← Chapters

မင်းနဲ့မထိုက်တန်ဘူး

Vol. 21 Ch. 287

မင်းနဲ့မထိုက်တန်ဘူး

Vol. 21 Ch. 287

" ချန်းလုံသိုင်းပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် လူငယ်လေးတွေ ကျေးဇူးပြုပြီး လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ပေးပါ။ "

လျန်ကုန်း၏ စကားဆုံးသွားသည့်အခါ လူပေါင်းရာကျော်ခန့်သည် စင်မြင့်ထက်သို့ တက်လိုက်ကြပြီး အလင်းတံခါးကြီးရှိရာဆီသို့ အစီအစဥ်တကျ လျှောက်လှမ်းသွားကြသည်။ အလင်းတံခါးကြီးအနီး ရောက်သွားသော လူငယ်ပါရမီရှင်လေးများကို အစောင့်နှစ်ယောက်က အလင်းရောင်များ ​ဖြာထွက်နေသော ကတ်ပြားလေးတစ်ပြားကို ပေးလိုက်လေသည်။ ၎င်းးမှာ အမှတ်ကတ်ပြားပဲဖြစ်သည်။

ဤအမှတ်ကတ်ပြားကို သယ်ဆောင်သွားပါက လူငယ်မျိုးဆက်လေးများ ရတနာပစ္စည်းတစ်ခုခုကို ရရှိသည့်အခါတွင် ရတနာပစ္စည်း၏ အဆင့်အလိုက် ကတ်ပြားကအမှတ်များတွက်ချက် ပေးမည်ဖြစ်ပြီး ကတ်ပြားပေါ်တွင် ဖော်ပြပေးမည်ဖြစ်သည်။ မဖော်ပြနိုင်သော အခက်အခဲများနှင့် တွေ့ကြုံရသည့်အခါ အမှတ်ကတ်ပြားကို တိုက်ရိုက်ချိုးဖြတ်ပြီး အပြင်ဘက်သို့ ပြန်ထွက်လာနိုင်သည်။ သို့ပါသော်လည်း အမှတ်ကတ်ပြားကို ချိုးဖြတ်လိုက်ခြင်းက အရည်းအချင်းမပြည့်မှီဘူးဟု ဖော်ပြလိုက်သည်နှင့် တူညီသည်။

ဝမ်ဖုန်း၏ အနောက်ဘက်တွင်ရှိနေခဲ့သော ကုကန်းချိုးတို့အဖွဲ့သည်လည်း နောက်ကောက်ကျမနေခဲ့ပေ။ သူတို့ဟာ စင်မြင့်ထက်သို့တက်လှမ်းသွားကြပြီး အလင်းတံခါးရှိရာသို့ လျှောက်လှမ်းသွားခဲ့လေသည်။

" မျိုးနွယ်စုခေါင်းဆောင် အဲဒီမျိုးမစစ်ကောင်လေးတွေ! "

ကုချိုးတို့ညီအစ်ကိုနှစ်ယောက် စင်မြင့်ပေါ်သို့ တက်လှမ်းလာသည့်အခါ ကု​တောက် အနောက်ဘက်ရှိ ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များသည် ချက်ချင်းသတိပြုမိသွားပြီး ကုတောက်၏ နားအတွင်းသို့ တိုးညှင်းစွာပြောဆိုလိုက်သည်။

ကုတောက်က မျက်မှောင်ကြုတ်လိုက်ပြီး ကုချိုးတို့ညီအစ်ကိုနှစ်ယောက်ကို လှမ်းကြည့်လိုက်လေသည်။ သူ့မျက်နှာထက်၌ အေးစက်သောအလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး တိုးညှင်းစွာပြောဆိုလိုက်သည်။

" မျိိုးနွယ်စုရဲ့ ပါရမီရှင်လေးတွေကို ဒီ မျိုးမစစ်နှစ်ကောင်ကို တွေ့တဲ့နေရာမှာ သတ်ဖြတ်လိုက်ဖို့ ပြောလိုက် "

" ကောင်းပါပြီ "

မျိုးနွယ်စုအကြီးအကဲများသည် ခေါင်းငြိမ့်လိုက်ကြပြီး လျှို့ဝှက်နယ်မြေအတွင်းမဝင်ရောက်ရသေးသည့် မျိုးနွယ်စု၏ ပါရမီရှင်လေးများကို သတင်းစကားပြောကြားလိုက်လေသည်။

