ဓားထွက်ပေါ်လာကာ လူအများဖြတ်တောက်ခံလိုက်ရသည် ။
Vol. 21 Ch. 294
ဝူတုန်ထျန်းတို့သုံးယောက် ကြောင်အနေစဉ်တွင် အားချင်းက နောက်ထပ်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည် ။ သူမက လက်ထဲရှိဝါးတုတ်တံလေးကို ထပ်ဖန်ထပ်ခါဝှေ့ယမ်းလိုက်သည့်အခါ သူမ၏ခန္ဓာကိုယ်လေးဆီမှ ပြင်းထန်သောဓားချီများ ထွက်ပေါ်လာခဲ့သည် ။
ရှန်ရှန့်ကျုံဂိုဏ်း ဖျက်ဆီးခံရမှာကို စောင့်မျှော်နေကြသော ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်ကြီးများ၏ မျက်နှာအမူအယာများက ပိုမိုထိတ်လန့်တုန်လှုပ်လာကြသည် ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုသုံးစု၏ခေါင်းဆောင်များ အတူတကွစုပေါင်းတိုက်ခိုက်တာတောင် ဒီအမျိူးသမီးရဲ့ပြိုင်ဘက်မဟုတ်ဘူးလား ။ ရှန်ရှန့်ကျုံဂိုဏ်းက တကယ်ပဲအဲ့သလောက် အစွမ်းထက်သလား ။
ဒီလိုဆိုရင် သူတို့ဘယ်လိုလုပ် ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှိပ်နိုင်တော့မှာလဲ ။
တိုက်ပွဲမြေပြင်ကို စိုက်ကြည့်နေကြသော ဇာမဏီမျိုးနွယ်စုနှင့် အခြားသောရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များအားလုံး၏ မျက်နှာအမူအယာများသည် ဖြူဖျော့နေခဲ့ကြသည် ။ ရှန်ရှန့်ကျုံဂိုဏ်း၏စွမ်းအားမှာ သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည် ။ ဇာမဏီမျိုးနွယ်စုခေါင်းဆောင်ကတောင်မှ သူ့နောက်ကွယ်ရှိဆန်းကြယ်သောအင်အားစုမှာ ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်နိုင်ပါ့မလားလို့ပင် တွေးတောမိလိုက်သည် ။
ဘုန်း !
လူအများထိတ်လန့်တုန်လှုပ်နေကြစဉ်တွင် အားချင်း၏ဝါးတုတ်တံလေး ဝှေ့ယမ်းမှုနှင့်အတူ သူမဆီမှ ထောင်ချီသောဓါးချီများ ပျံသန်းထွက်ပေါ်လာသည် ။ အရေအတွက်အားဖြင့် များပြားလှသော သိပ်သည်းလှသည့် ဓားအလင်းတန်းများသည် ဝူတုန်ထျန်းတို့သုံးယောက်ထံသို့ ပြေးဝင်သွားကြသည် ။ ကြောက်လန့်ဖွယ်အရှိန်အဝါကြီးကို အဝေးတစ်နေရာမှတင် ခံစားသိရှိလ်ိုက်ကြရသည် ။
အစမှအဆုံးထိ အားချင်းသည် ဝါးတုတ်တံကလေးကိုဝှေ့ယမ်းရန် လက်တစ်ဖက်ကိုသာ အသုံးပြုခဲ့သည် ။ နောက်လက်တစ်ဖက်ကိုတော့ နောက်ကျောဘက်တွင် ပစ်ထားခဲ့သည် ။ သူမက အင်မော်တယ်ရှေးဟောင်းမိသားစုမှခေါင်းဆောင်များကို ပေါ့ပေါ့ပါးပါး ရင်ဆိုင်တိုက်ခိုက်နေခဲ့သည် ။ ဒါကလူအပေါင်းကို ထိတ်လန့်သွားစေခဲ့သည် ။
ထိုသူများမှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုသုံးစု၏ ခေါင်းဆောင်များဖြစ်ကြပြီး ကြယ်ခြောက်ပွင့်အထွတ်အထိပ်အဆင့် တာအိုနတ်ဘုရားများ ဖြစ်ကြသည် ။ သာမန်တေလေဂျပိုးများ မဟုတ်ကြပါပေ။ ထိုသုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေရတာတောင် အားချင်းက ပေါ့ပေါ့ပါးပါးဖြင့်ရှိနေခဲ့သည် ။ သူမ၏ခွန်အားက ဘယ်လောက်တောင်သန်မာနေတာလဲ ။ ဘယ်အဆင့်ကိုရောက်နေပြီလဲ ။
ဘုန်း !
