← Chapters

အရှက်ရခြင်း

Vol. 20 Ch. 270

အရှက်ရခြင်း

Vol. 20 Ch. 270

ရှောင်းမိသားစု၏ အဓိကခန်းမကြီးထဲတွင် ရှောင်းချန်တောက်သည် အဓိကထိုင်ခုံပေါ်၌ မဲမှောင်နေသောအမူအရာဖြင့် ထိုင်နေခဲ့သည်။ အနီးကပ်စိုက်ကြည့်ပါက သူ့မျက်လုံးများအတွင်း၌ အကြောက်တရားများကို တွေ့မြင်ရမည်ဖြစ်သည်။

ဒါ့အ​ပြင် မြောက်များစွာသော ရှောင်းမျိုးနွယ်စု၏ အကြီးအကဲများကလည်း ထိတ်လန့်နေကြသည်။ ရှောင်းမျိုးနွယ်စုဆီသို့ ကပ်ဘေးကြီးရောက်ရှိလာတော့မည်ဖြစ်သည်။ သူတို့၏ခွန်အားအရ ရှန်ရှန့်ကျုံဂိုဏ်းကို လုံးဝတားဆီးနိုင်မှာမဟုတ်ပေ။

ရှောင်းမျိုးနွယ်စုတွင် နက်ရှိုင်းသော အမွေအနှစ်များနှင့် ရှည်ကြာသောသမိုင်းကြောင်းရှိပြီး ဖျက်စီးရန်မလွယ်ကူသော်လည်း ရှောင်းမျိုးနွယ်စု၏ အကာအကွယ်အစီအရင်က ကြယ်တစ်ပွင့်တာအိုနတ်ဘုရားအဆင့်နှင့်သာ တူညီပေသည်။ ၎င်းမှာ ရှန်ရှန့်ကျုံဂိုဏ်းကို လုံးဝရပ်တန့်နိိုင်မှာမဟုတ်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းရောက်ရှိလာသည့်အခါ ရှောင်းမျိုးနွယ်စုအားလုံး သေကြေကြရမည်သာဖြစ်သည်။

"ဆွေးနွေးကြရအောင်... ရောက်လာတော့မယ့်ကပ်ဘေးကြီးကို ငါတို့ဘယ်လိုရင်ဆိုင်ကြမလဲ" ရှောင်းချန်တောက်သည် အောက်ဖက်ရှိ မျိုးနွယ်စုအကြီးအကဲများကို ဝေ့ဝဲကြည့်လိုက်ပြီး တည်ကြည်စွာပြောဆိုလိုက်သည်။

ဒေါသနှင့်အကြောက်တရားများက ဘယ်အရာကိုမှ ဖြေရှင်းနိိုင်မှာမဟုတ်ပေ။ ယခုအချိန်က ခေါင်းအေးအေးထား၍ စဥ်းစားရမည့်အချိန်သာဖြစ်သည်။ သို့ပါသော်လည်း ရှောင်းချန်တောက်၏ စကားဆုံးသွားသည့်အခါ ရှိနေကြသော ရှောင်းမျိုးနွယ်စုအကြီးအကဲများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် သူတို့ဘာများပြုလုပ်နိုင်ဦးမည်နည်း။ သူတို့ထွက်ပြေးချင်လျှင်တောင်မှ လုံးဝထွက်မပြေးနိုင်ကြပေ။ ထျန်းလန်အလယ်ပိုင်းဒေသဟာ ကြီးမားသော်လည်း တာအိုနတ်ဘုရားအဆင့်စွမ်းအားရှင်များအတွက်ကတော့ ကျဥ်းမြောင်းနေသေးသည်။ သူတို့အဘယ်မှာလျှင်လွတ်မြောက်နိုင်မည်နည်း။

ရှောင်းချန်တောက်၏မျက်နှာက ပို၍ပို၍ မဲမှောင်လာခဲ့သည်။ သူကအကြီးအကဲများကိုလည်း အ​ပြစ်တင်၍မရနိုင်ကြောင်း သိထားခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ထိတ်လန့်ဖွယ်ခွန်အားနှင့် ရင်တိုင်လိုက်ရသည့်အခါ သူ၏ရှောင်းမျိုးနွယ်စုမှာ စွမ်းအားမဲ့သွားခဲ့ရသည်။

