← Chapters

သွေးနဂါးအစောင့်အရှောက်

Vol. 20 Ch. 279

သွေးနဂါးအစောင့်အရှောက်

Vol. 20 Ch. 279

ထိုပုံရိပ်ရာချီသည် နဂါးဧကရာဇ်တောက်ဇွင်းသို့ ဦီးတည်လျက် ဒူးတစ်ဖက်ထောက်ထားကြသည်။ ထိုအခိုက်အတန့်ရှိ ကောင်းကင်ယံ၏အဟုန်မှာ မည်သူပင်ဖြစ်စေ တုန်လှုပ်သွားစေရန် လုံလောက်၏။

ပုံရိပ်အားလုံးသည် ကြက်သွေးရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြရာ သွေး‌ရည်ချိုးထားသည့် အလောင်းကောင်များအလား အရှိန်အဝါမှာ ကြောက်လန့်ချောက်ချားဖွယ်ကောင်းလှသည်။

သူတို့အားလုံး၏ခန္ဓာကိုယ်မှ အရှိန်အဝါသည် အနည်းဆုံးလျှင်သော်မှ တာ့အိုနတ်ဘုရားပထမကြယ်အဆင့် ရှိကြသည်။ ထျန်းလန်ဒေသ၏ ကျင့်ကြံသူများမှ ဤမြင်ကွင်းကို မြင်တွေ့ကြပါလျှင် သေအောင်ကြောက်ရွံ့ထိတ်လန့်ကုန်ကြပေမည်။

“ငါအရှင်က မင်းတို့ကို ဒီနေ့ဒီအခြေအနေထိရောက်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာဖြတ်ကျော်ခဲ့ပြီး မရေမတွက်နိုင်တဲ့တန်ကြေးကို ပေးဆပ်ကြိုးပမ်းခဲ့ရတယ်။ အခုက မင်းတို့ လောကကြီးကို ထွက်ပြဖို့အချိန်ပဲ။ လောကကြီးက အစွန်းဖျားကိုရောက်ရှိပြီး ကမ္ဘာတုန်တဲ့မြင်ကွင်းကို မြင်‌တွေ့ရမယ့်အချိန်ပဲ!”

သွေးနဂါးအစောင့်အရှောက်ဟူသည် တောက်ဇွင်းမှ ရှန်းလန်‌တိုက်တစ်ခွင်ရှိ ရင်းမြစ်နယ်ပယ်အားလုံးသို့ သွားရောက်၍ ကျင့်ကြံမှုရင်းမြစ်များစွာတို့ကို အသုံးပြုခြင်းဖြင့် တပည့်အနည်းငယ်မှအပ တာ့အိုနတ်ဘုရားပထမကြယ်အဆင့်နှင့်အထက်ရှိ လူဦးရေသုံးရာပါဝင်သော အဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ထို့ပြင် ဤဂုဏ်ယူဝံ့ကြွားရဆုံးသောအင်အားစုမှာ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုအား သူ၏အင်အားကို သက်သေပြနိုင်ရန်အတွက်ဖြစ်၏။

ဤသွေးနဂါးအစောင့်အရှောက်သုံးရာသည် ပါရမီအထုံအရ အမိုက်ဆုံးသောတည်ရှိမှုများဖြစ်ကြပြီး နဂါးဧကရာဇ်တောက်ဇွင်း၏ လောကတစ်ခွင်သွားလာ၍ ရှာဖွေတွေ့ရှိခဲ့သည့် ပါရမီရှင်များဖြစ်ကြသည်။ နဂါးဧကရာဇ်တောက်ဇွင်းသည် ကလေးဘဝ၌ပင် ကျင့်ကြံသူအချို့နှင့် အတူတကွ အိပ်စက်လေ့ရှိခဲ့သည်။ သွေးနဂါးသုတ်သင်ဖွဲ့စည်းမှုကို ထောက်ပံ့ဖြည့်စွက်လိုက်သောအခါ ဤသွေးနဂါးအစောင့်အရှောက်သုံးရာသည် ထိပ်တန်းအင်အားစုကြီး ဖြစ်လာခဲ့သည်။

