← Chapters

ကြောက်ရွံ့ခြင်းကင်းမဲ့သော

Vol. 20 Ch. 272

ကြောက်ရွံ့ခြင်းကင်းမဲ့သော

Vol. 20 Ch. 272

ထျန်းလန်အလယ်ပိုင်းဒေသ ရှောင်းမျိုးနွယ်စုတွင်ဖြစ်သည်။

ရှောင်းမျိုးနွယ်စုခေါင်းဆောင် ရှောင်းချန်တောက်နှင့်အကြီးအကဲများသည် တောင်ထိပ်ဖျားတွင် ရပ်နေကြလျက် အဝေးရှိတောင်များအတွင်း ပုန်းကွယ်နေကြသော ရှေးဟောင်းစွမ်းအားမြင့်ကျင့်ကြံသူများကိုကြည့်နေခဲ့သည်။ သူတို့၏မျက်နှာထက်တွင် လှောင်ရယ်ဟန်များ ထင်ဟပ်နေခဲ့သည်။

“ဒီလူတွေအကုန်လုံးက ရှောင်းမျိုးနွယ်စုရဲ့ ဟာသပြက်လုံးတစ်ခုလို ဖြစ်သွားမယ့်ပုံစံကို မြင်ချင်‌နေကြတာပဲ။ လင်းယွင်ရဲ့ဂိုဏ်းတူအစ်ကိုနှစ်ယောက် ရောက်လာရင် သူတို့တွေ ငါတို့ကို အခုလိုလှောင်ရယ်နိုင်ကြပါဦးမလား?”

ရှောင်းချန်တောက်မှ ‌အထင်‌မြင်သေးစွာပြော၏။ သူ၏မျက်လုံးများမှာ ကောက်ကျစ်မှုတို့ ထင်ဟပ်နေခဲ့သည်။

ရှောင်းချန်တောက်၏စကားအဆုံးတွင် နေရာရှိအကြီးအကဲများသည်လည်း လှောင်ရယ်လာကြ၏။ ယခုတွင် ထိုလူကြီးမင်းနှစ်ဦးမှ တာဝန်ယူထားလျက်ရှိရာ ရှန်ရှန့်ကျုံဂိုဏ်းလေးသည် အဘယ်သို့များ ရှောင်းမျိုးနွယ်စုကို တိုက်ခိုက်နိုင်ပါမည်နည်း။

“ငါအခုခချိန် လုပ်ဆောင်နိုင်စွမ်းမရှိတာ နှမြောစရာပဲ။ မဟုတ်ရင် အဲဒီ့လူကြီးမင်းနှစ်ဦးရဲ့ အကူအညီနဲ့ အပျော်ရှာပွဲကြည့်ဖို့လာကြတဲ့ အဲဒီ့လူတွေအကုန်လုံးကို သေချာပေါက် တန်ကြေးပြန်ပေးဆပ်ရစေမှာ!”

ရှောင်းမျိုးနွယ်စုအကြီးအကဲ ရှောင်းချန်မှ အေးစက်စွာပြော၏။

“အရှင်သခင်ရဲ့ရည်ရွယ်ချက်က သေးငယ်တဲ့အရာမဟုတ်ဘူး။ အဲဒီ့ရှေးဟောင်းအင်အားစုတွေလည်း နောက်ဆုံးမှာ တန်ကြေးပေးဆပ်ရမှာပါ။ ငါတို့က အရှင်သခင်ရဲ့ခြေလှမ်းအတိုင်း လိုက်နာဖို့ပဲလိုတယ်”

ရှောင်းချန်တောက်မှ လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ၏မျက်လုံးများမှာ လေးနက်မှုတို့ထင်ဟပ်‌ေနလျက် တည်ကြည်လေးနက်စွာဖြင့်ပြောခဲ့သည်။

ဟမ်!