ကုတောက်သည် ဝမ်ဖုန်းတို့အုပ်စု ထိုင်နေသည့်နေရာဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာထက်၌ ရှုပ်ထွေးသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါမျိုးမစစ်ကောင်လေးနှစ်ယောက်၏ ကံတရားမှာ အလွန့်ကိုကောင်းမွန်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ သူတို့ဟာ

အသစ်ထွက်ပေါ်လာသော ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်နိုင်ခဲ့ကြပြီး ချန်းလုံသိုင်းပြိုင်ပွဲတွင်တောင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသေးသည်။

ရှန်ရှန့်ကျုံဂိုဏ်းကို အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများက သတိထားနေခဲ့ကြသည်။ သို့ပါသော်လည်း ထိုမျိုးမစစ်ကောင်လေးနှစ်ယောက် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်သွားခဲ့လျှင်တောင် ကျိန်းသေပေါက်သေဆုံးရမှာပဲဖြစ်သည်။ သူတို့၏ ရှေးဟောင်းမျိုးနွယ်စုကြီးများမှအရှက်ရစရာ အကောင်များကို အသက်ရှင်ခွင့်မပေးနိုင်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းက တားဆီးရဲသည်ဆိုပါက သူတို့ကိုပါ အတူတကွဖျက်စီးပစ်လိုက်မည် ဖြစ်သည်။

ရှောင်းမျိုးနွယ်စု၏ ပျက်သုဥ်းခြင်းက ထျန်းလန်အလယ်ပိုင်းဒေသကို တုန်လှုပ်သွားစေခဲ့သည်မှာ မှန်ကန်သော်လည်း အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများက ရှောင်းမိသားစုကို ဖျက်စီးချင်လျှင်လည်း အလွယ်လေးဖျက်စီးပစ်နိုင်ပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းက အဆိုပါ သန္ဓေမကောင်းသော မျိုးမစစ်နှစ်ကောင်ကို သုတ်သင်ပစ်ရာ၌ ကြားဝင်နှောက်ယှက်ရဲပါက ကုတောက်မှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများရဲ့ အမွေအနှစ်ဆိုတာ ဘာကို ဆိုလိုမှန်းသိသွားအောင် ပြသလိုက်မှာပင်!

လူငယ်မျိုးဆက်လေးများ အားလုံးလျို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် တစ်နာရီတိတိကြာမြင့်ခဲ့လေသည်။

တချိန်တည်းမှာပဲ စင်မြင့်အထက်၌ အလင်းဖန်သားပြင်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ အဆိုပါအလင်းဖန်သားပြင်ကြီးတွင် နာမည်များရှိနေခဲ့ကြသည်။ ၎င်းနာမည်များမှာ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြသည့် လူငယ်မျိုးဆက်လေးများ၏ နာမည်များနှင့် အမှတ်များဖြစ်ကုန်၏။

အလင်းဖန်သားပြင်ကြီးသည် လူငယ်မျိုးဆက်လေးများကိုင်ဆောင်ထားသော အမှတ်ကတ်ပြားများနှင့် ဆက်သွယ်ထားသည်။ သူတို့အမှတ်များရရှိပါက အလင်းဖန်သားပြင်ကြီးအထက်၌ ထွက်ပေါ်လာမည်ဖြစ်ပြီး အဆင့်များကို သတ်မှတ်ပေးမှာဖြစ်သည်။

ဒီလိုမှမဟုတ်လျှင် ချန်းလုံသိုင်းပြိုင်ပွဲကို လာရောက်ကြည့်ရှု့ရသည်ကား ပျင်းစရာအလွန်ကောင်းနေမှာ မဟုတ်ပါလော။

ဤအဆင့်ဇယားဖြင့်ဆိုပါက စောင့်ကြည့်နေသော ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေအတွင်းရှိ အဖြစ်အပျက်များကို မတွေ့မမြင်နိုင်ကြသော်လည်း အမှတ်ဇယားမှတဆင့် ဘယ်လူငယ်မျိုးဆက်လေးများက ပိုမိုသန်မာကြောင်းကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့ဟာ ပြပွဲကို ​စောင့်ကြည့်နိုင်ကြသည်။

" နောက်ဆုံးတော့ သိုင်းပြိုင်ပွဲကြီး စတင်လာပြီ။ ဘယ်မျိုးနွယ်စုရဲ့ ပါရမီရှင်က ဒီတစ်ကြိမ်ချန်ပီယံ ဖြစ်လာမှာလဲ မသိဘူးနော် "

