← Chapters

တံခွန်အဖွဲ့များကြားက တိုက်ပွဲ.......

Vol. 56 Ch. 773

တံခွန်အဖွဲ့များကြားက တိုက်ပွဲ.......

Vol. 56 Ch. 773

နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးစဉ် ဒုတိယနေ့တွင်၊ လီလော့သည် ပဉ္စမတပ်ခွဲကို အောင်မြင်စွာဦးဆောင်ခဲ့ပြီး ပထမ​​နေရာရဖို့ယှဉ်ပြိုင်ခြင်းမရှိဘဲ အလွှာသုံးဆယ်ကို ရှင်းလင်းခဲ့သည်။

ဒါက ပဉ္စမတပ်ခွဲကို နေ့တစ်ဝက်နီးပါးအချိန်ကုန်စေခဲ့သည်။ ၎င်းတို့၏ တိုးတက်မှုသည် လျင်မြန်ခြင်း မရှိသော်လည်း၊ အရေးကြီးဆုံးမှာ ပဉ္စမတပ်ခွဲ၏ အဖွဲ့ဝင်များ ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေသော တည်ငြိမ်ပြီး လုံခြုံသော ဗျူဟာတစ်ခုဖြစ်သည်။

ထိုသို့သောနည်းလမ်းဖြင့် လီလော့သည် တတိယနေ့တိုက်ပွဲအတွက် ပြင်ဆင်နေပုံရသည်။

ထို့အပြင်၊ သူသည် အလွှာသုံးဆယ်ကို အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခြင်းကြောင့် အဲ့မိုကွမ်းစွမ်းအင်အမျှင် တစ်ရာဝန်းကျင်ကို ရရှိခဲ့သည်။ ထိုသို့သောတိုးတက်မှုသည် သူ၏နေ့စဉ်ကျင့်ကြံမှုထက် အဆပေါင်းများစွာ ကျော်လွန်သွားသည်။ လီလော့သည် နောက်ဆုံးတွင် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးမှ အကျိုးကျေးဇူးများရရှိခြင်းအတွက် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။

တံခွန်နှစ်ဆယ်စလုံး ၎င်းအတွက် အမြဲစိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာမဟုတ်ပေ။ ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသည့်အချက်ကြောင့် ဘယ်လောက်ပင်ပင်ပန်းသည်ဖြစ်စေ ထိုက်တန်သည်ဟုယူဆနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ လီလော့သည် အလွှာသုံးဆယ်ကို သိမ်းပိုက်ပြီးနောက် အလွှာသုံးဆယ့်တစ်သို့ ဆက်မသွားပေ။ ယင်းမှာ အဓိကအားဖြင့် အလွှာသုံးဆယ့်တစ်မှစသည့် အခက်အခဲများ သိသိသာသာ တိုးလာခြင်းကြောင့်ဖြစ်ပြီး၊ ပဉ္စမတပ်ခွဲ အဖွဲ့သားများအားလုံးပါဝင်ပြီး ကုန်ကျစရိတ်အားလုံးကို ရှေ့သို့ တွန်းပို့ရန် လိုအပ်မည်ဖြစ်သည်။ ၎င်းတို့၏ ပထမဦးစားပေးမှာ လာမည့်တိုက်ပွဲအတွက် ၎င်းတို့၏ အင်အားကို ထိန်းသိမ်းထားသင့်သည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ မူလ ရှေ့တန်းအဖွဲ့ဖြစ်သော ပထမတပ်ခွဲသည် ကျုံးလင်၏ အလျင်လိုမှုကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည် အလွန်လျော့နည်းသွားသည်။ လာမယ့်တိုက်ပွဲမှာ ပြင်းထန်တဲ့ပြိုင်ဘက်ကို ကြုံတွေ့ရရင် အနိုင်ရဖို့ အခွင့်အလမ်း ရှိမည်မဟုတ်ပေ။

ထို့အပြင်၊ လူတိုင်းသည် တံခွန်အဖွဲ့များကြားက တိုက်ပွဲအနိုင်ရခြင်းမှရရှိမည့် ဆုလာဘ်များကို တောင့်တကြသည်။

