← Chapters

ငါနတ်ဆိုးဒေါသဖြစ်သွားပြီ!

Vol. 20 Ch. 277

ငါနတ်ဆိုးဒေါသဖြစ်သွားပြီ!

Vol. 20 Ch. 277

ဖောင့်ပန်းသည် အထင်မြင်သေးသော မျက်နှာအမူအရာဖြင့် လက်ကိုဆန့်ထုတ်လိုက်သည်။ လက်ဖျောက်တီးလိုက်ရာ အလင်းတန်းတစ်ခုသည် အချိန်စီးဆင်းမှုထက် သာလွန်သောအရှိန်နှုန်းဖြင့် ရုတ်ချည်းလင်းလက်လာခဲ့၏။

ထိုအလင်းတန်းတွင်ပါဝင်သော ခမ်းနားထည်ဝါသည့်စွမ်းအင်တို့သည် ဓားရှည်၏တိုက်ခိုက်မှုနှင့် ထိခတ်သည်တွင် ရုတ်‌ချည်းပေါက်ကွဲထွက်သွား၏။ တာ့အိုနတ်ဘုရားအဌမကြယ်အဆင့်ကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးများ ပေါက်ကွဲဖြာထွက်လာခဲ့သည်။

ဤပြင်းထန်းသောထိခတ်မှုသည် ယခင်တိုက်ခိုက်မှုများကဲ့သို့ ကမ္ဘာတုန်လှုပ်ခြင်းမျိုး မဖြစ်ခဲ့ပေ။ ထိုအစား တိတ်ဆိတ်မှုကြီးစိုးသွားခဲ့၏။ ခမ်းနားထည်ဝါသော စွမ်းအင်လှိုင်းများသည် မျက်လုံးဖြင့်မမြင်တွေ့နိုင်သည်အထိ ပျောက်ကွယ်သွားခဲ့သည်။ ယခင်က မှုန်မှိုင်းနေသောကောင်းကင်သည် ရုတ်ချည်းကြည်လင်တောက်ပလာခဲ့ပြီး နေမင်းကြီးသည် တိမ်တိုက်များကြားမှ အလင်းဖြာနေ၏။ ‌ဖောင့်ပန်းသည် နတ်ဘုရားတစ်ပါးအလား နေရာမှထွက်ခွာသွားခဲ့သည်။

ထိုမြင်ကွင်းသည် နေရာရှိလူအပေါင်းတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်းပုံနှိပ်ခတ်သွားခဲ့လေပြီး ဤတစ်သက်တာလုံး၌ စွဲထင်ကျန်ရစ်ခဲ့ပေလိမ့်မည်။

ဖောင့်ပန်း၏ကြောက်မက်ဖွယ်အင်အားသည် ထိုနေရာရှိလူအားလုံးအတွက် အရိပ်ပမာ ဖြစ်သွားခဲ့လေပြီ။ ထိုအရိပ်ကို မဖျက်ဆီးနိုင်လျှင် ဤဘဝတွင် ဖောင့်ပန်းကို သာလွန်ရန်မဖြစ်နိုင်လေတော့။ ဖောင့်ပန်း၏ ရှည်လျားဖြောင့်တန်းသောပုံရိပ်သည် သူတို့၏အိပ်မက်ဆိုးကြီး ဖြစ်လာပေမည်။

ဝမ်ဖုန်းသည် မြင်ကွင်းကိုကြည့်ရှုရင်းမှ နှုတ်ခမ်းထောင့်များတွန့်ကွေးသွား၏။ ဝမ်ဖုန်းသည် နဂါးဧကရာဇ်တောက်ဇွင်း ကြွမြန်းရောက်ရှိလာခဲ့ပြီး ဖောင့်ပန်းမှ သတ်ပစ်လိုက်မည့်မြင်ကွင်းကို မျှော်လင့်နေမိသည်။

“အခုကစပြီး ‌ထျန်းလန်ဒသမှာ ရှောင်းမျိုးနွယ်စုဆိုတာ မရှိတော့ဘူး!”

