← Chapters

အညံခံခြင်း

Vol. 21 Ch. 285

အညံခံခြင်း

Vol. 21 Ch. 285

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် ဖူမျိုးနွယ်စုခေါင်းဆောင် ဖူယွမ်သည် မဲမှောင်နေသော မျက်နှာအမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူဟာ ဖူမျိုးနွယ်ခေါင်းဆောင် ဖြစ်လာပြီးကတည်းက ဘယ်သောအခါကမှ အခက်မတွေ့ခဲ့ဖူးပေ။ ဘယ်သူကမှလည်း သူ့ကိုအခက်တွေ့အောင် မလုပ်ရဲခဲ့​ကြ။ သို့ပါသော်လည်း လက်ရှိအခြေအနေက သူ့ကို အကြပ်ရိုက်စေခဲ့သည်။

သဘောမတူနိုင်ဘူး။ နဂါးဧကရာဇ်တောက်ဇွင်းသည် ဖူမျိုးနွယ်စု မတားဆီးနိုင်လောက်အောင် စွမ်းအားကြီးမားလှသော်လည်း ဂုဏ်သရေရှိရှေးဟောင်းမျိုးနွယ်စုကြီး တစ်စုဖြစ်သည်နှင့်အညီ ဖူမျိုးနွယ်စုက တခြားသူများကို ဘယ်လိုလုပ်အညံ့ခံနိုင်မည်နည်း။ ထိုသို့ဆိုပါက ဖူမျိုးနွယ်ဘိုးဘေးများကို တမလွန်၌ သူဘယ်လိုမျက်နှာဖြင့် တွေ့ဆုံရမည်နည်း?

ဖူမျိုးနွယ်စုလူအုပ်ကြီးထဲတွင် မတ်တပ်ရပ်နေသော ဖူမေသည် ဝမ်ဖုန်းကို ခေါင်း​မော့၍လှမ်းကြည့်လိုက်သည်။ သူမ၏ လှပသော မျက်နှာကလေးထက်တွင် ခါးသီးသောအပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ သိပ်မကြာသေးခင်က သူမသည် ဝမ်ဖုန်းကို အထင်အမြင်သေးခဲ့ပြီး ဝမ်ဖုန်းအကြောင်းကိုတောင် စပ်စုခဲ့သေးသည်။ ယခုအချိန်မှာတော့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားချေပြီ။

အချိန်တိုလေးအတွင်းမှာ ဒီလူက ထျန်းလန်ဒေသတစ်ခုလုံးကို လှိုင်းထန်စေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။ အခုအချိန်မှာ သူက ဖူမျိုးနွယ်စုကိုတောင် အညံ့ခံခိုင်းနေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ တိုးတက်မှုအမြန်နှုန်းမှာ တကယ့်ကိုမယုံကြည်နိုင်စရာ ကောင်းလှပေသည်။

ဒီလူ့မှာ ဘယ်လိုမှော်အတတ်မျိိုး ပိုင်ဆိုင်ထားတာလဲ?။ ဂိုဏ်းတစ်ဂိုဏ်းက ဒီလောက်အချိန်န်တိုအတွင်းမှာ ဘယ်လိုလုပ် မြန်မြန်တိုးတက်လာခဲ့ရတာလဲ?။

"စေ့စပ်ညှိနှိုင်းလို့မရတော့ဘူးလား..." ဖူယွမ်သည် ဝမ်ဖုန်းကို လှမ်းကြည့်ကာ ကံကောင်းလိုကံကောင်းငြား မေးလိုက်လေသည်။

"ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက နဂါးဧကရာဇ်တောက်ဇွင်းကို အလွယ်တကူ ချေမှုန်းနိုင်တယ် ၊ မင်းတို့ဖူမျိုးနွယ်နဲ ဘာကြောင့်များ ပူပေါင်းရဦးမှာလဲ... ဒါ့အပြင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်း ထျန်းလန်ဒေသကို ရောက်လာတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတယ်။ဖူမျိုးနွယ်နဲ့ ဘယ်လိုပက်သက် ဆက်နွယ်မှုများ ရှိလို့လဲ..."