ဤသွေးနဂါးအစောင့်အရှောက်သုံးရာ၏ ကျင့်ကြံမှုအခြေခံဖြင့် နဂါးဧကရာဇ်တောက်ဇွင်းမှ ဤသွေးနဂါးအစောင့်အရှောက်များအား နတ်ဘုရားများကို သတ်ဖြတ်ရန် အစီအရင်ချမှတ်လိုက်ပါလျှင် သူကိုယ်တိုင်သော်မှ ထိုအစောင့်အရှောက်များကို တားဆီးဟန့်တားနိုင်စွမ်း မရှိ‌နိုင်ပေ။ ကနဦး၌ နဂါးဧကရာဇ်တောက်ဇွင်းသည် ဤသွေးနဂါးအစောင့်‌အရှောက်သုံးရာ၏ တိုက်ပွဲနေရာသည် နတ်မင်းနယ်ပယ်၌ဖြစ်လိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။ ထျန်းလန်ဒေသ၌ အသုံးပြုရမည်ဟု မျှော်လင့်မထားခဲ့ချေ။

နဂါးဧကရာဇ်တောက်ဇွင်း၏ ကနဦးအစီအစဉ်မှာ တပည့်၆ဦးအား သွေးနဂါးအစောင့်အရှောက်များ၏ စစ်သူကြီး‌၆ဦးအဖြစ် တာဝန်ပေးအပ်ပြီး မိမိကိုယ်တိုင်သည်တော့ အုပ်ချုပ်သူဧကရာဇ်အဖြစ် တာဝန်ယူရန်ဖြစ်သည်။

သို့သော် သူ၏တပည့်များသည် တစ်ဦးပြီးတစ်ဦး ကျဆုံးသွားခဲ့ကြလေရာ နဂါးဧကရာဇ်တောက်ဇွင်းမှာ အလွန်အမင်း ဒေါသဖြစ်လာခဲ့ရပြီး သွေးနဂါးအစောင့်အရှောက်များအား ထုတ်သုံးတော့သည်။ ထျန်းလန်ဒေသကို တစ်ဟုန်ထိုးသိမ်းကျုံးတိုက်ခိုက်ပြီး သူ၏တပည့်ဖြစ်သူများအား သတ်ဖြတ်ခဲ့သည့်အင်အားစုများကို အစိတ်စိတ်အမွှာမွှာချေမှုန်းပစ်ရန် ရည်ရွယ်ထား၏။

ကံကောင်းထောက်မစွာဖြင့် သူမျှော်လင့်ချက်ကြီးမားခဲ့သော တပည့်ငယ်လေး လင်းယွင်ယွမ်ကျဲသည်တော့ မကျရှုံးခဲ့ပေ။ သို့မဟုတ်ပါက ‌နဂါးဧကရာဇ်တောက်ဇွင်းမှာ ရူးသွပ်သွားနိုင်လောက်၏။

“မင်းတို့ ငါအရှင်ရဲ့တပည့်ငယ် လင်းယွင်ယွမ်ကျဲကို ရှာပြီး သူ့ရဲ့ညွှန်ကြားမှုကို လိုက်နာရမယ်။ ပြီးတော့ လင်းယွင်ကိုပြောလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် တောက်ဖုန်းနဲ့တခြားတပည့်တွေကို သတ်ခဲ့တဲ့သူတွေကို အစိတ်စိတ်အမွှာမွှာဖျက်ဆီးပစ်ရမယ်လို့!”

နဂါးဧကရာဇ်တောက်ဇွင်းသည် သွေးနဂါးအစောင့်အရှောက်သုံးရာအား စူးရဲစွာကြည့်လျက်ပြော၏။ သူ၏မျက်လုံးများမှာ အေးစက်နေလျက် အသံသည်လည်း အေးစက်နေခဲ့သည်။

“ဟုတ်ကဲ့!”