လက်ကိုဝှေ့ယမ်းလိုက်ရင်းဖြင့် ဝမ်ဖုန်းသည် ထိတ်လန့်နေဆဲဖြစ်‌ေသာ လာရောက်ကြည့်ရှုကြသည့် ကျင့်ကြံသူများကို ပြောလိုက်သည်။

စကားဆုံးသည်နှင့် ဝမ်ဖုန်းသည် တုံ့ဆိုင်းမှုမရှိစွာ ‌ထိုနေရာမှ ရှန်ရှန့်ကျုံဂိုဏ်းသို့ ချက်ချင်းထွက်ခွာလာခဲ့သည်။

“ဘုရားရေ! ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းအင်အားကြီးမားတာပဲ!”

“အရမ်းကြောက်ဖို့ကောင်းတာပဲ!”

“အခုကစပြီး အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုငါးစုတောင်မှ ရှန်ရှန့်ကျုံဂိုဏ်းကို ပြစ်မှားရဲမှာမဟုတ်လောက်တော့ဘူးပဲ”

“အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဇာစ်မြစ်က ဘာများလဲ? ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီအခြေအနေထိ တိုးတက်လာတယ်ပေါ့လေ?”

“ဒီလိုအင်အားမျိုးက ငါဆက်ပြီးလျှို့ဝှက်ထောက်လှမ်းလို့ရတဲ့အရာ မဟုတ်တော့ဘူး!”

“ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းတပည့်တွေခေါ်နေသေးဖို့ မျှော်လင့်တယ်။ အဲဒီ့လိုအင်အားကြီးဂိုဏ်းသာ ကိုယ့်ရဲ့နောက်ခံအင်အားဖြစ်နေရင် ဘယ်ရှေးဟောင်းမျိုးနွယ်စုကိုမှ ကြောက်ဖို့လိုနေဦးမှာလဲ?”

ဝမ်ဖုန်းနှင့်အကြီးအကဲများ ထွက်ခွာပြီးခဏအကြာတွင်မှာ လာရောက်ကြည့်ရှုသည့်ကျင့်ကြံသူများသည် အသိစိတ်ပြန်ဝင်လာကြတော့သည်။ ကနဦး၌ တိတ်‌ဆိတ်နေသောကမ္ဘာကြီးသည် ထိတ်လန့်တုန်လှုပ်မှု၊ ကြောက်ရွံ့မှု၊ တွေဝေမှုလွှမ်းသောဆွေးနွေးမှုတို့ဖြင့် ပွက်လောရိုက်သွားတော့သည်။

အထူးသဖြင့် ဇာမဏီမျိုးနွယ်စုနှင့် ရွှမ်ကျီးမျိုးနွယ်စုတို့သည် ပို၍ကြောက်ရွံ့ထိတ်လန့်သွားခဲ့ကြ၏။ လီကုန်းနှင့်ချန်းကျီတို့နှစ်ဦးကို မြင်တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်းမျိုးနွယ်စုကို ကူညီထောက်ပံ့သောလူနှစ်ဦး၏ နောက်ကွယ်မှလူသည် လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်များဖြစ်လိမ့်မည်ဟု သူတို့သိထားခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းမှာ ထိုလျှို့ဝှက်ဆန်းကြယ်သည့်ပုဂ္ဂိုလ်တစ်စု၏ ဖျက်ဆီးခြင်းခံရမည်ဟု တွေးထင်ခဲ့ကြ၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းမှ ထိုကဲ့သို့သော ကြောက်မက်ဖွယ်အင်အားဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး မိမိတို့၏ဘိုးဘေးများပင် ကြောက်ရွံ့ရသော ထိုလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်တို့ကို သတ်ပစ်လိုက်လေသည်။

