← Chapters

အနှိုင်းမဲ့စွမ်းအင်

Vol. 20 Ch. 275

အနှိုင်းမဲ့စွမ်းအင်

Vol. 20 Ch. 275

ဓားရှည်ကိုင်စွဲထားသော ချန်းကျီသည် တုံ့ဆိုင်းမှုအလျဉ်းမရှိပေ။ လက်ကိုဆန့်ထုတ်လိုက်ရာ တောက်ပသောဓားရောင်ခြည်သည် ရုတ်ချည်းဖြာထွက်လာခဲ့ပြီး လောကတစ်ခွင်ကို လွှမ်းခြုံသွားခဲ့သည်။ ယခင်က အကြောင်းအမျိုးမျိုး‌ေကြာင့် မြင်တွေ့နိုင်ခြင်းမရှိသော ရှောင်းမျိးနွယ်စု၏ အချို့အစိတ်အပိုင်းများထိတိုင် ထိုဓားရောင်ခြည်အလင်းဖြင့် ရှောင်းမျိုးနွယ်စုကြီးတစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်‌ေပသည်။ ကြီးကျယ်မြင့်မြတ်စွာသော‌ အမှောင်လောကကြီးမှာ ရုတ်တရက် တောက်ပလင်းထိန်သွားခဲ့သည်။

ထိုဓားရှည်၏ ထက်ရှသောဓားအရှိန်အဝါသည် နေရာရှိလူများအားလုံးကို ရေခဲလိုဏ်ဂူအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားရစေသည်။ အားလုံးမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် မိုင်ပေါင်းဒါဇင်ချီ အလျင်အမြန်ဆုတ်ခွာကြ၍ ဓားရောင်ခြည်အား ငေးစိုက်ကြည့်နေခဲ့ကြသည်။

ချန်းကျီ၏ဓားသည် အင်အားကြီးမားစစ်မှန်၏။ ဓားသိုင်းပညာရပ်နှင့် မိမိ၏ခန္ဓာကို ပေါင်းစည်းရန်အတွက် အငမ်းမရဖြစ်ကြသော သာမန်ဓားသိုင်းကျင့်ကြံသူများနှင့် ကွဲပြားခြားနားပေသည်။

ဤသည်မှာ အမှန်စင်စစ်သော အရည်အချင်းပြည့်မီသည့် ဓားသိုင်းပညာရှင်ဖြစ်၏!

ချန်းကျီသည် ရန်သူဖြစ်သော်ငြား သူ၏ဓားသိုင်းပညာရပ်အပေါ် သိမြင်နားလည်မှုသည် ယဲ့ကူချန်တို့နှင့် ယှဉ်နိုင်စွမ်းသည်ကိုတော့ ဝမ်ဖုန်း အသိအမှတ်ပြုရပေသည်။

‌ချန်းကျီ၏ထက်ရှသောဓားချက်နှင့် ရင်ဆိုင်ရာတွင် ဖောင့်ပန်း၏မျက်နှာအမူအရာသည် ပင်လယ်သမုဒ္ဒရာအလား နက်ရှိုင်း၍ အမူအရာပြောင်းလဲမှု အလျဉ်းမရှိပေ။ ခဏအကြာတွင် သူ၏မျက်လုံးအစုံမှ အေးစက်မှုများ ‌စုဝေးဖြစ်တည်လာကြပြီး မျက်လုံးဖြင့်မမြင်တွေ့နိုင်သော စွမ်းအင်လှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်လာခဲ့သည်။

ထိုစွမ်းအင်လှိုင်းနှင့် ချန်းကျီ၏ဓားရောင်ခြည်တို့ ထိခတ်သွားသောအခါ တောက်ပသော ဓားရောင်ခြည်သည် ရုတ်ချည်းရပ်တန့်သွား၍ အားလုံး၏ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များအောက်၌ပင် မီးရှူးမီးပန်းများအလား ကွဲကြေလွင့်ပျံသွားလေသည်။

တစ်ပြိုင်နက်တည်း၌ ချန်းကျီသည်လည်း အင်အားကြီးမားသော မမြင်တွေ့နိုင်သည့်စွမ်းအင်ကြီးကို ခံစားမိခဲ့သည်။ ရင်အုံသို့ တိုးဝင်လာသည်တွင် ချန်းကျီသည် အသက်ရှူအောင့်လိုက်ရသောကြောင့် ရုတ်ချည်း မျက်နှာနီရဲသွားရသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ခန္ဓာကိုယ်တွင်းသွေးများကို ထပ်မံ၍ ဖိနှိပ်ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာသည်ဖြစ်ရာ ပါးစပ်အပြည့်သွေးတစ်ပွက် ပန်းထွက်သွားရပေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ?”

