← Chapters

မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်း၊ ထိုက်ရွှမ်ဆန်းကြယ်ဘုံ။

Vol. 20 Ch. 273

မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်း၊ ထိုက်ရွှမ်ဆန်းကြယ်ဘုံ။

Vol. 20 Ch. 273

ရှောင်းချန်တောက်၏‌ ထောင်လွှားသောကြိမ်းမောင်းအော်ဟစ်သည့်စကားကို ဝမ်ဖုန်းသည် ဒေါသအစား ရယ်မောလျက် တုံ့ပြန်ခဲ့သည်။ ထို့နောက် ရှောင်းချန်တောက်အား ကျီစယ်နောက်ပြောင်ဟန်ဖြင့် ကြည့်နေ၏။

လူရိုးသားလေးရှောင်းချန်တောက်က အဲဒီ့ကြွက်နှစ်ကောင်လောက်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးနိုင်မယ်လို့ တွေးနေတာတော့မဟုတ်ပါဘူးနော်?

“စနစ် ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ကို အသက်သွင်းမယ်”

ဝမ်ဖုန်း၏မျက်လုံးများ၌ အလင်းတစ်စတောက်ပသွားလျက် ‌‌တည်ကြည်လေးနက်စွာဖြင့်ပြောလိုက်သည်။

ဝမ်ဖုန်းသည် ဤကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ကို အသုံးပြုရန် မျှော်လင့်မထားခဲ့ပေ။ အမှန်အတိုင်းဆိုရပါလျှင် ဝမ်ဖုန်းသည် ဤတစ်ကြိမ်တွင် ရင်ဆိုင်ရမည့်ရန်သူမှာ အလွန်အင်အားကြီးမားလျှင်သော်မှ ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ကို အသုံးမပြုလိုခဲ့ပါချေ။

ကံကောင်းမှုချီသည် မထိတွေ့နိုင်၊မမြင်တွေ့နိုင်သော အရာဖြစ်သော်ငြား အားလုံးသောကျင့်ကြံသူများနှင့် အားလုံးသောအင်အားစုများအတွက် အလွန်အရေးပါပေသည်။ အထွတ်အထိပ်သော ကံကောင်းမှုချီဖြင့်သာ အဆုံးမဲ့အနာဂတ်ကို ရရှိနိုင်၏။

လင်းယွင်ယွမ်ကျဲမှ စွဲလမ်းနေခြင်းကြောင့်မဟုတ်ပါလျှင် ဝမ်ဖုန်းမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ကံကောင်းမှုချီများကို အသုံးပြုရန် လိုအပ်ခဲ့မည်မဟုတ်ပေ။

“လင်းယွင် ငါဂိုဏ်းချုပ် မင်းကို ဖမ်းမမိစေနဲ့. မဟုတ်လို့ကတော့ မင်းအတွက် သေဖို့တစ်လမ်းပဲရှိမယ်!”

ဝမ်ဖုန်း စိတ်ထဲမှ ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ၏စိတ်နှလုံးမှ လင်းယွင်ယွမ်ကျဲအား သတ်ဖြတ်လိုစိတ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပေပြီ။ ဝမ်ဖုန်း ဤလောကသို့ ရောက်ရှိလာခဲ့သည့်တစ်လျှောက်လုံးတွင် တစ်စုံတစ်ယောက်အား ဤမျှထိ သတ်ဖြတ်လိုစိတ် မရှိခဲ့ဖူးချေ။

“ဒင်! ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ကို အသက်သွင်းရန် လိုအပ်ချက်များ ပြည့်စုံပါသည်။ ကျေးဇူးပြုပြီး သခင် ဆင့်ခေါ်ရန်အသုံးပြုလိုတဲ့ ကံကောင်းမှုချီကို ရွေးချယ်ပါ”

စိတ်ထဲမှအေးစက်သည့်အသံသည် ဝမ်ဖုန်းကို အချိန်ခဏမျှ မင်သက်သွားစေခဲ့၍ ဝမ်ဖုန်း ဝေဝါးစွာမေးလိုက်သည်။

“စနစ် အဲဒါဘာကိုဆိုလိုတာလဲ?”