ထိုမြင်ကွင်းကြောင့် ဇာမဏီမျိုးနွယ်နှင့် ရွှမ်ကျီးမျိုးနွယ်စုမှ ကျင့်ကြံသူများ၏စိတ်နှလုံးမှာ နောင်တတရားအနည်းငယ်ကို ခံစားလိုက်ရပေသည်။ မိမိတို့မှာ ထိုလျှို့ဝှက်ဆန်းကြယ်လူတစ်စုနှင့် တစ်လှေတည်းစီးသူများ ဘယ်သောအခါမှ ဖြစ်မလာနိုင်သည်ကို သိပါ၏။ အနာဂတ်တွင် ထိုလျှို့ဝှက်ဆန်းကြယ်လူတစ်စုသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် သေချာပေါက် ထိပ်တိုက်တွေ့ကြပေလိမ့်ဦးမည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏ ကြောက်မက်ဖွယ်အင်အားကြီးကိုတိုက်ခိုက်ရန် ထိုနှစ်ဦးသည် အဘယ်သို့များ သတ္တိရှိခဲ့ကြသနည်း?

…

တစ်ချိန်းတည်း၌

ဝမ်ဖုန်းနှင့်အကြီးအကဲများ ရှန်ရှန့်ကျုံဂိုဏ်းသို့ပြန်ရောက်ခဲ့ချိန်တွင်ဖြစ်သည်။ နဂါးဧကရာဇ်တောက်ဇွင်း၏ တတိယတပည့်တောက်ဖုန်းသည် ရှေးဟောင်းနယ်မြေ၏ အထက်ကောင်းကင်တွင်ရပ်လျက် ရှင်းယောင်တောင်တန်းကြီးတစ်ခုလုံးကို အကဲခတ်ကြည့်ရှုနေခဲ့သည်။

တောက်ဖုန်း၏မျက်နှာထက်တွင် သံသယအချို့ထင်ဟပ်လာ၏။ ဂုဏ်သရေကြီးမြတ်သော တာ့အိုနတ်ဘုရားပဉ္စမကြယ်အဆင့်သည် ရှန်ရှန့်ကျုံဂိုဏ်းကို သတိမမူမိဘဲရှိနေ၏။ ရှန်ရှန့်ကျုံဂိုဏ်းက ရှေးဟောင်းနယ်မြေကနေ ထျန်းလန်အလယ်ပိုင်းဒေသကို လုံးဝပြောင်းရွှေ့သွားတာများလား?

တောက်ဖုန်းသည် ပြန်လည်မထွက်ခွာမီတွင် လင်းယွင်ယွမ်ကျဲ၏စကားများကို ပြန်လည်တွေးတောမိ၏။ တောက်ဖုန်း ရပ်တန့်လိုက်ပြီး လက်ကိုဆန့်ထုတ်၍ တစ်စုံတစ်ရာကို ဆုပ်ကိုင်ဟန်ပြုလိုက်သည်။ သူ၏ဝန်းကျင်ရှိဆန်းကြယ်စွမ်းအင်များသည် ဆန်းကြယ်အားတစ်ခု၏ ဆွဲငင်မှုဖြင့် တောက်ဖုန်းထံသို့ စုဝေးလာခဲ့သည်။ ဓားသွားလက်ဖဝါးအဖြစ်သို့ စုဝေးဖြစ်တည်လာခဲ့ပြီး အချိန်ခဏအကြာတွင် ထိုဓားသွားလက်ဖဝါးမှ တောက်ပသည့်အလင်းတို့ဖြာထွက်စေခြင်းဖြင့် မှုန်ပျပျကောင်းကင်ကို အလင်းပေးခဲ့သည်။

‌

တောက်ဖုန်း၏ လက်ဖဝါးထက်မှစွမ်းအင်သည် မှုန်ပျပျကောင်းကင်ကို အသာအယာလှုပ်ခတ်သွားစေ၏။ မဝေးကွာလှသောနေရာရှိ ကြယ်သေတစ်ပွင့်သည် တောက်ဖုန်း၏စွမ်းအင်လှိုင်းအောက်တွင် ရုတ်ချည်း‌ပွင့်အံလာခဲ့သည်။

“ဘယ်သူက ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းမှာ လာအတင့်ရဲနေတာလဲ!”

