ကိစ္စတစ်ခုလုံးက ဖြေရှင်းဖို့ ပျင်းစရာကောင်းတယ်
Vol. 41 Ch. 604
“မိုက်တယ်”
“ချောလိုက်တာ”
“ရဲ့နတ်ဘုရားလို့ မပြောရဘူး၊ လွှမ်းမိုးနိုင်လွန်းတယ်”
“သူက ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြင့်တက်စေတာပဲ၊ ရဲ့နတ်ဘုရားက လူကောင်းတစ်ယောက်ပဲ၊ ဒါ တရုတ်နိုင်ငံ ဖြစ်သင့်တဲ့ပုံစံပဲ”
“မိုက်တယ်၊ မိုက်လိုက်တာ”
လူအုပ်ကြီးသည် ကင်ဟျွန်းမင် ဒူးထောက်သွားသည်နှင့် ချက်ချင်း ရူးမတတ် ဖြစ်သွားကြသည်။
အော်ဟစ်သံများက ပတ်ဝန်းကျင်၌ ပြည့်နှက်သွားပြီး လူတိုင်း စိတ်လှုပ်ရှားလွန်း၍ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြချေ။ လူတော်တော်များများသည် မျက်ရည်ဝဲနေပြိး အချို့ဆိုလျင် ဒူးထောက်နေပြီး မျက်နှာများ နီရဲနေ၏။
“ငါ တရုတ်လူမျိုး ဖြစ်ရတာကို ဂုဏ်ယူတယ်”
ကင်ဟျွန်းမင်အပေါ် ထားသော ဒေါသများအားလုံး ပျောက်ကွယ်သွားပြီး သူတို့ ပြန်လည် မွေးဖွားလာသည်ဟုပင် ခံစားလာရသည်။ ယင်းသည် သူတို့စိတ်ထဲ၌ မြင်ယောင်ထားသော တရုတ်နိုင်ငံဖြစ်ပြီး ၎င်းသည် တရုတ်လူမျိုးများ ပိုင်ဆိုင်ထားသင့်သည့် မိမိကိုယ်ကိုယ် လေးစားမှု ဖြစ်ပေသည်။
လူတစ်ချို့သည် စိတ်လှုပ်ရှားသော်လည်း သူတို့၏ မျက်နှာ၌ စိုးရိမ်စိတ်အချို့ ပေါ်လွင်နေသည်။
“ရဲ့နတ်ဘုရားရဲ့ အပြုအမူက ငါတို့ဒေါသကို လျော့သွားစေပင်မယ့် ပြဿနာကို ဖြေရှင်းတဲ့ အကောင်းဆုံး နည်းလမ်း မဟုတ်ဘူး၊ နောက်ထပ် ပြဿနာတွေ ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်”
“ဟုတ်တယ်၊ သူက အရမ်း အတင့်ရဲလွန်းတယ်”
“ရဲ့နတ်ဘုရားက ဒါကို ငါတို့အားလုံးအတွက်၊ ငါတို့နိုင်ငံအတွက် လုပ်ခဲ့တာလေ၊ သူ ဒါအတွက် အပြစ်ပေးခံ ရမှာလား”
“ဘာပဲဖြစ်ဖြစ် ငါ ရဲ့နတ်ဘုရားကို ထောက်ခံတယ်၊ ငါ သူ့ကို ထာဝရ ထောက်ခံတယ်”
“ချီးပဲကွာ၊ ကင်ဟျွန်းမင် ဒူးထောက်တာကို မြင်လိုက်တော့ ငါ ငိုမိတယ်၊ ငါ အခုလောက် တစ်ခါမှ စိတ်လှုပ်ရှား မလွယ်ဖူးဘူး”
ထိုသို့သောအချိန်၌ ဧည့်သည်အချို့သည် ထွက်လာစပြုနေပြီ ဖြစ်သည်။ သူတို့သည် စင်္ကြံလမ်းအတိုင်း ဖြည်းဖြည်းချင်း ထွက်လာကာ တစ်ယောက်နှင့် တစ်ယောက် အားတက်သရော စကားပြောလာနေကြသည်။