ထိုအခိုက်တွင် ရှောင်းချန်တောက်နှင့်အကြီးအကဲများ၏ ရှေ့ရှိ လေဟာပြင်မှာ တုန်ခါလာခဲ့သည်။ ထို့နောက် ပုံရိပ်နှစ်ခုထွက်ပေါ်လာကြ၏။ ထိုနှစ်ဦးမှာ လင်းယွင်၏ဂိုဏ်းတူအစ်ကိုကြီးနှစ်ဦးဖြစ်ပေသည်။

“လူကြီးမင်းနှစ်ပါးကို ဂါရဝပြုပါတယ်!”

ရှောင်းချန်တောက်နှင့်အကြီးအကဲများသည် ထိတ်လန့်သွားခဲ့ကြပြီး လျစ်လျူမရှုဝံ့စွာ အလျင်အမြန် ဂါရဝပြုကြလေသည်။

သူတို့သည် လီကုန်းနှင့်ချန်ကျီးတို့ကို မြင်တွေ့ဖူးခြင်း မရှိသော်ငြား ကြောက်မက်ဖွယ်တည်ရှိမှုကြီးများနှင့် ရင်ဆိုင်တွေ့နေရသည့်အလား သေစေနိုင်လောက်သော ခြိမ်းခြောက်မှုကြီးကို ခံစားမိနေပေသည်။ သူတို့၏ရှောင်းမျိုးနွယ်စုတွင် ထိုလူကြီးမင်းနှစ်ဦးကဲ့သို့ ကြောက်မက်ဖွယ်သောတည်ရှိမှုမျိုး မရှိပါချေ။

လီကုန်းသည် လက်ကိုဝှေ့ယမ်း၍ ချန်ကျီးနှင့်အတူ အဝေးရှိရှေးဟောင်းကျင့်ကြံသူတို့ကို ကြည့်လိုက်သည်။ သူတို့၏မျက်လုံးများတွင် အထင်သေးခြင်းတို့ သိသာထင်ရှားနေ၏။

လီကုန်းနှင့်ချန်ကျီးတို့၏ ဟန်ပန်အမူအရာကို မြင်တွေ့နေရသည်တွင် ရှောင်းမျိုးနွယ်စုများမှာ သူတို့နှစ်ဦးအား အနှောင့်အယှက် မပြုဝံ့ပါချေ။ သူတို့၏အသက်ရှူသံလေးကပင် ထိုနှစ်ဦးကို နှောင့်ယှက်မိမည် စိုးရွံ့သည့်အလား အသက်အောင့်ထားမိကြ၏။

လက်ရှိကာလ၏ရှောင်းမျိုးနွယ်စုသည် ထျန်းလန်အလယ်ပိုင်းဒေသ၏ ရှေးဟောင်းမျိုးနွယ်စုကြီး မဟုတ်တော့သည်ဖြစ်ရာ အရာအားလုံးကို သတိတကြီးထားရန် လိုအပ်ပေသည်။

“အရှင်သခင် ကျွန်‌ေတာ်တို့ရှောင်းမျိုးနွယ်စုက အရှင်သခင်ကြီးရဲ့အမိန့်တော်ကို နာခံပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်နိုင်သ၍ ကျွန်တော်တို့ရှောင်းမျိုးနွယ်စုက ဘာမဆိုလုပ်ဆောင်နိုင်ပါတယ်”

ရှောင်းချန်တောက်သည် လီကုန်းသို့ ရိုသေကျိုးနွံစွာ အရိုအသေပြုလျက် သတိတကြီးပြောခဲ့သည်။

“ပုရွက်‌ဆိတ်လေးတစ်အုပ်ပါပဲ! လက်တစ်ချက်အဝှေ့မှာ ဖျက်ဆီးပစ်လို့ရတယ်! ထျန်းလန်ရဲ့အတက်အကျအကောင်းအဆိုးကို ဘယ်သူထိန်းချုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့!”