ချန်းကျီသည် ဖောင့်ပန်းအား မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ကြောက်ရွံ့မှုဖြင့် တုန်ရီနေ၏။ ထိုလူသည် သူ၏ဓားချက်ကို အကြည့်တစ်ချက်ဖြင့်ပင် ဖြိုခွင်းဖျက်ဆီးပစ်ခဲ့ပြီး သူ့ကိုလည်း ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းအား သင်ခန်းစာကောင်းကောင်းပေးရန်အတွက် ချန်းကျီ၏ထိုဓားချက်တွင် အင်အားအလုံးစုံကို ထည့်သွင်းအသုံးပြုခဲ့သည်။ ၎င်းမှာ တာ့အိုနတ်ဘုရားတတိယကြယ်အဆင့်ကျင့်ကြံသူ၏ အင်အားအပြည့်ဖြင့်ဓားချက်ဖြစ်၏။ သို့သော် အကြည့်တစ်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည်!. ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်း မဟုတ်ပါလျှင် ချန်းကျီမှာ ယုံကြည်နိုင်ခဲ့မည် မဟုတ်ပါချေ။

ချန်းကျီ၏နောက်တွင်ရပ်နေသည့် လီကုန်းသည်လည်း တစ်ကိုယ်လုံးတုန်လှုပ်နေခဲ့သည်။ သူသည် မျက်လုံးများပြူးကျယ်လျက် ဖောင့်ပန်းအား ငေးစိုက်ကြည့်နေ၏။ တာ့အိုနတ်ဘုရားစတုတ္ထကြယ်အထွတ်အထိပ်အဆင့်ဖြစ်သော မိမိလျှင်သော်မှ ထိုကဲ့သို့ အင်အားမျိုးရှိသည်မဟုတ်ပေ။

“ဘုရားသခင်!”

“ဒါ ဒါက…!”

‌လာရောက်ကြည့်ရှုကြသူများမှာ အံ့ဩမင်သက်ခြင်းဖြင့် အာမေဍိတ်ပြုလိုကြသော်ငြား သူတို့၏စိတ်နှလုံးတွင်းမှ ထိုအံ့အားသင့်မှုကို ဖော်ပြနိုင်စွမ်းသည့်စကားလုံး ရှိ‌မနေခဲ့ချေ။

“အတူတိုက်ကြမယ်!”

အားလုံးထိတ်လန့်နေကြစဉ်တွင် လီကုန်းမှ အခြေအနေကိုလျင်မြန်စွာ တုံ့ပြန်ခဲ့သည်။

ထိုစကားသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှ ကမ္ဘာလောကကိုတုန်လှုပ်စေနိုင်သော အဟုန်များ ဖြာထွက်လာခဲ့ပြီး နတ်ဘုရားများ ကမ္ဘာမြေသို့ ဆင်းသက်လာနေသည့်အလား ကမ္ဘာလောကတစ်ခုလုံးမှာ အဆက်မပြတ် တစ်ဟုန်ထိုးလှုပ်ယိမ်းခါယမ်းနေတော့သည်။ ထျန်းလန်အလယ်ပ်ိုင်းဒေသတွင် တာ့အိုနတ်ဘုရားစတုတ္ထကြယ်အဆင့် တည်ရှိမှုဟူသည် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်၏။ ဤနေရာရှိ လူအားလုံးထဲမှ လူနည်းစုသာလျှင် ထိုမျှအဆင့်သောကျင့်ကြံမှုစွမ်းအင်ကို တွေ့မြင်ခဲ့ဖူးပေမည်။ အများစုမှာ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ကြသည်။