ရှန်ရှန့်ကျုံဂိုဏ်း၏တည်နေရာသို့ ဓားချက်တစ်ချက်ဖြင့် ဖျက်ဆီးတော့မည်တွင် ကျယ်လောင်သောအသံတစ်ခုသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွား၏။ တောက်ဖုန်း၏ဓားသည် ရပ်တန့်သွားပြီး လူသည်တော့ နောက်ပြောင်ကျီစယ်ဟန်အပြုံးဖြင့် ရပ်နေခဲ့သည်။

မိမိမှာ ရလဒ်ကောင်းမရှိဘဲ ပြန်သွားရတော့မည်ဟု တွေးနေစဉ်တွင် ရှန်ရှန့်ကျုံဂိုဏ်းမှလူသည် ကိုယ်တိုင်ထွက်လာပြီး အသေခံလေသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် သူ၏အာရုံခံမှုကို မည်သို့ရှောင်တိမ်းနိုင်ခဲ့သည်ကို တောက်ဖုန်း မသိနားမလည်ပါသော်ငြား ကိစ္စမရှိပါတော့ချေ။ ရှန်ရှန့်ကျုံဂိုဏ်းသားများ ထွက်လာပါလျှင် ထိုဂိုဏ်းသားများ၏အသက်သည် မိမိ၏ထိန်းချုပ်မှုအောက်တွင်သာ မဟုတ်ပါလော။

တောက်ဖုန်း အသံလာရာသို့ကြည့်လိုက်သည်။ လူကိုမြင်‌တွေ့လိုက်ရသည်တွင် အံ့အားသွားရ၏။ ဒါက ဘယ်လိုထူးဆန်းတဲ့ဟာကြီးလဲ?!

အနီရင့်ရောင်ဝတ်ရုံဖြင့် မဟာနတ်ဆိုးရွှမ်ရှသည် လက်ကိုနောက်ပစ်လျက် ကောင်းကင်ထက်တွင် တစ်လှမ်းချင်းလျှောက်လှမ်းနေ၏။ အနှိုင်းမဲ့ထောင်လွှားမှုနှင့် တစ်မူထူးခြားသော‌ဟန်ပန်ကို ထုတ်လွှတ်နေလျက် အနီရောင်ဆံပင်‌တို့မှာ လေနှင့်အတူလွင့်နေပုံမှာ အထက်စီးဆန်လှသည်။ ကျားမျက်လုံးသဖွယ် မကောင်းဆိုးဝါးမျက်လုံးအစုံမှာမူ အထင်မြင်သေးခြင်းတို့ သိသာထင်ရှားနေ၏။

“ပုရွက်ဆိတ်‌တစ်ကောင်ပဲ.. ငါနတ်ဆိုးအရှင်ကို မင်းဒေါသဖြစ်စေခဲ့ပြီ!”

“ဒီနေရာက မဟာနတ်ဆိုးရွှမ်ရှ ကာကွယ်စောင့်ရှောက်နေတဲ့နေရာဆိုတာ မင်းသိရဲ့လား?”

မဟာနတ်ဆိုးရွှမ်ရှ၏ အနီရောင်ဆံပင်ရှည်များသည် မီးတောက်မီးလျှံအလား လှုပ်ယိမ်းနေခဲ့ပြီး သူ၏မျက်လုံးအစုံမှ အလင်းစမှာ တောက်ပသည့်နေမင်းငယ်နှစ်စင်းအလား မှုန်ပျသည့်ကောင်းကင်ကို လင်းလက်စေခဲ့သည်။

“ပိုးပျံကောင်လေးက သစ်ပင်ကြီးကို လှုပ်ခါချင်နေသေးတယ်. ဟာသပဲ!”