လီကုန်းသည် လက်ကိုဝှေ့ယမ်း၍ တီးတိုးရေရွတ်၏။ အချက်အလက်တစ်ခုကို ရွတ်ဆိုနေသည့်အလား မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပေသည်။

လီကုန်း၏စကားအဆုံးတွင် ရှောင်းချန်တောက်နှင့်အကြီးအကဲများမှာ ပို၍ထိတ်လန့်ကြောက်ရွံ့ကုန်ကြ၏။ ထျန်းလန်အလယ်ပိုင်းဒေသ၏‌ မြောက်များစွာသော ရှေးဟောင်းအင်အားစုများထဲတွင် မည်သူကများ ထိုသို့‌အထက်စီးဆန်လှစွာသောစကားတို့ကို ပြောဆိုဝံ့ပါမည်နည်း။ ရှေးဟောင်းအမတမျိုးနွယ်စုကြီး၅စုသည်ပင် ထိုသို့သောစကားတို့ကို မပြောဝံ့လောက်ပါချေ။

ဘုန်း!

“ရှောင်းမျိုးနွယ်စု ထွက်လာပြီးသေလိုက်တော့!”

ထိုအခိုက်တွင် အဝေးရှိလေဟာပြင်မှ ကြောက်မက်ဖွယ်သောစွမ်းအင်ကြီးသည် လောကတစ်ခွင်အား ဖရိုဖရဲဖြစ်စေရင်းဖြင့် ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်နှင့်အတူ ခေါင်းလောင်းသံမြည်ဟီးသကဲ့သို့ အသံကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။

“အမြန်လာကြ! ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားမြင့်ကျင့်ကြံသူ ရောက်နေပြီ!”

ထိုအသံထွက်ပေါ်လာသည်တွင် အဝေးရှိ ပွဲကြည့်ရန်ရောက်လာကြသည့် ကျငိ့ကြံသူများသည် စိတ်လှုပ်ရှားတက်ကြွလာကြကာ မျက်လုံးအစုံတို့မှာ တိမ်တိုက်မည်းကြီးအား မလွတ်တမ်းကြည့်နေခဲ့ကြသည်။

ရှောင်းချန်တောက်နှင့်အကြီးအကဲများသည် ထိုအသံကိုကြားရသည်တွင် တစ်ပြိုင်နက်တည်း မှုန်မှိုင်းသွားကြ၏။ ထို့အတူ လေဟာပြင်ထက်တွင်ရပ်နေသည့် ဝမ်ဖုန်းနှင့်အကြီးအကဲများကိုကြည့်နေသည့် မျက်လုံးများတွင် လှောင်ရယ်ဟန်တို့လည်း ထင်ဟပ်နေခဲ့သည်။

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ရပ်နေခဲ့ပြီး ရှီပိုထျန်းနှင့်စုန့်ချယ်တို့သည် ဝမ်ဖုန်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။ ကျန်းစန်ဖုန်းနှင့်အခြားအကြီးအကဲများသည် နောက်ဘက်တွင် ရပ်နေကြ၏။ သူတို့ထံမှ ခမ်းနားထည်ဝါလှစွာသောစွမ်းအင်များသည် ‌မုန်တိုင်းထန်သည့်ပင်လယ်ပြင်အလား ရှောင်းမျိုးနွယ်စုတည်ရှိရာ တောင်ထိပ်သို့ ဦးတည်သွားခဲ့ရာ ရှောင်းမျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထိုအခိုက်အတန့်တွင် လာရောက်ပွဲကြည့်သူများသည်လည်း မထိန်းချုပ်နိုင်စွာ တုန်လှုပ်မိကြပေသည်။

“အဲဒီ့မလောက်လေးမလောက်စားကောင်တွေက ဘယ်ကနေရောက်လာတယ်မသိဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ရှောင်းမျိုးနွယ်စုကို ရဲတင်းလွန်းပြီး ပြဿနာလာရှာရဲမှတော့ ‌သူတို့ရဲ့သေခြင်းရှင်ခြင်းကို အာမခံမပေးနိုင်ဘူးပဲ!”