“ဒင်! ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်အတွက် အသုံးပြုမယ့်ကံကောင်းမှုချီကို လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။ ကံကောင်းမှုချီသုံးစွဲမှု ပမာဏများသည့်အလျောက် ဆင့်ခေါ်ခံရတဲ့စွမ်းအားမြင့်ကျင့်ကြံသူဟာလည်း ပိုပြီးအင်အားကြီးမားပါလိမ့်မယ်”

“စနစ် ငါနဲ့ရှန်ရှန့်ကျုံဂိုဏ်းမှာ လက်ရှိကံကောင်းမှုချီပမာဏ ဘယ်လောက်ရှိလဲ?”

ဝမ်ဖုန်း ရုတ်ချည်းနားလည်သွားခဲ့ပြီး ဆက်လက်မေးမြန်း၏။

“ဒင်! သခင့်ရဲ့ လက်ရှိကံကောင်းမှုချီပမာဏက သန်း၇၀ဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လက်ရှိကံကောင်းမှုချီပမာဏက သန်း၂၈၀ပါ (သခင်ရဲ့ကံကောင်းမှုချီ မပါဝင်ပါ၊ နတ်ဘုရား၏ကံကောင်းမှုချီ အများစုကို ချိပ်ပိတ်ထားသည်)”

“သခင်ရဲ့ကံကောင်းမှုချီ သန်း၂၀နဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကံကောင်းမှုချီ သန်း၈၀၊ စုစုပေါင်းကံကောင်းမှုချီ သန်း၁၀၀ကျသင့်ပါမယ်”

ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်၍ပြောလိုက်သည်။

ကံကောင်းမှုချီသန်းတစ်ရာသည် များပြားသည့်ပမာဏဖြစ်သော်ငြား လက်ရှိရှန်ရှန့်ကျုံဂိုဏ်းနှင့်ဝမ်ဖုန်းတို့ တတ်နိုင်သောပမာဏဖြစ်နေသေးသည်။ ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်အတွက် ကံကောင်းမှုချီသန်းတစ်ရာ အသုံးပြုခြင်းဖြင့် မည်သို့သော စွမ်းအားမြင့်ကျင့်ကြံသူကို ဆင့်ခေါ်နိုင်မည်ကို ဝမ်ဖုန်း သိချင်မိပါ၏။

“ဒင်! ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်အတွက် ကံကောင်းမှုချီသန်းတစ်ရာကို အသုံးပြုလိုက်ပါပြီ”

“ဒင်! မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်းကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးလိုပါသလား”

ဝမ်ဖုန်း၏မျက်နှာထက်တွင် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထင်ဟပ်လာခဲ့လျက် အလျင်အမြန်ပြောလိုက်သည်။

“စစ်ဆေးမယ်!”

ရှေးခေတ်အချိန်ကာလနှင့် လက်ရှိအချိန်ကာလနှစ်ခုလုံး၌ နံပါတ်တစ်ဟုခေါ်တွင်အပ်သော တည်ရှိမှုသည် အဘယ်မျှ အင်အားကြီးပါသနည်း။

“ဒင်! ဖောင့်ပန်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်: ဖောင့်ပန်း

ဂုဏ်ပုဒ်: မှော်စွမ်းအင်ကျင့်ကြံသူ

ကျင့်ကြံမှု: ဘုံနန်းရှင်နတ်မင်းအထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ: ကောင်းကင်နတ်ဆိုးအမတရုပ်ခန္ဓာ (ကျင့်ကြံမှုပြီး‌ေနာက် နတ်ဆိုးအမတချပ်ဝတ်တန်ဆာ ဖြစ်တည်သွားပြီး ခုခံကာကွယ်မှုစွမ်းရည် ဆယ်ဆတိုးတက်သွားသည်)

သွေးမျိုးဆက်: ကောင်းကင်နတ်ဆိုးသွေးမျိုးဆက် (ကျင့်ကြံမှုပြီးနောက် စိတ်လှည့်စားမှုစွမ်းရည် တိုးတက်လာပြီး အဆင့်မြင့်မားသောတည်ရှိမှုကို စိတ်လှည့်စားနိုင်သည်)