“Gala နွေဦးပွဲတော်က ဒီတစ်ခေါက် တကယ် ကောင်းတဲ့ အစီအစဉ်တွေ ပါတာပဲ၊ “အိမ်ကို မကြာမကြာ လာလည်ပါ” ဆိုတဲ့ သီချင်းနဲ့ “လက်ဖွာသော သူဌေးသား” ပဲ”
“ဟုတ်တယ်၊ အံ့ဩစရာတွေပဲ၊ အဓိကက သူတို့အားလုံးက တက်သစ်စ ကြယ်ပွင့်တွေပဲ”
“ဒါက ပါရမီရှင်တွေကို ဖော်ထုတ်မှရမယ်ဆိုတာကို ပြနေတာပဲ၊ လူသစ်တွေ အများကြီးပဲလေ”
“ငါ့အတွေးကလဲ အဲ့လိုပဲ၊ ငါတို့ ကိုရီးယားနိုင်ငံ အကကို ထပ်ကြည့်ရတော့မှာလားလို့ တွေးနေတာ၊ အဲ့ဒါက ပျက်သွားလို့ တော်သေးတယ်”
“ဟုတ်တယ်၊ ကိုရီးယားနိုင်ငံရဲ့အကက တကယ် ရှက်ဖို့ကောင်းတယ် …”
သူတို့ စကားတပြောပြောနှင့် လျှောက်လာနေစဉ်မှ ထွက်ပေါက်နားမှ မြင်ကွင်းတစ်ခုကြောင့် စကားဝိုင်းက ရပ်သွားသည်။
“ဒါက … ဘာတွေ ဖြစ်နေတာလဲ”
“ငါ အမြင်မှားတာလား၊ ဘာလို့ အဲ့မှာ တစ်ယောက်ယောက်က ဒူးထောက်နေတာလဲ”
“လခွမ်း၊ အဲ့ဒါ ဘယ်သူလဲ၊ သူက ဘာလို့ အဲ့လိုမျိုး ရိုက်နှက်ခံထားရတာလဲ”
“နှစ်သစ်ကူး ပွဲတော်အတော်အတွင်း ဒါက ဘာဖြစ်တာလြ၊ သူတို့ ဘယ်လို ရန်ငြိုးမျိုး ရှိထားကြတာလဲ”
“သူ ဒူးထောက်ရတယ်ဆိုတော့ ရက်စက်လွန်းတယ်”
Gala နွေဦးပွဲတော်မှ ထွက်လာသည့် လူတိုင်း မှင်တက်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြပြီး သရဲတစ္ဆေကို မြင်တွေ့လိုက်ရသည်ဟု ထင်မှတ်နေကြလေသည်။
နှစ်သစ်သည် လူတိုင်း ပျော်ရွှင်နေသင့်သည့် အချိန် ဖြစ်သည်။ သို့ရာတွင် အခြေအနေက ဘယ်လိုလုပ် ဤသို့သော အဆိုးဘက်သို့ ပြောင်းလဲသွားရသနည်း။ ပြောင်းလဲမှုက ကြီးမားလွန်းလာသည်။
“ဘာတွေဖြစ်နေတာလဲ သွားကြည့်ရအောင်”
“တစ်ယောက်ယောက်ကို မြန်မြန်ခေါ်၊ ဒါ အရေးကြီးတယ်”
“ငါတော့ သေတော့မှာပဲကွာ၊ ဒူးထောက်နေတဲ့လူနားမှာ ရပ်နေတာ ရဲ့နတ်ဘုရား မဟုတ်လား”
“သေစမ်း၊ တကယ်ကို သူပဲဟ”
“မဖြစ်နိုင်လိုက်တာ၊ ရဲ့နတ်ဘုရားက သူ့ကို ရိုက်ခဲ့တာလား”
တာဝန်ရှိသူ၏ မျက်နှာက ပြာနှမ်းလာပြီး ချွေးပြန်လာသည်။ ဖိတ်ထားသော ဧည့်သည်များအားလုံးသည် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ပြီး ခေါင်းဆောင်များပင် ဖြစ်နေသည်။ သူ၏ မူလ အစီအစဉ်မှာ ယင်းကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းရန် ဖြစ်သည်။ သို့သော် အခြေအနေက သူ လုံးဝ ဝင်မပါနိုင်သော အခြေအနေသို့ ရောက်သွားခဲ့သည်။