သူတို့သည် အခြားသော ရှေးဟောင်းမျိုးနွယ်စုကြီးများမှ အကူအညီရယူလိုက်သော်လည်း ဘယ်မျိုးနွယ်စုကမှ သူတို့ကိုမကူညီချင်ကြပေ။ သူတို့ဟာ တတ်စွမ်းသမျှ အကောင်းဆုံးကြိုးစားခဲ့ပြီးကြပြီဖြစ်သည်။ သူတို့ ဘာလို့များ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စခဲ့မိရပါလိမ့်။

"မျိုးနွယ်စုခေါင်းဆောင်... တလောကလျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက် ရောက်လာသေးတယ်မဟုတ်လား....ကျွန်တော်တို့သူ့ကို ဆက်သွယ်ကြည့်ကြရအောင်လား" ဒီအချိန်မှာပဲ အကြီးအကဲရှောင်းချန်၏ မျက်လုံးများကရုတ်တရက် ဝင်းလက်သွားပြီး စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်။

"အမ်..."

ရှောင်းချန်၏စကားများကို ကြားလိုက်ရသည့်အခါ ရှောင်းချန်တောက်၏ အမူအရာကပြောင်းလဲသွားခဲ့သည်။ သို့ပါသော်လည်း နောက်တစ်ခဏအကြာတွင် သု့မျက်လုံးများအတွင်းရှိ အဘင်းတန်းမှာ မှေးမှိန်သွားပြီး သက်ပြင်းချကာပြောဆိုလိုက်သည်။ "အခု.. ငါတို့ရှောင်းမိသားစုက လမ်းဆုံးကိုရောက်နေပြီ။ အဲ့ဒိလူကလည်း ဘယ်လိုလုပ်ကူညီနိုင်မှာလဲ"

သိပ်မကြာသေးခင်က လျှို့ဝှက်ဆန်းကြယ်သောလူတစ်ယောက် ရှောင်းမိသားစုကို ရောက်လာခဲ့ပြီး ရှောင်းချန်တောက်နဲ့ ရှောင်းမိသားစုကို အညံံ့ခံရန် စည်းရုံးခဲ့လေသည်။သို့​ပါသော်လည်း ထိုအချိန်တွင် ရှောင်းမိသားစုက အထွတ်အထိပ်အခြေအနေတွင်သာ ရှိနေပြီး မည်သည့်အခက်အခဲကိုမှ တွေ့ကြုံရခြင်းမရှိသေးပေ။ ထို့အတွက်ကြောင့် မာနကြီးသည့် ရှောင်းချန်တောက်အနေဖြင့် ထိုတောင်းဆိုချက်ကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။

မျှော့်လင့်မထားစွာဖြင့် ရှောင်းမိသားစုသည် ရက်အနည်းငယ်ကာလအတွင်းတွင် ထျန်းလန်အလယ်ပိုင်းဒေသရှိ ထိပ်တန်းမိသားစုဝင်များစာရင်းမှ ပြုတ်ကျသွားခဲ့သည်။ ကံတရားဟာ တကယ့်ကိုနောက်ပြောင် ကျီစယ်လွန်းလှပေသည်။

"မျိုးနွယ်စုခေါင်းဆောင် အခုကျုပ်တို့ရှောင်းမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းကိုလုံးဝကို မခုခံနိုင်ဘူး... အဲ့ဒါက နောက်ဆုံးသော မျှော်လင့်ချက်ပဲလေ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာကောင်းပါလိမ့်မယ်" ရှောင်းချန်က အလျှင်အမြန်ပြောဆိုလိုက်သည်။

"ဟုတ်တယ်.. မျိုးနွယ်စုခေါင်းဆောင် ဘာဖြစ်လို့ကြိုးစားမကြည့်ရမှာလဲ အခြေအနေက ဘယ်လောက်ဘဲဆိုးဆိုး အခုထက်တော့ ပိုပြီးဆိုးမလာနိုင်တော့ပါဘူး"

ရှောင်းချန်၏စကားဆုံးသွားသည့်အခါ ရှောင်းမျိုးနွယ်စုမှ အကြီးအကဲများစွာသည် ထပ်လောင်းပြောဆိုခဲ့ကြသည်။ ဖြစ်နိုင်ပါက ဘယ်သူကများ သေချင်အံ့နည်း?