အမတသွေးကြော: အမတဝိဉာဉ်သွေးကြော

အမတနိယာမ: ခပ်သိမ်းသောတွန်းကန်မှုနတ်ဆိုးကျင့်စဉ်၊ နတ်ဆိုးလက်ဝါး၊ သက်ရှိသတ္တဝါများ၏ကပ်ဘေးနတ်ဆိုး၊ နတ်ဆိုးဝိဉာဉ်ကရုဏာလက်ဝါး၊ အန္တိမနတ်ဆိုးဓား၊ ကောင်းကင်နတ်ဆိုးလမ်းစဉ်၁၈ဖြာ၊ နတ်ဆိုးအရှင်သခင်၏အတွေးပုံရိပ်၊ သတ္တဝါအလုံးစုံအား ဖျက်ဆီးမည့်ပေါ်ထွက်မှုကြီး၊ နတ်ဆိုးမျက်ရည်ဝင်စားခြင်း၊ ကောင်းကင်နတ်‌ဆိုးဖျက်ဆီးမှု။

သဘာဝလွန်စွမ်းအင်များ: တာ့အိုနှလုံးသားရှာဖွေခြင်းမှော်စွမ်းအင်၊ နတ်ဆိုးမှော်စွမ်းအင်၊ ကောင်းကင်နတ်ဆိုး၏အတွေးပုံရိပ်၊ သတ္တဝါခပ်သိမ်းအား စိတ်လှည့်စားခြင်း။

လက်နက်: အဖျား၈ချွန်၊အသွား၃သွယ်လှံရှည်”

“မှတ်ချက်: ဤတစ်ကြိမ်‌ဆင့်ခေါ်သည့်‌ ဖောင့်ပန်းသည် လေဟာပြင်အား ဖြိုခွင်ပြီးနောက် နှစ်ထောင်ချီကျင့်ကြံပြီးသည့် ဖောင့်ပန်းဖြစ်သည်”

“မှတ်ချက်: ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ဖြင့် ဆင့်ခေါ်ထားသော စွမ်းအားမြင့်ကျင့်ကြံသူများသည် အစောင့်အရှောက်များ၏စည်းမျဉ်းအားဖြင့် အကျုံးမဝင်ပါ။ ဆိုလိုသည်မှာ ဖောင့်ပန်းကို ဆင့်ခေါ်‌ခြင်းကြောင့် အစောင့်အရှောက်လီပိုင်သည် အဆင့်နှစ်ဆင့် တက်လှမ်းမသွားပါဟူ၍ ဖြစ်သည်”

“မှတ်ချက်: ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ဖြင့် ဆင့်ခေါ်ထားသော စွမ်းအားမြင့်ကျင့်ကြံသူများသည် ထီလက်မှတ်စနစ်တွင် အကျုံးမဝင်ပါ။ ဆိုလိုသည်မှာ ထီလက်မှတ်လဲလှယ်ရာတွင် မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်း၏ ကျင့်ကြံမှုအခြေခံကို ရရှိမည်မဟုတ်ပါဟူ၍ ဖြစ်သည်”

“ကျစ်!”

‌မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်း၏ စွမ်းရည်ဇယားကိုကြည့်ရှုပြီးနောက် ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ အသက်ပြင်းပြင်းရှူသွင်းလိုက်ရသည်။ ဒါက ကံကောင်းမှုချီသန်းတစ်ရာအတွက် တည်ရှိမှုပေါ့လေ? ဒါဆို ကံကောင်းမှုချီသန်းနှစ်ရာသုံးလိုက်ရင် ဘယ်လိုတည်ရှိမှုမျိုးကို ဆင့်ခေါ်နိုင်လိမ့်မလဲ?

သေချာပေါက် ဝမ်ဖုန်း ထိုသို့အတွေးဝင်မိပါ၏။ မည်သို့ပင်ဖြစ်စေ ဝမ်ဖုန်းသည် အလွယ်တကူ သေဆုံးမည်သူမဟုတ်ပေ။ ကံကောင်းမှုချီအများစုကို ဆင့်ခေါ်ရန် အသုံးပြုခဲ့ပြီးနောက် ကံကောင်းမှုချီသန်းတစ်ရာဖြင့် ဆင့်ခေါ်ခဲ့သည့် မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်းသည်ပင် ဝမ်ဖုန်းအား အချိန်ခဏမျှ မင်သက်သွားစေသည်အထိ အင်အားကြီးမားပေသည်။

ဖောင့်ပန်းသည် အစောင့်အရှောက်စနစ်နှင့် ထီလက်မှတ်စနစ်တို့တွင် အကျုံးမဝင်သော်ငြား သူ၏တည်ရှိမှုသည် လုံလောက်ပါ၏။ ဖောင့်ပန်းသည် အစောင့်အရှောက်လီပိုင်ကဲ့သို့ ကပ်ဘေးကာလ၌သာ ထွက်ပေါ်လာနိုင်သည့် ကန့်သတ်ချက်လည်းမရှိပေ။