တောက်ဖုန်းသည် ဒေါသမဖြစ်သော်ငြား ပျက်ရယ်ပြုဟန်ဖြင့် ‌ပြောခဲ့သည်။ မျက်လုံးအစုံမှာမူ မဟာနတ်ဆိုးရွှမ်ရှအား သေလူအဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားနေပေသည်။

“ဂိုဏ်းချုပ်နဲ့မတွေ့ခင်က ငါနတ်ဆိုးအရှင် အချိန်တွေအလဟဿဖြုန်းတီးခဲ့မိတယ်။ ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်မလာခင်အထိ ငါနတ်‌ဆိုးအရှင်ဟာ ဒီကမ္ဘာလောကကြီးက ဘယ်လောက်တောင် အံ့ဩဖွယ်ကောင်းတယ်ဆိုတာကို မသိနိုင်ခဲ့ဘူး”

“ဂိုဏ်းချုပ်ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် ငါနတ်ဆိုးအရှင်ကြိုးစားပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စီစဉ်ညွှန်ကြားရေးမှူးချုပ်အဖြစ် ထမ်းဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်”

“ဂိုဏ်းချုပ်ကတော်ပေးအပ်တဲ့ လက်ဆောင်ကြောင့် ငါနတ်ဆိုးအရှင် ပြန်လည်မွေးဖွားလာခဲ့တယ်။ တကယ်တမ်း စီမံအုပ်ချုပ်သူကြီးတော့ မဟုတ်သေးပေမယ့် ငါနတ်ဆိုးအရှင်က ရှန်ရှန့်ကျုံဂိုဏ်းကို ငါ့ရဲ့အိမ်လိုသဘောထားတယ်”

“အခု မင်းလိုပုရွက်ဆိတ်ကောင်က ငါနတ်ဆိုးအရှင်ရဲ့အိမ်ကို ဖျက်ဆီးချင်နေတာ.. ဒီပြစ်မှုက လုံးဝခွင့်မလွှတ်နိုင်စရာပဲ!”

“ငါနတ်ဆိုးအရှင်ကိုယ်တိုင် မင်းကိုအပြစ်မပေးခင်မှာ မင်းကိုယ်မင်း အဆုံးစီရင်လိုက်ဖို့ အကြံပေးချင်တယ်။ မဟုတ်လို့ကတော့ ငါနတ်ဆိုးအရှင် ကြမ်းတမ်းရက်စက်တဲ့အချိန်ဆို ငါ့ကိုယ်ငါတောင် ကြောက်မိရတယ်အထိ ရက်စက်တယ်နော်!”

ဤအခိုက်အတန့်၏ မဟာနတ်ဆိုးရွှမ်ရှသည် တည်ငြိမ်အေးဆေးနေခြင်းဖြစ်၏။ မဟာနတ်ဆိုးရွှမ်ရှသည် တောက်ဖုန်းကို အထင်မြင်သေးစွာကြည့်လျက် အေးစက်စွာပြောခဲ့သည်။ သူ၏စကားလုံးများသည် သာမန်လှိုင်းတံပိုးထက်မြင့်မားသော အသံလှိုင်းများအဖြစ် တောက်ဖုန်းသို့ ဦးတည်သွားခဲ့သည်။

တောက်ဖုန်းသည်လည်း အထင်‌မြင်သေးသော အမူအရာဖြင့်သာ လက်ကိုအသာအယာ ဝှေ့ယမ်းလိုက်ပြီး အသံလှိုင်းများကို ရှင်းလင်းဖယ်ရှားလိုက်သည်။ တောက်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား အရူးတစ်ယောက်ကို ကြည့်နေသည့်ကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်နေခဲ့သည်။ တောက်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှထံမှ အရှိန်အဝါလှိုင်းအပြင် နှလုံးခုန်နှုန်းကိုပင် မခံစားမိချေ။ ‌ပုရွက်ဆိတ်‌ေကာင်ကဲ့သို့‌ေသာ ရှန်ရှန့်ကျုံဂိုဏ်းသားတစ်ယောက်သည် မိမိထက်ပင်ပို၍ မောက်မာထောင်လွှားလိမ့်မည်ဟုလည်း တောက်ဖုန်း မျှော်လင့်မထားမိပေ။ ရယ်စရာကောင်းလှပါ၏!