သူတို့သည် လာရောက်ကြည့်ရှုသူများသာဖြစ်သောကြောင့် ထိုကြောက်မက်ဖွယ်စွမ်းအင်ကြီးကို တိုက်ရိုက်မရင်ဆိုင်ရပါသော်ငြား သူတို့အား သိပ်သည်းလေးလံလှစွာသော က‌မ္ဘာကြီးတစ်ခုမှ ဖိနှိပ်နေသည့်အလား ခံစားနေရပေသည်။ အားလုံးမှာ တစ်ကိုယ်လုံး တုန်ယင်နေကြလျက် အချို့သော ကျင့်ကြံဆင့်နိမ့်ပါးသူများသည် အရိုးများထိတိုင် လှုပ်ခါနေရသည်။ စွမ်းအင်ကြီး၏ အလုံးစုံလွှမ်းမိုးခံရခြင်းနှင့်အတူ ပေါက်ကွဲသွားကြ၏။

သူတို့သည် ပြင်းပြစွာသောနာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေကြရကာ မျက်နှာတို့မှာ ဖြူဖျော့လာတော့သည်။ ထိုပြင်းပြသည့်နာကျင်မှုကို အားကုန်သုံးခုခံထိန်းချုပ်ရင်းဖြင့် နောက်သို့ ကသုတ်ကရက် ဆုတ်ခွာကြကုန်သည်။

ထိုမျှအင်အားကြီးမားစွာသော တိုက်ပွဲကို လွဲချော်ခဲ့ပါလျှင်လည်း ကျန်ရစ်သည့် သက်တမ်းတစ်လျှောက်တွင် နောင်တတရားတို့ ကျန်ရစ်ခဲ့ပေလိမ့်မည်။

လီကုန်း၏အကြည့်တို့သည် ဖောင့်ပန်းထံတွင် မလွှဲတမ်းမြဲမြံနေခဲ့သည်။ လက်သီးဆုပ်လိုက်သည်တွင် ခန္ဓာကိုယ်ရှိစွမ်းအင်များမှာ လက်သီးတွင် ရုတ်ချည်းစုဝေးသွားခဲ့ပြီး တောက်ပသောအလင်းတန်းများ ဖြာထွက်လာခဲ့သည်။ တောက်ပသည့်နေမင်းကြီးအလား လောကတစ်ခွင်ကို ဖြန့်ကျက်နေပေသည်။

လီကုန်းမှ လက်သီးထိုးချက်တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုလက်သီးထိုးချက် ဖြတ်သန်းသွားရာတစ်လျှောက်ရှိ လေဟာပြင်မှာ အားပြင်းစွာ အလွန်အမင်းဖိနှိပ်ခံရသည်ကြောင့် နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးနှင့်အတူ ပြိုကွဲပျက်စီးသွားခဲ့သည်။

လက်သီးထိုးချက်သည် ဖိနှိပ်နိုင်စွမ်းပြင်းပြသည့် ပြိုင်ဘက်ကင်းတိုက်ကွက်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လီကုန်း၏နောက်၌ မှုန်ဝါးသောပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုပုံရိပ်သည်လည်း လက်သီးထိုးချက်ပစ်လွှတ်သည့် ပုံသဏ္ဍာန်မျိုးဖြစ်၏။

နှစ်ဦးပေါင်းစွမ်းအင်ဖြစ်ရာ လီကုန်း၏လက်သီးထိုးချက်သည် ကမ္ဘာကိုထိတ်လန့်တုန်လှုပ်စေနိုင်သော အင်အားကြီးဖြစ်နေခဲ့သည်။

‌အင်အားကိုမှန်းဆရန်နက်နဲသောဖောင့်ပန်းနှင့် ရင်ဆိုင်ရသည်ဖြစ်ရာ လီကုန်းသည် အင်အားချွေတာခြင်းမရှိပေ။ တိုက်ကွက်ထုတ်သည်နှင့် ၎င်းတိုက်ကွက်သည် ထူးကဲသည့်တိုက်ကွက်သာဖြစ်၏။

ချန်းကျီသည် ဒဏ်ရာအပြင်းအထန်ရထားသော်ငြား တိုက်ခိုက်လာမြဲဖြစ်သည်။ ချန်းကျီသည် လက်ထဲရှိဓားရှည်ကို မြဲမြံစွာဆုပ်ကိုင်၍ ခန္ဓာကိုယ်တွင်းစွမ်းအင်အားလုံးကို ဓားရှည်ထဲသို့ လောင်းထည့်ခဲ့သည်။

