← Chapters

အဖြေ

Vol. 41 Ch. 605

အဖြေ

Vol. 41 Ch. 605

“သူ့ကို မြန်မြန်ဖမ်းပါ၊ ကျွန်မ အိုပါး ဟျွန်းမင် အရမ်း ခံစားနေရပြီ၊ သူ ဒူးထောက်နေရတာ အရမ်း ကြာနေပြီ”

ထိုအမာခံ ပရိသတ်များက အလွန်အမင်း ဝမ်းနည်းနေကြလေသည်။

“ငါတို့ ဒါကို ချက်ချင်း ကိုင်တွယ်မှာပါ”

တပ်ကြပ်ကောင်းက ပြောလိုက်သည်။

သို့သော် တစ်ခဏအတွင်းမှာပင် သူ့ဖုန်းက မြည်လာသဖြင့် တောင်းပန်လိုက်သည်။

“ငါ တောင်းပန်ပါတယ်၊ ဒီဖုန်းခေါ်သူက အရမ်း အရေးကြီးတယ်၊ ငါ ဒီဖုန်းကို အရင် ကိုင်လိုက်ဦးမယ်၊ ငါ မြန်မြန် ပြောမယ်လို့ ကတိပေးတယ်”

သူသည် ပြောပြီးသည်နှင့် ဖုန်းကိုကိုင်၍ ဖြေလိုက်သည်။

“အာ … ဟုတ်ကဲ့”

ထိုအမာခံ ပရိသတ်များသည် စိုးရိမ်ပူပန်လာပြီး အခြားရဲသားများကို ကြည့်လိုက်သည်။

“အာ … ငါ လူဆိုးဖမ်းတဲ့နေရာမှာ သုံးတဲ့ လက်ထိပ်ကို ကားထဲမှာ မေ့ခဲ့တာပဲ၊ ငါ သွားယူလိုက်ဦးမယ်”

“မင်း ငါ့ကို သတိပေးလိုက်တာပဲ၊ ငါ ကားထဲက တစ်နေရာရာမှာ ငါ့မှတ်စုစာအုပ် ထားခဲ့မိတယ်၊ ငါ သွားယူဦးမယ်”

“ငါ မှတ်တမ်းရေးဖို့ ဘောပင် ယူမလာမိဘူး၊ ငါ့မှတ်ဉာဏ်တွေ ဆိုးလာလိုက်တာ”

“ဟာ ငါ့ဖုန်းကလဲ မြည်လာပါလား၊ ဆောရီး၊ ငါ ဒီဖုန်းကို ကိုင်မှဖြစ်မှာ”

သူတို့ တစ်ယောက်ပြီး တစ်ယောက် လုပ်စရာ ကိစ္စများ ပေါ်လာပြီး တာဝန်ကို ခေါင်းရှောင်နေကြသည်။ သူတို့ဖုန်းများက မပြီးတော့ဘဲ ဘယ်ရဲကမှ ရဲ့လင်းချန်နားသို့ မသွားကြချေ။

ကင်ဟျွန်းမင်၏ မျက်နှာက ရှုံ့မဲ့နေသည်။ သူ့မျက်လုံးတွင် ဒေါသများ ဖုံးလွှမ်းနေပြီး သူ့ဒေါသ ဖြေလျှော့နိုင်မည့် အချိန်ကို စောင့်နေလေသည်။

သူသည် ရဲများ ရောက်လာသည်ကို မြင်သောအခါ ဘာပြောရမလဲ ဆိုသည်ကို စဉ်းစားထားပြီး စိတ်ကို ပြင်ဆင်ထားလေသည်။ သူသည် ရဲ့လင်းချန်အား သွေးနှင့် ပေးဆပ်ရအောင် လုပ်မှ ဖြစ်မည်။ ရဲ့လင်းချန်ကို တရားစွဲပြီး ထောင်မချနိုင်လျင် သူ့နာမည်အတိုင်း ရပ်တည်နိုင်မည်မဟုတ်ဟု ခံစားမိနေသည်။

သူသည် ရဲ့လင်းချန်အား လုပ်ရပ်များအတွက် ပေးဆပ်စေချင်နေ၏။

ကင်ဟျွန်းမင်သည် ရဲများ ရောက်လာသောအခါ စိတ်လှုပ်ရှားသွားပြီး ရဲ့လင်းချန် အဖမ်းခံရသည်ကိုပင် စိတ်ကူးယဉ်နေခဲ့သည်။ သို့သော် ရဲများက ရပ်သွားပြီး အလျင်စလို ထွက်သွားကြသည်။

