← Chapters

ဈေးနှုန်း........

Vol. 56 Ch. 772

ဈေးနှုန်း........

Vol. 56 Ch. 772

နတ်ဆိုးလှိုဏ်ဂူ၏ အလွှာနှစ်ဆယ့်ကိုးလွှာသည် ယခင်အလွှာထက် ပိုမိုခက်ခဲသည်။ သာမာန်နတ်ဆိုးအရေအတွက် ပိုများလာတဲ့အပြင် ဧရာမနတ်ဆိုးတွေ မကြာခဏ ထွက်ပေါ်လာမှုကြောင့် ပဉ္စမတပ်ခွဲဟာ ခက်ခဲတဲ့အချိန်နဲ့ ရင်ဆိုင်ခဲ့ကြရသည်။

သို့သော်လည်း လီလော အလျင်စလို ရှေ့မတိုးဘဲ ယင်းအစား အသေအပျောက်အနည်းဆုံးဖြင့် မှန်မှန်တိုးတက်ရန် ရွေးချယ်ခဲ့သည်။

"ခေါင်းဆောင်၊ ငါတို့က အလွှာနှစ်ဆယ့်ကိုးကို ရှင်းပစ်ဖို့ ပထမဆုံး ရည်ရွယ်တာမဟုတ်ဘူးလား....."

ကျောက်ယန်ဇီ စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။ ကျူံးလင်က သူတို့ထက်​ အချိန်လေးနာရီစောပြီဝင်သွားသည့်အတွက် အခုလောက်ဆိုအတော်ရှေ့ရောက်နေလောက်ပြီ......

လီလော့က ခေါင်းခါပြီး ...."ပထမထပ်ဖြစ်ဖို့ ကြိုးစားနေစရာမလိုဘူး.... အရင်အလွှာမှာ၊ ငါတို့ရဲ့အောင်ပွဲက ပဉ္စမတပ်ခွဲကို လျှော့တွက်လို့မရဘူးဆိုတာ သေချာစေခဲ့ပြီ...ဒါ့အပြင် ကျုံးလင်ကထက်စောပြီး အရင်ဝင်သွားပေမယ့် တည်ငြိမ်မှုကို မထိန်းနိုင်ဘဲ ကမူးရှူးထိုးတိုက်ခိုက်နေတာမို့ ထိခိုက်မှုတွေများပြားလိမ့်မယ်....ဒါက လုံးဝ မထိုက်တန်ဘူး.... အခုမှ ပထမဆုံးနေ့ပဲရှိသေးတာ....ဒါ့အပြင် ကျုံးလင်က ရွှေကြိုလုပ်ချင်နေမှတော့ သူ့ကို လုပ်ခွင့်ပေးလိုက်ပါ.....ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး နောက်အလွှာအတွက် ပြင်ဆင်နိုင်လိမ့်မယ်....."

ကျောက်ယန်ဇီက ခဏလောက်စဉ်းစားပြီး .....

"ကျုံးလင်က အလွှာနှစ်ဆယ့်ကိုးကို ရှင်းပစ်ဖို့ တကယ်ပဲ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ပထမတပ်ခွဲပ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ရလိမ့်မယ်..... အဲဒါဆို သူတို့ နောက်နှစ်ရက်လောက်ထိနေနိုင်မှာမဟုတ်ဘူး.... "

သူ့ဓားကို တစ်ချက်လှုပ်လိုက်ရုံဖြင့် လီလော့က ဒါဇင်ပေါင်းများစွာသော နတ်ဆိုးများကို သုတ်သင်နေရင်းကနေ.... “သော့ချက်က သုံးရက်မြောက်တဲ့နေ့ပဲမို့ အေးအေးဆေးဆေးပဲနေကြ....တတိယနေ့က အရေးကြီးဆုံးပဲ....အဲဒီအချိန်က တခြားတံခွန်တွေနဲ့ ပြိုင်ရမယ်....ပထမတပ်ခွဲ ဒီမှာ အရှုံးပေါ်ရင် တခြားတံခွန်တွေကို မတိုက်နိုင်တော့မှာ သေချာတယ်....အဲ့အချိန်ကျရင် အစိမ်းရောင်နယ်သာတံခွန်က ငါတို့ ပဉ္စမတပ်ခွဲကိုပဲ အားကိုးရလိမ့်မယ်...."