" အရင်နှစ်တွေတုန်းကလိုပဲ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး တစ်စုစုရဲ့ လူငယ်ပါရမီရှင်က ချန်ပီယံဆုရသွားမယ်လို့ ငါတော့ထင်တာပဲ။ "

" ဒီလိုလဲ ကျိန်းသေပေါက်ပြောလို့မရသေးဘူး။ အသစ်ထွက်ပေါ်လာတဲ့ ရှန်ရှန့်ကျုံဂ်ိုဏ်းကလဲ ချန်းလုံသိုင်းပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်လာတာကို မမေ့နဲ့ဦး။ "

" ဟုတ်တယ်။ ရှန်ရှန့်ကျုံဂိုဏ်းက ရှောင်းမျိုးနွယ်စုကိုတောင် ဖျက်စီးပစ်လိုက်တာ။ သူတို့ရဲ့ ခွန်အားကို ခန့်မှန်းလို့မရဘူး။ သူတို့ရဲ့ တပည့်တွေကလည်း ထူးချွန်နေမှာ အသေအချာပဲ။ "

" ကြည့်ရတာ ဒီတစ်​ကြိမ် ချန်းလုံသိုင်းပြိုင်ပွဲက အရင်နှစ်တွေတုန်းကထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတော့မှာပဲဟေ့!။ "

သန်မာသောကျင့်ကြံသူများသည် အဆင့်ဇယားကို လှမ်းကြည့်လိုက်ကြပြီး စကားစမြည်ပြောဆိုနေကြလေသည်။

" ဂိုဏ်းချုပ်ဝမ်က ဒီအရှင်သခင်နဲ့အတူ အလောင်းအစားလုပ်ချင်မလားမသိဘူး။ "

စင်မြင့်အထက်ရှိ ဇာမဏီမျိုးနွယ်စုခေါင်းဆောင် ယဲ့ရှန်းရန်သည် ဝမ်ဖုန်းကို လှောင်ပြောင်နေသော အမူအရာဖြင့်စိုက်ကြည့်ကာပြောဆိုလိုက်သည်။

ယဲ့ရှန်းရန်၏ စကားဆုံးသွားသည့်အခါ စင်မြင့်အထက်ရှိ များစွာသော ရှေးဟောင်းမျိုးနွယ်စု အကြီးအကဲများသည် ဝမ်ဖုန်းကို ထူးဆန်းနေသော မျက်နှာအမူအရာများဖြင့် တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။

သူတို့ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတွေထဲမှာ ဘယ်မျိုးနွယ်စုကများ ထျန်းလန်ဒေသမှာ ရပ်တည်နေတာ နှစ်ပေါင်းများစွာ မကြာလို့လဲ။ ယခုအချိန်မှာတော့ ရှန်ရှန့်ကျုံဂိုဏ်းက လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ထွက်ပေါ်လာခဲ့ပြီး သူတို့နဲ့ ခြေရာတိုင်းချင်နေသည်။ သူတို့ဘယ်လိုလုပ် ခွင့်ပြုရမည်နည်း။

ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားက်ို အတိအပ မသိထားသေး၍သာမဟုတ်ပါက သူတို့ဟာ အင်အားစုများစုပေါင်းပြီး ရှန်ရှန့်ကျုံဂိုဏ်းက်ို ဖျက်းစီးလိုက်ပြီးပြီဖြစ်သည်။

ယခုအချိန်တွင် ဇာမဏီမျိုးနွယ်စုခေါင်းဆောင်သည် ရှန်ရှန့်ကျုံဂိုဏ်းကို အခက်အခဲတွေ့ကြုံစေချင်ပုံရသည်။ သူတို့ဟာလည်း အဆိုပါ မြင်ကွင်းကို ပျော်ရွှင်စွာ စောင့်ကြည့်နေကြသည်။

" မင်းနဲ့ မထိုက်တန်ဘူး "

ဝမ်ဖုန်းသည် ယဲ့ရှန်းရန်ကို စိုက်ကြည့်ကာ ပေါ့ပါးစွာပြောဆိုလိုက်သည်။ သူ၏အသံကပေါ့ပါးသော်လည်း များစွာသော ရှေးဟောင်းမျိုးနွယ်စု အကြီးအကဲများရဲ့ နားစည်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ သူတို့ဟာ တခဏကြာ ထိတ်လန့်သွားကြပြီးမှ ဝမ်ဖုန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တကယ့်ကို မောက်မာလွန်းတာပဲ မဟုတ်ဘူးလား။ ဇာမဏီမျိုးနွယ်စုသည် ရှေးဟောင်းမျိုးနွယ်စုကြီးလေးစုအနက်တစ်ခုအပါအဝင် ဖြစ်သည်။ သူတို့သည် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများလောက် အစွမ်းမထက်သော်လည်း သာမာန်ရှေးဟောင်းမျိုးနွယ်စုကြီးများထက် များစွာအစွမ်းထက်လေသည်။ ထိုမျိုးနွယ်စုကို အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကတောင် အလွယ်တကူ ရန်မစရဲကြပေ။

