← Chapters

ချန်းလုံသိုင်းပြိုင်ပွဲစတင်ခြင်း

Vol. 21 Ch. 286

ချန်းလုံသိုင်းပြိုင်ပွဲစတင်ခြင်း

Vol. 21 Ch. 286

"ဒီနေ့ကစပြီး ဖူမျိုးနွယ်ရဲ့ တာအိုနတ်ဘုရားအဆင့်အထက် ကျင့်ကြံသူ အားလုံးက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေပဲ!" ဝမ်ဖုန်းသည် ဖူယွမ်နှင့် ဖူမျိုးနွယ်စုအကြီးအကဲများအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..." ဖူယွမ်တို့အုပ်စုသည် အလျှင်အမြန်ဂါရဝပြု ချီးမွမ်းလိုက်ကြသည်။

"ဂိုဏ်းချုပ်... ဒီတစ်ကြိမ် ချန်းလုံသိုင်းပြိုင်ပွဲမှာ ရှေး ဟောင်းမျိုးနွယ်စုတွေအများကြီးက ရှန်ရှန့်ကျုံဂိုဏ်းကို ပစ်မှတ်ထား တိုက်ခိုက်ကြလိမ့်မယ်" ဖူယွမ်က ဝမ်ဖုန်းကို စိုင်ကြည့်ပြီး လက်သီးဆုပ်ဂါရဝပြုကာ ပြောလိုက်သည်။

အစက ဖူယွမ်သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ဤသတင်းကို အသုံးပြုလိုခဲ့သည်။ အခြေအနေတွေက ဤမျှလောက်ထိ ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူက တွေးထင်ထားမည်နည်း။

"အလင်းတန်းပေါ်မှာ ကခုန်နေတဲ့ လူပြက်တစ်အုပ်ပ်ပါပဲလေ..." ဖူယွမ်၏ စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထူးမခြားနားစွာ ပြောဆိုလိုက်သည်။

ကျုံးကျီတို့အုပ်စု၏ ကျင့်ကြံဆင့်သည် တာအိုဧကရာဇ်အဆင့်တွင်သာ ရှိသော်လည်း သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းအားမှာ ထျန်းလန်အလယ်ပိုင်းရှိ လူငယ်မျိုးဆက်များအားလုံးထက် သာလွန်ပေသည်။

ဖူယွမ်က ခေါင်းညိမ့်လိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုက်ရွှမ် ဒဏ္ဍာရီအဆင့် စွမ်းအားရှင်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူတို့၏ နောက်ခံအင်အားမှာ မှန်းဆ၍ မရနိုင်ပေ။ အဆိုပါဂိုဏ်း၏ ဂိုဏ်းသားများကလည်း ထျန်းလန်အလယ်ပိုင်းဒေသရှိ ရှေးဟောင်းမျိုးနွယ်စုကြီးများမှ ပါရမီရှင်များ ယှဥ်ပြိုင်နိုင်မည့်အရာ မဟုတ်နိုင်ပါချေ။

"စုန့်ချယ်... ကုချိုးတို့တတွေကို သွားခေါ်လိုက် ၊ ဒီဂိုဏ်းချုပ်နဲ့အတူ ချန်းလုံသိုင်းပြိုင်ပွဲကို သွားရောက်ဆင်နွှဲကြရအောင်" ဝမ်ဖုန်းသည် စုန့်ချယ်ကိုကြည့်ကာ ညွှန်ကြားလိုက်သည်။

စုန့်ချယ်က ခေါင်းညိမ့်လ်ိုက်ပြီး ကူချိုးနှင့် အခြားသောဂိုဏ်းသားများကို ခေါ်ဆောင်ရန် ထွက်ခွာသွားတော့သည်။

တစ်ခဏအကြာတွင် စုန့်ချယ်သည် ကုချိုးတို့ တပည့်ငါးယောက်ကို ခေါ်ဆောင်ပြီး ပြန်ရောက်လာခဲ့သည်။ ဤမြင်ကွင်းက ဖူယွမ်တိုအုပ်စုကို ဆွဲဆောင်လိုက်လေသည်။ ဖူမျိုးနွယ်စုအကြီးအကဲများအားလုံးသည် အံအားသင့်သွားကြသည်။

ကုချိုးတို့အုပ်စု၏ ကျင့်ကြံဆင့်သည် တာအိုဧကရာဇ်အလယ်အလတ်အဆင့်တွင်သာ ရှိသော်လည်း သူတို့၏ အရှိန်အဝါများက တာအိုဧကရာဇ်နှောင်းပိုင်း ကျင့်ကြံသူများကိုတောင် ထိတ်လန့်သွားစေနိုင်ရန် လုံလောက်ပေသည်။ သူတို့၏ တိုက်ပွဲဝင်စွမ်းအားကလည်း မျှော်လင့်ထားသည်ထက် များစွာသာလွန်နေလောက်သည်။

ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေဆိုတဲ့အတိုင်းပါပဲလား.....

