← Chapters

အထွတ်အထိပ်အခိုက်အတန့်

Vol. 20 Ch. 278

အထွတ်အထိပ်အခိုက်အတန့်

Vol. 20 Ch. 278

“ရှန်ရှန့်ကျုံဂိုဏ်း အချိန်တိုအတွင်း တိုးတက်လာရတဲ့အကြောင်းရင်းကို ထုတ်ပြောလိုက်.. အဲဒါဆို မင်းရဲ့အလောင်းကို အင်္ဂါရပ်စုံစုံလင်လင်နဲ့ ချန်ရစ်ပေးမယ်!”

တောက်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှနှင့် စကားစမြည်ပြောဆိုရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့၍ အေးစက်စွာပြောသည်။

“ကောင်းပြီ။ ငါနတ်ဆိုးရဲ့တိုက်ခိုက်မှုကို မင်းခံနိုင်ရည်ရှိရင်ကောင်းတာပေါ့။ ငါနတ်ဆိုး သတိပေးလိုက်မယ်. နောက်မှအော်ဟစ်ငိုယိုမနေနဲ့နော်!”

မဟာနတ်ဆိုးရွှမ်ရှသည် တောက်ဖုန်းကို စူးရဲစွာကြည့်၍ ခေါင်းညိတ်လျက်ပြော၏။

“အို?”

တောက်ဖုန်း၏မျက်လုံးများ တောက်ပသွား၏။ တောက်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကို ပျက်ရယ်ပြုဟန်ဖြင့်ကြည့်လျက် လက်ချိတ်ထားပုံမှာ အထင်မြင်သေးမှုတို့ သိသာပေါ်လွင်နေပေသည်။

“မင်းအာရုံစိုက်ထားနော်. ဒါက ငါနတ်ဆိုးရဲ့ အင်အားအကြီးဆုံးတိုက်ကွက်ပဲ!”

မဟာနတ်ဆိုးရွှမ်ရှသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် ပြော၏။

“ကောင်းကင်ဖြိုခွင်းပန်းထိုးအပ်!”

မဟာနတ်ဆိုးရွှမ်ရှ၏ ဟိန်းဟောက်သံနှင့်အတူ လက်ဖျောက်တစ်ချက်တွင် ကြောက်မက်ဖွယ်အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာ၏။ အလင်းတန်း၏ထက်ရှသောထိပ်ဖျားသည် လေဟာပြင်ကိုဖောက်ထွင်းသွား၏။

အလင်းတန်း၏ အင်အားကြီးမားသောစွမ်းအင်ကို ခံစားမိသည်တွင် တောက်ဖုန်း၏မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွား‌ရသည်။ အလင်းတန်းလေးတစ်ခုဖြစ်သော်ငြား အသက်သေစေနိုင်သော ခြိမ်းခြောက်မှုကြီးကို ခံစားမိပေသည်။

ဘုန်း!

တာ့အိုနတ်ဘုရားပဉ္စမကြယ်အဆင့်စွမ်းအင်များသည် ထိမ်ချန်ထားခြင်းမရှိ အလုံးစုံဖြာထွက်လာခဲ့သည်။ ကြောက်မက်ဖွယ်စွမ်းအင်ကြီးသည် ကြယ်ရောင်မှိန်ပျပျကောင်းကင်အား အဆက်မပြတ်တုန်ခါစေခဲ့ပြီး မျက်လုံးဖြင့်မြင်တွေ့နိုင်ခြင်းမရှိသော စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဖျက်ဆီးပစ်လေသည်။

ထိုအခိုက်အတန့်၌ တောက်ဖုန်းသည် ဒေါသမာန်ထကြွလာခဲ့၍ မဟာနတ်ဆိုးရွှမ်ရှသို့ တစ်ဟုန်ထိုးတိုက်ခိုက်လေသည်။ တာ့အိုနတ်ဘုရားပဉ္စမကြယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးချိန်မှစ၍ တောက်ဖုန်းကို ဒေါသထကြွစေသည့်ဖြစ်ရပ်ဟူသည် ရှားပါးလွန်းခဲ့သည်။ သို့သော် ယခုတွင်တော့ မဟာနတ်ဆိုးရွှမ်ရှ၏အပြုအမူသည် တောက်ဖုန်းကို အလွန်အမင်းဒေါသဖြစ်စေခဲ့သည်။