ရှေးဟောင်းနယ်မြေသည် မျှော်လင့်ထားသည့်အတိုင်းပင် ရေ‌တွင်းအောက်ခြေမှဖားတစ်ကောင်သည် နေ့ကောင်းကင်သည် မည်မျှမြင့်မားဝေးကွာသည်ကို မသိရှာပေ။

သို့သော် မဟာနတ်ဆိုးရွှမ်ရှသည် သူ့အား တမင်ရည်ရွယ်၍ သတိမူမိစေခြင်းဖြစ်သည်ကို တောက်ဖုန်း မသိခဲ့ပါချေ။

ရှန်ရှန့်ကျုံဂိုဏ်းသို့ တောက်ဖုန်း စတင်ရောက်ရှိလာခဲ့ချိန်မှစ၍ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများမှ သတိမူမိခဲ့ပြီးဖြစ်သည်။ မဟာနတ်ဆိုးရွှမ်ရှသည် အားလုံး၏အမြင်ကိုစုစည်း၍ ဂိုဏ်းအပြင်အစောင့်အရှောက်အကြီးအကဲတစ်ဦးအဖြစ် လှုပ်ရှားတိုက်ခိုက်ရန်အခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် ဤအချိန်၌ တွေးတောမိလိုက်၏:

'သူ နတ်ဆိုးအိုကြီးက ဂိုဏ်းချုပ်ကတော်ရဲ့ လေ့ကျင့်ပျိုးထောင်မှုကြောင့် ပြိုင်ဘက်ကင်းအခြေနေထိ တိုးတက်လာခဲ့ပြီ။သူဘယ်လိုလုပ် အသုံးမကျဘဲနေမလဲ? ငြိမ်သက်နေတဲ့ရှန်ရှန့်ကျုံ ဂိုဏ်းကြီးဆီ နောက်ဆုံးမှာတော့ အရုပ်တစ်ရုပ်ရောက်လာခဲ့ပြီ။သူ အဘယ်ကြောင့် မိမိုက်စွာပြုမူရမည့် အခွင့်အရေးကိုလက်လွတ်ခံရမည်နည်း? ရှန်ရှန့်ကျုံဂိုဏ်းနဲ့အပြင်စည်းဂိုဏ်းရဲ့ အထွေထွေစီမံအုပ်ချုပ်သူ ဆိုတဲ့ စွမ်းဆောင်ရည်ကို သူ မပြသရဘူးလား?

မကောင်းဆိုးဝါးအိုကြီး ချုံးယန်က သူအစွမ်းပြရမယ့် အခွင့်အရေးကို သူနဲ့ ယှဥ်လုရဲသေးသည်။သူက ဘယ်သူများလဲ? သူဟာ ရှန်ရှန့်ကျုံ အပြင်စည်းဂိုဏ်းရဲ့ အထွေထွေစီမံအုပ်ချုပ်သူ သာတည်း။မကောင်းဆိုးဝါးအိုကြီးချုံးယန်လို သာမန်အကြီးအကဲတစ်ယောက်က သူနဲ့ခံငြင်းရဲသတဲ့လား? မကောင်းဆိုးဝါး အဖိုးကြီးချုံးယန်ကို အပြစ်ပေးဖို့အတွက် မနက်ဖြန်ဆွေးနွေးပွဲတွင် ဝိုင်အကောင်းစား ယူမသွားတော့ဖို့ ရွှမ်ရှတစ်ယောက် ဆုံးဖြတ်လိုက်သည်။ကောင်းပြီ။ သာမန် ဝိုင်တစ်အိုးပဲ ယူသွားတော့မယ်!

All Chapters