လီလော့ အပါအဝင် မည်သူမျှ ထိုအရာကို စွန့်လွှတ်ရန် ဆန္ဒမရှိခဲ့ပေ။

ထိုသို့သောမျှော်လင့်ချက်ဖြင့် လူတိုင်း စောင့်မျှော်နေသော တတိယမြောက်နေ့ကို ရောက်ရှိလာခဲ့သည်။

တက်ကြွသောလူအုပ်ကြီး နတ်ဆိုးလှိုဏ်ဂူရှေ့တွင် စုဝေးခဲ့ကြသည်။

အားလုံးက ခန်းမဘေးက နံရံကို ထိတ်လန့်တကြားကြည့်နေကြပြီး အလင်းကန့်လန့်ကာတွင်အဆင့်သတ်မှတ်ချက်များကြေငြာပေးနေသည်။ ဆက်လက်၍ တတိယမြောက်နေ့တိုက်ပွဲအတွက် အစီအစဉ်အား ထုတ်ဖော်ပြသမည်ဖြစ်ပါသည်။

တစ်ခေါက်နှင့်တစ်ခေါက်မတူညီသော တိုက်ပွဲများသည် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးတိုင်း၏ အနှစ်သာရဖြစ်သည်။

ဤတိုက်ပွဲတွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရန် လူတိုင်း အစွမ်းကုန်ကြိုးစားကြပေမည်။

ဟုတ်ပါတယ်၊ ဒါဟာ ဂုဏ်ယူရုံတင်မကဘဲ ဆုလာဘ်တွေလည်း ပါရှိနေပါသေးသည်။

လီလော့ အလင်းကန့်လန့်ကာကို လှမ်းကြည့်နေစဉ် သူ့ဘေးတွင် ရပ်နေသော ကေ​ကျောက်ယန်ဇီက.... "ကျေးဇူးပြုပြီး ငါတို့ကို ထိပ်တန်းတပ်ခွဲဆယ်ခုနဲ့ မတွဲပေးပါနဲ့.....ကျေးဇူးပြုပြီး... "

လီလော့ သူမဘာကြောင့်ဒီလိုခံစားရတာကို နားလည်ပေမယ့် ဟာသလို့မထင်ခဲ့ပေ။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ သည် လေ့လာရေးခရီးအစတွင် အဆင့်ဆယ့်လေးတွင် အဆင့်သတ်မှတ်ခံရပြီး အလွှာသုံးဆယ်ကို သိမ်းပိုက်ရန် ကြိုးစားအားထုတ်ပြီးနောက် အဆင့် ၁၃သို့ တက်လာခဲ့သည်။

သို့သော် ထိပ်တန်းဆယ်ခုတွင် အနှေးဆုံးကပင် ဤနှစ်ရက်တာ အလုပ်ကြိုးစားပြီးနောက် အလွှာသုံးဆယ့်လေးသို့ ရောက်ရှိနိုင်ခဲ့သည်။ ထိုကဲ့သို့ ကွာဟချက်ကို လျစ်လျူမရှုနိုင်ပေ။

လီလော့၏ ခန့်မှန်းချက်အပေါ် အခြေခံ၍ ၎င်းတို့သည် ထိပ်ဆုံးငါးသင်းနှင့် မယှဉ်ပြိုင်ရသရွေ့ အခွင့်အရေးတစ်ခုရှိနိုင်မည်ဖြစ်သည်။

လီလော့တွင် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နှင့် ၎င်းနှင့်ဆက်စပ်နေသော ပညာရပ်သုံးခုရှိသည်။ အကြမ်းဖျင်း အင်အားအရ တံခွန်နှစ်ဆယ်အဖွဲ့များကြားတွင် အညံ့ဆုံး ခေါင်းဆောင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အားလုံးပူးပေါင်းပါဝင်နိုင်လျှင် ထိုပညာရပ်နှင့်ပတ်သက်သည့် အခွင့်အရေးကို ဆက်လက်ရရှိနေဦးမည်ဖြစ်သည်။

လီလော့ အတွေးထဲတွင် နစ်မြောနေစဉ် ခန်းမထဲတွင် ကျယ်လောင်သော စကားသံများ ထွက်ပေါ်လာသည်။

တပ်ခွဲများကြား တတိယနေ့တိုက်ပွဲအတွက် အစီအစဉ်ကို ကြေငြာလိုက်ပြီ ....