ဖူမျိုးနွယ်စု၏ အကြီးအကဲများနှင့် ပါရမီရှင်များသည် တိတ်ဆိတ်စွာ ရေရွတ်လိုက်မိကြသည်။

"သွားကြရအောင်...."

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ချန်းလုံသိုင်းပြိုင်ပွဲကို သွားရောက်ဆင်နွှဲရန် လူတိုင်းကို ခေါ်ဆောင်သွားတော့သည်။ ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် စုန့်ချယ် ၊ ရှီပိုထျန်း ၊ အားချင်း နှင့် ဖောင့်ပန်းတို့ကိုသာ ခေါ်ဆောင်သွားပြီး ကျန်သောသူများကို ရှန်ရှန့်ကျုံဂိုဏ်း၌ နေရစ်စေခဲ့သည်။

​ဖောင့်ပန်း၏ ကျင့်ကြံဆင့်ဖြင့်ဆိုပါက ကိစ္စတစ်စုံတစ်ခုဖြစ်လာရင်​တောင် ဂိုဏ်းကိုအမြန်ပြန်ရောက်လာနိုင်မှာဖြစ်သည်။

ဝမ်ဖုန်းတို့အုပ်စု ချန်းဝူမြို့တော်သို့ လာရောက်နေကြစဥ်တွင် ရှေးဟောင်းမျိုးနွယ်စုပေါင်းများစွာကလည်း ချန်းဝူမြို့ကို လာရောက်နေကြသည်။ သူတို့ဟာ မနက်ဖြန် ဖွင့်လှစ်မည့် ချန်းလုံသိုင်းပြိုင်ပွဲအတွက် လာရောက်ကြခြင်းပင်။

ဝမ်ဖုန်းတို့အုပ်စုသည် ချန်းဝူမြို့တောက်ကို ရောက်ရှိလာပြီးသည့်နောက်တွင် ဘယ်သူ့ကိုမှ အနှောင့်အယှက်ပေးခြင်းမရှိဘဲ တည်းခ်ိုဆောင်တစ်ခုကိုသာ ရွေးချယ်လိုက်ပြီး တိတ်ဆိတ်စွာ အနားယူလိုက်ကြသည်။ ဤအချိန်အတောအတွင်းတွင် ဝမ်ဖုန်းသည် ဖူမျိုုးနွယ်စု၌ တာအိုဧကရာဇ် အထွတ်အထိပ်အဆင့်ရှိသော ထိပ်တန်းပါရမီရှင် ငါးယောက်နှင့် တာအိုဧကရာဇ်အဆင့်ရှိသော ပါရမီရှင်အယောက် ၂၀ ရှိကြောင်းသိရှိလိုက်ရသည်။ ဖူမျိုးနွယ်စု၏ အမွေအနှစ်များမှာ တစ်ကယ့်ကို ခိုင်မာလှပေသည်။

နောက်တစ်နေ့မနက်တွင် ဖူယွမ်တို့အုပ်စုနှင့် လူစုခွဲ​၍ ချန်းဝူမြို့ အပြင်ဘက်ရှိ တိုက်ပွဲစင်မြင့်ကြီးကို သွားလာခဲ့ကြသည်။ ဝမ်ဖုန်းသည် ဖူမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံလိုက်သည့် သတင်းကို ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ပေ။ နှိမ့်ချနေထိုင်တတ်ခြင်းကသာ ဂုဏ်သိက္ခာရှိသောအပြုအမူ ဖြစ်လေသည်။

ဝမ်ဖုန်းက ရှေ့ဆုံးမှ ဦးဆောင်သွားခဲ့ပြီး အားချင်း ၊ ရှီပိုထျန်းနှင့် စုန့်ချယ်တို့က သူ့အနောက်မှ လိုက်ပါလာခဲ့ကြသည်။ ယင်းနောက်မှ ကုချိုး တို့တပည့်ငါးယောက်လည်း လိုက်ပါလာခဲ့ကြသည်။ သူတို့အုပ်စုသည် ချန်းဝူမြို့အပြင်ဖက်ရှိ စင်မြင့်ကြီးရှိရာသို့ တရွေ့ရွေ့သွားလာခဲ့ကြသည်။

