တိုက်ပွဲ....
Vol. 56 Ch. 775
တံခွန်အဖွဲ့တွေကြားက တိုက်ပွဲကျင်းပမယ့်နေရာကို ဘယ်လိုဆုံးဖြတ်သလဲ
လီလော့ သည် လာမည့်တိုက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် ကျောက်ယန်ဇီ အား မေးမြန်းခဲ့သည်။ တိုက်ပွဲအတွက် ယှဉ်ပြိုင်မှုအား ထုတ်ဖော်ပြသခဲ့ပြီး ခွန်အားကြီးမားသော ပြိုင်ဘက်ဖြစ်လင့်ကစား ပဉ္စမတပ်ခွဲ၏ တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မားခဲ့သည်။ ကျန်တာအားလုံးက တကယ့်တိုက်ပွဲပင်....
"တံခွန်အဖွဲ့နှစ်ခုအနက် တစ်ခုအတွက် အမြင့်ဆုံးအောင်မြင်မှုအလွှာက အလွှာသုံးဆယ့်ငါးအောက်ဆိုရင် အဆင့်နိမ့်တံခွန်အဖွဲ့ရဲ့ အမြင့်ဆုံးစံချိန်အလွှာမှာ တိုက်ပွဲကျင်းပမယ်.... ဒါ့ကြောင့် ငါတို့၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ အမြင့်ဆုံးအလွှာက လောလောဆယ် အလွှာ 31 ဆိုတော့ တိုက်ပွဲနေရာကို မဟူရာသွေးတံခွန်အဖွဲ့ ရဲ့ အမြင့်ဆုံးစံချိန်အလွှာအစား အလွှာ 31မှာ သတ်မှတ်လိမ့်မယ်.... အလွှာသုံးဆယ့်ငါးအထိနတ်ဆိုးတွေရှိနေလိမ့်မယ်..." ဟု ကျောက်ယန်ဇီ
က စိတ်ရှည်စွာ ရှင်းပြသည်။
လီလော့က နားလည်သည့်အနေဖြင့်
ခေါင်းညိတ်လိုက်သည်။
"ဝင်ဖို့ ပြင်ထားကြတော့" ဟု တံခွန်အဖွဲ့ဝင်များအား မဆိုင်းမတွဘဲ စွမ်းအင်ရေစုန်ထဲသို့ ဦးတည်သွားစေရန် အမိန့်ပေးခဲ့သည်။
ဒါကိုမြင်တော့ ကျောက်ယန်ဇီ၊ လီရွိ နဲ့ မုဘီတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အံကြိတ်ပြီး သူတို့ရဲ့ခေါင်းဆောင်နောက်ကို အနီးကပ်လိုက်ပါသွားခဲ့သည်။
အဆိုးဆုံးဆိုရင်တောင် ဒါဟာ နောက်ထပ်ရှုံးနိမ့်မှုတစ်ခုပါပဲ.... အရင်က မရှုံးဖူးတာမှမဟုတ်တာ....
ပဉ္စမတပ်ခွဲ၏ နောက်ဆုံးအဖွဲ့ဝင် စွမ်းအင်ရေစုန်ထဲသို့ ပျောက်ကွယ်သွားပြီးနောက်တွင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ အခြားအဖွဲ့ဝင်များသည် ၎င်းတို့၏မျက်လုံးများတွင် စာနာမှုအရိပ်အယောင်ပေါ်ထွက်လာသည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပဉ္စမတပ်ခွဲသည် အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ခုထဲမှတစ်ခုဖြစ်သည့် မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သူတို့အဖွဲ့ဝင်အားလုံး အပြည့်အဝပြင်ဆင်ထားရင်တော့အကောင်းဆုံးပင်....
ထိုအချိန်တွင် ကျုံးလင်သာလျှင် သူ့မျက်လုံးများတွင် ဝှက်ထားသော ကျေနပ်မှုအရိပ်အမြွက်ဖြင့် ဖြည်းညှင်းစွာထရပ်လိုက်သည်။ လက်ဝှေ့ယမ်းကာ ပထမတပ္ခြဲကို ထွက်ခွာရန် အချက်ပြခဲ့သည်။
မဟူရာသွေးတံခွန်အဖွဲ့၏ တတိယတပ်ခွဲ အလွှာသုံးဆယ့်တစ်သို့ ဝင်ရောက်လာသောအခါ ၎င်းတို့၏ ခေါင်းဆောင် လီတုန်းက ၎င်းတို့ရှေ့ရှိ တောင်တန်းများကို တိမ်များဖုံးလွှမ်းလျက်ရှိသည်ကို သတိပြုမိသည်။ အောက်ဘက်ရှိ တောအုပ်ကြီးထဲတွင် နတ်ဆိုးများစွာ ခိုနားနေသည်။
လီတုန်းသည် ရန်လိုသောအကြည့်ဖြင့် လှည့်ပတ်ကြည့်ပြီး....