"တစ်ခုလိုချင်ရင်.. တစ်ခုပေးရမှာပဲ။ မျိုးနွယ်စုခေါင်းဆောင်ဖူအနေနဲ့ ဒီအကြောင်းကိုသိထားမှာပါ.. ဟုတ်တယ်မလား"

ဝမ်ဖုန်းသည် ဖူယွမ်က်ိုလှမ်းကြည့်ပြီး ပေါ့ပါးစွာပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ဖူယွမ်အပါအဝင် ဖူမျိုးနွယ်စု အကြီးအကဲများအားလုံးသည် ထိတ်လန့်သွားကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ဟုတ်ပါပေသည်... ရှန်ရှန့်ကျုံဂိုဏ်းက နဂါးဧကရာဇ်တောက်ဇွင်းကို မကြောက်ရွံ့မှတော့ သူတို့နဲ့အဘယ့်ကြောင့်များ ပူးပေါင်းမည်နည်း။

ဝမ်ဖုန်း၏နေရာမှာ ဖူယွမ်သာဆိုရင်လည်း ဝမ်ဖုန်းလိုပဲ ပြုမူဆောင်ရွက်မှာဖြစ်သည်။ သူက ဝမ်ဖုန်းထက်တောင်မှ ပိုမိုလွန်လွန်ကျူးကျူးတောင်းဆိုနိုင်သေးသည်။

"ဂိုဏ်းချုပ်ဝမ်အနေနဲ့ ဒီလူအိုကြီးကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားကို တွေ့မြင်ခွင့်ပေးပါလား..." ဖူယွမ်က ဝမ်ဖုန်းကို စိုက်ကြည့်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။

"ခင်ဗျား.. သေချာရဲ့လား?"

"ပြသပြီးတာနဲ့.. ခင်ဗျားအညံ့ခံရင်ခံ မဟုတ်ရင် သေရမယ်" ဝမ်ဖုန်းသည်ပေါ့ပါးစွာပြောဆိုလိုက်သည်။ သူ၏အသံမှာ ခန်းမကြီးတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။ ၎င်းမှာပေါ့ပါးညင်သာသော်လည်း ရှိနေကြသော လူများ၏ခန္ဓာကိုယ်တို့ကို တုန်ယင်သွားစေခဲ့သည်။

ဘယ်သူကများ ရှန်ရှန့်ဂိုဏ်းရဲ့ ဝှက်ဖဲတွေကို မြင်ချင်တ်ိုင်း မြင်ခွင့်ရှိမှာလဲ။ ဖူယွမ်ကလည်း ဒီအမှန်တရားကို နားလည်ပေသည်။ သို့ပေမယ့် သူဟာ မတင်မကျခံစားနေရသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို မျက်မြင်တွေ့မြင်ခြင်းမရှိပါဘဲ သူဘယ်လိုလုပ် ဖူမျိုးနွယ်ကို အညံ့ခံခိုင်းရမည်နည်း။ ဝမ်ဖုန်းက သူတို့အညံ့ခံလာအောင် လိမ်လည်ပြောဆိုနေရင် ဘယ်လိုလုပ်မလဲ။

"ရှန်ရှန့်ကျုံဂိုဏ်းက နဂါးဧကရာဇ်တောက်ဇွင်းကို တကယ်ဖျက်စီးနိုင်တယ်လို့ ဒီလူအိုကြီး သေသေ ချာချာသိရတာနဲ့ ၊ဖူမျိုးနွယ်တစ်စုလုံးကို ခေါ်ဆောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပါ့မယ်"

ဖူယွမ်သည် တစ်ခဏကြာတွေးတောလိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"ဖောင့်ပန်း... သူတို့ကို မင်းရဲ့စွမ်းအား ပြသလိုက်ပါ" ဝမ်ဖုန်းသည် ခေါင်းညိမ့်လိုက်ပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြောဆိုလိုက်သည်။

ဘုန်း......

ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ ခန်းမကြီးအတွင်း၌ ကြောက်လန့်စရာစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါစွမ်းအားကြီးသည် ခန်းမကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခြင်းမရှိဘဲ ဖူမျိုးနွယ်ကိုသာ ဦးတည်လိုက်ခြင်းဖြစ်သည်။

စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ တကယ့်ကိုမယုံနိုင်စရာကောင်းလှပေသည်။

ဘုန်း....ဘုန်း...

ထိုစွမ်းအားကြီးက ဖူမျိုးနွယ်စုကို ဖိနှိပ်လိုက်သည့်အခါ ဖူမျိုးနွယ်စုရှိ အကြီးအကဲများအားလုံး၏ အမူအရာများသည် ပြောင်းလဲသွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းချုပ်မရ မြေပြင်ပေါ် ပြိုလဲကျသွားကြသည်။ သူတို့ဟာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပါပေ။ သူတို့၏အရိုးများကလည်း တုန်ယင်နေပြီး အချိန်မရွေး ကွဲကြေတော့မတက် ဖြစ်နေခဲ့သည်။

"ထိုက်ရွှမ် ဒဏ္ဍာရီအဆင့်လား..."

(ထိုက်ရွှမ်ဒဏ္ဍာရီအဆင့်ဆိုတာလည်း အဆင့်သတ်မှတ်ချက်တွေထဲမှာသွားကြည့်တာ မရှိပါဘူး။MTLစာစဥ်မို့ ပြန်ရအကြပ်ရိုက်ပါတယ်။ဘာသာပြန်ဆိုသူရဲ့ ခန့်မှန်းမှုအရ ပကတိနတ်မင်းအဆင့်ဝန်းကျင်ဖြစ်ပါလိမ့်မယ်။တာအိုနယ်ပယ်ပြီး၊ နောက်နယ်ပယ်တစ်ခုပေါ့)

ကြောက်လန့်ဖွယ်ဖိအားကြီးကို တွေ့မြင်လိုက်ရသည့်အခါ ဖူယွမ်က အံ့အားတသင့်ပြောဆိုလိုက်သည်။ သူ့မျက်နှာဟာ မယုံကြည်န်ိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်သည် သူ့မျက်နှာကိုတောင် ပြသခဲ့ခြင်းမရှိပေ။ သူဟာ စွမ်းအင်အရှိန်အဝါကိုသာ ထုတ်လွှတ်၍ သူတို့ဖူမျိုးနွယ်စုတစ်စုလုံးကို ဖိနှိပ်ထားခဲ့သည်။ ထိုကဲ့သို့သော လုပ်ဆောင်နိုင်စွမ်းမှာ ထိုက်ရွှမ် ဒဏ္ဍာရီနယ်ပယ်မှလွဲ၍ အခြားမဖြစ်နိုင်တော့ပေ။

ထျန်းလန်ဒေသရှိ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုမှ တစ်စုအပါအဝင်ဖြစ်သော ဖူမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့်အလျောက် ဖူယွမ်၏ ကျင့်ကြံဆင့်မှာ ကြယ်ခြောက်ပွင့် တာအိုနတ်ဘုရားအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ ဒါ့အပြင် သူ့​အနောက်ဖက်ရှိ ဖူမျိုးနွယ်စု အကြီးအကဲ အများစုဟာလည်း ကြယ်သုံးပွင့်တာအိုနတ်ဘုရားနှင့် အထက်အဆင့်များဖြစ်ကြသည်။ သို့ပေသိ ပျံ့လွင့်လာသည့် စွမ်းအားအရှိန်အဝါကိုတော့ သူတို့ဟာ မခုခံန်ိုင်ခဲ့ကြပေ။ ကြယ်ကိုးပွင့် တာအိုနတ်ဘုရားတစ်ပါးကတောင်မှ ထိုသို့လုပ်နိုင်စွမ်းရှိမှာ မဟုတ်ပါပေ။