*ဘာတွေဖြစ်ကုန်တာလဲ …*

*ရာဇဝတ်သားကို ဖမ်းတာထက် ဘာက ပိုအရေးကြီးနိုင်လို့လဲ*

“$$$####! $$$@@@”

ကင်ဟျွန်းမင်သည် ရောင်ကိုင်းနေသော မျက်နှာနှင့် ရဲများအား ဗလုံးဗထွေး အော်ဟစ်နေသည်။

သက်တော်စောင့်များကလည်း စတင် အော်ဟစ်လာသည်။ သူတို့ထဲမှ အချို့သည် တရုတ်စကား ပြောတတ်သဖြင့် အော်ပြောကြသည်။

“ကူညီကြပါ၊ မင်းတို့တရုတ်လူမျိုးတွေမှာ လူမိုက်တွေ ရှိနေတယ်၊ မင်းတို့ ကိုရီးယားနိုင်ငံကို ရှင်းပြဖို့ လိုနေပြီ၊ မင်းတို့ တရုတ်တွေက ငါတို့ကို ဘာလို့ ဒီလို ဆက်ဆံတာလဲ၊ ငါတို့ ဆုံးရှုံးမှုအတွက် မင်းတို့ ငါတို့ကို လျော်ကြေးပေး စေချင်တယ်”

သက်တော်စောင့်များသည် ကင်ဟျွန်းမင်နောက်သို့ လိုက်သည့်အခါတိုင်း အမြဲတမ်း တလေးတစား ဆက်ဆံခံရသဖြင့် အလွန်အမင်း ဒေါသူပုန်ထနေကြသည်။ သူတို့က ဤသို့သော အရှက်ခွဲမှုကို ဘယ်တုန်းက ခံစားသင့်ပါသနည်း။

ကင်ဟျွန်းမင်သည် ပြိုလဲလုနီးပါး ဖြစ်နေ၏။ အဖြစ်အပျက်က မကောင်းသည့်အချက်များ များနေပြီး သူ၏ ကျော်ကြားမှုကလည်း ထိခိုက်ပေတော့မည်။ ထို့အပြင် သူသည်လည်း ပုံပျက်ပန်းပျက် ဖြစ်နေသဖြင့် သူ့အတွက် အနုပညာလောကတွင် လမ်းပိတ်သွားလေပြီ။ ယခုအချိန်၌ သူ လိုချင်တာဟူ၍ လက်စားချေခြင်းသာ ရှိတော့သည်။

ရဲများက ကင်ဟျွန်းမင်အား စောင့်နေရန် အချက်ပြ၍ အိုကေဟု လက်ဟန်ခြေဟန် ပြသည်။ သို့သော် ဘာလှုပ်ရှားမှုမှ မရှိပေ။

*ချီးကို အိုကေ*

ကင်ဟျွန်းမင် အော်ဆဲမိလုနီးပါး ဖြစ်နေသည်။

ထိုစဉ် ခပ်လှမ်းလှမ်းမှ ဖျတ်ခနဲ လင်းသွားသည်။ ထို့နောက် စိတ်လှုပ်ရှားနေသော ဆူညံများနှင့် လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။

“အားလုံး လမ်းဖယ်ပေးကြပါ၊ ငါတို့က အနုပညာသတင်းဌာနက သတင်းထောက်တွေပါ”

“ငါတို့ Toutiao ကပါ၊ မင်းတို့ ငါတို့ကို ပူးပေါင်းပေးနိုင်မလား”

“ဒီမှာ ဘာဖြစ်ခဲ့သလဲ ဆိုတာကို ငါ မင်းတို့ကို မေးမြန်းလို့ ရမလား”

လူတစ်စု ရောက်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်က ဆူညံလာသည်။ သူတို့ထဲမှ အချို့ဆိုလျင် သူတို့၏ ကင်မရာများကို သယ်၍ ပြေးလာကြသည်။ သူတို့အားလုံးသည် နာမည်ကြီး သတင်းဌာနများမှ သတင်းထောက်များ ဖြစ်ပြီး သတင်းရရခြင်း အပြေးလာကြခြင်း ဖြစ်လေသည်။

ယနေ့သည် ထူးခြားသော နေ့တစ်နေ့ ဖြစ်သဖြင့် ထူးထူးခြားခြား ဘာမှမဖြစ်လောက်ဟု လူတိုင်း ထင်ထားခဲ့ ကြသည်။ သို့သော် ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ယင်းသည် ခေါင်းစီးများထဲမှ ခေါင်းစီးကြီး ဖြစ်ပြီး ဘယ်သူမှ ထင်မထားရဲသည့် အဖြစ်အပျက်တစ်ခုပင်။