​ဖောင့်ပန်းကတော့ အမှောင်ထုအတွင်း၌ ပုန်းအောင်းနေခဲ့လေသည်။

"ဒီအချိန်က မင်းတို့ညီအစ်ကိုနှစ်ယောက် အစွမ်းပြရမယ့်အချိန်ပဲ... မင်းတို့ပေါ် ရန်ပြုလာရင် ယဥ်ကျေးမနေနဲ့ လုယက်သင့်ရင် လုယက်လိုက် ၊ သတ်ဖြတ်ဖို့လိုရင်လည်း သတ်ဖြတ်လိုက်... တစ်စုံတစ်ခုမှားယွင်းသွားရင် ဒီဂိုဏ်းချုပ်က တာဝန်ယူမယ်" ဝမ်ဖုန်းသည် အနောက်ဖက်ရှိ ကုချိုးတို့ညီနောင်နှစ်ယောက်ကို လှမ်းကြည့်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ကောင်းပါပြီ... ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့ ။ကျုပ်တို့ညီအစ်ကိုနှစ်ယောက်က လုယက်တဲ့နေရာမှာ မကျရှုံးဖူးသေးပါဘူး" ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ကုကန်းချိုးတို့ ညီအကိုနှစ်ယောက်သည် ပျော်ရွှင်သွားကြပြီး ရင်ဘတ်ကိုပုတ်ကာ ပြောဆိုလိုက်ကြသည်။

ဂိုဏ်းချုပ်ကိိိုယ်တိုင် လုယက်ရန်ပြောဆိုခြင်းသည် တကယ့်ကို ရှားလှပေသည်။ အရင်နေ့တွေမှာ ဒုက္ခခံခဲ့ရတာ တကယ့်ကို ထိုက်တန်ပါတယ်ကွာ...။

သိပ်မကြာခင်တွင် ဝမ်ဖုန်းတို့အုပ်စုသည် ချန်းဝူမြို့အပြင်ဘက်ရှိ စင်မြင့်​ကြီးရှိရာသို့ ရောက်လာခဲ့ကြသည်။ သူတို့တွေအားလုံး ကြောင်အသွားခဲ့ကြသည်။ သူတို့ဟာ မြောက်များစွာသော လူအုပ်ကြီးကို တွေ့မြင်လိုက်ရသည့်အပြင် လေပေါ်၌ မျောလွင့်နေကြသော ကျင့်ကြံသူပေါင်းများစွာကိုလည်း တွေ့မြင်လိုက်ကြရသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများနှင့် အဆင့်အတန်းမြင့်မားသည့် ​ရှေးဟောင်းမျိုးနွယ်စု ကြီးများကသာ စင်မြင့်ထက်တွင် ထိုင်ခွင့်ရကြလေသည်။ အခြားသောသူများကတော့ မတ်တပ်ရပ်ရုံသာ တတ်နိုင်ကြသည်။

"ဟေး... ရှင်ကျွန်မကို ဘာလို့အတင်းတိုးဝှေ့နေတာလဲ?"

"တိုးဝှေ့တယ်? ဟုတ်လား?... မင်းလိုအဖွားအိုကြီးရဲ့ ရင်ဘတ်ကို ဘယ်သူက တိုးဝှေ့ချင်မှာလဲကွ "

"ရှင်.... တရားလွန်မလာနဲ့နော်.."

"အား... နူးညံ့လိုက်တာ"

ကောင်းကင်နှင့်မြေပြင်အကြားတွင် ဆူညံအော်ဟစ်သံများ ထွက်ပေါ်လာခဲ့ကြသည်။ ဤအချိန်တွင် ကျင့်ကြံဆင့်က လုံးဝကို အသုံးမဝင်တော့ပေ။ လုံလောက်သည့်အဆင့်အတန်းသာမရှိပါက လူအုပ်ကြီးထဲတွင် တိုးဝှေ့ကြည့်ရှူရမှာဘဲဖြစ်သည်။ တာအိုသူတော်စင်အဆင့်နှင့်အထက် ပုဂ္ဂိုလ်များကသာ လေထုအတွင်း ပျံသန်းခွင့်ရှိကြသည်။ အခြားသောလူများကတော့ လူအုပ်ကြီးအတွင်း၌သာ တိုးဝှေ့ရင်းပြိုင်ပွဲကို ကြည့်ရှုနေကြရသည်။