မှော်စွမ်းအင်ကျင့်ကြံသူဖောင့်ပန်း ရှိနေသည်ဖြစ်ရာ ယခုမှစ၍ ထျန်းလန်ဒေသတစ်ခုလုံးတွင် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်သူ မရှိနိုင်တော့ပေ။

အခင်းအကျင်း‌ေနရာသည် မသင့်တော်ခြင်းကြောင့်သာ မဟုတ်ပါက ဝမ်ဖုန်းသည် သူ၏စိတ်လှုပ်ရှားမှုကို အော်ဟစ်သံကျယ်ကြီးဖြင့် ထွက်ပေါက်ပေးလိုက်မိမည်ဖြစ်သည်။

“စနစ် ဒီနယ်ပယ်က ဘယ်အဆင့်လဲ?”

စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်၍ ဝမ်ဖုန်း စိတ်ထဲမှ မေးလိုက်သည်။

“ဒင်! ကျင့်ကြံသူက တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်ကို ရောက်ရှိပြီးသွားတဲ့အခါ တာ့အိုလမ်းစဉ်ငယ်၉ခုကို ပေါင်းစည်းပြီး တာ့အိုမှ အမတနတ်မင်းလမ်းစဥ်သို့ ပြောင်းလဲခြင်း၊ သွေးကြောများကို မွမ်းမံသန့်စင်ခြင်း၊ ထို့နောက် အမတသွေးကြောများကိုရရှိပြီး တာ့အိုနယ်ပယ်အဆင့်ကို ထိုးဖောက်ဖြတ်ကျော်၍ နတ်မင်းနယ်ပယ်အဆင့်ဖြစ်လာပြီး ထိုက်ရွှမ်ဆန်းကြယ်ဘုံကို အောင်မြင်စွာ ရောက်ရှိပါတယ်”

“ထိုက်ရွှမ်ဆန်းကြယ်ဘုံ: ထိုက်ရွှမ်ချီကို ကျင့်ကြံပြီး အမတသွေးကြော၁၂ခုကို ဖြစ်တည်စေခြင်း”

“ဆိုလိုသည်မှာ အမတသွေးကြောကွန်ယက်ဖြစ်တည်ခြင်း ပထမအအဆင့်နှင့် အမတသွေးကြောကွန်ယက်ချုပ် ပြီးပြည်စုံခြင်းအဆင့်၊ အမတသွေးကြောကွန်ယက်ဖြစ်တည်ခြင်း ဒုတိယအဆင့်၊ အမတသွေးလှုပ်ရှားမှုဖြစ်တည်ခြင်း တတိယအဆင့်၊ အမတသွေးလှုပ်ရှားမှုဖြစ်တည်ခြင်း စတုတ္ထအဆင့်တို့သည် ထိုက်ရွှမ်ဆန်းကြယ်ဘုံ၏ ကနဦီးအဆင့်များဖြစ်ကြပြီး အမတသွေးကြောကွန်ယက်ဖြစ်တည်ခြင်း စတုတ္ထအဆင့်သည် ထိုက်ရွှမ်ဆန်းကြယ်ဘုံ၏ ဂုဏ်သရေနတ်မင်းအဆင့်ဖြစ်သည်။”

“နောက်ပိုင်းအဆင့်များသည် သခင်၏လက်ရှိကျင့်ကြံမှုအဆင့်အရ နားလည်နိုင်ဦးမည်မဟုတ်ပါ”

သောက်ကျိုးနည်းဟ!

စနစ်၏အချက်ပေးသံပြီးနောက်တွင် ဝမ်ဖုန်း မထိန်းချုပ်နိုင်စွာ ရေရွတ်မိလေသည်။ ဖောင့်ပန်းသည် ထိုက်ရွှယ်ဆန်းကြယ်ဘုံ ပထမနယ်ပယ်အဆင့်ရှိကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မည်ဟုသာ ဝမ်ဖုန်းတွေးထားခဲ့သည်။ သို့သော် ထိုက်ရွှမ်ဆန်းကြယ်ဘုံ၏ တတိယအဆင့်ကျင့်ကြံသူဖြစ်နေခဲ့ပေသည်။

ကောင်းလေစွ! ယခုမှစ၍ မိမိနှင့်ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ထိုက်ရွှယ်ဆန်းကြယ်ဘုံရှိ အင်အားစုများ ဖြစ်လာကြပေမည်!