"ထွီ!" သူက မြေပြင်ပေါ် တံတွေးထွေးပြီး မကျေမနပ် ညည်းညူလိုက်သည်။
"ဘယ်လို အရှက်ကွဲမှုလဲ... ငါတို့နဲ့ ကစားဖို့ အလားတူ အင်အားရှိတဲ့ ပြိုင်ဘက်ကို ရနိုင်မယ်လို့ ငါ ထင်ခဲ့တာ.... အဲဒီအစား၊ ငါတို့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ က အမှိုက်အုပ်စုကို ရခဲ့တယ်...."
"ခေါင်းဆောင်၊ ငါတို့ သူတို့ဆီ တိုက်ရိုက်သွားမလား"
လီတုန်းက ခေါင်းယမ်းပြီး "သူတို့နဲ့ ကစားဖို့ စိတ်မဝင်စားဘူး....ငါတို့တွေ နတ်ဆိုးခေါင်းဆောင်ဆီ တည့်တည့် ဦးတည်ပြီး အပြီးသတ်လိုက်ကြမယ်...."
"ဒါက သူတို့အတွက် အကျိုးရှိမှာ မဟုတ်ဘူးလား....နတ်ဆိုးခေါင်းဆောင်နဲ့ ငါတို့တိုက်ခိုက်နေတုန်း ပုန်းအောင်းပြီး နောက်မှ ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ရင်ဘယ်လိုလုပ်မလဲ..."
လီတုန်းက လှောင်ပြုံးဖြင့်သာ တုန့်ပြန်လိုက်သည်။
"အဲ့တော့လည်း ဘာဖြစ်လဲ...ဒါက သူဌေးရဲ့ အမိန့်ပဲလေ... ငါတို့ တပြိုက်နက်တည်း အနိုင်ယူရမယ်.... သူတို့ရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ မင်းသိလား"
ဘယ်သူကမှ ပြန်မဖြေနိုင်ခင်မှာ သူက.....
"နာမည်ကြီး အစိမ်းရောင်နယ်သာခန်းမသခင်လီတိုင်ရွှမ်ရဲ့သား... သူ့နာမည်က လီလော့.... မကြာသေးခင်အချိန်အထိ အပြင်ဘက်မှာရှိတဲ့ တိုက်ကြီးတစ်ခုမှာနေခဲ့တာ...."
"လီတိုင်ရွှမ်ရဲ့သား လီလော့?"
"ကျွန်တော် သူ့အကြောင်း ကြားဖူးတယ်.... သူ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုကို အောင်မြင်ခဲ့တယ် မဟုတ်လား...."
"သူအတော်လေး အရည်အချင်းရှိပုံရတယ်၊ ဒါပေမယ့် နှစ်တွေအများကြီး ဖြုန်းတီးခဲ့တာ သနားစရာပဲ"
မဟူရာသွေး တံခွန်အဖွဲ့ဝင်များ အချင်းချင်း စကားစမြည်ပြောနေကြသည်။ တကယ်တော့ လီတိုင်ရွှမ် ကြီးစိုးခဲ့တာ သိပ်မကြာသေးပေ။ ဒါကြောင့် လူတိုင်းရဲ့စိတ်ထဲမှာ သစ်လွင်နေဆဲပင်......
လီတုန်းက... "လီလော့က လက်ရှိမှာ အစောပိုင်းနတ်ဆိုးနန်းတော်အဆင့် မွာသာ ရှိသေးတယ်.....နောက်ခံအင်အားကြောင့်သာခေါင်းဆောင်ဖြစ်လာတာ....လီတိုင်ရွှမ်ရှိတုန်းကဆို အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ က နဂါးသွေးကလန်ရဲ့ တံခွန်အဖွဲ့လေးခုကို လုံးလုံးလွှမ်းမိုးခဲ့တယ်...လီတိုင်ရွှမ်ကို မရှုပ်ရဲပေမယ့် အခု သူ့သားပြန်ပြီဆိုတော့ လက်စားချေနိုင်ပြီးပေါ့....."