"ကောင်းပြီ... ဒီခေါင်းဆောင်ကြိုးစားကြည့်မယ်"

ရှောင်းချန်တောက်က အံကိုတင်းတင်းကြိတ်လျက် ပြောဆိုလိုက်သည်။ ထိုသို့ပြောလိုက်ပြီးနောက် ရှောင်းချန်တောင်က သူ၏လက်ဖဝါးကို ဖြန့်လိုက်သည့်အခါ ပိန်းပိတ်အောင် မှောင်မဲနေသော အနက်ရောင်တံဆိက်ပြားလေးတစ်ခု သူ့လက်ဖဝါးအတွင်း၌ ဖြစ်ပေါ်လာခဲ့လေသည်။ သူဟာ ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သောလူကို ငြင်းပယ်ခဲ့သော်လည်း ထိုလူကတော့ သူနှင့်ဆက်သွယ်နိုင်မည့် တံဆိပ်ပြားလေးတစ်ခုကို ချန်ရစ်ခဲ့သေးသည်။

အဆိုပါတံဆိပ်ပြားလေးကို ရက်အနည်းငယ်အတွင်း အသုံးပြုရလိမ့်မည်ဟု ရှောင်းချန်တောက်တစ်ယောက် ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပေ။ ဒါတွေအားလုံးက ရှန်ရှန့်ကျုံဂိုဏ်းကြောင့်ပဲ!

ဖြစ်နိုင်ပါက ရှောင်းချန်တောက်သည် ရှန်ရှန့်ကျုံဂိုဏ်းကို အပိိုင်းပိုင်းအစအစဖြတ်တောက်ပစ်ချင်နေသည်။

ရှောင်းချန်တောက်၏လက်က အနက်ရောင်တံဆိပ်ပြားလေးကို ဖျစ်ညစ်လိုက်ပြီး သူ၏မျက်လုံးများမှာ နီရဲနေပေသည်။ သူ့မျက်လုံးများအတွင်းပိုင်း၌ အဆုံးအစမဲ့သော အမုန်းတရားများ တောက်လောင်နေခဲ့လေသည်။

နောက်တင်္ဒဂအကြာတွင် ရှောင်းချန်တောက်သည် ဆန်းကြယ်သောချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး သူ့လက်ထဲရှိအနက်ရောင် တံဆိပ်ပြားလေးအတွင်းသို့ သွတ်သွင်းလိုက်သည်။ တံဆိပ်ပြားလေးဟာ ချက်ချင်းဘဲ တုန်ခါလာခဲ့ပြီး အနက်ရောင်စွမ်းအင်များကို ထုတ်လွှတ်ပေးလိုက်လေသည်။

ရှောင်းချန်နှင့် ရှောင်းမျိုးနွယ်စုအကြီးအကဲများအားလုံးသည် အနက်ရောင်တံဆိပ်ပြားလေးကို မျှော်လင့်ချက်မျက်ဝန်များဖြင့် စူးစိုက်ကြည့်နေမိလိုက်ကြသည်။ သူတို့ကကယ်တင်ရှင်တစ်ယောက် ရောက်လာပြီး ရှောင်းမျိုးနွယ်စုကို လာရောက်ကယ်တင်ရန် မျှော်လင့်နေကြပေသည်။

"ဟမ်..."

ရုတ်တရက်ဆိုသလိုဘဲ အနက်ရောင်တံဆိပ်ပြားလေးအတွင်းမှ ခပ်ဖွဖွအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းနောက်ခန်းမကြီးတစ်ခုလုံး ထိန်းချုပ်မရတုန်ခါလာခဲ့လေသည်။ ရှောင်းချန်တောက်နှင့် အခြာားသောသူများ၏ မျက်လုံးများအောက်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"မျိုးနွယ်စုခေါင်းဆောင်ရှောင်း... ဒီအရှင်သခင်ကို ဘာလို့ရှာဖွေနေရတာလဲ"