ထောင်ချီသောဓားအလင်းတန်းများသည် ဝူတုန်ထျန်းတို့သုံးယောက်စီ ပြေးဝင်သွားကြသည့်အခါ သူတို့၏အမူအယာများမှာ ပြောင်းလဲသွားခဲ့ကြသည် ။ ထောင်ချီသောဓားချီများမှ ထုတ်လွှတ်နေသည့် ထက်မြသောအရှိန်အဝါများက သူတို့ကိုယ်တောင် ထိတ်လန့်သွားစေခဲ့သည် ။ ဤ မိုးရွာသွန်းသကဲ့သို့ အဆက်မပြတ်ကျဆင်းလာသောဓားအလင်းတန်းများကြောင့် သူတို့သည် ငရဲသို့ခြေလှမ်းတစ်ဝက် ရောက်နေပြီးသကဲ့သို့ ခံစားလိုက်ကြရသည် ။
အဆိုပါသိပ်သည်းသောဓားချီအလင်းတန်းများသည် ဝူတုန်ထျန်းတို့သုံးယောက်ကို အရပ်မျက်နှာပေါင်းစုံမှတိုက်ခိုက်နေပြီး ထွက်ပြေးရန်မြေမရှိ ဖြစ်စေခဲ့သည် ။ သူတို့၏ခန္ဓာကိုယ်များကတောင်မှ ထိတ်လန့်ဖွယ်ဖိအားကြီး၏အောက်တွင် ဖိနှိပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်ကြတော့ပေ ။
ဝူတုန်ထျန်းတို့သုံးယောက်သည် အံကိုတင်းတင်းကျိတ်လိုက်ပြီး ချီစွမ်းအင်နှင့်သွေးများကိုရောနှောလိုက်ကာ ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို အရူးအမူးလှည့်ပတ်လ်ိုက်ကြသည် ။ သူတို့ဒူးထောက်တောင်းပန်လျှင်တောင်မှ အကျိုးထူးတော့မည်မဟုတ်ပေ ။ ရှန်ရှန့်ကျုံဂိုဏ်းက သူတို့ကို သွားခွင့်ပြုမှာမဟုတ်တော့ပေ ။ ဒါ့အပြင် သူတို့ကလည်း ဂုဏ်သရေရှိသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်များဖြစ်ကြသည် ။ သူတို့ဘယ်လိုလုပ် တောင်းပန်ရမလဲ ။
" သတ်ကြ ! "
မိမိကိုယ်ကို အားပေးလိုက်သကဲ့သို့ ဝူတုန်ထျန်းတို့သုံးယောက်သည် ကျယ်လောင်စွာဟစ်ကြွေးလိုက်ပြီး သူတို့သုံးယောက်ကိုယ်တွင်းရှိ ဆန်းကြယ်သောချီစွမ်းအင်များမှာ မုန်တိုင်းကြီးတစ်ခုအလား အရူးအမူးထွက်ပေါ်လာခဲ့သည် ။ ဘေးပတ်ပတ်လည်ရှိ အရာအားလုံးမှာ ဖျက်ဆီးခံလိုက်ရပေသည် ။
ဝူမျိုးနွယ် သိုင်းကန်ချက် !