ထိုက်ရွှမ်ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်များကသာ သူတို့ကို နှလုံးသားအနက်ပိုင်းမှနေ၍ ကြောက်ရွံ့တုန်လှုပ်အောင် လုပ်ဆောင်နိုင်စွမ်းရှိမည်ဖြစ်သည်။

ဤဖြစ်ရပ်က ဖူယွမ်နှင့် ဖူမျိုးနွယ်စုအကြီးအကဲများအားလုံး၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုက်ရွှမ်ဒဏ္ဍာရီအဆင့် စွမ်းအားရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။

၎င်းမှာ ထိုက်ရွှမ်နတ်မင်းအဆင့်ဖြစ်သည်။ ထျန်းလန်ဒေသတစ်ခုလုံးတွင် ဤမျှလောက်အဆင့်ရှိသော စွမ်းအားရှင်တစ်ယောက် ပေါ်ထွန်းမလာခဲ့သည်မှာ နှစ်ကာလ မည်မျှကြာညောင်းပြီဖြစ်ကြောင်းကို ဘယ်သူကမှ မသိရှိကြပေ။

"ကျုပ်တို့ ဖူမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ချင်ပါတယ်..."

စွမ်းအားလှိုင်းကြီးပျောက်ကွယ်သွားပြီးနောက် အတော်လေးကြာသည့်တိုင်အောင် ဖူယွမ်နှင့် ဖူမျိုးနွယ်စုအကြီးအကဲများသည် မြေပြင်ထက်၌ ကြောက်ရွံ့စွာ ပြိုလဲနေခဲ့ကြသည်။ သူတို့၏စိတ်ကို တည်ငြိမ်အောင်ပြုလုပ်လိုက်ပြီးနောက် ဖူယွမ်ဟာ တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ဝမ်ဖုန်းဖက်ကို ဒူးထောက်ချလျက် လေးလေးစားစားပြောဆိုလိုက်သည်။

အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတစ်စု၏ ခေါင်းဆောင်ဖြစ်သည့်နှင့်အညီ ထိုက်ရွှမ်အင်မော်တယ်အဆင့်ဆိုသည်မှာ မည်သည့်အရာကို ဆိုလို သည်ဖြစ်ကြောင်း ဖူယွမ်တစ်ယောက် ရှင်းရှင်းလင်း လင်း သိထားလေသည်။ ထိုကဲ့သို့သော တည်ရှိမှုကြီးက ထျန်းလန်ဒေသတစ်ခုလုံးကိုပင် ဖျက်စီးနိုင်လေသည်။ ထိုသို့သော တည်ရှိမှုကြီးဖြင့် ဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းသည် အနှေးနှင့်အမြန်ဆိုသလို ထျန်းလျန်ဒေသကို တိုက်ခိုက်သိမ်းပိုက်တော့မှာ ဖြစ်သည်။ သူတို့လက်ရှိတွင် အညံ့မခံလျှင်တောင်မှ အနာဂတ်မှာတော့ အရှုံးပေးကြရမှာပင်။

ထို့အတွက်ကြောင့် စောစီးစွာ အရှုံးပေးလိုက်ခြင်းကသာ ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်လေသည်။ အနာဂတ်တွင် သူတို့၏ဖူမျိုးနွယ်စုသည်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ အကူအညီဖြင့် များစွာတိုးတက်လာနိုင်သေးသည်။

ဖူယွမ်၏စကားဆုံးသွားသည့်အခါ ဖူမျိုးနွယ်စုအကြီးအကဲ များအားလုံးသည်လည်း ဝမ်ဖုန်းကို လေးလေးစားစား ဒူးထောက်ဂါရဝပြုလိုက်ကြသည်။ ဖန်းပန်က သူတို့ကို စွမ်းအားအရှိန်အဝါဖြင့် ဖိနှပ်လိုက်ပြီးသည့်နောက်တွင် သူတို့ဟာ လုံးဝကို ကြောက်လန့်နေခဲ့ကြပြီဖြစ်သည်။ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို အာခံရန် မဝံ့ရဲတော့.....

