← Chapters

မိုးကောင်းကင်ဓါးရုပ်ခန္ဓာ ၊ ရေခဲဧကရာဇ်ဓါးရုပ်ခန္ဓာ

Vol. 21 Ch. 281

မိုးကောင်းကင်ဓါးရုပ်ခန္ဓာ ၊ ရေခဲဧကရာဇ်ဓါးရုပ်ခန္ဓာ

Vol. 21 Ch. 281

ကျန်းစန်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းမျက်နှာထက်၌ အံ့အားသင့်နေသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကျုံးကျီနှင့်ပိုင်ဟုန်တို့ တာအိုဧကရာဇ်အဆင့်ကိုရောက်ရှိသွားသည်က အံ့အားသင့်စရာမကောင်းသေးပေ။ အဆိုပါလူနှစ်ယောက်တွင် ဆန်းကြယ်သောရုပ်ခန္ဓာများ ပိုင်ဆိုင်မထားသော်လည်း သူတို့၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းက အလွန်အမင်းမြင့်မားပေသည်။ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ ကြီးကြပ်သင်ကြားမှုအောက်တွင် ဤမျှလောက်သော အောင်မြင်မှုရရှိသည်က လုံးဝကို မဆန်းလှပါပေ။

ဒါ့အပြင် ကျိယိုယန်ကလည်း ကောင်းကင်ဘုံခရီးနှင်ခြင်းဧကရီ လူပြန်ဝင်စားခြင်းဖြစ်သည်။ သူမဟာ တာအိုအဆင့်ရှိ ကျင့်ကြံမှုကြီးများအားလုံးအကြောင်းသိရှိထားပေသည်။ သူမတွင် ကျင့်ကြံရေးအရင်းအမြစ်များသာ လုံလုံလောက်လောက်ရရှိပါက သူမ၏ကျင့်ကြံဆင့်ကလည်း သဘာဝအလျောက် တိုးတက်လာမှာဖြစ်သည်။

ဝမ်ဖုန်းက်ို အံ့အားသင့်သွားစေသည်က ကုကန်းချိုးတို့ အရူးညီနောင်နှစ်ယောက်သည် တာအိုဧကရာဇ်အဆင့်သို့ အောင်အောင်မြင်မြင်ရောက်ရှိသွားခြင်းဘဲဖြစ်သည်။

ထိုအရူးညီနောင်ကို ဂိုဏ်းထဲခေါ်သွင်းလိုက်ပြီးကတည်းက သူတို့ဟာ နေ့စဥ်နေ့တိုင်း ဘယ်လိုလုယက်မလဲဆိုတာကိုသာ တွေးတောနေခဲ့တာဖြစ်သည်။ ထိုနှစ်ယောက်ကို သူဖိအားပေးလေ့ကျင့်ခိုင်းခဲ့လျှင်တောင်မှ ထိုအရူးညီနောင်ကတော့ ဘယ်တုန်းကမှ လေးလေးနက်နက်နာခံခြင်း မရှိခဲ့ပေ။

ဒါ့အပြင် အဆိုပါညီနောင်၏ ရုပ်ခန္ဓာ ၊ လုယက်ခြင်းတာအိုလမ်းစဥ်များနှင့်သာဆိုပါက သူတို့သာ ကျင့်ကြံရေးကို အာရုံစိုက်လေ့ကျင့်လျှင် သူတို့၏ ကန့်သတ်ချက်က တာအိုဧကရာဇ်အဆင့်ထိကိုတောင် ​ကျော်လွန်သွားခဲ့မှာဖြစ်သည်။

လုယက်ခြင်းလမ်းစဥ်သည် လုယက်ခြင်းသာမက ဉာဏ်အလင်းပွင့်ခြင်း၏ လမ်းစဥ်လည်းဖြစ်ပေသည်။

ဝမ်ဖုန်းမျက်နှာထက်ရှိ အံ့အားသင့်နေသော အကြည့်ကို တွေ့မြင်လိုက်ရသည့်အခါ ကျန်းစန်ဖုန်းက ဝမ်ဖုန်းဘာကို အံ့အားသင့်သွားသလဲဆိုတာကို သိရှိလိုက်ရသည်။ အဲ့ဒီအရူးညီနောင်ကလွဲလို့ ဘယ်သူကများ.ဂိုဏ်းချုပ်ကို ဒီလောက်အထိ အံ့အားသင့်အောင် လုပ်နိုင်ဦးမှာမလို့လဲ။