ရှောင်းချန်တောက်သည် လီကုန်းတို့နှစ်ဦးကို မချင့်မရဲကြည့်လိုက်၏။ ထိုနှစ်ဦးမှာ စိုးစဉ်းသော်မျှ မလှုပ်မယှက်ရှိနေပေသည်။ သို့ဖြစ်ရာ ရှောင်းချန်တောက်သည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဝမ်ဖုန်းတို့၏ရှေ့သို့သွား၍ ရိုင်းပျစွာအော်ဟစ်ကြိမ်းမောင်းပြောဆိုလေသည်။

ထိုအခိုက်အတန့်တွင် ‌ရှောင်းချန်တောက်သည် ကြောက်ရွံ့ခြင်းကင်းမဲ့၍ အလွန်အမင်း စိတ်ကြီးဝင်လျက်ရှိ၏။ ထိုအပြုအမူသည် ဝမ်ဖုန်းတို့ကို အံ့အားသင့်စေရုံမျှမက လာရောက်ကြည့်ရှုသည့် ကျင့်ကြံသူများကိုလည်း အံ့အားသင့်စေခဲ့သည်။

ဝမ်ဖုန်း မျက်မှောင်ကြုတ်၍ ရှောင်းချန်တောက်ကို အကဲခတ်ကြည့်လိုက်သည်။ ဝမ်ဖုန်း သိထားသည်မှာ ရှောင်းမျိုးနွယ်စု၏ တစ်ခုတည်းသောထောက်တိုင်မှာ လီပိုင်မှ သတ်ဖြတ်လိုက်ပြီးဖြစ်သော ယခင်မျိုးဆက်၏ရှောင်းမျိုးနွယ်စုခေါင်းဆောင် ရှောင်းယွင်ဖြစ်သည်။

ယခုတွင် ရှောင်းမျိုးနွယ်စု၏ တစ်ဦးတည်းသော တာ့အိုနတ်ဘုရားဒုတိယကြယ်အဆင့်ဖြစ်သူမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ရှောင်းမျိုးနွယ်စုမှ ဤသိုမောက်မာထောင်လွှားနိုင်ခြင်းမှာ နောက်ကွယ်၌ အကြောင်းရင်းတစ်ခုခု ရှိနေနိုင်ပေသည်။

‌လာရောက်ကြည့်ရှုသူများသည်လည်း ဝမ်ဖုန်းကဲ့သို့ပင် တွေးတောမိကြပါ၏။ သို့သော် များစွာဆင်ခြင်သုံးသပ်မနေပါချေ။ မည်သို့ပင်ဖြစ်စေ ရှောင်းမျိုးနွယ်စု၏ နောက်ကွယ်ရှိယုံကြည်အားထားရာသည် မကြာမီ ထွက်ပေါ်လာလိမ့်မည်သာ မဟုတ်ပါလော။ သူတို့သည် ယခင်ထက်ပို၍ စိတ်လှုပ်ရှားလာခဲ့ပေသည်။

ဒီတိုင်းလေးဖြိုခွင်းဖျက်ဆီးခံလိုက်ရပါလျှင် ကြည့်ရှုရခြင်းမှာ အဘယ်သို့များ စိတ်ဝင်စားဖွယ်ကောင်းနိုင်ပါမည်နည်း။ သာတူညီမျှအင်အားဖြင့် သေခြင်းရှင်ခြင်းကြား ခက်ခဲလှစွာသော လွန်ဆွဲသည့်တိုက်ပွဲဖြစ်မှသာ ကြည့်ရှုရန် စိတ်ဝင်စားဖွယ်ဖြစ်ပေမည်။