ဧည့်သည်များသည် အစောပိုင်းက ပွဲကို ကြည့်နေခဲ့ကြသဖြင့် အပြင်ဘက်၌ ဘာဖြစ်နေသလဲ မသိကြချေ။ သူတို့သည် ယခုအခါတွင်မှ အခြေအနေကို တွေ့ပြီး တုန်လှုပ်နေသည်။
အခြားသူကိစ္စထဲ စပ်စပ် စပ်စပ် ဝင်ပါသူများနှင့် ဝန်ထမ်းများက အခြေအနေကို လျင်မြန်စွာ ပြောပြကြသဖြင့် အခြေအနေက ရှင်းလင်းလာသည်။
“ဘာ … အဲ့ဝက်ခေါင်းက ကင်ဟျွန်းမင်လား”
“ဒါ သောက်ကျိုးနည်း အမှန်မဖြစ်နိုင်ဘူး ဟုတ်တယ်မလား၊ ကင်ဟျွန်းမင်က ခပ်ငယ်ငယ်နဲ့ ချောချောလေး မဟုတ်လား”
“သူ့ကို မှတ်တောင် မမှတ်မိတော့ဘူး၊ ဘယ်သူက အဲ့လောက် ရက်စက်ရတာလဲ၊ ဒါ ရက်စက်တာပဲ”
“မဖြစ်နိုင်လိုက်တာ၊ ရဲ့နတ်ဘုရားက သူ့ကို ရိုက်ခဲ့တာလား”
“ရဲ့နတ်ဘုရားက ဟာသ ဇာတ်လမ်းတို တင်ဆက်တုန်းက အဲ့လိုလူစားမျိုးပုံ မပေါက်ပါဘူး”
“ခေါင်းဆောင်၊ ကျွန်တော်တို့ ဒါကို ဘယ်လိုလုပ်သင့်လဲ”
တာဝန်ရှိသူက နောက်လှည့်ကာ ဘာလုပ်ရမလဲမသိ ဖြစ်နေ၏။
“သူ လွန်သွားပြီ”
ခေါင်းဆောင်ဖြစ်သူသည် ရဲ့လင်းချန် ပခုံးကို ဖိချထား၍ မြေကြီးပေါ် အတင်း ဒူးထောက်နေရသော ကင်ဟျွန်းမင်ကို ကြည့်နေသည်။ သူ့မျက်လုံးများက စူးလက်နေသေးသော်လည်း ပါးစပ်ထောင့်၌ သွေးများ ရှိနေသေးသည်။ သို့သော် သူ သွားဘယ်နှစ်ချောင်း ကျွတ်သွားပြီလဲ ဆိုသည်ကိုတော့ မည်သူမှ မသိပေ။
“သူ ဒူးထောက်နေရတာ ဘယ်လောက် ကြာပြီလဲ”
“ဆယ်မိနစ်နီးပါးလောက်”
“အင်း”
ခေါင်းဆောင်သည် ခေါင်းညိတ်၍ တစ်ခဏမျှ စဉ်းစားနေသည်။
“သူတို့အားလုံး အခုချက်ချင်း ထွက်သွားတာ ပိုကောင်းတယ်၊ မကြာခင် မီဒီယာတွေ ရောက်လာမှာ စိုးရတယ်”
“ကျွန်တော်လဲ အဲ့လို ထင်ပါတယ်၊ ဒါပေမဲ့ ရဲ့နတ်ဘုရားက လက်မခံဘူး၊ သူက ကင်ဟျွန်းမင် နာရီဝက်လောက် ဒူးထောက်တဲ့အထိ စောင့်ချင်နေတာ”
တာဝန်ရှိသူက အောင့်သက်သက်ဖြင့် ရှင်းပြသည်။
ရုတ်တရက် အချက်ပေးဥဩသံကို ကြားလိုက်ရသည်။
ရဲကားသုံးစီးက လျင်မြန်စွာ မောင်းနှင်လာပြီး Gala နွေဦးပွဲတော် ကျင်းပရာ နေရာသို့ ရောက်လာသည်။