ဓားချက်ထုတ်လွှတ်လိုက်ပြီး ကမ္ဘာမြေသည်လည်း တုန်ခါသွား၏။

ဓားရောင်ခြည်သည် ‌လင်းယုန်ငှက်အလား လျင်မြန်စွာပျံဝဲသွားကာ ကြောက်မက်ဖွယ်သော ဓားသွားမှာ မည်သည့်အရာမှ ဟန့်တားနိုင်မစွမ်းပေ။

လီကုန်းနှင့်ချန်းကျီတို့မှ အင်အားကြီးမားလှ‌စွာသော တိုက်ခိုက်မှုစွမ်းအင်များ ထုတ်လွှတ်လိုက်သည်တွင် ရှေးဟောင်းမျိုးနွယ်စုအချို့မှ ကျင့်ကြံသူများအပါအဝင် လာရောက်ကြည့်ရှုများသည် အလျင်စလို နောက်လှည့်ပျံသန်းကြကုန်သည်။ အကွာ‌အဝေးတစ်ခုမှနေ၍ ဤကမ္ဘာလောကကို တုန်လှုပ်စေသောတိုက်ပွဲသည် မည်သို့အဆုံးသတ်မည်ကို စောင့်ကြည့်နေကြသည်။

လက်ရှိအချိန်၌ ဝမ်ဖုန်းနှင့်အကြီးအကဲများသာလျှင် လက်ကိုနောက်ပစ်လျက် တုန်လှုပ်ချောက်ချားမှု အလျဉ်းမရှိဘဲ လေဟာပြင်ထက်တွင် ရပ်နေနိုင်ပေသည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲစုန့်ချယ်နှင့် ရှီပိုထျန်းတို့သည် လီကုန်းနှင့်ချန်းကျီတို့ကို စူးရဲစွာကြည့်နေကြ၏။

နည်းလမ်းတစ်ခုဖြင့် အရာအားလုံးကို အလုပ်ဖြစ်စေမည်။

သူတို့သည် ရန်သူများဖြစ်ကြသော်ငြား ၎င်းအချက်သည် လီကုန်းနှင့်ချန်းကျီတို့မှ ထုတ်လွှတ်သည့် ဆန်းကြယ်သောတာ့အိုကို နားမလည်နိုင်ဟု မဆိုလိုပေ။ သူတို့ကို တိုးတက်သန်မာစေသည်မှာ ရန်သူများ၏အင်အားများပင် မဟုတ်ပါလော။

ဖောင့်ပန်းသည် လီကုန်းနှင့်ချန်းကျီတို့၏ တိုက်ခိုက်မှုရှေ့တွင် ငြိမ်သက်စွာရပ်နေဆဲဖြစ်၏။ သူ၏ဝတ်ရုံမှာ တစ်ဖက်ရန်သူ၏ ပြင်းထန်သည့်တိုက်ခိုက်မှုအဟုန်ကြောင့် လေတွင်မျောလွင့်နေခဲ့သည်။ မျက်လုံးအစုံတို့မှာ နဂါးငွေ့တန်းအလား နက်ရှိုင်းမှုနှင့်အတူ တောက်ပနေပေသည်။

ဖောင့်ပန်းသည် အချိန်အနည်းငယ် တွေးတောနေခဲ့သည်။ ထို့နောက်တွင် လက်ဖဝါးတိုက်ကွက်ကို ထုတ်လွှတ်လိုက်၏။ ပုံမှန်အားဖြင့် သူ၏ကျင့်ကြံမှုအခြေခံအရ အရှိန်အဝါတစ်ခုတည်းဖြင့်ပင် ထိုနှစ်ဦးကို အသက်နုတ်ယူပစ်နိုင်၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားကိုထုတ်‌ေဖာ်ပြသရန်အတွက် လှုပ်ရှားတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