ဤအခြေအနေတွင် သူတို့ဘယ်လောက်မောက်မာသည် ဖြစ်စေ ဖူမျိုးနွယ်စုအနေဖြင့် အရှုံးပေရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ဘူးဆိုတာကို သူတို့အားလုံး သိလိုက်ကြသည်။

"ဒီစာချုပ်မှာ မင်းတို့ဖူမျိုးနွယ်စုအားလုံး လက်မှတ် ထိုးလိုက်ကြပါ... အခုချိန်ကစပြီး ဖူမျိုးနွယ်စုဝင်အားလုံးက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေ ဖြစ်သွားကြပြီ" ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ကာ အလင်းအမှောင်စာချုပ်ကို ပစ်ပေးလျက် ကျယ်လောင် စွာပြောဆိုလိုက်သည်။ အလင်းအမှောင်စာချုပ်သည် စနစ်စျေးတန်းမှာ ဝမ်ဖုန်းဝယ်ယူခဲ့သော သစ္စာခံစာချုပ်ပဲဖြစ်သည်။ ၎င်းဟာ ဂိုဏ်းအမှတ်တစ်သန်း ကုန်ကျခဲ့လေသည်။ ထိုစာချုပ်တွင် လက်မှတ်ထိုးလိုက်ပါက ဝမ်ဖုန်းကို အကြွင်းမဲ့သစ္စာခံကြရမှာ ဖြစ်သည်။ သစ္စာဖောက်လိုက်ပါက ဘယ်လောက်မြင့်မားသည့် ကျင့်ကြံဆင့်ရှိပါစေ စနစ်၏ သုတ်သင်ခြင်းကို ခံရပေလိမ့်မည်!

"ကောင်းပါပြီ..."

"ဖူမျိုးနွယ်စုခေါင်းဆောင် ကျုပ်ဖူယွမ်၏ အမည်နာမဖြင့် ဖူမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပြီဖြစ်ကြောင်း တိုင်တည်ပါတယ် ၊ ရှန်ရှန့်ကျုံဂိုဏ်းကို ဘဝတစ်ခုလုံး သစ္စာဖောက်မှာ မဟုတ်ပါဘူး"

ဖူယွမ်သည် တုံ့ဆိုင်းနေရဲခြင်းမရှိဘဲ စိတ်ဝိညာဥ်သွေးစက်ကို အလျှင်အမြန်ထုတ်ယူလိုက်ပြီး စာချုပ်ပေါ်၌ စာကြောင်းရေးထိုးလိုက်လေသည်။

ဖူယွမ် စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီးသည့်နောက်တွင် ဖူမျိုးနွယ်စုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။ သူတို့၏ စိတ်အာရုံအနက်ပိုင်း၌ ဝမ်ဖုန်း၏ ပုံရိပ်ဟာ တံဆပ်ခတ်နှိပ်ပြီးသကဲ့သို့ ဖြစ်လာခဲ့သည်။ စာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီးသည့်နောက် ဝမ်ဖုန်းဟာ ဖူမျိုးနွယ်စုရဲ့ နတ်ဘုရားဖြစ်လာခဲ့သည်။ သူတို့တစ်ကြိမ်တစ်ခါ သစ္စာဖောက်ပါက အမှန်အကန် သေဆုံးကြရမှာပင်။

ဝမ်ဖုန်းသည်လည်း ဖူမျိုးနွယ်စုဝင်များ၏ စိတ်ဝိညာဥ်သွေးစက်များကို ခံစားလိုက်ရသည်။ သူ့စိတ်အာရုံအတွင်းတွင် သိပ်သည်းသော အလင်းလုံးလေးများ ရှိနေခဲ့သည်။ အဆိုပါအလင်းလုံးလေးများဟာ ဖူမျိုးနွယ်စုဝင်များ၏ အသက်ကို ဖော်ညွှန်းနေပေသည်။

All Chapters