ဤအချိန်တွင် ဝူတုန်ထျန်းသည် သူ၏အသန်မာဆုံးသိုင်းစွမ်းအားကိုအသုံးပြုခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နဂါးတစ်ကောင် အမြီးယမ်းလိုက်သကဲ့သို့ ဖြစ်နေခဲ့သည် ။ ခမ်းနားထည်ဝါသောစွမ်းအားများကိုထုတ်လွှတ်လျက် သူသည် အားချင်းဘက်ကို ကန်ထုတ်လိုက်လေသည် ။ ဤအချိန်တွင် ဝူတုန်ထျန်းသည် အရာအားလုံးကိုစတေး၍ စွမ်းအားများထုတ်လွှတ်ခဲ့သည်ဖြစ်ရာ အင်မတန်မှထိတ်လန့်ဖွယ်ကောင်းနေခဲ့သည် ။
ဝူတုန်ထျန်းစတင်လှုပ်ရှားလိုက်သည့်အခါ ရှန်းယုမျိုးနွယ်စုနှင့် ကျိမျိုးနွယ်စု၏ခေါင်းဆောင်များကလည်း တုံ့ဆိုင်းမနေခဲ့ပေ ။ သူတို့ဟာ အသန်မာဆုံးတိုက်ကွက်များက်ိုထုတ်ဖော်လျက် အားချင်းထံသို့ ပြေးဝင်သွားကြသည် ။
ဝူတုန်ထျန်းတို့သုံးယောက်သည် အားချင်းထံပြေးဝင်သွားကြသော်လည်း သူတို့ဟာ သိပ်သည်းသောဓားချီများကို ပထမဆုံးရင်ဆိုင်တွေ့ကြုံကြရမှာဖြစ်သည် ။ အဆိုပါထောင်ချီသောဓါးချီများကို ဖျက်ဆီးပြီးမှသာလျှင် အားချင်းကို ထိခိုက်အောင်လုပ်နိုင်မှာဖြစ်လေသည် ။
အဝေးရှိ စောင့်ကြည့်နေသောကျင့်ကြံသူများသည် မျက်လုံးမျက်ဆံများပြူးကျယ်လျက် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည် ။ အောင်မြင်ခြင်း ကျဆုံးခြင်းဟာ ခြေတစ်လှမ်းအကွာတွင် ရှိနေခဲ့လေသည် ။
ဝူတုန်ထျန်းတို့သုံးယောက် စွမ်းအားများထုတ်ဖော်ပြီး တိုက်ခိုက်လိုက်သည့်အခါ အားချင်း၏ဓားချီများကလည်း ပြောင်းလဲသွားကြသည် ။ နောက်ဆုံးအချိန်တွင် အဆိုပါဓားချီအပ်ိုင်းအစလေးများသည် ဝူတုန်ထျန်းတို့သုံးယောက်၏ စွမ်းအားထုတ်ဖော်မှုကို ခံစားလိုက်ရသည့်အလား အရူးအမူးစုစည်းသွားကြပြီး အချိန်တိုလေးအတွင်း၌ တလက်လက်တောက်ပနေသော ဧရာမဓားချီအလင်းတန်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကြသည် ။
ဤဓားအလင်းတန်းကြီး ထွက်ပေါ်လာသည့်အခါ ကမ္ဘာကြီးတစ်ခုလုံးက အရိုင်းဆန်စွာ တုန်ခါလာခဲ့သည်။ ကမ္ဘာကြီးက ဧရာမဓားကြီး၏ ထက်မြမှုအရှိန်အဝါကို သည်းမခံနိုင်တော့သည့်အလားပင် ။
ပထမဆုံး ထိတွေ့မိသွားသည်က ဝူတုန်ထျန်း၏ ကမ္ဘာမြေတုန်ဟည်းလောက်သော ကန်ချက်ပဲဖြစ်သည်။ သို့ပါသော်လည်း ကြယ်ခုနှစ်ပွင့်တာအိုနတ်ဘုရားများကို ထိတ်လန့်သွားစေနိုင်သည့် စွမ်းအားကြီးမားသောကန်ချက်သည် အသက်တစ်ရှိုက်စာတောင် မခုခံနိုင်ခဲ့ပါပေ ။ ဝူတုန်ထျန်း၏ခြေထောက်သည် ထက်ပိုင်းဖြတ်ခံလိုက်ရသည် ။ ဒါတင်မကသေးပဲ ရှည်လျားသောဓားရှည်ကြီးက သူ၏ခန္ဓာကိုယ်ကိုလည်း နှစ်ပိုင်းဖြတ်တောက်သွားခဲ့သည် ။