အရှိန်အဝါဖြင့် ထိုနှစ်ဦးကို သတ်ခဲ့ပါလျှင် ထိုလာရောက်ကြည့်ရှုသူငတုံးများသည် အံ့ဩထိတ်လန့်နိုင်ကြသော်ငြား ယုံကြည်ကြမည် မဟုတ်ချေ။ သို့ဖြစ်ရာ သတ်ဖြတ်သည့်ပုံစံကို မျက်မြင်တွေ့ရန် ပြသပေးရပေမည်။ ‌ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ကို သူတို့၏စိတ်နှလုံးအတွင်းသို့ ရိုက်နှိပ်ပေးရမည်။

'ပြန်ရောက်ရင်တော့ ဂိုဏ်းချုပ်ကို သေရည်ကောင်းတစ်အိုးလောက် ချီးမြှင့်ပေးခိုင်းရမယ်။ ငါက ဂုဏ်သရေကြီးမြတ်တဲ့‌ မှော်စွမ်းအားရှင်ကြီးပဲကို ရှန်ရှန့်ကျုံဂိုဏ်းအတွက်ကြောင့် အဲဒီ့သာမန်လူငတုံးကောင်တွေနဲ့ တိုက်ခိုက်ပြပြီး ငါ့ကိုယ်ငါနှိမ့်ချပေးလိုက်ရတာ မဟုတ်ဘူးလား? ကြည့်လေ ငါဖောင့်ပန်းက ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ဘယ်လောက်တောင် သစ္စာရှိလိုက်သလဲလို့!’

ဘုန်း!

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးနှစ်ခုမှ ဖောင့်ပန်းကို ထိခတ်လုနီးတွင် ဖောင့်ပန်းမှ အနှိုင်းမဲ့နတ်ဆိုးစွမ်းအင်များ ရုတ်တရက်ဖြာထွက်လာ၏။ လောကတစ်ခွင်မှာ အလင်းတစ်စဖြာထွက်သွားလျက် လျှပ်စီးမိုးကြိုးတစ်စ လင်းလက်သွားခဲ့သည်။ လောကတစ်ခွင်မှာ အနီရင့်ရောင်သို့ပြောင်းလဲသွားပြီး သွေးမိုးများပင် ရွာသွန်းလာခဲ့၏။ အနှိုင်းမဲ့နတ်‌ဆိုးစွမ်းအင်ကို ခံနိုင်ရည်မရှိတော့စွာ လီကုန်းနှင့်ချန်းကျီတို့မှာ အော်ဟစ်လာကြလေသည်။

ဖောင့်ပန်းသည် လက်ကိုပင့်မြှောက်၍ လက်ဖဝါးရိုက်ချက်ကို ပစ်လွှတ်လိုက်သည်။ အင်အားကြီးမားစွာသော စွမ်းအင်လှိုင်းများသည် လီကုန်းနှင့်ချန်းကျီတို့၏တိုက်ခိုက်မှုကို ရုတ်ချည်းဖြိုခွင်းသွား၍ တုနှိုင်းမဲ့လက်ဖဝါးရိုက်ချက်ကြီးသည် လီကုန်းတို့နှစ်ဦးကို တိုက်ရိုက်ထိခတ်သွားတော့သည်။

လက်ဖဝါးရိုက်ချက်ဖြတ်သန်းသွားခဲ့ရာ နေရာတိုင်းတွင် အရာအားလုံးမှာ အပျက်အစီးများအဖြစ် ကျန်ရစ်ခဲ့လေသည်။ မြေပြင်ထက်၌ နဂါးတစ်ကောင်သောင်းကျန်းသွားသည့်အလား အပျက်အစီးအလွှာတစ်ခု ဖြစ်တည်‌သွားခဲ့သည်။ လီကုန်းနှင့်ချန်းကျီတို့မှာ‌ ပို၍ကြောက်ရွံ့ထိတ်လန့်လာခဲ့ကြသည်။ သူတို့နှစ်ဦးသည် ထွက်ပြေးလွတ်မြောက်လိုခဲ့သည်။ ‌သို့သော် ထွက်မပြေးနိုင်မီ၌ပင် အနှိုင်းမဲ့အင်အားကြီးသည် သူတို့အား အပြင်းအထန်ဖိနှိပ်ထားလေရာ စိုးစဉ်းသော်မျှ မလှုပ်ရှားနိုင်တော့ချေ။

All Chapters