"ဒါကြောင့် ဒီတစ်ကြိမ်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ရဲ့ ပဉ္စမတပ်ခွဲကို အနိုင်ယူရုံသာမကဘဲ ဒီအလွှာရဲ့ ဆုလာဘ်ကိုလည်း လုယက်ကြမယ်.... သူ့ကိုဖယ်ထုတ်နိုင်ရင် ကျော်ကြားလာလိမ့်မယ်....."
တခြားအဖွဲ့ဝင်တွေက သူ့စကားကြားတဲ့အခါ စိတ်လှုပ်ရှားလာပြီး သူတို့ရဲ့ စိတ်ဓာတ်တွေ သိသိသာသာ မြင့်တက်လာသည်။
ဒါကိုမြင်တော့ လီတုန်း ပြုံးနေလိုက်သည်။ လမ်းကြောင်းမှန်ကို ဆုံးဖြတ်ပြီး လက်ကိုဝှေ့ယမ်းပြီးနောက် အဖွဲ့သားများကို ဦးဆောင်ခဲ့သည်။
သူတို့၏လမ်းကြောင်းပေါ်ရှိ နတ်ဆိုးများအားလုံးသည် ချေမှုန်းခံခဲ့ရသည်။
....................
ဤကဲ့သို့ လွှမ်းမိုးနိုင်သောအင်အားကိုပြသနေချိန်တွင်.... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ပဉ္စမတပ်ခွဲလည်း အလွှာသုံးဆယ့်တစ်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိနေသည်ကို သတိပြုမိခဲ့သည်။
"ငါတို့ကို လျှော့တွက်ထားပုံပဲ"
လီလော့က တိမ်ထူထပ်သော အကြာအေဝးကို လှမ်းကြည့်ရင်း ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သည်။ သာမန်အခြေအနေများတွင် ပုန်းအောင်းနေရန် ပိုမိုအကျိုးရှိသောကြောင့် ထိုသို့သောတိုက်ပွဲများအတွင်း ၎င်းတို့၏ရှိနေခြင်းကို ဖုံးကွယ်ထားမည်ဖြစ်သည်။ သို့သော် မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ္ခြဲကေတာ့ ထိုသို့သောရည်ရွယ်ချက်လုံးဝမရှိပေ။
သူတို့သည် နေရာတိုင်းတွင် ပဲ့တင်ထပ်သံ စွမ်းအားများထုတ်လွှတ်ကာ ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလျက်ရှိသည်။
ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အင်အားကို အလွန်ယုံကြည်ကြသည်။
"သူတို့က နတ်ဆိုးခေါင်းဆောင်ရဲ့တည်နေရာကို ဦးတည်နေပုံရတယ်" လို့ လီရှိက အသိပေးခဲ့သည်။
"ငါတို့နောက်ကို မလိုက်ခင် နတ်ခေါင်းဆောင်ကို အပြီးသတ်ဖို့ စဉ်းစားနေတာလား...." ဒါကိုမြင်တော့ မုဘီ မျက်မှောင်ကြုတ်လိုက်သည်။
"နဂါးသွေးကလန်ကကောင်တွေ မာနကြီးချက်ပဲ" ဟု ကျောက်ယန်ဇီက ဒေါသတကြီးပြောလိုက်သည်။ ဤကဲ့သို့ ပြင်းထန်သော ရန်လိုမှုသည် ပဉ္စမတပ်ခွဲကို လုံးဝဂရုမစိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသလိုပင် ....
သို့ပေမယ့် လီလော့ကတော့ လုံးဝစိတ်မ၀င်စားပေ။ အဲဒီအစား သူက ပြုံးပြုံးလေးနဲ့ ...
" ကောင်းတာပဲလေ....တစ်စုံတစ်ယောက်က ငါတို့ကို နတ်ဆိုးခေါင်းဆောင်ကို အနိုင်ယူဖို့ ကူညီပေးနိုင်ပြီး ဆုကြေးအတွက် ထိုင်စောင့်နေခိုင်းတာ.... ဒီလိုမျိုး ကောင်းတဲ့အပေးအယူကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ.... "
လီလော့ပြောတာ မမှားပေမယ့် သူတို့ရဲ့ ပြိုင်ဘက်က နတ်ဆိုးခေါင်းဆောင်ကို အရင်သတ်နိုင်တော့မည်။ ဝေစုရဖို့ တိုက်ပွဲဝင်ချင်ပေမယ့်လည်း အဲဒီလိုလုပ်ဖို့ လုံလောက်တဲ့ အင်အားမရှိကြပေ။
နောက်ဆုံးတွင်၊ မဟူရာသွေးတံခွန်အဖွဲ့ ၏ ခွန်အားကို လျှော့မတွက်သင့်ပေ......