သွေးနဂါးအစောင့်အရှောက်သုံးရာမှ တစ်ပြိုင်နက်တည်းဖြေကြားခဲ့ပြီး အလင်းတစ်ပြက်နှင့်အတူ ပုံရိပ်များသည် နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။

လျှို့ဝှက်ဆန်းကြယ်နေရာဒေသကြီးမှာ ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီး ရှည်သွယ်ဖြောင့်တန်းသည့် ပုံရိပ်တစ်ခုသာလျှင် တောင်ထိပ်၌ ကျန်ရစ်နေခဲ့သည်။

တစ်ချိန်တည်း၌ပင် ဝမ်ဖုန်းနှင့်အကြီးအကဲများသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။ ဝမ်ဖုန်းသည် အကြီးအကဲများကိုထားရစ်ခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းခန်းမထဲသို့ တစ်ဦးတည်း‌ပြန်လာခဲ့သည်။

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်းအကြီးအကဲကြီး မဟာနတ်ဆိုးရွှမ်ရှမှ တာ့အိုနတ်ဘုရားပဉ္စမကြယ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ဂိုဏ်းအမှတ်သန်း၃၀နှင့် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်တစ်ခု ရရှိပါတယ်”

စိတ်တွင်းမှထွက်ပေါ်လာသည့်အသံကြောင့် ဂိုဏ်းချုပ်ထိုင်ခုံထက်တွင် ထိုင်ချလိုက်သည့်ဝမ်ဖုန်းမှာ အံ့အားသင့်မှုကြောင့် ချက်ချင်းပြန်ထရပ်လိုက်မိ၏။

ဘယ်သူ! နတ်ဆိုးအိုကြီးက သတ်လိုက်တာလား?!

ဝမ်ဖုန်းမှာ အံ့အားသင့်မှုကြောင့် အသံထွက်ရေရွတ်မိသွားရသည်။ မျက်လုံးအစုံမှ ထွက်ကျတော့မည့်အလား ပြူးကျယ်နေခဲ့၍ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ငါဂိုဏ်းချုပ်တောင် တာ့အိုနတ်ဘုရားပဉ္စမကြယ်အဆင့်ကို မသတ်နိုင်တာကို ဒီနတ်‌ဆိုးအိုကြီးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီလိုတုန်လှုပ်ဖွယ်ကိစ္စရပ်ကြီးကို လုပ်နိုင်ခဲ့တယ်တဲ့လား?

“စနစ် ဘယ်လိုဖြစ်တာလဲ?”

ဝမ်ဖုန်းသည် စိတ်နှလုံးတွင်းမှ အံ့ဩမှုကိုထိန်းချုပ်၍ အလျင်စလို မေးမြန်းလိုက်သည်။

“ဒင်! မဟာနတ်ဆိုးရွှမ်ရှကို သခင့်ရဲ့ဇနီးသည်က လေ့ကျင့်ပေးနေခဲ့ပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ မဟာနတ်ဆိုးရွှမ်ရှရဲ့ ကျင့်ကြံမှုအခြေခံဟာ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ အခုလက်ရှိမှာ တာ့အိုကိုထိုးဖောက်ပြီး ပကတိနတ်မင်းအဆင့်ကို ရောက်ရှိခဲ့ပါပြီ။ နတ်မင်းငယ်အဆင့်ကိုရောက်ရှိဖို့ လက်တစ်ကမ်းသာ လိုအပ်ပါတော့တယ်”

“ချင်အာလား?!”

စနစ်၏အဖြေသည် ဝမ်ဖုန်းကို ပို၍ရှုပ်ထွေးသွားစေခဲ့သည်။ ယဲ့မုချင်၏နောက်ခံမှာ သာလွန်ထူးခြားသည်ကို ဝမ်ဖုန်း သိထားပါသော်ငြား ဤမျှကြောက်မက်ဖွယ်ထူးကဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ အချိန်တိုလေးအတွင်း၌ပင် စနစ်ထက်ပင်သာလွန်၍ နတ်ဆိုးအိုကြီးကို ဤမျှအဆင့်ထိရောက်ရှိအောင် လေ့ကျင့်ပေးနိုင်ခဲ့သည်။ ဝမ်ဖုန်းမှာ ထိတ်လန့်သွားရ၏။

ချင်အာက အပြည့်အဝနိုးထနေပြီများလား?!

“စနစ် ရှေးဟောင်းနယ်မြေရဲ့ ရှန်ရှန့်ကျုံဂိုဏ်းအခြေအနေကို စစ်ဆေးပေးလို့ရမလား?”