လီရှိ၊ မုဘီ နှင့် အခြားသူများ အံ့သြသွားကြသည်။ သူ၏ တွေးခေါ်ပုံမှာ သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။ လီလော့ သည် အစိမ်းရောင်နယ်သာတံခွန်၏ဂုဏ်သိက္ခာကို တွေးတောနေချိန်တွင် ကျုံးလင်ကတော့ လီလော့နှင့်ယှဉ်ပြိုင်ဖို့ကိုသာအလေးထားသည်။

ကျုံးလင်သည် လီလော့ကိုအဘက်ဘက်ကနေ ရှုံးနိမ့်နေပြီဖြစ်သည်။

လီလော့က သူတို့၏ အကြည့်များကို အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။

နောက်ဆုံးတွင်၊ သူ့ဖခင်သည် အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင် ဖြစ်နေဆဲဖြစ်ပြီး အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် အစိမ်းရောင်နယ်သာခန်းမ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့် သူသည် အရာရာတိုင်းအပေါ် ရေရှည်တွေးတောရမည်။ ထို့အပြင် အစိမ်းရောင်နယ်သာ တံခွန်၏ တံခွန်ကိုင် ရာထူးကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူပိုင်လိမ့်မည်။ထို့ကြောင့် သူသည် အစိမ်းရောင်နယ်သာတံခွန်ကို အဘက်ဘက်ကမြင့်တက်လာအောင်ဆွဲတင်ရပေမည်။

"ဘယ်တံခွန်အဖွဲ့ရဲ့တပ်ခွဲနဲ့ဆုံမလဲ မသိဘူး..... ထိပ်တန်းဆယ်သင်းနဲ့မဆုံဖို့ပဲမျှော်လင့်ပါတယ်...."

ကျောက်ယန်ဇီက လက်နှစ်ဖက်ပူးကပ်ကာ ဆုတောင်းလိုက်သည်။

"သူတို့နဲ့တွေ့တော့လဲဘာဖြသ်လဲ.... ဒီအရာတွေကို ထာဝစဉ် ရှောင်ပြေးနေလို့ မရဘူး..... ဒါ့အပြင် ပိုသန်မာတဲ့ ပြိုင်ဘက်က ပဉ္စမတပ်ခွဲ​​အတွက် လေ့ကျင့်မှုကောင်းတစ်ခု ဖြစ်လာမှာပါ...."

လီလော့ကတော့ ဒါကို သိပ်ဂရုမစိုက်ပေ။ အမှန်တော့၊ သူသည် အခြားအထက်တန်းစားတပ်ခွဲများ မည်မျှပြင်းထန်သည်ကို ကိုယ်တိုင်တွေ့ကြုံခံစားရန် မျှော်လင့်နေသည်။

"ငါက ခေါင်းဆောင်လို မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ မရှိတဲ့ အမြင်ကျဉ်းတဲ့ အမျိုးသမီး တစ်ယောက်ပါ...ဒါကြောင့် ငါ တွေးတာက တပ်ခွဲ နဲ့ အောင်ပွဲ အပြီး ဆုလာဘ်တွေကြား တိုက်ပွဲ ပဲ" ဟု ကျောက်ယန်ဇီက လေးနက်သော အပြုံးဖြင့် ပြန်ပြောသည်။

"အောင်ပွဲအတွက် ဆုလာဘ်" လီလော့က စိတ်ဝင်တစား မေးသည်။

"တံခွန်အဖွဲ့ဝင်တစ်ဦးစီက အဲ့မိုကွမ်းစွမ်းအင် ဆယ်ခု ရနိုင်ပြီး ခေါင်းဆောင်တွေက နတ်ဘုရားမူလဆေးလုံးရနိုင်တယ်...." ဟု ကျောက်ယန်ဇီ ကရှင်းပြခဲ့သည်။ သူမသည် နတ်ဘုရားမူလဆေးလုံးအ​ကြောင်း ပြောသောအခါ၊ ၎င်းကိုလိုချင်သောဆန္ဒကို မဖုံးကွယ်နိုင်ခဲ့ပေ။