သတင်းအချို့သည် အနည်းငယ် နောင်တရနေကြသည်။ ဤသို့ ဖြစ်လာမည်မှန်း သိခဲ့လျင် သူတို့ အစကတည်းက ဤနေရာ၌ စောင့်နေခဲ့မိမှာပင်။ အခြေအနေ တစ်ခုလုံးကို မှတ်တမ်းတင်နိုင်ပါက နာမည်အကြီးဆုံး သတင်း ဖြစ်မှာ သေချာလှသည်။

ချက်ချင်းဆိုသလိုပင် သတင်းထောက် ဆယ်ယောက်ကျော်က ကင်ဟျွန်းမင်ဘေးသို့ ပြေးသွားကြပြီး ကျန်လူများက ရဲ့လင်းချန်နားသို့ ပြေးသွားပြီး သူ့ပါးစပ်နား၌ မိုက်ခရိုဖုန်းများကို ကပ်ထားကြသည်။ ထိုအခိုက်တွင် အချို့သော သတင်းထောက်များက အခြား အနုပညာရှင်များ သို့မဟုတ် လူအုပ်ကြီးအား မေးမြန်းနေကြလေသည်။

သတင်းထောက်များ၏ နှုတ်ခမ်းမှ မေးခွန်းပေါင်းများစွာက အမြောက်ပစ်သကဲ့သို့ ထွက်လာသည်။

“ရဲ့နတ်ဘုရား၊ မင်း ဘာလို့ သူ့ကို ရိုက်ခဲ့တာလဲ၊ ငါ့မေးခွန်းကို တိတိကျကျ ဖြေပေးပါ”

“ငါတို့ရဲ့ နိုင်ငံတကာ မိတ်ဆွေကို ဒီလို ဆက်ဆံတာ ဖြစ်သင့်တယ်လို့ မင်း ထင်ပါသလား”

“မင်းနဲ့ ကင်ဟျွန်းမင်ကြားမှာ ရန်ငြိုးတစ်ခုခု ရှိတာလား၊ မင်း ဘာလို့ သူ့ကို ဒီလောက်ထိ ရိုက်ခဲ့တာလဲ”

“အဲ့လို လုပ်ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ကျောင်းသားတစ်ယောက်၊ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မင်းရဲ့ လုပ်ရပ်က မှန်တယ်လို့ ထင်လား”

“အကြမ်းဖက်တာက ပြဿနာတွေကို မဖြေရှင်းပေးသွားဘူး၊ ဒီစကားကို မင်း ဘယ်လိုထင်လဲလို့ ငါ မေးလို့ ရလား”

“ရဲ့နတ်ဘုရား မင်း ဘာလို့ ငါတို့ မေးခွန်းကို မဖြေတာလဲ၊ မင်း ကြောက်နေတာလား”

သတင်းထောက်များ၏ မေးခွန်းများက မပြီးတော့ချေ။

ထိုသို့သောအချိန်၌ ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များက သတင်းထောက်ထံ ပြေးလာကြသည်။

“ဘာလို့လဲဆိုတာကို ငါ သိတယ်၊ ရဲ့လင်းချန်က ကင်ဟျွန်းမင် ချောတာကို မနာလို ဖြစ်နေတာ၊ အဲ့ဒါကြောင့် သူက ကင်ဟျွန်းမင်ကို ရိုက်ခဲ့တာ”

“ရဲ့လင်းချန်က ကင်ဟျွန်းမင်ရဲ့ အရည်အချင်းကို မနာလို ဖြစ်နေတာလေ၊ သူက ရှက်လွန်းလို့ ဒေါသ ဖြစ်နေတာ”

“ရဲ့လင်းချန်မှာ ဆိုးရွားတဲ့ အပြုအမူ ရှိတယ်၊ သူ့လိုလူမျိုးက အနုပညာရှင် ဖြစ်ဖို့ မထိုက်တန်ဘူး”

“ငါတို့ အိုပါး ကင်ဟျွန်းမင်အတွက် အမှန်တရားကို ထုတ်ပြောပြီး တရားမျှတမှုကို တောင်းဆိုမှ ဖြစ်မယ်”

ကင်ဟျွန်းမင်ကလည်း အော်ဟစ်၍ ညည်းညူနေသည်။ သူသည် မတရားခံရသူသဖွယ် ဟန်ဆောင်၍ တရုတ်လူမျိုးများက လူမိုက်ပုံစံ ဖြစ်သည်ဟု စွပ်စွဲနေလေသည်။