အလင်းတန်းသည် တောက်ဖုန်း၏အောက်နားသို့ လာရောက်ထိခတ်၏။ ဤသို့သော အထင်မြင်သေးစက်ဆုပ်ဖွယ် တိုက်ခိုက်မှုမျိုးမှာ မကြုံစဖူးဖြစ်သည်။ မဟာနတ်ဆိုးရွှမ်ရှမှ ထုတ်လွှတ်သည့်စွမ်းအင်သည် တားဆီးပိတ်ပင်၍မရနိုင်သောထိုးထွင်းမှုရှိ‌ေနသည်‌ေကြာင့် တောက်ဖုန်းကို ပို၍ထိတ်လန့်စေခဲ့သည်။

တောက်ဖုန်း၏ ခြေထောက်များတုန်ရီနေလျက် ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် အထိန်းအကွပ်မဲ့စီးဆင်းနေခဲ့သည်။ တောက်ဖုန်း၏ရှေ့တွင် လူတစ်ယောက်စာမြင့်မားသည့် အကာအကွယ်တစ်ခု ဖြစ်တည်လာခဲ့ပြီး တောက်ဖုန်းအား ကာကွယ်ထား၏။ ထိုအကာအကွယ်၏အင်အားမှာ တာ့အိုနတ်ဘုရားပဉ္စမကြယ်အဆင့် ကျင့်ကြံသူကို စိုးထိတ်စေနိုင်ပေသည်။

သို့သော် ထိုအင်အားကြီးမားသည် အကာအကွယ်မှာ မဟာနတ်ဆိုးရွှမ်ရှ၏ အလင်းတန်းငယ်လေးကို ဟန့်တားနိုင်ခြင်းမရှိပေ။ မဟာနတ်ဆိုးရွှမ်ရှမှ ပစ်လွှတ်လိုက်သည့်အလင်းတန်းငယ်သည် အကာအကွယ်ကို ထိုးဖောက်သွား၍ တောက်ဖုန်းကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။

“ဘယ်လို!”

ဘဲအော်သံကဲ့သို့သော စူးစူးဝါးဝါးအော်ဟစ်သံကြီး လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွား၏။ အော်ဟစ်သံကို ကြားရသူမှာ ငိုကြွေးချင်စိတ်ဖြစ်ပေါ်စေသည်အထိ စူးဝါးကျယ်လောင်‌လှသည်။

တောက်ဖုန်း၏ခန္ဓာကိုယ်မှ သွေးစက်များ တတောက်တောက်စီးကျနေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ မဟာနတ်ဆိုးရွှမ်ရှသည် လှုပ်ရှားမှုတစ်ချက်ဖြင့် ‌တောက်ဖုန်း၏ရှေ့သို့ ချက်ချင်းသွားလိုက်၏။ ထို့နောက် တောက်ဖုန်း၏လည်တိုင်ကို လက်ဖြင့် ရက်ရက်ရော‌ရော ဖိညှစ်‌ေလသည်။

“ကောင်စုတ်လေး စောစောတည်းက ရပ်တန်းကရပ်လိုက်ရင် ပိုကောင်းတဲ့အဆုံးသတ်ဖြစ်လိမ့်မှာကိုကွာ.. ငါနတ်ဆိုးအရှင်က ကြမ်းတမ်းခက်ထန်လွန်းလို့ ငါ့ကိုယ်‌ငါတောင် ကြောက်ရပါတယ်လို့ ငါမင်းကိုမပြောခဲ့ဘူးလား? မင်းဘာလို့နားမထောင်ရတာလဲ?”

“ဒါက ငါနတ်ဆိုးအရှင်ရဲ့အိမ်ကို ဖျက်ဆီးချင်တဲ့ရလဒ်ပဲ။ အတွေးလေးနဲ့ပဲဆိုရင်တောင် ငါနတ်ဆိုးအရှင်က ခွင့်မပြုနိုင်ဘူး!”