"အဟမ်း... ဂိုဏ်းချုပ်.. အဲ့ဒီညီအစ်က်ိုနှစ်ယောက်သာ ချန်းလုံသိုင်းပြိုင်ပွဲ ထိပ်ဆုံး ၅ နေရာ ရယူနိုင်ရင် သူတို့ကို အပြင်ထွက်လုယက်ဖို့နဲ့ လုယက်ခြင်းရဲ့ တကယ့်အစစ်အမှန်ဉာဏ်ပညာက ဘာလဲဆိုတာ သင်ကြားပေးမယ်လို့ စုန့်ချယ်က ကတိပေးခဲ့ပါတယ်"

ကျန်းစန်ဖုန်း၏မျက်နှာထက်၌ ထူးဆန်းသောအ​ကြည့်တစ်ခုဖြစ်ပေါ်လာပြီး ပြောဆိုလိုက်သည်။ ထိုအရူးညီနောင်၏ ခံနိုင်ရည်ရှိသော ရုပ်ခန္ဓာကို ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများစွာက ကျေးဇူးတင်နေကြလေသည်။ သူတို့ရှိနေသည့်အတွက် အကြီးအကဲများ၏ နေ့ရက်များက ပို၍ပျော်ရွှင်ဖွယ် ကောင်းလာခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများတွင် ဘယ်သူကများ မာနမကြီးဘဲနေမည်နည်း။ တပည့်သာသာလောက်သာရှိသော ကုချိုးတို့ညီနောင်နှစ်ယောက်သည် သူတို့အရှေ့တွင် မောက်မာပြဝံ့သည်။ ထိုသူများကို အသေမသတ်လျှင်တောင် အရေခွံဆုတ်ပစ်ရမည်ဘဲ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အဆိုပါရုပ်ခန္ဓာ နှစ်ခုက မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သည်အထိ စွမ်းအားကြီးမားနေခဲ့သည်။ ထို့အတွက်ကြောင့် ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများမှာ အင်အားများကို ထိန်ချန်ထားရန် မလိုခဲ့ပေ။

ကုချိုးတို့ညီနောင်နှစ်ယောက်ကို လေ့ကျင့်သင်ကြားပေးရသည့်အခါ ဂိုဏ်းအကြီးအကဲများသည် အလွန်အမင်းပျော်ရွှင်ခဲ့ကြပြီး သူတို့ကို သေလုမျောပါးအထိ နှိပ်စက်ခဲ့ကြသည်။ ကုချိုးတို့ ညီနောင်နှစ်ယောက်ဟာ နေ့စဥ်နေ့တိုင်းအော်ဟစ် မြည်တမ်းနေခဲ့ရလေသည်။

ကျန်းစန်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။ သေချာပါပြီ... လုယက်ကခြင်းကသာ ထိုညီနောင်နှစ်ယောက်ကို နာခံအောင် လုပ်ဆောင်နိုင်ပေသည်။ ကောင်းပေစွ!... ထိုညီနောင်နှစ်ယောက်၏ လုယက်ခြင်းအပေါ် ယုံကြည်ချက်က တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းလှပေသည်။ သို့ပါသော်လည်း ဝမ်ဖုန်းတစ်ယောက် အနည်းငယ်မတင်မကျခံစားနေရသည်။ သူတို့သာ လုယက်ခြင်းအပေါ် စိတ်ဝင်စားသလိုမျိုး ​ကျင့်ကြံခြင်းတွင်လည်း စိတ်ပါဝင်စားမှုရှိလျှင် သူစိုးရိမ်နေစရာ လိုတော့မှာမဟုတ်ပေ။

"ချန်းလုံသိုင်းပြိုင်ပွဲက မစသေးဘူး... ကျုံးကျီတို့ လူငါးယောက်ကို သေသေချာချာလေ့ကျင့်ပေးလိုက်ပါ ၊ အထူးသဖြင့် ကုညီနောင်ကိုပေါ့... သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးလိုက်ပါ ၊ သူတို့အသက်မသေဆုံးသေးသရွေ့ မင်းတို့လုပ်ချင်ရာ လုပ်လို့ရတယ်"

"ကောင်းပါပြီ.. ဂိုဏ်းချုပ်"