သတင်းထောက်များ၏ မျက်လုံးများက ငါးနံ့ရသွားသည့် ကြောင်များကဲ့သို့ ဝင်းလက်သွားသည်။ သူတို့သည် ထိုအမာခံ ပရိသတ်များအား ထူးဆန်းသော မေးခွန်းပေါင်းစုံကို မေးမြန်းတော့သည်။

သူတို့ တစ်ယောက်ချင်းစီ၏ စိတ်ထဲ၌ စိတ်ဝင်စားလောက်သည့် ခေါင်းစီးကိုပင် ဖန်တီးပြီးနေလေသည်။

“ရဲ့နတ်ဘုရားက ဗီလိန်လား”

“ရဲ့နတ်ဘုရားရဲ့ တောက်ပတဲ့ပုံရိပ်အောက်မှာ အမှောင်ထုနဲ့ အကြမ်းဖက်မှုက ပုန်းအောင်းနေတယ်”

“မနာလိုတာလား၊ မုန်းတိးတာလား၊ ရဲ့နတ်ဘုရားနဲ့ ကင်ဟျွန်းမင်တို့ ပြောကို ပြောပြရမယ့် ဇာတ်လမ်းတစ်ပုဒ်”

“လူထုရဲ့အသံ: လူထုက လူထုရဲ့ ဒေါသကို ဆွပေးခဲ့ပြီ”

သတင်းထောက်များနှင့် အမာခံ ပရိသတ်များ၏ အရူးအမူး ဖြစ်နေသော ပုံစံကို မြင်ပြီး ရဲ့လင်းချန်သည် ရုတ်တရက် အားပျက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ညှိုးငယ်ခြင်းတို့ကို ခံစားလာရသည်။

အိပ်ချင်ယောင်ဆောင်နေသော လူတစ်ယောက်အား နှိုးရခက်ပေသည်။

*ဘာလို့လဲ၊ ငါ ဘာလို့ ဒီလို လုပ်ခဲ့တာလဲ*

*ဒါကို သူတို့ထဲက ဘယ်သူမှ နားမလည်ဘူးလား*

ရဲ့လင်းချန် စိတ်ပျက်သွားပြီး ကင်ဟျွန်းမင်ကို ဖိထားသည့် ဖိအားကို ဖြေလျှော့ပေးလိုက်သည်။

ကင်ဟျွန်းမင် ပြန်ထလာနိုင်သော်လည်း သူ့ခြေထောက်များက ထုံနေပြီး မတ်မတ် မရပ်နိုင်ချေ။ အမာခံ ပရိသတ်များက ချက်ချင်း သူ့ကို ပြေးထူပေးကြလေသည်။ သူတို့သည် သူ့အား ထူမပေးပြီး အလွန်အမင်း စိတ်အား တက်ကြွ နေကြသည်။

အချို့သော အမာခံ ပရိသတ်များက စိတ်လှုပ်ရှားကာ အော်ဟစ်လာသည်။ သူတို့သည် ရှက်သွေးဖြာပြီး ပျော်ရွှင်စွာ အော်ဟစ်နေသည်။

“အား … ငါ ကင်ဟျွန်းမင်ကို ကိုင်လိုက်ရတယ်၊ ငါ တအား ပျော်တာပဲ”

*အဓိပ္ပာယ် မရှိလိုက်တာ*

ရဲလင်းချန် ခေါင်းခါနေမိသည်။ ထိုသတင်းထောက်များနှင့် ရူးမိုက်သော အမာခံ ပရိသတ်များအား သူ သနားမိသွားသည်။

*ဒီလူတွေက ဘာအတွက် အသက်ရှင်နေတာလဲ၊ သူတို့မှာ ယုံကြည်မှုရော ရှိသေးရဲ့လား*

အခြားသူများက ရဲ့လင်းချန်၏ မတရားခံရခြင်းအပေါ် အော်ဟစ် ပြောဆိုကြသည်။ ကျောက်လျန့်ရင်နှင့် ချန်ရှောင်ယန်ကဲ့သို့သော အနုပညာရှင်တစ်ချို့က အင်တာဗျူးများကို လက်ခံပြီး ရဲ့လင်းချန်၏ လုပ်ရပ်များအတွက် အကြောင်းပြချက်ကို ရှင်းပြကြသည်။

သူတို့ ထိုသို့ မလုပ်လျင် မီဒီယာများက သူတို့ သတင်းကို ဘယ်လို စဉ်းလဲစွာ ရေးသားမလဲ ဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။ အချက်အလက်များကို လိမ်လည်၍ အမှန်တရားကို မျက်ကွယ်ပြုကာ အမှားကိုသာ ရေးကြမည်မှာ အသေအချာပင်။