ပုံရိပ်ယောင်ထွက်ပေါ်လာသည့်နှင့်တစ်ပြိုင်နက် လူအိုကြီးတစ်ယောက်၏ လှောင်ပြောင်ရယ်မောသံကလည်း တစ်ဆက်တည်းထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းသာဒီနေရာတွင် ရှိနေပါက အဆိုပါ လူအိုကြီးမှာ လင်းယွင်ယွမ်ကျဲဖြစ်ကြောင်းကို ကျိန်းသေသိရှိသွားမှာဖြစ်သည်။

"အရှင်....အရှင်လည်း လက်ရှိရှောင်းမျိုးနွယ်စုရဲ့ အခြေအနေကို သိထားမှာပေါ့. ယခင်က သဘောတူညီချက်တွေက အကျုံးဝင်သေးရဲ့လား" ရှောင်းချန်တောက်သည် ပုံရိပ်ယောင်ကို လှမ်းကြည့်ကာ ကျယ်လောင်စွာမေးမြန်းလိုက်သည်။

ရှောင်းချန်တောက်၏ စကားကိုကြားလိုက်ရသည့်အခါ လူတိုင်းလူတိုင်းကလည်း ပုံရိပ်ယောင်ကို ဂရုတစိုက် စိုက်ကြည့်လိုက်ကြသည်။ သူတို့ဟာ သတင်းဆိုးကြားရမှာကို ထိတ်လန့်တုန်လှုပ်နေမိကြသည်။

"ဒီအရှင်သခင်က ရှောင်းမျိုးနွယ်စုရဲ့ လတ်တလောအခြေအနေကို သိထားပါတယ်လေ ၊ အဲ့ဒါက ရှန်ရှန့်ကျုံဂိုဏ်းလေးပဲမဟုတ်လား... ဒီအရှင်သခင် ကိုင်တွယ်နိုင်ပါတယ်... ဒါပေမယ့် မင်းတို့ရှောင်းမျိုးနွယ်စုက လူအားလုံး စိတ်ဝိညာဥ်သွေးစက်ကို ပေးပြီး ဒီအရှင်သခင်ကို အကြွင်းမဲ့သစ္စာခံရမယ်"

လင်းယွင်ယွမ်ကျဲပုံရိပ်ယောင်၏ မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူဟာ အပြုံးမမည်သော အပြုံးတစ်ပွင့်ကို ပြုံးလျက် ပြောဆိုလိုက်လေသည်။

သိပ်မကြာသေးခင်က သူသည် ရှန်ရှန့်ကျုံဂိုဏ်းက ကြယ်နှစ်ပွင့်တာအိုနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းကြားခဲ့ရသည်။ လင်းယွင်ယွမ်ကျဲတစ်ယောက် အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူဟာ တွေးဆမရရှိနေခဲ့သည်။ သူအရင်က အလွယ်တကူ ဖျက်စီးနိုင်ခဲ့တဲ့ ဂိုဏ်းသေးသေးလေးက ဒီလိုအခြေအနေထိအောင် ဘယ်လိုလုပ် မြင့်တက်လာခဲ့တာလဲ။

သူကိုယ်တိုင်ကတောင်မှ တာအိုအင်မော်တယ်အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ လင်းယွင်ယွမ်ကျဲဟာ ထိုအချိန်က ရှန်ရှန့်ကျုံဂိုဏ်းကို လက်ဝါးတစ်ချက်ဖြင့် မဖျက်စီးခဲ့သည့်အတွက် နောင်တရနေမိသည်။ သို့ပါသော်လည်း ဂိုဏ်းတူအကိုကြီးတချို့၏ အကူအညီကို ရရှိလိုက်ပြီးနောက် လင်းယွင်ယွမ်ကျဲသည် ရှန်ရှန့်ကျုံဂိုဏ်းကို မျက်လုံးထဲတောင် ထည့်မထားတော့ပါပေ။ သူဟာ တစ်ချိန်ချိန်မှာ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးဖို့တောင် စီစဥ်ထားပေသည်။ သို့ပါသော်လည်း သူဟာ သူ့လက်အောက်မှ တပည့်များ၏ သတင်းကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်းကို ယခုချက်ခြင်း ဖျက်စီးသည်ဖြစ်စေ၊ နောက်မှဖျက်စီးသည်ဖြစ်စေ ၎င်းတို့နှစ်ခုဟာ အဓိပ္ပါယ်အတူတူပဲဖြစ်လေသည်။ ယခုအချိန်မှာတော့ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးရင်း ရှောင်းမိသားစုကိုပါ လက်အတွင်းသို့ ခေါ်ဆောင်နိုင်မည်ဖြစ်ရာ ၎င်းမှာကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်လေသည်။