ဤအခြေအနေကို တွေ့မြင်လိုက်ရပြီးနောက် ဝမ်ဖုန်းသည် အချိန်ဆွဲခြင်းမရှိတော့ဘဲ စုန့်ချယ်တို့အုပ်စုကို ခေါ်ဆောင်လျက် စင်မြင့်ထက်သို့ ပျံသန်းတက်လှမ်းခဲ့သည်။ စင်မြင့်ထက်တွင် များစွာသော ထိုင်ခုံများ နေရာလွတ်နေသေးသည်။ ၎င်းတို့မှာ ရှန်ရှန့်ကျုံဂိုဏ်းအတွက် နေရာများဖြစ်​လေသည်။

ဝမ်ဖုန်းတို့အုပ်စု နေရာလွတ်များတွင် ဝင်ရောက်ထိုင်လိုက်သည့်အခါ ရှိနေကြသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများသည် ဝမ်ဖုန်းတို့ကို စူးစမ်းသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

ဇာမဏီမျိုးနွယ်ကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ မျက်နှာထက်၌တော့ ခန့်မှန်းမရသော အပြုံးများ ရှိနေခဲ့ကြသည်။ ဤတစ်ကြိမ်တွင် မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုကြီးများက ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များကို ဝိုင်းဝန်းအနိုင်ကျင့်တော့မှာဖြစ်သည်။

"ဒီအကြီးကဲက ချန်းဝူမြို့သခင် လျန်ကုန်းပဲ... ကျုပ်က ချန်းဝူသိုင်းပြိုင်ပွဲကို ဦးစီးကျင်းပမှာ ဖြစ်တယ်"

ဝမ်ဖုန်းတို့အုပ်စုထိုင်လိုက်ပြီး သိပ်မကြာခင်မှာဘဲ စင်မြင့်ထက်၌ မှုန်ဝါးဝါးပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ထိုသူ့ထံမှ ဖြာထွက်လာပြီး ဆူညံနေသော ပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်လေသည်။

"ဒီကနေ့ ချန်းလုံသိုင်းပြိုင်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေက အတိတ်ကနဲ့ မတူတော့ဘူး... ပြိုင်ပွဲနေရာအတွက် ယှဥ်ပြိုင်ရမယ့်အစား မင်းတို့လျှို့ဝှက်နယ်မြေထဲကို တိုက်ရိုက်ဝင်ခွင့်ရမယ် ၊ လျှို့ဝှက်နယ်​မြေထဲမှာ ရတနာတွေ ပိုများများရရင် အမှတ်တွေ ပိုများများရလိမ့်မယ် ၊ အမှတ်အများဆုံးပုဂ္ဂိုလ်က ချန်းလုံသိုင်းပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လိမ့်မယ်... ချန်းလုံသိုင်းပြိုင်ပွဲချန်ပီယံကို ပိုင်ဆိုင်ထားတဲ့ အဓ်ိကမျိုးနွယ်စုကြီးက လျှို့ဝှက်နယ်မြေရဲ့ နောက်တစ်ဆင့်ကို အသုံးပြုခွင့်ရလိမ့်မယ်"

"ဒါ့အပြင် တစ်စုံတစ်ယောက်ကသာ လျှို့ဝှက်နယ်မြေကို အမွေဆက်ခံရရှိသွားရင် ပြိုင်ပွဲရဲ့ ချန်ပီယံ တိုက်ရိုက်ဖြစ်ခွင့်ရမယ် ၊ အဲ့ဒီလူငယ်ပါရမီရှင်နဲ့ သက်ဆိုင်ရာ မျိုးနွယ်စုကလည်း လျှို့ဝှက်နယ်မြေကို အမြဲတမ်းအတွက် အသုံးပြုခွင့်ရလိမ့်မယ်"

"ဒါ့ကြောင့်မလို့ အကောင်းဆုံး ကြိုးစားကြပါ လူငယ်လေးတွေ..."

လျန်ကုန်းသည် ရှိနေကြသော လူများကို ဝေ့ဝဲကြည့်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံက ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး ကျင့်ကြံသူများစွာဟာ ဟစ်ကြွေးလိုက်ကြလေသည်။ ဒီတစ်ကြိမ် ချန်းလုံသိုင်းပြိုင်ပွဲမှာ အရမ်းကို သာမန်ဆန်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။

"ကုမျိုးနွယ်စုခေါင်းဆောင်... ကျေးဇူးပြုပြီး လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပေးပါ..."