" နောက်မှပေါက်တဲ့ ခွေးတွေက ကျားကို မကြောက်ဘူးဆိုတာ အမှန်ပဲကိုး.... "

" ရှောင်းမျိုးနွယ်စုကို ဖျက်စီးပြီးတာနဲ့ ဇာမဏီမျိုးနွယ်စုကို လျစ်လျူရှု့နိုင်မယ်လို့ထင်နေတာလား။ ဒါက ကောင်းကင်ကြီး ဘယ်လောက်ကျယ်လဲ မသိတဲ့အကောင်ပဲ။ "

" ရယ်စရာကောင်းလိုက်တာ "

ရှိနေကြသော ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များသည် ချက်ချင်းပဲ လှောင်ပြောင်ပြောဆိုလိုက်ကြသည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို မနှစ်သက်တာ ကြာမြင့်လှပြီဖြစ်သည်။ ယခုအချိန်တွင် ဝမ်ဖုန်း၏ မောက်မာမှုကို တွေ့မြင်လိုက်ရသည့်အခါ ထိန်းချုပ်မထားနိုင်ကြတော့ပေ။

ပြောရပါလျှင် အဆိုပါ ရှေးဟောင်းမျိုးနွယ်စုကြီးများက ရှန်ရှန့်ကျုံဂိုဏ်းကို အထင်သေးနေကြသေးသည်။ ရှောင်းမျိုးနွယ်စုကို သုတ်သင်ပစ်လိုက်တော့ရော ဘာအရေးလဲ။သူတို့ရောက်လာတာမှ မကြာသေးသလို ဘယ်ဂျောင်က ထွက်လာတာလဲ သိမှမသိဘဲ။ ဒီနေရာက မျိုးနွယ်စုတွေထဲမှာ အမွေအနှစ်ခိုင်မာပြီး မသန်မာတဲ့မျိုးနွယ်စုဆိုတာ ဘယ်မှာရှိလို့လဲ။

" မင်း ....."

ယဲ့ရှန်းရန်၏ မျက်နှာသည် အလွန်အမင်း မဲမှောင်သွားကာ ဝမ်ဖုန်းကိုစူးစိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများထွက်ပေါ်လာပြီး စင်မြင့်အထက်၌ လေဝဲတစ်ခု ဝေ့ဝဲတိုက်ခတ်သွားလေသည်။

ဂုဏ်သရေကြီးမြတ်တဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့ သူယဲ့ရှန်းရန်ကို ဒီလိုမျိုးပြောလိုက်တာလား?!

အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုမှ အကြီးအကဲများကတောင် သူ့ကို ဒီလိုပြောရန် အဆင့်မမှီသေးပေ။ ရှန်ရှန့်ကျုံဂိုဏ်းလို နောက်မှပေါက်တဲ့ ရွှေကြာပင်က ဒီလိုစကားမျိုးပြောရဲတယ်လား။

အထူးသဖြင့် များစွာသောရှေးဟောင်းမျိုးနွယ်စုအကြီးအကဲများရဲ့ ရှေ့၌ ပြောဆိုခြင်းခံလိုက်ရတာကြောင့် ယဲ့ရှန်းရန်သည် လွန်မင်းစွာ အရှက်ရသွားခဲ့သည်။ ဇာမဏီမျိုးနွယ်စု အကြီးအကဲများက သူ့ကို ဝိုင်းဝန်းတားဆီးနေ၍သာ မဟုတ်ပါက ဝမ်ဖုန်း၏ ခေါင်းကို ချေမွပစ်လိုက်ပြီးဖြစ်သည်။ ဖူယွမ်နှင့် ဖူမျိုးနွယ်စု စွမ်းအားရှင်များသည် ယဲ့ရှန်းရန်နှင့် ရှေးဟောင်းမျိုးနွယ်စုအကြီးအကဲများကို လှမ်းကြည့်လိုက်ပြီး သူတို့၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ဒီလူတွေက သေမင်းကို စိန်ခေါ်နေတာပဲ!