"နတ်ဘုရားမူလဆေးလုံး?" လီလော့ ဤအသုံးအနှုန်းသစ်နှင့်ပတ်သက်၍ စိတ်ရှုပ်သွားသည်။

"နတ်ဘုရားမူလဆေးလုံးက အထက်တန်းစား နတ်ဆိုးမူလဆေးလုံးတွေကို သန့်စင်ပြီး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်....ဒါပေမယ့် အလွန်ရှားပါးလွန်းတယ်.... အထက်တန်းအဆင့် နတ်ဆိုးမူလဆေးလုံး ဒါဇင်ပေါင်းများစွာနှင့် တူညီတဲ့ အကျိုးသက်ရောက်မှုရှိတယ်.... အမှန်မှာတော့ ဆေးလုံးတစ်လုံးတည်းကနေ အဲ့မိုကွမ်းအလင်းတန်းရာနဲ့ချီထုတ်လုပ်နိုင်တယ်...."

"ကံဆိုးတာက နတ်ဘုရားမူလဆေးလုံးက အလွန်အစွမ်းထက်တာကြောင့် ဆေးတစ်လုံးတည်းသောက်ပြီး ရက်အနည်းငယ်ကြာ ကျင့်ကြံဖို့လိုအပ်တယ်...."

ဒါကိုကြားတော့ လီလော့ရဲ့ မျက်လုံးတွေ အံ့သြတကြီး တောက်ပလာသည်။ တစ်ဖန်၊ သူသည် အတွင်းနတ်ဘုရားတိုက်ကြီးများ၏ အခြေခံအုတ်မြစ်နှင့် ထူးခြားမှုကို တွေ့ကြုံနေရသည်။ ရှပြည်ထောင်စုမှာ ဒီဆေးမျိုး သူ တစ်ခါမှ မကြားဖူးပေ။

နတ်ဘုရားဆေးလုံးကိုရရှိခြင်းသည် အံ့သြဖွယ်ကောင်းသော်လည်း ၎င်းကို တွန်းအားပေးရန် မလိုအပ်ပေ။ အခွင့်သာရင် လီလော့ စမ်းကြည့်ဖို့တော့ ကြံရွယ်ထားသည်။ သို့သော်၊ အကယ်၍ ၎င်းတို့ အမှန်တကယ် ကံမကောင်းခဲ့၍ အလွန်အားကောင်းသော အထက်တန်းစားများနှင့် ကြုံတွေ့ရပါက၊ လက်ရှိအချိန်တွင် ၎င်းကို စွန့်လွှတ်ပြီး သည်းခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

သူတို့ စကားစမြည်ပြောရင်း သူတို့ရှေ့မှာ နတ်ဆိုးတွေ လုံးဝ ပျက်သုဉ်းသွားခဲ့သည်။သူ့လက်ကိုဝှေ့ယမ်းကာ လီလော့က ပဉ္စမတပ်ခွဲကို ၎င်းတို့၏ အရှိန်အဟုန်ကို ထိန်းသိမ်းကာ မှန်မှန်တိုးတက်နေရန် အမိန့်ပေးခဲ့သည်။

သို့သော် သူတို့၏ တိုးတက်မှုသည် ကြာရှည်စွာ မတည်မြဲခဲ့ပေ။ ရုတ်တရက် ပတ်ဝန်းကျင် ကမောက်ကမ ဖြစ်သွားတော့ လီလော့ရဲ့ အမူအရာ ပြောင်းသွားခဲ့သည်။

"ပထမတပ်ခွဲက အလွှာနှစ်ဆယ့်ကိုးကို ရှင်းလိုက်ပြီထင်တယ်..." ဟု ကျောက်ယန်ဇီကဆိုသည်။

"ကျုံးလင်က သန်မာတယ်" လီရှီကလည်း ချီးကျူးသည်။ ပထမတပ်ခွဲသည် အလွှာနှစ်ဆယ့်ကိုးသို့ ဝင်ရောက်ချိန်မှစ၍ ပြီးစီးရန် ရှစ်နာရီခန့် အချိန်ယူခဲ့ရသည်။

"ငါတို့တွေခွန်အားချွေတာနိုင်တာပေါ့.." ဟု လီလော့က ပြုံးလျှက် မှတ်ချက်ပေးခဲ့သည်။ ခဏအကြာတွင်၊ သူ့ပတ်ဝန်းကျင်သည် တည်ငြိမ်သွားကာ ၎င်းတို့သည် နတ်ဆိုးလှိုဏ်ဂူ၏ တံခါးမကြီးအပြင်ဘက်သို့ ပြန်လာခဲ့ကြသည်။