လင်းယွင်ယွမ်ကျဲ၏ စကားဆုံးသွားသည့်အခါ ရှောင်းမိသားစု ခန်းမကြီးတစ်ခုလုံးသည် တစ်ခဏကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ရှောင်းချန်တောက်နှင့် ရှောင်းမိသားစုအကြီးအကဲများအားလုံး၏ အမူအရာများက အရုပ်ဆိုးအကျည်းတန်သွားကြသည်။

သူတို့ကို အရှုံးပေးခိုင်းပါက သူ့တို့ဟာ အံကိုတင်းတင်းကြိတ်ရင်း အရှုံးပေးလိုက်မှာဖြစ်သည်။ သို့ပါသော်လည်း စိတ်ဝိညာဥ်သွေးစက်ကို ပေးအပ်ခြင်းက သူတို့၏ အသက်များကို ပေးအပ်ခြင်းနှင့် တူညီနေပေသည်။ ထိုအချိန်မှစ၍ သူတို့ဟာ မိမိအသက်ကို ပိုင်ဆ်ိုင်တော့မှာမဟုတ်ပါပေ။

တစ်ချိန်တစ်ခါက ရှေးဟောင်းမျိုးနွယ်စုကြီး၏ ခေါင်းဆောင်နှင့်အကြီးအကဲများဖြစ်ခဲ့ဖူးသော သူတို့အတွက်တော့ ဒီကိစ္စကို ဘယ်မှာသည်းခံနိုင်မည်နည်း။ မသည်းခံနိုင်ဘူးဆိုလျှင်လည်း ရှန်ရှန့်ကျုံဂိုဏ်းရောက်လာသည့်အခါ သူတို့အားလုံး သေကြရမှာဖြစ်သည်။

"ငါ့မှာ.. မင်းတို့ကိုအေးအေးဆေးဆေး စဥ်းစားခိုင်းဖို့အချိန်မရှိဘူး... လုပ်မလား ၊ မလုပ်ဘူးလားဆိုတာပဲပြော" လင်းယွင်ယွမ်ကျဲသည် ရှောင်းချန်တောက်နှင့် အခြားသူများကို ဝေ့ဝဲကြည့်ပြီး တည်ကြည်စွာပြောဆိုလိုက်သည်။

ယခင်ရှောင်းမျိုးနွယ်စုဆိုပါက သူဟာယဥ်ကျေးစွာ ပြောဆိုပြုမူဦးမှာ ဖြစ်သည်။ သို့ပါသော်လည်း လက်ရှိရှောင်းမျိုးနွယ်စုကတော့ သူ့ကို ယဥ်ကျေးစွာပြောဆိုအောင် လုပ်နိုင်စွမ်းမရှိတော့ပေ။

"ဒီအရှင်သခင်က လွဲလို့ ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးမှာ မင်းတို့ရှောင်းမိသားစုကို ကယ်တင်ဆောင်မနိုင်တဲ့ ပုဂ္ဂိုလ်မရှိတော့ဘူး..."

လင်းယွင်ယွမ်ကျဲ၏ စကားများသည် ရှောင်းမျိုးနွယ်စု၏ နောက်ဆုံးသောခံစစ်ကြီးကို ဖြိုဖျက်လိုက်လေသည်။ ရှောင်းချန်တောက်နှင့်အခြားသူများဟာ လုံးဝကို ​ကြေကွဲဝမ်းနည်းသွားကြသည်။ သူတို့သာ ရှောင်းမိသားစုနှင့် သူတို့၏ ကိုယ်ပိုင်အသက်များကို ကယ်တင်ချင်ပါက ဒီလျှို့ဝှက်ဆန်းကြယ်သောလူ တောင်းဆိုသမျှကို ပေးအပ်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။