အလင်းဖန်သားပြင်ကို ငုံ့ကြည့်ရင်း၊ လီလော့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ပဉ္စမတပ်ခွဲကိုရှာကြည့်လိုက်တော့ ၎င်းဘေးတွင် စကားလုံးတစ်လုံး ပေါ်လာသည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ (ပဉ္စမတပ်ခွဲ) နှင့် မဟူရာသွေး တံခွန်အဖွဲ့ (တတိယတပ်ခွဲ)...

"ဒါဆို နဂါးသွေးကလန်ရဲ့ မဟူရာသွေးတံခွန်နဲ့ပေါ့......"

လီလော့ အံ့သြသွားသည်။ မဟူရာသွေး တံခွန်အဖွဲ့သည် လက်ရှိတွင် အဆင့် 9 နေရာတွင် ရှိနေသောကြောင့် ၎င်းသည် ကောင်းမွန်တဲ့ ကိုက်ညီမှုတစ်ခုလို့ မယူဆနိုင်ပေ။

မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲသည် ထိပ်တန်းစာရင်းတွင်မပါဝင်သော်လည်း ၎င်းတို့၏အင်အားကို လျှော့မတွက်သင့်ပေ။

လီလော့ ဒီသတင်းကြောင့် ကြေကွဲနေချိန်၌ ပဉ္စမတပ်ခွဲအဖွဲ့ဝင်များက ကျိန်ဆဲပြီး ညည်းညူကြသည်။ ဒါဟာ သူတို့အတွက် တကယ့်ကို ကံမကောင်းတဲ့ ပွဲစဉ်ပင်.....

"ပြီးပြီ..."

ကျောက်ယန်ဇီကလည်း ငြိီးငြူနေသည်။

သူမသည် သူတို့၏ပြိုင်ဘက်ကို ထိပ်တန်းဆယ်ဖွဲ့ထဲမှ မဖြစ်စေရန် ထက်ထက်သန်သန်ဆုတောင်းခဲ့သော်လည်း နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာခဲ့သည်။

တစ်ဖက်တွင် လီရှီနှင့် မူဘီတို့လည်း ဝမ်းနည်းစွာ ခေါင်းယမ်းလိုက်ကြသည်။

"ဒါဟာ မဟူရာသွေး တံခွန်အဖွဲ့ ရဲ့ တတိယတပ်ခွဲပဲလေ... သူတို့က ရှေ့တန်းအဖွဲ့ မဟုတ်ဘူး..."

လီလော့က သူတို့ကို ပြုံးပြီး နှစ်သိမ့်လိုက်သည်။

"ငါတို့ကလည်း အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ရဲ့ ရှေ့ပြေးအဖွဲ့လည်း မဟုတ်ဘူး" ဟု ကျောက်ယန်ဇီက တုံ့ပြန်ခဲ့သည်။

"ကံမကောင်းဘူး.... ငါတို့ ပစ်မှတ်ထားခံနေရသလို ခံစားရတယ်" ဟု သူမက မကျေမနပ် ငြီးတွားလိုက်သည်။

ဒါကိုကြားတော့ လီလော့က ဖန်သားပြင်ကို ပြန်လှည့်ပြီး ပထမတပ်ခွဲရဲ့ ပွဲစဉ်ကို ဖတ်ကြည့်လိုက်သည်။ သူတို့၏ပြိုင်ဘက်သည် နဂါးဉီးချို​ကလန်မှ မုန်တိုင်းဦးချိုတံခွန်၏ ပထမတပ်ခွဲဖြစ်သည်။