ဝမ်ဖုန်း၏မျက်လုံးများ အရောင်လက်သွား၍ စိတ်ထဲမှပြောလိုက်သည်။

“ဒင်! အခုလက်ရှိမှာ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးဟာ သခင့်ရဲ့ဇနီးသည်ဖန်တီးထားတဲ့ ကမ္ဘာလောကအသစ်တစ်ခုဆီ စုပ်ယူခြင်းခံထားရပါတယ်။ သခင့်ရဲ့လက်ရှိကျင့်ကြံမှုနဲ့ စစ်ဆေးဖို့မဖြစ်နိုင်သေးပါဘူး! မဟာနတ်ဆိုးရွှမ်ရှရဲ့အခြေအနေကို စစ်ဆေးနိုင်ရတဲ့အကြောင်းရင်းက မဟာနတ်ဆိုးရွှမ်ရှက တာ့အိုနတ်ဘုရားပဥ္စမကြယ်အဆင့်ကျင့်ကြံသူကို သတ်တဲ့အချိန်မှာ ကမ္ဘာလောကသစ်ရဲ့အပြင်ကိုထွက်လာပြီး သတ်ခဲ့တာကြောင့်ပါ”

ကောင်းရော.. ချင်အာက ကမ္ဘာလောကသစ်တောင် ဖန်းတီးလိုက်တယ်တဲ့လား?

ဒီမိန်းကလေးက အရမ်းထောင်လွှားလွန်းနေတာ မဟုတ်ဘူးလား?

“စနစ် မင်းကြည့်စမ်းပါဦး ချင်အာတောင် အဲ့လောက်ထိအင်အားကြီးမားနေတာ.. မင်းကရော? မင်းက အသေးစိတ်အချက်အလက်လေးကိုတောင် မစစ်ဆေးပေးနိုင်ဘူး!”

ဝမ်ဖုန်းမှ စူတူတူမျက်နှာဖြင့်ပြော၏။

“ဒါက စနစ်က အားနည်းတာမဟုတ်ဘဲ သခင်က အရမ်းအားနည်းနေတာပါ! သခင်က စနစ်ရဲ့အင်အား တစ်ရာခိုင်နှုန်းကိုပဲ သုံးနိုင်ရင်ကို သခင့်ရဲ့ဇနီးသည်ကို သတ်ဖို့ဆိုရင်တောင်မှ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလိုပဲလွယ်ကူနေမှာပါ!”

ဘယ်လိုတောင် ငါ့ဇနီးကို သတ်မယ်ပြောရဲရတာလဲ! ဒီစနစ်ကတော့ ငါဖောက်ခွဲပစ်လိုက်ရရင်တော့နော်.!

“အဲ့‌ေတာ့ တစ်နည်းပြောရရင် မင်းလည်း ချင်အာရဲ့အင်အားအစစ်အမှန်ကို မသိဘူးပေါ့?”

ဝမ်ဖုန်းသည် အနည်းငယ်ရယ်သွမ်းသွေး၍ ‌နောက်ပြောင်ပြောဆိုလိုက်သည်။

“အင်း ဒီတိုင်း သခင့်ကိုပြောမပြချင်လို့ပါ!”

သောက်ကျိုးနည်း!

ဒီစနစ်က အံ့ချီးဖွယ်ပါပဲလား!

“တချို့အရာတွေက သခင့်အနေနဲ့ အချိန်စောပြီးသိသွားရင် နည်းနည်းမှ အသုံးမဝင်ဘဲ ပြဿနာတွေပဲ ပိုများစေမှာပါ။ လျစ်လျူရှုနိုင်ခြင်းက ကောင်းချီးတစ်ခုပဲဆိုတဲ့ ဆိုရိုးစကားလည်းရှိတယ် မဟုတ်ပါလား။ သခင့်မှာ အင်အားအလုံအလောက်မရှိသေးမှတော့ မသိတာပိုကောင်းပါတယ်! သခင့်မှာ တကယ် အင်အားတောင့်တင်းခိုင်မာတဲ့အထိ စောင့်ဆိုင်းလိုက်ပါ။ အဲ့အချိန်ကျရင် စနစ်က ပြောမပြရင်တောင် အလိုအလျောက်သိလာလိမ့်မှာပါ”

“အင်အားဆိုတာဟာ အရာအားလုံးရဲ့ အ‌ခြေခံအုတ်မြစ်ပါပဲ”

စိတ်တွင်းမှ စနစ်၏အသံသည် ဝမ်ဖုန်းကို အချိန်ခဏမျှ မင်သက်သွားစေခဲ့သည်။

ဘုရားရေ ဒီစနစ်က ပြီးပြည့်စုံလိုက်တာမှ လူကိုတောင် နှစ်သိမ့်ပေးတတ်သေးတာလား?