အားလုံးက ပထမတပ်ခွဲကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သေချာကြည့်လိုက်လျှင် ပထမတပ်ခွဲရဲ့ အဖွဲ့သားအများအပြား ပျောက်ဆုံးနေပြီး ကျန်တံခွန်အဖွဲ့ဝင်တွေက ဖြူဖျော့ပြီး မောပန်းနွမ်းနယ်နေပုံပေါ်သည်။ သူတို့အားလုံး အလွန်ပြင်းထန်သော တိုက်ပွဲကို ဖြတ်သန်းခဲ့ကြရသည်။

သူတို့ရှေ့တွင်၊ ကျုံးလင် မျက်မှောင်ကြုံ့နေပြီး သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများ ဝရုန်းသုန်းကား ဖြစ်နေသည်။

"ပထမတပ်ခွဲက အဖွဲ့ဝင် လေးရာကျော် ဆုံးရှုံးခဲ့တယ်" ကျောက်ယန်ဇီက လီလော့ ကို တိုးတိုးသတင်းပို့သည်။

"ကျုံးလင်ကသိပ်ကို ကမူးရှူးထိုးနိုင်တယ်.... အသေအပျောက်အများတာကြောင့် ပထမတပ်ခွဲရဲ့ တိုက်ခိုက်ရေးအင်အား သိသိသာသာကို ကျဆင်းသွားတယ်" ဟု လီရှိက မှတ်ချက်ပေးခဲ့သည်။

လီလော့ကတော့ မှတ်ချက်မပေးခဲ့ပေ။ ကျုံးလင်လို ခေါင်းဆောင်ရှိသည့် ပထမတပ်ခွဲသည် အောင်မြင်ရန်စိတ်အားထက်သန်နေသော်လည်း ကံမကောင်းကြရှာပေ။

အခြားတပ်ခွဲလေးခု၏ အကြည့်များအောက်တွင် ပထမတပ်ခွဲ၏ တံခွန်အဖွဲ့ဝင်များတိတ်ဆိတ်နေပြီး လေထုကလည်း စိတ်ပျက်ဖွယ်ကောင်းနေပါသည်။

ထို့အတူ ကျုံးလင်၏ မျက်နှာမှာလည်း အထူးညို့မှိုင်းနေသည်။ အလွှာနှစ်ဆယ့်ကိုးကို ရှင်းထုတ်ခဲ့သည့် ပထမဆုံးသူဖြစ်ခဲ့သော်လည်း၊ ၎င်းအတွက် ပေးဆောင်ရမည့်စျေးနှုန်းမှာ သူမျှော်လင့်ထားသည်ထက် များစွာကြီးမားသည်။

သူက လီလော့ကို အေးစက်သောမျက်လုံးများဖြင့် လှည့်ကြည့်ကာ.... "ပထမတပ်ခွဲ.... အနားယူပြီး ဒဏ်ရာရသူတွေကို ကုသပေးလိုက်ကြ...."

ပထမတပ်ခွဲမှ အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ခဲ့ကြသည်။

လီလော့က သူ့အကြည့်တွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ ထင်ရှားသည်မှာ၊ သူ၏အောင်မြင်မှုအတွက် စိတ်အားထက်သန်မှုက ပထမတပ်ခွဲကို အကြီးအကျယ် ဆုံးရှုံးမှုဖြစ်စေခဲ့သည်။ ထိုသို့သောလူသည် တံခွန်ကိုင်ဖြစ်ရန် အရည်အချင်းမပြည့်မီကြောင်း ထင်ရှားသည်။ အချိန်အတော်ကြာပြီးသည့်တိုင် ကျုံးလင် ဒီရာထူးကို မယူနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

သူ့လက်ကို ဝှေ့ယမ်းကာ လီလော့ကလည်း ပဉ္စမတပ်ခွဲကို အနားယူရန် အချက်ပြခဲ့သည်။ ယခုအခါ ပဉ္စမတပ်ခွဲသည် ၎င်းတို့၏ ဆုံးရှုံးမှုများကို လျော့နည်းစေပြီး ရှေ့တိုးရန် လုံလောက်သော အချိန်ရှိနေပြီဖြစ်သည်။