မုန်တိုင်းဉီးချိုတံခွန်အဖွဲ့သည် အဆင့် 17 တွင်ရပ်တည်နေသည်။

သို့သော် ကျုံးလင်နှင့် သူ့အဖွဲ့သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး တစ်နေကုန် အနားယူပြီးသည့်တိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။ ထို့ကြောင့် ပြိုင်ဘက်က အားနည်းသော်လည်း မည်သူက အောင်ပွဲခံမည်ကို ပြောရခက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ပြိုင်ဘက်အဖြစ် မဟူရာသွေးတံခွန်အဖွဲ့ ရှိခြင်းထက် များစွာသာလွန်ကောင်းမွန်ပါသည်။ သူတို့ ကံကောင်းသွားတာတော့ အမှန်ပင်....

ပဉ္စမတပ်ခွဲမှ အော်ဟစ်သံများသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ဒုတိယ၊ တတိယနှင့် စတုတ္ထတပ်ခွဲများကို ဆွဲဆောင်နိုင်ခဲ့သည်။ နောက်ဆုံးတော့ ပဉ္စမတပ်ခွဲက သူတို့ထဲမှည အပြင်းထန်ဆုံးပြိုင်ဘက်ကို ရခဲ့သည့်တပ်ခွဲပင်..

ဒီသတင်းကိုမြင်လိုက်ရတော့ ကျုံးလင် ရဲ့အမူအရာ မပြောင်းလဲဘဲ သူ့မျက်လုံးထဲမှာ ပျော်ရွှင်မှု အရိပ်အမြွက် ထွက်ပေါ်လာခဲ့သည်။ အမှန်တော့၊ ယခင်က ၎င်း၏ စိတ်မြန်သော လှုပ်ရှားမှုအတွက် နောင်တရခဲ့ဖူးသော်လည်း နောင်တရမှုတစ်ခုတည်းက ဘာမှမပြောင်းလဲနိုင်သောကြောင့် လက်ခံခဲ့ရသည်။

ကျေးဇူးတင်စရာမှာ၊ တပ်ခွဲများကြားတွင် တိုက်ပွဲသုံးရက်မြောက်နေ့အတွက် ယှဉ်ပြိုင်မှုမှာ ထိုမျှခက်ခဲခြင်းမရှိပေ။

မုန်တိုင်းဉီးချိုတံခွန်အဖွဲ့ ၏ပထမတပ်ခွဲကို အနိုင်ယူနိုင်သရွေ့ နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီး အောင်မြင်သည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ လီလော့၏ ပဉ္စမမြောက်တပ်ခွဲသည် မဟူရာသွေးတံခွန်အဖွဲ့ထံတွင် လုံးလုံးလျားလျား ရှုံးနိမ့်သွားမည့် ဖြစ်နိုင်ခြေ မြင့်မားသည်။ ဒါက သူတို့ရဲ့ အောင်မြင်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေလိမ့်မည်။

မျိုးစုံသောအကြည့်များကြားတွင် လီလော့ ငြိမ်သက်နေပြီး ခန်းမအတွင်း အခြားတံခွန်လေးခုကို စိုက်ကြည့်နေသည်။

တျန်ဖုန်းရှန်း ဦးဆောင်သော ရွှေအလင်းတံခွန်အဖွဲ၏ ပထမတပ်ခွဲသည် နဂါးရိုးကလန်မှ ဖန်သားအရိုးတံခွန်အဖွဲ့ ၏ ပထမတပ်ခွဲနှင့် ယှဉ်ပြိုင်ရမည်။ နှစ်သင်းစလုံး ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံထားရပြီး ၎င်းသည် ပြင်းထန်သော ရုန်းကန်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်၊ လီဖုန်းရိ ဦးဆောင်သော ကြက်သွေးရောင်တိမ်တိုက်တံခွန်၏ ပထမတပ်ခွဲသည် နဂါးကြေးခွံကလန်၏ ​မြေအကြေးခွံတံခွန်အဖွဲ့ ၏ ပထမတပ်ခွဲနှင့် ယှဉ်ပြိုင်ရမည်။