ဝမ်ဖုန်း၏စကားကိုကြသည့်အခါ ကျန်းစန်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ဝမ်ဖုန်းဘာစကားတစ်ခွန်းမှ မပြောခဲ့လျှင်တောင် သူတို့က ထိုအရူးညီနောင်ကို သေလုမျောပါး နှိပ်စက်မှာပဲ ဖြစ်သည်။ ထိုသို့ပြောလိုက်ပြီးနောက် ကျန်းစန်ဖုန်းက ထွက်ခွာသွားခဲ့လေသည်။

"စနစ်၊ စနစ်စျေးတန်းရဲ့ ရုပ်ခန္ဓာအခန်းကဏ္ဍကိုဖွင့်လှစ်လိုက်ပါ" ကျန်းစန်ဖုန်းထွက်ခွာသွားပြီးသည့်နောက်တွင် ဝမ်ဖုန်းမျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး လျှို့ဝှက်စွာပြောဆိုလိုက်သည်။

ကုချိုးတို့ညီနောင်နှစ်ယောက်တွင် မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော ရုပ်ခန္ဓာတစ်ခုစီ ပိုင်ဆိုင်ထားပေသည်။ ကျိယိုယန်ကတော့ ယခုလက်ရှိအချိန်ထိ မည်သည့်ရုပ်ခန္ဓာကိုမှ လိုအပ်ခြင်းမရှိသေးပေ။ ကျုံးကျီနှင့်ပိုင်ဟုန်တို့ကတော့ အလွန်အမင်းသန်မာသော ပါရမီနှင့် ဇွဲလုံ့လရှိသော်လည်း မည်သည့်ရုပ်ခန္ဓာကိုယ်မှ ပိုင်ဆိုင်ထားခြင်းမရှိပါပေ။ ဝမ်ဖုန်းက သူတို့နှစ်ယောက်ကို ပိုမိုသန်မာလာစေရန် ရုပ်ခန္ဓာများ ချီးမြှင့်ပေးဖို့ စဥ်းစားထားလေသည်။

"ဒင်~~~ ကျေးဇူးပြုပြီး ရုပ်ခန္ဓာအဆင့်ကိုရွေးချယ်ပေးပါ"

"စနစ်၊ အဆင့်မြင့်ရုပ်ခန္ဓာအခန်းကဏ္ဍကို ဖွင့်လှစ်ပြီး ကျုံးကျီနှင့်ပိုင်ဟုန်တို့အတွက် သင့်​တော်တဲ့ရုပ်ခန္ဓာတွေကို အကြံပြုပေးပါ" ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး တည်ကြည်စွာပြောဆိုလိုက်သည်။

ဝမ်ဖုန်းဟာ ကျုံးကျီတို့နှစ်ယောက်အတွက် အဆင့်မြင့်သော ရုပ်ခန္ဓာများကို ဝယ်ယူမပေးလိုခြင်းမဟုတ်ပေ။ စနစ်စျေးတန်းတွင် ရုပ်ခန္ဓာများကို လဲလှယ်နိုင်သော်လည်း အလွန်အမင်းစျေးကြီးလှပေသည်။ အဆင့်မြင့်ရုပ်ခန္ဓာတစ်ခုဟာ ဂိုဏ်းအမှတ်သန်း ၃၀ ကုန်ကျပေသည်။ လက်ရှိသူ့တွင် သန်းတစ်ရာဝန်းကျင်မျှသာရှိပေသည်။ ၎င်းက ကျုံးကျီတို့နှစ်ယောက်အတွက် ပိုမိုအဆင့်မြင့်မားသော ရုပ်ခန္ဓာများကို ဝယ်ယူရန်မလုံလောက်ခဲ့ပေ။

"ဒင်... စနစ်ရဲ့ အကဲဖြတ်မှုပြီးဆုံးသွားပါပြီ ၊ အဆင့်မြင့် မိုးကောင်းကင်ဓါးရုပ်ခန္ဓာက ကျုံးကျီအတွက် သင့်တော်ပါတယ်"

"မိုးကောင်းကင်ဓါးရုပ်ခန္ဓာ - မိုးကောင်းကင်ရဲ့စွမ်းအားများကို ဓါးကြီးတာအိုနဲ့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ မိုးကောင်းကင်ဓါးရုပ်ခန္ဓာကို ပိုင်ဆိုင်သွားသည်နှင့်တစ်ပြိုင်နက် ဓါးကြီးတာအိုအကြောင်း နားလည်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