နတ်ဆိုးလှိုဏ်ဂူရှေ့တွင် တံခွန်အဖွဲ့သားများကို အခါအားလျော်စွာ ဆက်လက်ပေးပို့နေပြီး လေထုကလည်း အမြဲတက်ကြွနေခဲ့သည်။

ရုတ်တရတ် ဝမ်းသာအားရ အော်ဟစ်သံတွေလည်း ထွက်ပေါ်လာသည်။

လီလော့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောက်ယန်ဇီရဲ့ နူးညံ့သိမ်မွေ့တဲ့ အသံကိုကြားလိုက်ရသည်။

"ခေါင်းဆောင်...ကြည့်လိုက်ဉီး ရွှေအလင်းတံခွန်အဖွဲ့က အလွှာလေးဆယ်အထိ ရောက်နေပြီ....."

လီလော့သည် ခန်းမဆောင်၏ တစ်ဖက်တစ်ချက်ရှိ အလင်းရောင်ကန့်လန့်ကာကို လှမ်းကြည့်လိုက်ရာ ရွှေအလင်းတံခွန်နောက်တွင် အလွှာအရေအတွက် လေးဆယ်အထိ တိုးလာသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အဆင့်သည် ပဉ္စမမှ စတုတ္ထအထိ တက်လာခဲ့သည်။

"တျန်ဖုန်းရှန်က တကယ်ကို အရည်အချင်းရှိတယ်။ အလွှာလေးဆယ်မှာ နတ် ဆိုးခေါင်းဆောင် ခြောက်ယောက်ရှိတယ်...တစ်ယောက်ချင်းစီက မြို့စားအဆင့်နဲ့ ယှဉ်နိုင်တဲ့ ခွန်အားတွေ ရှိတယ်!"

"နတ်ဆိုး ခေါင်းဆောင်ခြောက်ယောက်.... အားလုံးက မြို့စားအဆင့်နဲ့ နီးစပ်တယ်..."

လီလော့ တောင့်တင်းသွားသည်။ အဆိုပါအလွှာကို ရွှေအလင်းတံခွန်မှ ရှင်းထုတ်လိုက်ခြင်းသည် နဂါးစွယ်ကလန်၏ လူငယ်မျိုးဆက်များကြားတွင် ၎င်းတို့၏အစွမ်းသတ္တိကထိပ်တန်းဖြစ်ကြောင်း သက်သေပြခဲ့သည်။

လီလော့၏နှလုံးသား တဖျပ်ဖျပ်ခုန်နေချိန်တွင် ပင်မခန်းမအ၀င်ဝတွင် မီးတောက်များ တဖျပ်ဖျပ်ခတ်လာပြီး ထောင်နှင့်ချီသောလူများ ထွက်လာကြသည်။

၎င်းတို့သည် ရွှေအလင်းတံခွန်အဖွဲ့ဝင်များဖြစ်သည်။

ရွှေအလင်းတံခွန်တွင် အဖွဲ့ဝင် ရှစ်ထောင်ရှိပြီး ၎င်းတို့ထဲမှ တစ်ထောင်နီးပါး ဆုံးရှုံးသွားပုံရသည်။ အလွှာလေးဆယ်ကို အောင်နိုင်ရေးအတွက် ကြီးမားသောတန်ကြေးပေးဆပ်ခဲ့ရကြောင်း ထင်ရှားနေသည်။ သို့သော်၊ ဤဆုံးရှုံးမှုအဆင့်သည် ၎င်းတို့၏အလွှာအတွက် လက်ခံနိုင်ဖွယ်ရှိပြီး ရွှေအလင်းတံခွန်အဖွဲ့ဝင်များအားလုံး စိတ်လှုပ်ရှားစွာ ပေါက်ကွဲနေကြသည်။

တျန်ဖုန်းရှန်က အဖွဲ့သားများနှင့်အတူ ရွှေအလင်းတံခွန်၏ အနားယူရာနေရာကို ပြန်သွားခဲ့သည်။ အဖြူရောင်ကို ၀တ်ဆင်ထားပြီး သူ၏ ခံ့ညားထည်ဝါသော တည်ရှိမှုသည် ထူးထူးခြားခြားဖြစ်ပြီး အံ့သြထိတ်လန့်ဖွယ် အကြည့်များကို စွဲဆောင်နိုင်ခဲ့သည်။

