝမှာ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခွင့်ရတာနဲ့ပက်သက်ပြီး နောင်တမရှိတော့ဘူး"

"ဒီတိုက်ပွဲပြီးသွားရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလန်အလယ်ပိုင်းဒေသမှာ ကျိန်းသေပေါက် ကျော်ကြားလာတော့မှာ..."

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားများသည် တစ်ယောက် တစ်ပေါက် စိတ်လှုပ်ရှားစွာ ပြောဆိုမိလိုက်ကြသည်။သူတို့ဟာ သူတို့နှလုံးသားအတွင်းရှိ ဂုဏ်ယူဝမ်းမြောက်မှုများကို မဖုံးကွယ်ထားန်ိုင်ကြတော့ပေ။

ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းသားများ၏အလယ်တွင် အံကို တင်းတင်းကြိတ်ထားပြီး မဲမှောင်နေသောမျက်နှာဖြင့် ပုံရိပ်ကလေးတစ်ခုလည်း ရှိနေခဲ့သည်။ ထိုလူမှာ ကျိယိုယန်ဘဲဖြစ်သည်။

ဤအချိန်တွင် သူမဟာ သစ္စာခံဆေးလုံးကို ယခုမှသောက်ထားတာဖြစ်ပြီး အကျိုးသက်ရောက်မှုများမှာ မပြင်းထန်သေးပေ။ ထို့အတွက်ကြောင့် သူမဟာဝမ်ဖုန်းကို ပုလ္လင်ပေါ်မှ ဆွဲချပြီး သူမကိုယ်တိုင် ဂိုဏ်းချုပ်ဖြစ်လိုခဲ့သည်။ သို့ပါသော်လည်း လီပိုင်နှင့် စုန့်ချယ်တို့၏ ထိတ်လန့်ခြောက်ခြားဖွယ်ရာ တိုက်ပွဲဝင်စွမ်းအားများကို တွေ့မြင်လိုက်ရသည့်အခါ သူမ၏ ခန္ဓာကိုယ်လေးတစ်ခုလုံးသည် ထိန်းချုပ်မရတုန်ယင်သွားခဲ့သည်။ ဒီလိုဂိုဏ်းမျိုးကို သူမအုပ်စိုးန်ိုင်ပါ့မလား။

သူမ၏ ယခင်အတိတ်ဘဝတွင် ဆိုလျှင်တောင် တာအိုနတ်ဘုရားတစ်ပါးကို ရင်ဆိုင်တိုက်ခိုက်ရဲခြင်းမရှိပေ။ စုန့်ချယ်ကတော့ တိုက်ခိုက်ရဲခြင်းရှိရုံသာမက တာအိုနတ်ဘုရားတစ်ပါးကိုတောင် အနိုင်ယူခဲ့လေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ မူလဇာစ်မြစ်က ဘာများလဲ။

ဤအချိန်တွင် ကျိယိုယန်၏ နှလုံးသားအတွင်းရှိ မောက်မာမှုများအားလုံးပျက်စီးသွားခဲ့ပြီဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ထူးခြားဆန်းကြယ်သော မူလဇစ်မြစ်နှင့် ခွန်အားဖြင့်ဆိုပါက သူမ၏ယခင် ပုံရိပ်မှာရော အဘယ်မှာအသုံးဝင်မည်နည်း။ ကျိယိုယန်၏ နှလုံးသားတုန်လှုပ်နေသည့်အချိန်မှာပဲ သစ္စာခံဆေးလုံးသည် အခွင်းကောင်းယူ၍ သူမ၏ နှလုံးအိမ်အတွင်း၌ မျိုးစေ့ချလိုက်သည်။ ကျိယိုယန်သည် ခေါင်းမော့လိုက်ပြီး လေထုအတွင်း လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တက်ရပ်နေသော ဝမ်ဖုန်းကို စေ့စေ့စိုက်ကြည့်လိုက်သည်။ ဒီလိုခန့်မှန်းမရတဲ့ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို ဦးဆောင်နေခဲ့တာ ဂိုဏ်းချုပ်က ဘယ်လိုတည်ရှိမှုကြီးများလဲ။ သူမဟာ ထိုကဲ့သို့မတွေးတောဘဲ မနေနိုင်တော့ပါပေ။

ဂိုဏ်းအကြီးအကဲများကတောင် အလွန်အမင်းအစွမ်းထက်နေပြီဖြစ်ရာ ငယ်ရွယ်သော ဂိုဏ်းချုပ်ကရော မည်မျှထိ စွမ်းအားကြီးလိုက်မည်နည်း။

ဂိုဏ်းချုပ်ဟာ အလွန်အမင်းစွမ်းအားကြီးလှတာကြောင့် ကမ္ဘာပေါ်ရှိ စွမ်းအားရှင်များကို ပုရွက်ဆိတ်တွေလို သဘောထားတာလည်း ဖြစ်နိုင်ပေသည်။ ထို့အတွက်ကြောင့်သာ သန်မာသော ပုဂ္ဂိုလ်များရောက်လာတာတောင် ဂိုဏ်းချုပ်မှာ တည်ငြိမ်နေသေးတာဖြစ်သည်။ ဤသည်မှာ အဆုံးမစမဲ့သော ယုံကြည်မှုစွမ်းအားကြောင့်ဖြစ်သည်။

ကျိယိုယန်ကိုယ်တိုင်တောင် သတိမပြုမိလိုက်ဘဲ ဝမ်ဖုန်းကိုဆွဲချပြီး ဂိုဏ်းချုပ်ဖြစ်လိုသော သူမ၏ဆန္ဒသည် တစ်စတစ်စအားနည်းလာခဲ့ရသည်။

သူမကိုယ်တိုင်တောင်မှ ခန့်မှန်းမရသော ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားဖြစ်ရတာ မဆိုးဘူးဟု တွေးထင်လိုက်မိသည်။

ငါပိုင်တဲ့အရာကို ဘယ်သူကမှ လုမယူစေရဘူး။ ကောင်းကင်ဘုံခရီးနှင်ခြင်းမင်းဆက်ကို ပြန်ယူပြီး ဂိုဏ်းချုပ်ကို အပ်နှံရမယ်။

ကျိယိုယန်သည်ကောင်းကင်ယံရှိ ဝမ်ဖုန်းနှင့် အခြားသောသူများ၏ ပုံရိပ်များကို စေ့စေ့စိုက်ကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။ မူလက သူမသည် ပြန်လည်ဝင်စားခြင်း၏ ကပ်ဘေးကိုဖြတ်ကျော်ရန် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းကို ဝင်ရောက်လိုခဲ့ခြင်းသာဖြစ်သည်။ ဒီလိုအဖြစ်အပျက်များ ရင်ဆိုင်ကြုံတွေ့ရမည်ဟု ဘယ်သူကများ တွေးထင်ထားမည်နည်း။

All Chapters