ဝမ်ဖုန်း၏ ကပ်ဆိုက်ကာလကံကောင်းမှုအထူးဆင့်ခေါ်ခွင့်ဖြင့် ထိုက်ရွှမ်ဆန်းကြယ်ဘုံအား နားလည်ရန်လေ့လာချိန်သည် ကြာမြင့်သည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် မကြာမြင့်သော အချိန်တိုလေးသာ ဖြစ်ပေသည်။

တစ်ဖက်ရှိ ရှောင်းချန်တောက်သည် ဝမ်ဖုန်းမှ တိတ်ဆိတ်နေသည်ဖြစ်ရာ ကြောက်ရွံ့သွားသည်ဟု ထင်မှတ်၍ မျက်နှာထက်တွင် ဝမ်းမြောက်ပီတိအပြုံးတို့ ဖြစ်တည်လာခဲ့ပြီး ပို၍မောက်မာထောင်လွှားစွာ ပြောလေသည်။

“ငါခေါင်းဆောင်က မင်းရဲ့အလောင်းကို အင်္ဂါရပ်အပြည့်အစုံချန်ရစ်နိုင်မယ့် အခွင့်အရေးပေးမယ်။ ဒီကိုတက်လာပြီး ငါ့ကိုဝပ်တွားပြီး အရိုအသေသုံးကြိမ်ပေးစမ်း! အဲဒါဆို ငါမင်းကို ညှဉ်းပန်းမနှိပ်စက်ဘဲ ‌အေးအေးချမ်းချမ်း သေခွင့်ပေးမယ်!”

ရှောင်းချန်တောက်၏ ထောင်လွှားဟန်သောအသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ လာရောက်ကြည့်ရှုသူများသည် ရှုပ်ထွေးနေသည့်အမူအရာတို့ဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်မိကြကုန်၏။ ကြောက်မက်ဖွယ်သော ရှန်ရှန့်ကျုံဂိုဏ်း၏ရှေ့မှောက်တွင် ရှောင်းချန်တောက်သည် ကြောက်ရွံ့နေသင့်သည် မဟုတ်‌ပါလော?

ဘယ်လိုဖြစ်ပြီး သူက ရှန်ရှန့်ကျုံဂိုဏ်းထက်တောင် ထောင်လွှားနေရတာလဲ??

ရူးသွားတာများလား?

မှန်ပါ၏။ ရှောင်းမျိုးနွယ်စုမှာ ရုတ်တရက်ဆန်လှစွာ အခြေအနေပြောင်းလဲသွားသည်ဖြစ်ရာ ရူးသွပ်သွားခြင်းသည်လည်း ပုံမှန်ဖြစ်ပေမည်။ အခြားသူများဆိုလျှင်လည်း ထိုအခြေအနေမျိုးတွင် ရူးသွပ်သွားခြင်းမှာ ဖြစ်နိုင်ပါ၏။

လာရောက်ကြည့်ရှုသူများသည် စိတ်ပျက်အားလျော့စွာဖြင့် အသီးသီး ခေါင်းခါရမ်းမိကြလေသည်။ ထျန်းလန်အလယ်ပိုင်းဒေသတွင် အမည်ကျော်ကြားထင်ရှားသော ရှေးဟောင်းရှောင်းမျိုးနွယ်စုကြီးသည် ဤအဆင့်ထိ ကျဆင်းသွားခဲ့ရသည်မှာ အမှန်တကယ်ပင် အရှက်ကြီးစွာရခြင်း ဖြစ်ပါ၏။

“ပုန်းမနေစမ်းနဲ့! ထွက်လာပြီးသေလိုက်တော့!”

ဝမ်ဖုန်းသည် ထောင်လွှားနေသည့် ရှောင်းချန်တောက်ကို စိုးစဉ်းမျှ ဂရုမထားပါချေ။ လီကုန်းတို့နှစ်ဦးရှိနေသည့်နေရာသို့ကြည့်၍ အရေးမထားဟန် ပြောလိုက်၏။ ဝမ်ဖုန်း၏အသံသည် နူးညံ့ညင်သာသော်ငြား လာရောက်ကြည့်ရှုသည့် ကျင့်ကြံသူများအားလုံး၏အကြားအာရုံတွင် ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်သွားခဲ့ပေသည်။

All Chapters