ကြက်သွေးရောင်တိမ်တိုက် တံခွန်အဖွဲ့ သည် ၎င်းတို့နှစ်ဦးထက် ပိုမိုအားကောင်းသောကြောင့် မထင်မှတ်ထားသော အဖြစ်အပျက်များကို တားဆီးနိုင်ခဲ့ပြီး ၎င်းတို့သည် တိုက်ပွဲတွင် မျှော်လင့်ထားသည့်အတိုင်း အနိုင်ရရှိနိုင်သည်။

လီကျင်းထောင် ဦးဆောင်သော ခရမ်းဝိဉာဉ်တံခွန်အဖွဲ့၏ ပထမတပ်ခွဲသည် နဂါးရိုးကလန်၏ ကျောက်သားအရိုးတံခွန် ပဉ္စမတပ်ခွဲနှင့် ကြုံတွေ့ခဲ့ရသည်။တံခွန်နှစ်ဆယ်များကြားတွင် အားနည်းဆုံးဖြစ်သော ကျောက်သားအရိုးတံခွန်အဖွဲ့က ခရမ်းဝိဉာဉ် တံခွန်အဖွဲ့ကို လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

လီလော့ စာရင်းကို ဆက်လက်ဖတ်နေရှုချိန်တွင် လီဖုန်းရိ နှင့် လီကျင်းထောင် တို့၏ စိုးရိမ်သောကအကြည့်များ သူ့ဆီကျရောက်လာသည်ကို ခံစားရသည်။

ပြန်ပြုံးပြရင်း လီလော့က သူတို့ကို စိတ်ပူစရာမလိုကြောင်း အာမခံခဲ့သည်။

လီလော့သည် ကျောက်ယန်ဇီ ဘက်သို့လှည့်ကာ "ယန်ဇီ... မဟူရာသွေးတံခွန်အဖွဲ့ရဲ့ တတိယတပ်ခွဲနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုခုရှိသလား?"

ကျောက်ယန်ဇီ ပြန်ဖြေခါနီးမှာ အနားမှာရှိတဲ့ လီရှိက ......

"မဟူရာသွေးတံခွန်ရဲ့တတိယတပ်ခွဲခေါင်းဆောင်က လီတုန်း လို့အမည်ရတယ်.... သူကလည်း ငါ့လို ကလန်ရဲ့ တစ်ဖက်ခြမ်းက ဆင်းသက်လာသူပါ.... ဒါပေမယ့် သူ့မှာ ငါ့ထက် အများကြီးသာလွန်တဲ့ အခြေအနေတွေရှိခဲ့တယ်....အရင်တုန်းကတော့ အဆင့်တက်ဖို့ကြိုးစားခဲ့ပေမယ့်ကျရှုံးခဲ့တယ်... ဖန်သားနတ်ဆိုးခန္ဓာအဆင့် ဖြစ်ပေမယ့် သူ့အဆင့်က ကျုံးလင်ထက် သေချာပေါက်သာလွန်တယ်....အခုဆို နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကို တိုက်ရိုက်ဖြတ်ကျော်ဖို့ပြင်ဆင်နေတယ်....."

"လီတုန်းက အဋ္ဌမအဆင့် မြေအောက်နဂါးပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားပြီး Six နဂါးငွေ့တန်းခြောက်သွယ်ကျင့်စဉ်ကို ကျွမ်းကျင်တယ်.....သူ့ရဲ့ ကျော်ကြားမှုက နဂါးသွေးကလန်မှာ ပျမ်းမျှအဖြစ် သတ်မှတ်ခံရပေမယ့် သူ့ရဲ့ ခွန်အားကိုတော့ လျှော့တွက်လို့မရဘူး......"

"မဟူရာသွေးတံခွန်အဖွဲ့ ရဲ့ တတိယတပ်ခွဲက ပထမတပ်ခွဲလောက် အစွမ်းထက်တာမဟုတ်ပေမယ့်၊ တခြားတပ်ခွဲသုံးခုထက်တော့ ပိုကောင်းတယ်.... ခြုံငုံပြီးပြောရရင်တော့ သူတို့က ငါတို့ရဲ့တပ်ခွဲထက် အများကြီး ပိုအားကောင်းတယ်....."