"ဒင်၊ စနစ်ရဲ့ အကဲဖြတ်မှု ပြီးစီးသွားပါပြီ ၊ အဆင့်မြင့် ရေခဲဧကရာဇ်ဓါး ရုပ်ခန္ဓာက ပိုင်ဟုန်အတွက် သင့်တော်ပါတယ်"

"ရေခဲဧကရာဇ်ဓါးရုပ်ခန္ဓာ - ဤရုပ်ခန္ဓာကို ရရှိပိုင်ဆိုင်သွားပါက သန်မာသောခွန်အားကို ရရှိရုံသာမက ငရဲပြည်ကိုးဘုံမှ ရေခဲ၏စွမ်းအားကို့လည်း ပိုင်ဆိုင်ရရှိမည်ဖြစ်သည်။ ရေခဲဧကရာဇ်ဓါးရုပ်ခန္ဓာ၏ ရေခဲစွမ်းအားများက ပြိုင်ဘက်ကင်းပါတယ်"

သူ့ရှေ့တွင် ​ထွက်ပေါ်လာခဲ့သော အတုအယောင်ဖန်သားပြင်တစ်ခုကို စိုက်ကြည့်ရင်း ဝမ်ဖုန်း၏ မျက်လုံးများက တောက်ပသည်ထက် တောက်ပလာခဲ့သည်။ စနစ်ဟု မျှောလင့်ထားသည့်အတိုင်းပါပင်။ ကျုံးကျီတို့နှစ်ယောက်အတွက် သင့်တော်သော ရုပ်ခန္ဓာကို အချိန်တိုအတွင်း ရှာဖွေနိုင်ခဲ့လေသည်။

ကျုံးကျီရော ပိုင်ဟုန်ကပါ တာအိုနှစ်ခုကို ပိုင်နင်းကျွမ်းကျင်ကြလေသည်။ ကျုံးကျီဟာ နိဗ္ဗာန်တာအိုနှင့် ဓါးကြီးတာအိုကို ပိုင်းနင်းကျွမ်းကျင်လေသည်။ ပိုင်ဟုန်ကတော့ ရွှမ်ပင်းတာအိုနှင့် ဓါးတာအိုကို ပိုင်းနင်းကျွမ်းကျင်လေသည်။ အဆိုပါ အဆင့်မြင့်ရုပ်ခန္ဓာနှစ်ခုနှင့် ပေါင်းစပ်ပြီးပါက ကျုံးကျီနှင့်ပိုင်ဟုန်တို့က ပိုမိုသန်မာလာရုံသာမက သူတို့၏ ပါရမီစွမ်းရည်ကပါ ဆထက်ထမ်းပိုးမြင့်မားလာမှာဖြစ်သည်။

"စနစ်၊မိုးကောင်းကင်ဓါး ရုပ်ခန္ဓာကို ဝယ်ယူပြီး ကျုံးကျီနှင့် ပေါင်းစပ်လိုက်ပါ ၊ ရေခဲဧကရာဇ်ဓါး ရုပ်ခန္ဓာကိုလည်း ဝယ်ယူပြီး ပိုင်ဟုန်နှင့် ပေါင်းစပ်လိုက်ပါ" တစ်ခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက လေးနက်စွာ ပြောဆိုလိုက်သည်။

"ဒင်၊ ဂိုဏ်းအမှတ်သန်း ၆၀ ကိုအသုံးပြုပြီး မိုးကောင်းကင်ဓါးရုပ်ခန္ဓာနှင့် ရေခဲဧကရာဇ်ဓါးရုပ်ခန္ဓာကို ဝယ်ယူပြီးပါပြီ ၊ ၎င်းတို့နှစ်ခုကို ကျုံးကျီနှင့် ပိုင်ဟုန်တို့အပေါ် အောင်မြင်စွာ ပေါင်းစပ်ပြီးပါပြီ ၊ ရုပ်ခန္ဓာနှစ်ခုရဲ့ စွမ်းရည်များကို အနာဂတ်မှာ ကောင်းမွန်စွာ အသုံးပြုနိုင်ပါပြီ"