ထို့နောက် ကားတစ်စီးစီမှ ရဲလေးယောက် ဆင်းလာသဖြင့် စုစုပေါင်း ရဲဆယ့်နှစ်ယောက် ရောက်လာသည်။ တစ်ယောက်ချင်းစီက မျက်နှာထား တင်းမာနေပြီး အခင်းဖြစ်ရာသို့ အလျင်အမြန် ပြေးလာကြသည်။
သူတို့သည် ပြင်းထန်သော အကြမ်းဖက်မှု၊ လူသတ်မှုပင် ဖြစ်လောက်သည်ဟုသော သတင်းပို့ခြင်းကို ရခဲ့သဖြင့် အလွန် ပဟေဠိ ဖြစ်သွားခဲ့ရသည်။
အခင်းဖြစ်ရာက Gala နွေဦးပွဲတော် ကျင်းပရာ ဖြစ်နေသည်။ ထိုနေရာ၌ အဘယ်ကြောင့် အကြမ်းဖက်မှု ဖြစ်ရမည်နည်း။
သို့သော် ကြီးမားသော လူအုပ်ကြီးကို မြင်ပြီးနောက် အခြေအနေက မည်မျှ ပြင်းထန်သလဲ သူတို့ သိလိုက်သည်။ သူတို့သည် နှောင့်နှေးမနေတော့ဘဲ ချက်ချင်း အပြေးလှမ်းသွားကြသည်။
“ရဲသားကြီးတို့၊ ကျွန်မတို့ တိုင်ချင်ပါတယ်”
ဒေါသထွက်နေသော ကလေးမတစ်သိုက်က ချက်ချင်း ရဲများကို ဝိုင်းလာသည်။
“ဟုတ်တယ်၊ ကျွန်မတို့ ရဲ့လင်းချန်ကို တိုင်ချင်ပါတယ်၊ သူက အိုပါး ကင်ဟျွန်းမင်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ အကြမ်းဖက်ခဲ့ပါတယ်၊ ရှင်တို့ သူ့ကို ဖမ်းမှရမယ်”
“သူက လူတွေအတွက် အန္တရာယ်ပဲ၊ ဖမ်းကိုဖမ်းမှ ဖြစ်မယ်၊ ကျွန်မတို့ သူ့ကို ကင်ဟျွန်းမင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေး ပေးစေချင်တယ်”
“ကျွန်မတို့ ယောက်ျားအတွက် တရားမျှတမှု ရယူပေးပါ”
ဦးနှောက်ဆေးခံထားရသော အမာခံ ပရိသတ်များ၏ တုံးအမှုအဆင့်က လက်ဖျားခါလောက်စရာပင်။ သူတို့သည် ရဲ့လင်းချန်အား သူတို့ယောက်ျားကို သတ်ရန် ကြံစည်သည်ဟုပင် စွပ်စွဲလိုက်သေးသည်။
“မင်းတို့ မိန်းကလေးတွေ ရူးနေတာလား၊ မင်းတို့အပေါ် ကင်ဟျွန်းမင်ရဲ့ လုပ်ရပ်ကို မမြင်ဘူးလား၊ သူက မင်းတို့ကို ဝက်လို ဆက်ဆံပြီးတော့ ရင်ထဲကနေကို ရွံနေတာလေ၊ သူက ငါတို့နိုင်ငံကိုတောင် စော်ကားလိုက်သေးတယ်၊ မင်းတို့က ဘာလို့ သူ့ကို ကူညီနေတာလဲ”
လူတစ်ချို့က ဒေါသတကြီး အော်ပြောလာပြီး သူတို့၏ ခေါင်းမာမှုအပေါ် စိတ်ပျက်နေကြသည်။
“အဲ့ဒါ ဘာဖြစ်လဲ၊ ငါတို့ ကင်ဟျွန်းမင်ကို ချစ်တယ်၊ သူ လုပ်သမျှက မှန်တယ်”