"ငါရှောင်းချန်တောက်... လက်ခံတယ်" ရှောင်ချန်တောက်သည် အံကိုတင်းတင်းကြိတ်ကာပြောဆိုလိုက်သည်။ သူ၏စကားဆုံးသွားသည့်အခါ သူဟာ ဆယ်စုနှစ်ပေါင်းများစွာ ပိုမိုအိုစာသွားသကဲ့သို့ ဖြစ်ပျက်သွားခဲ့သည်။ အခုအချိန်မှစ၍ သူကရှောင်းမျိုးနွယ်စု၏ ခေါင်းဆောင်မဟုတ်တော့ဘဲ တစ်စုံ တစ်ယောက်၏ အစေခံသာဖြစ်ပေတော့သည်။

အောက်ဖက်ရှိရှောင်းမျိုးနွယ်စုအကြီးအကဲများအားလုံးကလည်း တစ်ချိန်တည်းမှာ.စိတ်သက်သာရာရသွားသကဲ့သို့ ရှုတ်ထွေးသော စိတ်ခံစားမှုများကိုလည်း တစ်ပြိုင်တည်းခံစားလိုက်ရလေသည်။

"ငါတို့ ရှောင်းမျိုးနွယ်စုတစ်ခုလုံးက စိတ်ဝိညာဥ်သွေးစက်ကို ပေးအပ်နိုင်ပါတယ်... ဒါပေမယ့်လည်း အရှင်က ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ် ၊ အခုချိန်ကစပြီး ငါတို့ရှောင်းမျိုးနွယ်စုက သင့်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါပါ့မယ်"

ရှောင်းချန်တောက်သည် စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး လင်းယွင်ယွမ်ကျဲကို မော်ကြည့်ကာ ပြောဆိုလိုက်သည်။

လူတစ်ယောက်ဟာ အမုန်းတရားများ ၊ ဒေါသတရားများ၏ ဝါးမြိုခြင်းကိုခံနေရမည်ဆိုပါက ထိုသူဟာ ဘာမဆိုပြုလုပ်တော့မှာဖြစ်သည်။

"ဒီရန်ကြွေးကို မင်းတို့ရှောင်းမိသားစုကိုယ်တိုင် ချေဖျက်ရမယ်... ဒီအရှင်သခင်က မင်းတို့ရှောင်းမိသားစုကို ကူညီပေးဖို့ ဂိုဏ်းတူအကိုကြီးတစ်ချို့ကို စေလွှတ်ပေးမယ် ၊ မင်းတို့ဘာသာ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးပစ်လိုက်ပါလေ"

"ငါ့ဂိုဏ်းတူအကိုကြီးနှစ်ယောက်ထဲက ဘယ်သူမဆို လက်ဖဝါးတစ်ချက်နဲ့ မင်းတို့ရှောင်းမိသားစုတစ်ခုလုံးကို ဖျက်စီးပစ်လိုက်နိုင်တယ်"

လင်းယွင်ယွမ်ကျဲသည် အောက်ဖက်ရှိ ရှောင်းချန်တောက်နဲ့ အခြားသူများကို ငုံ့ကြည့်ပြီးမောက်မာစွာပြောဆိုလိုက်သည်။

လက်ရှိတွင် သူနှင့်ဂိုဏ်းတူအကိုကြီးတစ်ယောက်သည် ချီလုံမျိုးနွယ်စုနဲ့ ဆွေးနွေးညှိနှိုင်းနေ၍သာမဟုတ်ပါက လင်းယွင်ယွမ်ကျဲသည် ရှန်ရှန့်ကျုံဂိုဏ်းကို ကိုယ်တိုင်သွား၍ ဘာလျှို့ဝှက်ချက်များရှိသလဲဆိုတာကို ကြည့်ချင်မိသည်။ အချိန်တိုလေးအတွင်းမှာ ဂိုဏ်းသေးသေးလေးတစ်ဂိုဏ်းက ဘယ်အကြောင်းကြောင့်များ ဒီလောက်ထိကြောက်မက်ဖွယ်ကောင်းလာရသနည်း။

All Chapters