“ငါနတ်ဆိုးအရှင် အသက်ရှင်နေသ၍ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ သစ်ရွက်တစ်ရွက်ကိုတောင် ဘယ်သူမှ မထိနိုင်စေရဘူးကွ!”

မဟာနတ်ဆိုးရွှမ်ရှသည် နာကျင်မှုကြောင့်ရှုံ့မဲ့နေသည့်အမူအရာဖြင့် တောက်ဖုန်းကိုကြည့်၍ အေးစက်စွာပြော၏။

“မင်း..!”

မွန်းကျပ်သည့်ခံစားချက်ကြောင့် တောက်ဖုန်း၏မျက်နှာမှာ ပို၍ပုံပျက်ပန်းပျက် ဖြစ်လာရသည်။ အသက်ဆုံးရှုံးရလုနီးသော ခြိမ်းခြောက်မှုသည် နာကျင်မှုကိုမေ့လျော့သွားစေသည်။ တောက်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား တုန်လှုပ်ချောက်ချားစွာ ကြည့်နေခဲ့သည်။

“ငါ… ငါက… နဂါးဧကရာဇ်တောက်ဇွင်းရဲ့တပည့်ပဲ! ငါ့ကိုထိရဲရင် မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက သေချာပေါက် မြှုပ်နှံဖို့နေရာတောင်မရှိဘဲ ပျက်စီးသေဆုံးရလိမ့်မယ်!”

မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးများမှ သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို မြင်တွေ့လိုက်ရသည်ဖြစ်ရာ တောက်ဖုန်းသည် ပို၍ကြောက်ရွံ့တုန်လှုပ်လာခဲ့ပြီး မဟာနတ်ဆိုးရွှမ်ရှအား တားဆီးနိုင်ရန်‌ေမျှာ်လင့်ချက်ဖြင့် ဆရာဖြစ်သူကို ထုတ်ဖော်ပြောဆို၏။ တောက်ဖုန်းသည် သူ၏တစ်သက်တာတွင် ဤသို့အနိုင်ကျင့်စော်ကားမှုကို တစ်ကြိမ်တစ်ခါသော်မျှ မခံစားခဲ့ဖူးချေ။

“နဂါးဧကရာဇ်တောက်ဇွင်း? အဲဒါဘာကောင်တုန်း!”

“ငါနတ်ဆိုးအရှင်က ဘယ်သူလဲဆိုတာ မင်းသိလား?”

မဟာနတ်ဆိုးရွှမ်ရှသည် တောက်ဖုန်းကို လက်တစ်ဖက်တည်းဖြင့် ပင့်‌မြှောက်ထားလျက် လှောင်ရယ်လေသည်။

“ဘယ်သူလဲ?”

“ငါနတ်ဆိုးအရှင်က ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်းအကြီးအကဲကွ!”

စကားသံနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှသည် တောက်ဖုန်း၏လည်တိုင်ကို အားထည့်ဖိညှစ်လိုက်ရာ တောက်ဖုန်း၏ဦးခေါင်းသည့် အဝေးသို့လွင့်ထွက်သွား၏။ ငါ့ဆရာက ရှန်ရှန့်ကျုံဂိုဏ်းကို လာဖျက်ဆီးမှာကို သူမကြောက်ဘူးလား?

ပြီးတော့ ဘာကြီး… ဂိုဏ်းအပြင်စည်းအကြီးအကဲလေးပဲကို ဘာတွေဂုဏ်ယူ‌ဝံ့ကြွားနေတာတုန်း?