အဆုံး၌ ဒုက္ခခံစားရသူမှာ ရှောင်းမျိုးနွယ်စုဖြစ်စေ၊ ရှန်ရှန့်ကျုံဂိုဏ်းဖြစ်စေ သူတို့ရှေးဟောင်းမျိုးနွယ်စုများအတွက် အကျိုးအမြတ်ရှိသည် မဟုတ်ပါလော။ သူတို့အနေဖြင့် အချိန်တစ်ခုအထိ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရှောင်းမျိုးနွယ်စုတို့၏ရန်ကို စိုးရိမ်ပူပန်ရန် မလိုအပ်နိုင်တော့ပေ။

“စနစ် ရှောင်းမျိုးနွယ်စုကို အသေးစိတ်စုံစမ်းစစ်ဆေးပါ”

ဝမ်ဖုန်း မျက်လုံးများမှေးကျဉ်း၍ စိတ်ထဲမှ‌ပြောလိုက်သည်။

“စံုစမ်းစစ်‌ေဆးရန်အတွက် ဂိုဏ်းအမှတ်သုံးသိန်းကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”

“မျိုးနွယ်စုခေါင်းဆောင်‌ရှောင်းချန်တောက်ရဲ့ ဦးဆောင်မှုအောက်မှာ ရှောင်းမျိုးနွယ်စုဟာ လင်းယွင်ယွမ်ကျဲကို အညံ့ခံလိုက်ပါတယ်။ အဲဒါကြောင့် ရှောင်းမျိုးနွယ်စုဟာ ‌လင်းယွက်ယွမ်ကျဲရဲ့နောက်ကွယ်က ဆရာသခင်ရဲ့အထောက်အပံ့ကို ရရှိထားပါတယ်”

“အခု ရှောင်းမျိုးနွယ်စုမှာ လင်းယွင်ယွမ်ကျဲရဲ့ ဂိုဏ်းတူအစ်ကိုနှစ်ယောက်ရှိနေပါတယ်။ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်ဖြစ်တဲ့ ဂိုဏ်းတူအစ်ကို၅ချန်းကျီ၊ တာ့အိုနတ်ဘုရားစတုတ္ထကြယ်အဆင့်ဖြစ်တဲ့ ဂိုဏ်းတူအစ်ကို၄လီကုန်း”

စိတ်တွင်းမှအေးစက်သည့်အသံသည် ဝမ်ဖုန်းကို တုန်ရီသွားစေခဲ့ပြီး မျက်နှာအမူအရာမှာ ကြည့်ရဆိုးလာခဲ့၏။ ရှောင်းမျိုးနွယ်စုမှ ထိုမျှအင်အားကြီးမားသည် အထောက်အပံ့ကြီးရရှိထားမည်ဟု မျှော်လင့်မထားမိပေ။ မောက်မာထောင်လွှားဝံ့နေသည်မှာ အံ့ဩဖွယ်မဟုတ်ပါတော့ချေ။

တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်ကျင့်ကြံသူ၊ တာ့အိုနတ်ဘုရားစတုတ္ထကြယ်အဆင့်ကျင့်ကြံသူ… ထိုမျှအင်အားကို လက်ရှိရှန်ရှန့်ကျုံဂိုဏ်း၏အင်အားဖြင့် ခုခံတိုက်ခိုက်နိုင်မည် မဟုတ်ပေ။ အစောင့်အရှောက်လီပိုင်သော်မှ ထိုကြောက်မက်ဖွယ်အင်အားကြီးနှစ်ခုကို ဟန့်တားနိုင်မည်မဟုတ်ပေ။

လီပိုင်၏ကျင့်ကြံဆင့်မှာ တာ့အိုနတ်ဘုရားဒုတိယကြယ်အဆင့်ဖြစ်၏။ လီပိုင်၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်မှာ အင်အားကြီးမားသော်ငြား တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်ရှိ ချန်းကျီကို ခုခံဟန့်တားနိုင်လျှင်ပင် အတော်လေးကောင်းမွန်နေပြီဖြစ်သည်။ တာ့အိုနတ်ဘုရားစတုတ္ထကြယ်အဆင့်ကိုမူ ခုခံဟန့်တားနိုင်စွမ်း အလျဉ်းမရှိချေ။