ဝမ်ဖုန်းက စ်ိတ်ဓာတ်ကိုပြင်ဆင်ထားခဲ့သော်လည်း ဂိုဏ်းအမှတ်သန်း ၆၀ ကုန်ဆုံးသွာသည့်သတင်းကို ကြားလိုက်ရသည့်အခါ သူ၏နှလုံးသာက တဆစ်ဆစ်ကိုက်ခဲနေခဲ့သေးသည်။ သူကရှောင်းမိသားစုကို ဖျက်စီးခဲ့ပြီး ဂိုဏ်းအမှတ်သန်း တစ်ရာကျော် ရရှိခဲ့သည်။ အခုချိန်မှာတော့ အဆင့်မြင့်ရုပ်ခန္ဓာနှစ်ခုကိုသာ ဝယ်ယူခဲ့ရသော်လည်း သူ့ရဲ့ဂိုဏ်းအမှတ်များဟာ တစ်ဝက်ကျော်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူဂိုဏ်းအတွင်းရှိ ဂိုဏ်းသားတိုင်းလိိုလို ရုပ်ခန္ဓာများပိုင်ဆိုင်ရဖို့ဆိုလျှင်တော့ သွားရမည့်လမ်းဟာ အဝေးကြီး ကျန်နေပါသေးသည်။

ဝမ်ဖုန်းက ကျုံးကျီနှင့်ပိုင်ဟုန်တို့အတွက် အဆင့်မြင့်ရုပ်ခန္ဓာများ ဝယ်ယူပေးခဲ့သည့်အချိန်တွင် ထျန်းလန်အလယ်ပိုင်းဒေသအတွင်းရှိ ရှေးဟောင်းမျိုးနွယ်စုကြီးများစွာကလည်း သူတို့မျိုးနွယ်စုများရှိ ထိပ်တန်းပါရမီရှင်များကို လေ့ကျင့်ပေးရန် အစွမ်းကုန်ကြိုးစားခဲ့ကြလေသည်။ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်စုကို ဖျက်စီးခဲ့သည့်အတွက် မုန်တိုင်းထန်သွားခဲ့သော်လည်း ချန်းလုံသိုင်းပြိုင်ပွဲကိုတော့ ဆက်လက်ကျင်းပမှာသာဖြစ်သည်။ သို့ပေသိ ယခင်က ရှောင်းမိသားစု ပါဝင်ယှဥ်​ပြိုင်မည့်နေရာတွင် ယခုတွင်တော့ ရှန်ရှန့်ကျုံဂိုဏ်းက နေရာဝင်ယူသွားခဲ့လေသည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ ခန့်မှန်းရခက်သော ခွန်အားကြောင့် မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုကြီးများသည် သူတို့ရဲ့ ပါရမီရှင်များကို ပို၍ပို၍ လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။

ရှေးဟောင်းမျိုးနွယ်စုများသည် အပြန်အလှန်နားလည်လိုက်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ထိပ်တန်းစွမ်းအားရှင်များက သူတို့ကိုထိတ်လန့်သွားစေခဲ့သည်။ သူတို့ဟာ ရှေးဟောင်းမျိုးနွယ်စုကြီးများဆိုသော ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းလိုပါက လူငယ်မျိုးဆက်များပြိုင်ပွဲတွင် အစွမ်းပြရုံသာရှိတော့သည်။ ထို့အပြင် ချန်းလုံသိုင်းပြိုင်ပွဲက ပြီးပြည့်စုံသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ဟုတ်ပါပေသည်။ သူတို့ကရှန်ရှန့်ကျုံဂိုဏ်းသားများကို သတ်ဖြတ်ရန် မဝံ့ရဲသော်လည်း အခက်အခဲတစ်ချို့ကိုတော့ ရင်ဆိုင်ခိုင်းရမှာပဲဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားမှာ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်ထိတိုင် စွမ်းအားကြီးလှပေသည်။ ရှေး​​ဟောင်း မျိုးနွယ်စုကြီးများဟာ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်မစလိုကြပေ။ အထူးသဖြင့် ရှောင်းမျိုးနွယ်စုနှင့် အင်အားမတိမ်းမယိမ်းသာ ကွာခြားသော မျိုးနွယ်စုများဖြစ်သည်။

လက်ရှိထျန်းလန်အလယ်ပိုင်းဒေသတွင် အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးငါးစုကသာ ရှန်ရှန့်ကျုံဂိုဏ်းနှင့်ယှဥ်ပြိုင်ရန် ယုံကြည်ချက်ရှိကြလေသည်။

All Chapters