လျန်ကုန်းသည် လူအများ၏ အော်ဟစ်သံများကို လျစ်လျူရှုထားလိုက်ပြီး မျိုးနွယ်စုခေါင်းဆောင် ကုတောက်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ယခင်နှစ်ချန်းလုံသိုင်းပြိုင်ပွဲ၏ အနိုင်ရရှိသူမှာ ရှေးဟောင်းကုမျိုးနွယ်ဖြစ်သည်။ ထို့အတွက်ကြောင့် လျှို့ဝှက်နယ်မြေ၏ ဝင်ခွင့်တံဆိပ်ပြားသည် ကုမျိုးနွယ်စု၌ ရှိနေခဲ့လေသည်။

လျန်ကုန်း၏ စကားဆုံးသွားသည့်အခါ ဝမ်ဖုန်းသည် မျက်မှောင် ကြုတ်လိုက်ပြီး ကုတောက်ဆိုသူကို လှမ်းကြည့်လိုက်သည်။ ထိုသူမှာ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်ကို မျိုးနွယ်စုမှ ထုတ်ပယ်ခဲ့သည့်လူပင်။

ဝမ်ဖုန်းအနောက်ဖက်ရှိ ကူချိုးတို့ညီနောင်နှစ်ယောက်ကလည်း ကုတောက်ကို ဒေါသတကြီး လှမ်းကြည့်မိလိုက်ကြသည်။ သူတို့၏ ဦးနှောက်များမှာ ပုံမှန်မဟုတ်ကြသော်လည်း သူတို့ဟာ သွက်သွက်ခါအောင် တုံးအနေကြသူများတော့ မဟုတ်ပါပေ။

"မစိုးရိမ်ပါနဲ့ သိပ်မကြာခင်မှာ မင်းတို့ကိူ လူကိုယ်တိုင် လက်စားချေခွင့် ပေးပါ့မယ် ၊ ဒီတစ်ကြိမ် ချန်းလုံသိုင်းပြိုင်ပွဲမှာ မင်းတို့အရင်ဦးဆုံး အဲ့ဒီရှေးဟောင်းမျိုးနွယ်စုရဲ့ ပါရမီရှင်တွေကို သတ်ဖြတ်ပစ်ခဲ့ကြပေါ့" ကုချိုးတို့ ညီနောင်နှစ်ယောက်၏ အမူအရာအပြောင်းအလဲကို သတိပြုမိသွားပြီး ဝမ်ဖုန်းက တိုးဖွစွာ ပြောဆ်ိုလိုက်သည်။

ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ ကုချိုးတို့ ညီနောင်နှစ်ယောက်သည် ဘာစကားကိုမှ ထုတ်ဖော်မပြောခဲ့သော်လည်း သူတို့၏ မျက်လုံးများအတွင်း၌ ကျေးဇူးတင်မှု အရိပ်အယောင်များ ရှိနေခဲ့ကြသည်။ ဝမ်ဖုန်းသည် သူတို့နှစ်ယောက်ကို လုယက်တိုင်းလိုလို တားဆီးခဲ့သော်လည်း ဝမ်ဖုန်းကြောင့်သာမဟုတ်ပါက သူတို့ဟာ လေလွင့်နေခဲ့ကြမှာဖြစ်သည်။

ဝမ်ဖုန်း၏ ကာကွယ်ပေးမှုကြောင့် ကုတောက်သည် ကုချိုးတို့ညီနောင်နှစ်ယောက်ကို သတိမပြုမိခဲ့ပေ။ သူဟာ တံဆိပ်ပြားကို ချက်ချင်းပဲ ပစ်လွှတ်လိုက်လေသည်။

တံဆိပ်ပြားထွက်ပေါ်လာသည့်နှင့်တစ်ပြိုင်နက် ၎င်းထံမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ ပတ်ဝန်းကျင်အတွင်းရှိ ဆန်းကြယ်သော ချီစွမ်းအင်များသည် တံဆိပ်ပြားအတွင်းသို့စီးဆင်းဝင်ရောက်သွားကြသည်။ ယင်းနောက် အလင်းရောင်များဖြင့် ဖန်တီးထားသော တံခါးတစ်ချပ် ထွက်ပေါ်လာခဲ့လေသည်။ အဆိုပါ အလင်းတံခါးကြီးမှတစ်ဆင့် ရှေးဟောင်းနယ်မြေ၏ အငွေ့အသက်များ ကိုခံစားလိုက်ရချေ၏။

All Chapters