လီလော့သည် သူ၏အသေးစိတ်ရှင်းပြချက်ကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ နတ်ဆိုးခန္ဓာအဆင့်တွင် ငွေ၊ရွှေနှင့်ဖန်သား ဟူ၍ အဆင့်သုံးဆင့်ရှိသည်။ ဤအရာများသည် ကိုယ်ခန္ဓာကြံခိုင်မှုအတွက် လေ့ကျင့်မှု အဆင့်များဖြစ်သည်။ သို့သော်၊ အများစုက ၎င်းတို့ကိုလက်လျှော့ပြီး နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့တိုက်ရိုက်ချိုးဖျက်ရန်အတွက် ရွှေနတ်ဆိုးခန္ဓာအဆင့်ကတည်းက စွမ်းအင်စုဆောင်းနေကြသည်။

ပါရမီရှင်များသာ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ မဝင်ရောက်မီ ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိနိုင်သည်။ ၎င်းသည် ၎င်းတို့အား ပိုမိုကောင်းမွန်သော အခြေခံအုတ်မြစ်ကို ပေးစွမ်းနိုင်ပြီး နောက်ဆုံးတွင် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းသို့ အချိန်မတန်မီ ရောက်ရှိသွားသူများထက်ပင် ၎င်းတို့အား ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။

"စိတ်မပူပါနဲ့ .... ငါတို့ရဲ့ပြိုင်ဘက်က သန်မာနေနိုင်တယ်၊ ဒါပေမယ့် တိုက်ပွဲမစခင်မှာ စိတ်ဓာတ်ကျနေစရာ မလိုဘူး....ဒါကို တခြားရှုထောင့်ကနေ တွေးကြည့်မယ်ဆိုရင် ဒါဟာ ပြိုင်ဘက်ကို အနိုင်ယူပြီးတာနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ အခွင့်အရေးပဲ....ဆုံးရှုံးစရာ ဘာတစ်ခုမှ မရှိဘူး...အနိုင်ယူပြီးရင် အရာအားလုံးကို မြှင့်တင်နိုင်မှာပါ"

လီလော့သည် ပဉ္စမတပ်ခွဲ၏ စိတ်ဓာတ်ကို မြှင့်တင်ရန် သူတို့ကို အားပေးခဲ့သည်။

တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ကိုမြင်တော့ ပဉ္စမတပ်ခွဲကအဖွဲ့သားများ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း နောက်ဆုံးတော့ နည်းနည်းလေး စိတ်အေးသွားကြသည်။ နောက်ဆုံးတော့ သူတို့ရဲ့ ကွဲပြားမှုက အရင်ကနဲ့ မတူတော့ပေ။ အခု သူတို့မှာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ကျွမ်းကျင်တဲ့ ခေါင်းဆောင် တစ်ယောက်ရှိတော့ ဘာမဆိုဖြစ်လာနိုင်ပြီ.....

လီလော့ ပြောခဲ့သလိုပဲ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး.... ပြင်းထန်တဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ သူတို့ မျှော်လင့်ထားပြီးသားပါ....ဒါပေမယ့် အောင်နိုင်လျှင် အောင်ပွဲအတွက် ကြီးမားတဲ့ ဆုလာဘ်တွေခံစားရမယ်......ဘယ်အရာမှ ဆုံးရှုံးစရာမရှိသလို အမြတ်လည်းရလာနိုင်တယ်........

ဒါက ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုပါပဲ.....

တံခွန်အဖွဲ့ဝင်များ၏ စိတ်ဓာတ် တဖြည်းဖြည်း တိုးတက်သည်နှင့်အမျှ ကျောက်ယန်ဇီက လီလော့ကိုကြည့်ပြီး မျက်လုံးပြူးသွားခဲ့သည်။

“ဟူးးးး အရူးတစ်​​ယောက်​ကသာ ဒီစကား​တွေကို ယုံလိမ့်မယ်....."

All Chapters