“ငါတို့ ယောက်ျားလုပ်တဲ့ အရာတွေအတွက် ဘယ်သူမှ အပြစ်မတင်ရဘူး၊ ငါတို့ယောက်ျားက အကောင်းဆုံးပဲ”
“မြေယိုး … ကင်ဟျွန်းမင် ငါတို့ တရုတ်လူမျိုးတွေကို အထင်သေးပြီး သူ့ပရိသတ်တွေကို လူလို မဆက်ဆံတာ မဆန်းတော့ဘူး၊ သူ့ပရိသတ်တွေက လူမဟုတ်ဘူးဘဲ ကိုယ့်အမျိုး ကိုယ်မေ့နေတဲ့ ရူးမိုက်တဲ့ ဝက်တွေပဲ၊ သူတို့က ငါတို့နိုင်ငံအတွက် အရှက်ရစရာပဲ”
လူတိုင်း အချင်းချင်း စကားများနေကြပြီး သူတို့၏ စကားများက ရဲများကို အခြေအနေအား အကြမ်းဖျင်း သဘောပေါက် သွားစေသည်။
ဦးဆောင်လာသော ရဲအရာရှိသည် လူအုပ်နှင့် ခပ်ဝေးဝေးမှ ရဲ့လင်းချန်ကို မြင်သောအခါ အံ့ဩသွားလေသည်။
*ဒါ ဟိုကောင်လေး မဟုတ်လား*
ဦးဆောင်လာသော ခေါင်းဆောင်သည် တပ်ကြပ်ကောင်းပင်။ ရဲ့လင်းချန်သည် တစ်ခါက သူနှင့် ရှုနန်အား ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့သားများ ဖမ်းဆီးနိုင်ရန် ကူညီခဲ့ပြီး ရဲစခန်းရှေ့မှ လူလိမ်ကိုလည်း ဖမ်းပေးခဲ့သည်။ ထို့ကြောင့် တပ်ကြပ်ကောင်းက သူ့ကို တစ်ချက်ကြည့်ရုံနှင့် မမှတ်မိနိုင်စရာ မရှိပေ။
ထိုသို့ ရဲတင်းသော လုပ်ရပ်အား လုပ်ရဲလောက်အောင် အကြောက်အလန့်မရှိသည့်သူက ရဲ့လင်းချန်ပဲ ရှိသည်။
ကင်ဟျွန်းမင် ဒူးထောက်နေသော အရပ်မျက်နှာသို့ သူ ကြည့်လိုက်သောအခါ လူအုပ်ကြီးနှင့် နိုင်ငံအလံအား မျက်နှာမူထားသည်ကို တွေ့လိုက်ရသည်။
“ရဲသားကြီး၊ သူ့ကို မြန်မြန်ဖမ်းပါ၊ ကျွန်မတို့ ယောက်ျားကို ကယ်ပေးပါ”
အမာခံ ပရိသတ်များက အလောတကြီး တိုက်တွန်းနေကြသည်။
အခြားသော ရဲအရာရှိများကလည်း တပ်ကြပ်ကောင်းကို ကြည့်နေကြပြီး သူ၏ အမိန့်ကို စောင့်နေသည်။
ဤသို့သော အခြေအနေ၌ သူတို့သည် ကိုယ့်သဘောနှင့်ကိုယ် လုပ်ရှားနိုင်သော်လည်း ထိုအမာခံ ပရိသတ်များက ကင်ဟျွန်းမင်အား “ယောက်ျား” ဟု ဆက်တိုက် ခေါ်နေသည်ကို ကြားနေရသဖြင့် စက်ဆုပ်နေကြသည်။ ဝက်မျက်နှာနှင့် တူလုနီးပါး ဖြစ်နေသော ကင်ဟျွန်းမင်ကို သူတို့ တစ်ချက် ကြည့်လိုက်ပြီးနောက် ဘာကြောင့်မှန်း မသိဘဲ အလွန် စိတ်ကျေနပ်သလို ခံစားနေရသည်။
ဒီကိစ္စတစ်ခုလုံးက … ဖြေရှင်းဖို့ ပျင်းစရာကောင်းလွန်းတယ်။