တောက်ဖုန်းမှာ မဟာနတ်ဆိုးရွှမ်ရှကို နားမလည်နိုင်မီ၌ပင် သူ၏ဝိဉာဉ်မှာ ဖြိုခွဲခံလိုက်ရပြီး သူ၏အသိစိတ်မှာလည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားလေသည်။ ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားရ၏။ ခန္ဓာအပိုင်းအစများမှာ ကြေမွနေလျက် အသားစများနှင့်ရောနှောနေသော သွေးများသည် ‌ညဉ့်ကောင်းကင်ထက်တွင် ပြန့်ကျဲသွား၏။

“‌နဂါးဧကရာဇ်တောက်ဇွင်း? အဲ့ကောင်အကြောင်း ထုတ်ပြောလာတာ တကယ့်ဟာသပဲ! မဟာနတ်ဆိုးကြီးရွမ်ရှ ငါ့ရဲ့နောက်ခံအင်အားက ဘယ်လောက်ကြီးမားတောင့်တင်းလဲဆိုတာတောင် မသိဘဲနဲ့”

မဟာနတ်ဆိုးရွှမ်ရှသည် ပြန့်ကျဲ‌ေနသည့်အသားစများကိုကြည့်၍ လှောင်ရယ်၏။

“ငါနတ်ဆိုးအိုကြီး ဒီလောက်ထိအင်အားကြီးမားတာကို ဂိုဏ်းချုပ်သာသိရင် အံ့ဩသွားမှာစိုးမိပါရဲ့”

“ ဂိုဏ်းချုပ်ရဲ့ရှေ့မှောက်မှာ ငါနတ်ဆိုးအိုကြီး တိုက်ခိုက်ပြခွင့်ရမယ့်နေ့ကို မျှော်လင့်မိတယ်။ အဲဒီ့နေ့ကတော့ ဒီနတ်ဆိုးအိုကြီးရဲ့ဘဝမှာ အထွတ်အထိပ်ကာလဖြစ်လိမ့်မှာပဲ”

မဟာနတ်ဆိုးရွှမ်ရှသည် ထျန်းလန်ဒေသရှိရာအရပ်သို့ လှမ်းမျှော်ကြည့်ခဲ့ပြီးနောက် အလင်းတစ်စနှင့်အတူ ညဉ့်ကောင်းကင်မှ ပျောက်ကွယ်သွားခဲ့သည်။ ညဉ့်ကောင်းကင်တစ်ခွင်၌ မှုန်မှိုင်းမှိုင်းရယ်မောသံသာလျှင် ပဲ့တင်ထပ်ကျန်ရစ်နေခဲ့သည်။

……

တစ်ချိန်တည်း၌ပင်

ထျန်းလန်ဒေသ၏ လျှို့ဝှက်ဆန်းကြယ်နေရာတစ်ခုတွင် လူအိုကြီးတစ်ဦးသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် ရပ်နေခဲ့သည်။ ထိုလူကြီးသည်‌ ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုလူကြီး၏ ပုံပန်းသွင်ပြင်မှာ အိုမင်းသော်ငြား ခန္ဓာကိုယ်မှာ ရှည်သွယ်ဖြောင့်တန်း၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါရှိပေသည်။ ထိုလူအိုကြီး၏တည်ရှိမှုသည် လျှို့ဝှက်ဆန်းကြယ်နေရာကို အနည်းငယ်တုန်ရီသွားစေခဲ့သည်။

“တပည့်၅သေပြီ.. တပည့်၄နဲ့တပည့်၃လည်း သေသွားပြီ! နတ်မင်းနယ်ပယ်ကိုရောက်ဖို့ မျှော်လင့်ချက်က ဒီလိုပဲပျက်စီးသွားခဲ့ရပြီ!”

နဂါးဧကရာဇ်တောက်ဇွင်းထံမှ အလွန်အမင်းအေးစက်သောအသံ ထွက်ပေါ်လာခဲ့သည်။ ထိုအေးစက်သည့်အသံ၏ ပဲ့တင်ထပ်မှုနှင့်အတူ ဝန်းကျင်တစ်ခွင်သည်လည်း မှုန်မှိုင်းသည့်လေထု၏ လွှမ်းမိုးခြင်းခံရလေရာ တစ္ဆေများငိုကြွေးနေကြ၍ ဝံပုလွေများဟိန်းဟောက်နေကြသည့်အလား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“ငါအရှင်ရဲ့အစီအစဉ်ကို ဖျက်ဆီးတဲ့အတွက် ‌မင်းတို့ကို သေဆုံးတာထက် ပိုဝေဒနာကြီးတဲ့ဘဝမျိုးကို ခံစားရစေမယ်!”