လီလော့က အကြည့်များကိုပြန်ရုတ်သိမ်းလိုက်သည်။ တျန်ဖုန်းရှန်သည် အမှန်ပင် ခြွင်းချက်ဖြစ်ပြီး လျစ်လျူရှုထားလို့မ​ရပေ။

ဒါတောင် ဒါက ယာယီပဲ ဖြစ်လိမ့်ပေမည်။

နှစ်နာရီအကြာတွင် ပဉ္စမတပ်ခွဲအနားယူခြင်း ပြီးဆုံးခဲ့သည်။

ညဉ့်နက်နေပြီဖြစ်သော်လည်း နတ်ဆိုးတောင်ထွတ်ရှိ မီးရောင်များသည် နေ့ကဲ့သို့ တောက်ပနေခဲ့သည်။

လီလော့ ပထမတပ်ခွဲကို ကြည့်လိုက်သော်လည်း ကျုံးလင်ထံမှ လှုပ်ရှားမှုမရှိပေ။ ထင်ရှားသည်မှာ၊ ၎င်းတို့၏ ဆုံးရှုံးမှုများ အလွန်ကြီးမားပြီး ယခုအခါ ပြန်လည်ထူထောင်ရန် အချိန်ပိုလိုအပ်နေပြီဖြစ်သည်။

နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီး၏ ဒုတိယနေ့ နီးကပ်လာခဲ့ပြီ။

"သွားကြရအောင်....."

သူသည် ကျောက်ယန်ဇီကို အချက်ပြပြီး ပဉ္စမတပ်ခွဲကို ပင်မခန်းမအဝင်ပေါက်ဆီသို့ ဦးဆောင်သွားခဲ့သည်။

တျန်ဖုန်းရှန်းက လီလော့၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။

ရွှေအလင်းတံခွန် လက်အောက်ခံခေါင်းဆောင်တစ်ဦးက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် ဖြစ်ပျက်ခဲ့သည့်အရာများအကြောင်းကို သတင်းပို့ခဲ့သည်။

"ကျုံလင်းက အရမ်းမြန်တယ်...သူလီ​လော့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး....."

တျန်ဖုန်းရှန်းက ခေါင်းခါလိုက်သည်။

"လီလော့က တံခွန်ကိုင်ဖြစ်လာနိုင်တယ်..."

ထိုအချိန်တွင်၊ သူ့ဘေးနားရှိ လက်အောက်ခံခေါင်းဆောင်က ...."လီလော့က တတိယသခင်ကြီးရဲ့သား....သူက ရွှေအလင်းတံခွန်ကို ခြိမ်းခြောက်နိုင်တယ်" ဟု စိုးရိမ်စွာပြောသည်။

"စိုးရိမ်စရာတော့ မရှိပါဘူး.... လီလော့ရဲ့ အရည်အချင်းက တကယ့်ကို ထူးခြားတယ်.... ဒါပေမယ့် အရမ်းနောက်ကျနေသေးတော့ အမှီလိုက်ဖို့က သိပ်မလွယ်ဘူး....ငါ ဒီမှာ ရှိနေသရွေ့ သူ့ကို ထိန်းထားနိုင်ပါတယ်" ဟု တျန်ဖုန်းရှန်းက တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။

“အနာဂတ်မှာ ငါ နဂါးစွယ်ကလန်ရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အခါ၊ သူ့လို ထက်မြက်တဲ့ ဓားတစ်ချောင်းလိုလိမ့်မယ်”

ရွှေအလင်းတံခွန် လက်အောက်ခံခေါင်းဆောင်များက တျန်ဖုန်းရှန်းကို လေးစားယုံကြည်မှုအပြည့်ရှိကြသည်။ ဒါကိုကြားတော့ သူတို့က ပြုံးပြီး ခေါင်းညိတ်ကြသည်။

လီလော့သည် ထူးထူးခြားခြား ထက်မြက်သော်လည်း ဆိုးရွားလှသောအချိန်မှာရောက်လာသည့်အတွက် သနားစရာပင်။

တျန်ဖုန်းရှန် တစ်ဦးတည်းသာ နဂါးစွယ်ကလန်၏ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်ဖြစ်လာဖို့ လုံလောက်သည်။

All Chapters