အဲဒီ့အမှန်တရားကို ငါဘာလို့ မသိဘဲနေရမှာလဲ? သိချင်စိတ်ကို ထိန်းမရတော့ဘူးဟ!

‌ဝမ်ဖုန်းမှ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားပါလျှင် အရာအားလုံးကို သိရှိနိုင်မည်ဖြစ်၏။ သို့သော် နတ်ဆိုးအိုကြီးသည် မိမိ၏ကျင့်ကြံမှုထက် ပို၍မြင့်မားနေပြီဖြစ်ရာ ဝမ်ဖုန်းအနေဖြင့် ပြန်သွားရန် ရှက်ရွံ့မိရသည်မဟုတ်ပါလော။

ဂုဏ်သရေကြီးမြတ်သောဂိုဏ်းချုပ်သည် ဂိုဏ်းအပြင်စည်းအကြီးအကဲတစ်ဦး၏ ကျင့်ကြံမှုကိုပင် မယှဉ်နိုင်ပေ။

ဤသည်မှာ အဖွား၏အိမ်တော်တွင် မျက်နှာပျက်ရမည်ကို ကြောက်ရွံ့ရခြင်းကဲ့သို့ ခံစားချက်မျိုးဖြစ်ပါ၏။

မြန်မြန်အကောင်းဆုံးကြိုးစားပြီး ဆုလာဘ်တွေရဖို့လုပ်မှပဲ!

ဝမ်ဖုန်း လက်သီးကိုတင်းတင်းဆုပ်၍ လေးနက်စွာရေရွတ်လိုက်သည်။

“စနစ် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်၆ခုကို ပေါင်းစည်းလိုက်”

“ဒင်! အမြင့်ဆုံးအဆင့်ကိုကျော်လွန်တဲ့ တာ့အိုအဆင့်အန္တိမဆင့်ခေါ်ခွင့်တစ်ခု ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဆင့်ခေါ်မယ်!”

ဝမ်ဖုန်း တုံ့ဆိုင်းမှုမရှိပြောလိုက်သည်။

ဖောင့်ပန်းသည် ထီလက်မှတ်စည်းမျဉ်းများမှ ကင်းလွတ်သူဖြစ်သောကြောင့် သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့် သုံးဦးသာ ရှိပေသည်။ သို့ဖြစ်ရာ လက်ရှိပိုင်ဆိုင်ထားသည့် သူ၏ဂိုဏ်းအမှတ်သန်း၁၅၀ကို အသုံးမပြုပါလျှင် အခြားနည်းလမ်းမရှိချေ။ လက်ရှိထျန်းလန်ဒေသတွင်ရှိနေသော အကြီးအကဲများကို တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ပေးရပေမည်။

တာ့အိုနတ်ဘုရားအဆင့်ရှိ စွမ်းအားမြင့်ကျင့်ကြံသူကို ဆင့်ခေါ်မှသာလျှင် ထီလက်မှတ်အသုံးပြုရာတွင် အမြင့်ဆုံးပမာဏထိ အသုံးပြုနိုင်ပြီး ဂိုဏ်းအမှတ်ဆုံးရှုံးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ဝမ်ဖုန်း၏မျက်လုံးအစုံမှာ စိတ်ပါဝင်စားမှုဖြင့် တောက်ပနေခဲ့သည်။ ဤသည်မှာ တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခါ်ခွင့်၆ခုကို ပေါင်းစည်းအသုံးပြုသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ မည်သို့သောတည်ရှိမှုကို ဆင့်ခေါ်နိုင်ခဲ့မည်ကို ဝမ်ဖုန်း သိချင်လှသည်။

All Chapters