သို့သော် ရှင်းပြခြင်းက သက်သက် ဖြစ်ပြီး တကယ့် သတင်းက တခြား ဖြစ်လေသည်။ သတင်းက လူစိတ်ဝင်စားနိုင်လျင် သူ မှန်မှန်၊ မှားမှား ဘယ်သူမှ အရေးမစိုက်ပေ။

ရဲ့လင်းချန်သည် အရာအားလုံးကို ကြည့်နေပြီး အမာခံ ပရိသတ်များ၏ စွပ်စွဲမှုကို နားထောင်ကာ လူတစ်ချို့က သူ့အား လက်ညှိုးထိုးသည်ကို ကြည့်နေလိုက်သည်။

ရုတ်တရက် သူသည် အရှေ့မှ မိုက်ခရိုဖုန်းကို ကိုင်၍ ပြောလိုက်သည်။

“မင်းတို့ အဖြေ လိုချင်တာ မဟုတ်လား၊ ကောင်းပြီလေ၊ ငါ မင်းတို့ကို ‘အဖြေ’ ပေးလိုက်မယ်”

“အဆင့်အတန်းကို လျော့စေတာက အောက်ခြေရဲ့ စကားဝှက်ပဲ

မြင့်မြတ်ခြင်းက အဆင့်အတန်းမြင့်မားသူတွေရဲ့ သင်္ချိုင်းစာပဲ

ရွှေရောင်တောက်နေတဲ့ ကောင်းကင် ဖုံးလွှမ်းနေတာကို ကြည့်လိုက်ပါ

အဲ့ဒီမှာ မရဏရဲ့ စဉ်းလဲတဲ့ အရိပ်တွေ မျောပါနေတယ်

အခု ရေခဲခေတ်က ကုန်နေပြီ

ဒါပေမဲ့ ဘာလို့ နေရာတိုင်းမှာ ရေခဲတွေ ရှိနေရတာလဲ

ဂွတ်ဟုပ်အငူကို ရှာတွေ့ပြီးနေပြီ

ဘာလို့ ထောင်ချီတဲ့ သင်္ဘောတွေက ပင်လယ်သေမှာပဲ ရွက်လွှင့်နေတာလဲ”

ငါ ဒီလောကထဲကို စာရွက်တစ်ရွက်၊ ကြိုးတစ်ချောင်း၊ အရိပ်တစ်ခုကိုပဲ ယူပြီး လာခဲ့တယ်

ဆင်ခြင်တုံတရားကို ထုတ်ဖော်ပြောဖို့

အသံတွေကို ချင့်ချိန်ဖို့

ငါ လောကကြီးကို ပြောပြပါရစေ

ငါ မယုံဘူး

မင်းရဲ့ ခြေထောက်အောက်မှ ထောင်ချီတဲ့ စိန်ခေါ်သူတွေ ရှိနေခဲ့ရင်

ငါ့ကို တစ်ထောင့်တစ်ယောက်မြောက်လူအဖြစ် မှတ်ထားလိုက်ပါ

ကောင်းကင်ကြီးက ပြာတာကို ငါ မယုံဘူး

မိုးခြိမ်းသံကို ငါ မယုံဘူး

အိပ်မက်တွေက မှားတယ်ဆိုတာကို ငါ မယုံဘူး

သေခြင်းတရားမှာ လက်တုံ့ပြန်မှု မရှိတာကို ငါ မယုံဘူး

ပင်လယ်က တာတမံတွေကို ချိုးဖောက်ဖို့ ကံပါတာဆိုရင်

ပင်ယ်ရေအားလုံးကို ငါ့နှလုံးသားထဲ လောင်းလိုက်ပါ

ကုန်းမြေက မြင့်တက်ဖို့ ကံပါတာဆိုရင်

လူသားဆန်ခြင်းက ရှင်သန်ခြင်းရဲ့ အမြင့်ဆုံးကို ပြန်ရောက်ပါစေ

ဂြိုဟ်သစ်တစ်ခု ပေါ်ထွက်လာပြီး တောက်ပတဲ့ ကြယ်တွေက ရှင်းလင်းတဲ့ ကောင်းကင်ကြီးကို တန်ဆာဆင် နိုင်ပါစေ

သူတို့က နှစ်ငါးထောင်က ရုပ်ပုံတွေပဲ

သူတို့က နောင်အနာဂတ်ရဲ့ ဂရုတစိုက် ကြည့်ရမယ့် မျက်လုံးတွေပဲ”

…

All Chapters