သွေးများသည် လေထုအတွင်းပျံ့ဝဲသွားပြီး ပြင်းထန်သောသွေးရနံ့က အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေသည် ။ ထိတ်လန့်ခြောက်ခြားဖွယ်မြင်ကွင်းက စောင့်ကြည့်နေသောကျင့်ကြံသူများကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေခဲ့သည် ။
တစ်ချိန်တည်းမှာပဲ ဧရာမဓားအလင်းတန်းကြီးသည် ဝူတုန်ထျန်းကိုသတ်ဖြတ်လိုက်ပြီးနောက် ရပ်တန့်မသွားခဲ့ပဲ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု၏ ခေါင်းဆောင်နှစ်ယောက်စီ ဆက်လက်တိုးဝင်သွားခဲ့သည် ။ ထက်မြစူးရှသော ဓားအစွန်းက လေဟာနယ်ကို အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာစေခဲ့သည် ။
ဝူတုန်ထျန်းသတ်ဖြတ်ခံလိုက်ရသည့်အခါ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု၏ ခေါင်းဆောင်နှစ်ယောက်မှာ စိတ်ပျက်အားလျော့သွားကြသည် ။ သူတို့ထွက်ပြေးချင်သော်လည်း ဧရာမဓားကြီးတွင်ပါဝင်သောစွမ်းအားများက သူတို့ကို ဖိနှိပ်ထားခူဲ့ည် ။ ဒါ့အပြင် ထက်မြသောဓားအစွန်းများက လွတ်မြောက်ရာလမ်းကြောင်းကို ပိတ်ဆို့ထားကြသည် ။ သူတို့ထွက်ပြေးလိုက်သည်နှင့် ပိုမိုမြန်ဆန်စွာ သေဆုံးသွားရမှာပင် ။
အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စု၏ ခေါင်းဆောင်များသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး အသန်မာဆုံးခွန်အားများကိုထုတ်လွှတ်လျက် ကျရောက်လာတော့မည့် အန္တရာယ်ကို စွမ်းစွမ်းတမံ ခုခံကာကွယ်လိုက်ကြသည် ။
ဘုန်း !
လူထု၏အကြည့်အောက်တွင် ဧရာမဓားအလင်းတန်းကြီးနှင့် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု၏ခေါင်းဆောင်နှစ်ယောက်တို့ ထိတွေ့မိသွားကြကာ ကမ္ဘာကြီးတစ်ခုလုံးအတွင်း၌ နားကွဲလုမတတ် ပေါက်ကွဲသည့်အသံများ အဆက်မပြတ်ထွက်ပေါ်လာလေသည် ။ ထိတ်လန့်ခြောက်ခြားဖွယ်ရာ စွမ်းအားအရှိန်အဝါများက အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားလေသည် ။ ကျင့်ကြံသူများသည် အဝေးတစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်ပြီး၍မဟုတ်ပါက ဤစွမ်းအားလှိုင်းကြီး၏အောက်တွင် များစွာထိခိုက်ဆုံးရှုံးကြရမှာပင် ။
မီးခိုးများနှင့်ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လူအများသည် တိုက်ပွဲ၏ရလဒ်ကို တွေ့မြင်လိုက်ကြရသည် ။ တိုက်ပွဲ၏ရလာဒ်မှာ တကယ့်ကိုကြောက်ခမန်းလိလိ ထိတ်လန့်ဖွယ်ကောင်းပေသည် ။ တစ်ယောက်ပြီးတစ်ယောက် နေရာမှာတင် အေးခဲသွားကြသည် ။