" ဒီအရှင်ဆိုရင်ကော လုံလောက်ပြီလား "

ယဲ့ရှန်းရန်တစ်ယောက် အရှက်ရသွားစဥ်မှာပဲ ထူးမခြားနားသော အသံတစ်သံသည် စင်မြင့်တစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။ မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုအကြီးအကဲများက လည်ပြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်၌ လှောင်ပြုံးများရှိနေကြသည်။ ထိုသူ၏ ရှေ့မှောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မောက်မာရဲဦးမလားဆိုတာကို သူတို့သိမြင်လိုကြသည်။

ထိုစကားကို ထုတ်ဖော်ပြောဆိုလိုက်သူမှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ငါးစုအနက် ကုမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော ကုတောက်ပဲဖြစ်သည်။

အစက သူသည် ဝမ်ဖုန်းက မျိုးမစစ်လေးနှစ်ကောင်ကို လက်ခံခဲ့သည့်အတွက် အနည်းငယ်သာ မကျေမနပ်ဖြစ်နေခဲ့သည်။ သို့ပါသော်လည်း အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုငါးစု၏ ရှေ့မှောက်၌ မောက်မာနေသော ဝမ်ဖုန်းကို တွေ့မြင်လိုက်ရသည့်အခါမှာ ကုတောက်ဟာ ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပေ။ သူက ဝမ်ဖုန်းကို သင်ခန်းစာတစ်ခုသင်ကြားပေးပြီး ထျန်းလန်ဒေသရှိ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု၏ အကြောင်းကို သင်ပြပေးလိုခဲ့သည်။

မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ဘေးကင်းရန်ကင်း ရပ်တည်နိုင်တာကိုက ကံကောင်းလွန်းလှပြီ။ တကယ့်ကို ကိုယ့်အဆင့်ကိုယ်မသိဘူးပဲ။

ကုတောက်၏ အသံထွက်ပေါ်လာပြီးသည့် နောက်တွင် ဖူမျိုးနွယ်စု အပါအဝင် အခြားသောအင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုအကြီးအကဲများအားလုံးသည် ဝမ်ဖုန်းကို တညီတညွတ်တည်းစိုက်ကြည့်လိုက်ကြသည်။ သူတို့က ဝမ်ဖုန်းအရှက်ရမှာကို တွေ့မြင်လိုနေကြ၏။

သူတို့အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးငါးစုသည် တောက်ပနေသော နေမင်းကြီး ငါးစင်းအလား ထျန်းလန်ဒေသတခွင်လုံး၌ ထွန်းလင်းတောက်ပခဲ့သည်။ ရှေးဟောင်းမျိုးနွယ်စုမှ ပုဂ္ဂိုလ်များကတောင် သူတို့၏ ရှေ့မှောက်တွင် ​မောက်မာမပြဝံ့ကြပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ထွက်ပေါ်လာခဲ့သော ရှန်ရှန့်ကျုံဂိုဏ်းကတော့ သူတို့၏ မျက်မှောက်တွင် မာနထောင်လွှားဝံ့သည်။ သင်ခန်းစာမပေးပါက ရှန်ရှန့်ကျုံဂိုဏ်းသည် နောင်အနာဂတ်တွင် အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီးများကို မျက်လုံးထဲတောင် ထည့်မှာ မဟုတ်တော့ပေ။

ရှေးဟောင်းမျိုးနွယ်စုကြီးများသည် ချန်းလုံသိုင်းပြိုင်ပွဲ ရှောင်းမျိုးနွယ်စု၏ နေရာ၌ ရှန်ရှန့်ကျုံဂိုဏ်းကို အစားသွင်းခဲ့သည်မှာ အခြားသောရည်ရွယ်ချက်များလည်း ပါရှိနေသေးသည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို အတူတကွ ဖိနှိပ်ရန် ပြင်ထားခဲ့ကြခြင်းဖြစ်သည်။ ဝမ်ဖုန်းက လွန်ကဲစွာမောက်မာနေသည်ဖြစ်ရာ သူတို့က ဝမ်ဖုန်းကို ကျိန်းသေပေါက် သင်ခန်းစာပေးရမှာဖြစ်သည်။

" မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ ?"

ဝမ်ဖုန်းသည် ကုမျိုးနွယ်စုခေါင်းဆောင်ကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးနှင့် ရင်ဆိုင်နေရတာတောင် ဝမ်ဖုန်းကတော့ မောက်မာမြဲ မောက်မာဆဲသာ.....

All Chapters