ထိုလင်းယွင်ယွမ်ကျဲသည် အတော်လေးစိတ်စွဲလမ်းနေခြင်းဖြစ်ပေမည်။ တစ်ဖက်လူမှ စတင်၍ သေလမ်းရှာလာခြင်းဖြစ်ရာ မိမိဘက်မှ စိတ်ဝင်စားမှုရှိလာခြင်းကိုလည်း အပြစ်မတင်သင့်ပေ။

ဝမ်ဖုန်းမှာ မသိမသာ တောင့်ခဲသွားရသည်။ လင်းယွင်ယွမ်ကျဲမှ ရှေးဟောင်းနယ်မြေရှိ ရှန်ရှန်ကျုံဂိုဏ်းသို့ ကျင့်ကြံသူတစ်ဦးစေလွှတ်ခဲ့သည်ကို ဝမ်ဖုန်း မသိပေ။ သို့မဟုတ်ပါက အလွန်အမင်း ဒေါသထွက်မိပေလိမ့်မည်။

“ဝမ်ဖုန်း မင်းက ငါတို့ရှောင်းမျိုးနွယ်စုရဲ့ဘိုးဘေးကို သတ်ပြီး ရှောင်းမျိုးနွယ်စုကို တိုက်ခိုက်ရဲတယ်။ ဒီတစ်ကြိမ်မှာတော့ မင်းသေချာပေါက် အတုံ့အလှည့်ဆိုတာကို ခံစားရစေမယ်! ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်စုဆီ ယူဆောင်လာခဲ့တဲ့ အရှက်ရမှုအတွက် အဆတစ်ရာမက ပြန်ပေးဆပ်ရမယ်!”

ရှောင်းချန်တောက်သည် ဝမ်ဖုန်းကို ‌မလွှဲတမ်းစူးစိုက်ကြည့်လျက် အေးစက်စွာအော်ဟစ်ပြော‌ဆို၏။ သူ၏အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားလျက် သူ၏ခန္ဓာကိုယ်မှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖြစ်တည်လာခဲ့ကာ အထက်ကောင်းကင်နှင့်ပထဝီမြေကြီး၏အပူချိန်မှာ ရုတ်တရက် ကျဆင်းလာခဲ့သည်။

“ရှောင်းချန်တောက်မှာ ဘယ်လိုအထောက်အပံ့ရှိနေတာလဲ? သူ့အနေအထားနဲ့ ဂိုဏ်းချုပ်ဝမ်ကို ဒီလိုမျိုးမောက်မောက်မာမာ ရန်စလို့ရရဲ့လား?”

ရှောင်းချန်တောက်၏စကား‌များကြောင့် နေရာရှိ လာရောက်ကြည့်ရှုသူများမှာ အသီးသီး ‌မျက်မှောင်ကြုတ်ကာဖြင့် အံ့အားသင့်ကုန်ကြသည်။

ဇာမဏီမျိုးနွယ်စုနှင့် ရွှမ်ကျီးမျိုးနွယ်စု၏ ကျင့်ကြံသူများသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားပုံဖြင့် မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားကြသည်။ ထို့နောက်တွင် ရှောင်းချန်တောက်အား နက်နဲစွာသောလေးနက်သည့်အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြသည်။

ရှောင်းမျိုးနွယ်စု၏ လက်ရှိအခြေအနေကို ကူညီထောက်ပံ့ဝံ့သူမှာ ထျန်းလန်အလယ်ပိုင်းဒေသတွင် ကျင်လည်နေသည့် လျှို့ဝှက်ဆန်းကြယ်သော ထိုအုပ်စုတစ်စုမှလွဲ၍ အခြားသူမရှိနိုင်ပေ!

All Chapters