အားချင်း၏ ခပ်လှမ်းလှမ်းတစ်နေရာတွင် ထက်ပိုင်းအဖြတ်ခံလိုက်ရသော ဝူတုန်ထျန်းအပြင် ကျန်သောအလောင်းနှစ်ခုကိုလည်း တွေ့မြင်လိုက်ကြရသည် ။ သူတို့အားလုံးဟာ ဓားအလင်းတန်းကြီး၏ အပိုင်းပိုင်းအစစဖြတ်တောက်ခြင်းကို ခံလိုက်ရသည် ။ မြေပြင်တွင်တောင် ထက်ပိုင်းဖြတ်ခံလိုက်ရသော ဧရာမဓားရာကြီး ရှိနေသေးသည် ။ အဆိုပါဓားရာကြီးမှာ အလွန်အမင်းရှည်လျားတာကြောင့် အတိုင်းအဆဘယ်လောက်ရှိမှန်း မခန့်မှန်းနိုင်ကြပေ ။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုသုံးစုမှ ခေါင်းဆောင်များ၏ရုပ်အလောင်းများသည် ဘယ်ဘက်တွင်တစ်ဝက် ညာဘက်တွင်တစ်ဝက်ဖြစ်နေခဲ့ကြပြီး အလယ်တွင်တော့ ဧရာမဓားရာကြီး ရှိနေခဲ့သည် ။ အားချင်း၏ဓားချက်သည် ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား သုံးပါးကိုသတ်ဖြတ်ခဲ့သည်သာမက အဝေးတစ်နေရာရှိ ဒါဇင်ချီသောတောင်များကိုတောင် ထက်ပိုင်းဖြတ်ခဲ့လေသည် ။
ဤမြင်ကွင်းကြောင့် လူတိုင်းလူတိုင်းသည် တုန်လှုပ်သွားကြပြီး သူတို့၏စိတ်များဟာ ဗလာနတ္ထိဖြစ်သွားကြကာ အားချင်းကိုရူးကြောင်ကြောင်လှမ်းကြည့်မိလိုက်ကြသည် ။ အားချင်းသည် ဝါးတုတ်တံကလေးကိုကိုင်ဆောင်လျက် လေထုအလယ်၌ ကျော့ကျော့မော့မော့ မတ်တပ်ရပ်နေခဲ့သည် ။ ဤမျှလောက်လှပသောအမျိုးသမီးမှာ ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားတွေရှိနေတာလား ။
ရှန်ရှန့်ကျုံဂိုဏ်းကို အထင်သေးခဲ့ကြသည့် ဇာမဏီရှေးဟောင်းမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများသည် လက်ရှိအချိန်တွင် လုံးဝကိုငြိမ်ကုတ်သွားကြလေသည် ။ သူတို့၏နှလုံးသားများအတွင်း၌ မုန်တိုင်းထန်လာလေသည် ။ ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားက သူတို့ကိုဆောက်တည်ရာမရ ဖြစ်လာစေသည် ။ လက်ရှိအချိန်တွင် အားချင်း၏လက်ထဲ၌ အင်မော်တယ်ရှေးဟောင်းမျိူနွယ်စုလေးစု၏ ခေါင်းဆောင်များ အသက်ဆုံးရှုံးလိုက်ရသည် ။ ဒါကဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ဖြစ်ရပ်ကြီးပါလိမ့် ။
ကိုယ်ပိုင်မျက်စိဖြင့်သာ တွေ့မြင်နိုင်ခြင်းမရှိပါက မည်သူကမှ ဤသတင်းကိုယုံကြည်ကြမှာ မဟုတ်ပေ။ သူတို့ဟာ အိမ်မက်မက်နေသလားဟု တွေးတောမိလိုက်ကြသော်လည်း မြေပြင်ပေါ်ရှိအလောင်းသုံးလောင်းက အစစ်အမှန်ဖြစ်ကြောင်း သတိပေးနေခဲ့သည်!