နဂါးဧကရာဇ်တောက်ဇွင်းသည် လျှို့ဝှက်ဆန်းကြယ်နေရာဒေသတစ်ခုလုံးကို အထက်စီးမှ ကြည့်နေခဲ့သည်။ ဘဝ၏အတက်အကျအပြောင်းအလဲကို ခံစားနေစဉ်တွင် အသည်းခိုက်စေသော သတ်ဖြတ်လိုခြင်းအငွေ့အသက် ပျံ့နှံ့‌စိမ့်ဝင်နေ၏။ ထိုသတ်ဖြတ်လိုခြင်းအငွေ့အသက်သည် သူ၏ဝန်းကျင်တစ်ခွင်ကို အေးခဲစေခဲ့သည်။

“အဲဒီ့ကိုပြန်သွားမှပဲ ငါအရှင်ရဲ့ နှစ်ပေါင်းများစွာစုဆောင်းထားတဲ့စွမ်းအင်တွေကို အသုံးပြုရမယ်ထင်ခဲ့တာ.. အဲဒီ့ထျန်းလန်ဒေသလေးမှာ ထုတ်သုံးရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူးပဲ။ ထားပါလေ ထျန်းလန်ဒေသကို သိမ်းပိုက်ဖို့အရှိန်မြှင့်တင်ပြီး ငါအရှင်လည်း တာ့အိုကိုထိုးဖောက်ပြီး အမတဖြစ်ရမှာပေါ့”

“ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စု ငါအရှင်ကို စွန့်ပစ်ခဲ့တဲ့အတွက် မင်းတို့အားလုံးကို နောင်တရ,ရစေမယ်!”

နဂါးဧကရာဇ်တောက်ဇွင်း၏ နာကျည်းခါးသီးမှုတို့ပြည့်နှက်နေ‌သောအသံ ပဲ့တင်ထပ်သွားခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်တွင်း၌လည်း နာကျည်းခါးသီးခြင်းခံစားချက်များ မြင့်တက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်နေရာဒေသကြီးတစ်ခုလုံးမှာ မှုန်းမှိုင်းသွားခဲ့သည်။

ထိုစကားနှင့်အတူ နဂါးဧကရာဇ်တောက်ဇွင်းသည် ရွှေနဂါးသဏ္ဍာန်ထွင်းထားသည့်တံဆိပ်ပြားကို ထုတ်ယူ၍ ဖျက်ဆီးပစ်လိုက်သည်။ တံဆိပ်ပြားကွဲကြေသွားသောအခါ သူ၏ရှေ့လေဟာပြင်သည် အနည်းငယ်တုန်ခါသွားခဲ့ပြီး တံခါးတစ်ချပ် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ထိုတံခါးချပ်အတွင်းမှ ကြောက်မက်ဖွယ်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖြာထွက်နေခဲ့ပြီး အလောင်းတောင်ကြီးရှိနေသည်ကဲ့သို့သော အရှိန်အဝါသည်လည်း လေထုတွင်လွှမ်းခြုံနေခဲ့သည်။

ရှပ်! ရှပ်!(ခြေသံ)

တံခါးချပ်မှ သပ်ရပ်ညီညာသောခြေသံများ ထွက်ပေါ်လာခဲ့ပြီး အချိန်ခဏအကြာတွင် ထိုတံခါးချပ်အတွင်းမှ ပုံရိပ်ရာချီ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်များသည် နဂါးဧကရာဇ်တောက်ဇွင်း၏ရှေ့တွင် ညီညာတည်ကြည်စွာ ရပ်နေကြသည်။

“ဧကရာဇ်တောက်ဇွင်းကို ဂါရဝပြုပါတယ်!”

ပုံရိပ်ရာချီထံမှ တစ်ပြိုင်နက်တည်းသောအသံသည် နားကွဲလုမတတ်ကျယ်လောင်၏။ ထိုပုံရိပ်ရာချီ၏အသံတို့သည် တညီတညာတည်းရှိလှသည်မှာ လူတစ်ဦးတည်းမှ စကားဆိုခဲ့သည့်အလား ထင်မှတ်ရပေသည်။

All Chapters