လီလော့အနေဖြင့် သူတို့၏စိုးရိမ်မှုများကို နားလည်နိုင်သည်။ နှစ်ပေါင်းများစွာ ကျဆင်းလာပြီးနောက်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် ရှေးယခင်က ၎င်းတို့ပိုင်ဆိုင်ထားသည့် တုနှိုင်းမဲ့ယုံကြည်မှုမျိုးမရှိတော့ပေ။ သို့တိုင် ထိုသို့သော အရာမ်ားကို တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းရပေမည်။
အဆုံးစွန်အားဖြင့်၊ ၎င်းတို့သည် ပြင်းထန်သောပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ခြင်းဖြင့် တိုက်ပွဲစိတ်ဓာတ်နှင့် ယုံကြည်မှု ပြန်လည်အားကောင်းလာနိုင်သည်။
ဤအချိန်တွင် လီလော့က လက်ဝှေ့ယမ်းအား ...."အလျင်စလိုလုပ်ဖို့မလိုဘူး.... သူတို့တွေ လူစွမ်းကောင်းလုပ်ချင်နေမှတော့ ခွင့်ပြုပေးလိုက်ရုံပေါ့....."
ဤသို့ဖြင့် ပဉ္စမတပ်ခွဲသည် တူညီသော ဦးတည်ရာဆီသို့ ချီတက်လာခဲ့သည်။ သို့သော်၊ မဟူရာသွေးတံခွန်အဖွဲ့ ၏ ချဉ်းကပ်ပုံနှင့်မတူဘဲ ၎င်းတို့၏တည်နေရာကို ထုတ်ဖော်မပြောရန် သတိထားခဲ့သည်။
လေးနာရီကျော်ကြာသောအခါ.....
ဤကာလအတွင်း မွတ္သားစရာ သို့မဟုတ် အံ့သြစရာ တစ်စုံတစ်ရာ မရှိခဲ့ပေ။
ပဉ္စမတပ်ခွဲ နတ်ဆိုးခေါင်းဆောင် ၏ေနရာကို ချဉ်းကပ်လာချိန်တွင် အခြေအနေပြောင်းသွားသည်။ သူတို့ ချဉ်းကပ်လာစဉ်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လီလော့က သူ့အဖွဲ့၏ ရှေ့တိုးခြင်းကို ရပ်တန့်ရန် လက္ကို ဝှေ့ယမ်းလိုက်သည်။
"သူတို့ နတ်ဆိုးခေါင်းဆောင်နဲ့ တိုက်နေကြပြီ...."
လီလော့ ခေါင်းညိတ် သဘောတူလိုက်သည်။ အလွှာသုံးဆယ့်တစ်၏ နတ်ခေါင်းဆောင်သည် နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်ထက် အားနည်းမည်မဟုတ်ပေ။ ဒါဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ခဲတဲ့တိုက်ပွဲဖြစ်မှာ သေချာပါသည်။ မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ္ခြဲက အားကောင်းသော်လည်း တိုက္ပြဲကို မကြာမီအချိန်အတွင်း အဆုံးသတ်နိုင်မည်မဟုတ်ပေ။
"ခေါင်းဆောင်...လှုပ်ရှားကြတော့မလား...." လီရွီက မေးခွန်းထုတ်လိုက်သည်။
လီလော့က ခေါင်းခါပြီး..... "ခြုံခိုတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားရမယ်..... ငါတို့ အခုချက်ချင်း တိုက်ခိုက်ရင် ငါတို့ကိုပါ တိုက်ပွဲထဲ ဆွဲခေါ်သွားလိမ့်မယ်.....အဆင်မပြေရင် ငါတို့တွေ နတ်ဆိုးခေါင်းဆောင်နဲ့ ရင်ဆိုင်ရလိမ့်မယ်...."
ထိုအချိန်တွင် လီလော့က "ပဉ္စမတပ်ခွဲ.... သဟဇာတဖြစ်အောင် ပြင်ဆင်ပါ" ဟု အမိန့်ပေးခဲ့သည်။
ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီး စတင်ပါတော့မည်။
လီလော့၏အမိန့်ပေးချက်အရ ပဉ္စမတပ်ခွဲ၏တံခွန်အဖွဲ့ဝင်များသည် ၎င်းတို့၏သက်ဆိုင်ရာ ကျင့်စဉ်များကိုအသုံးပြုရန်အတွက် လက်ဟန်တံဆိပ်များကို ဖန်တီးခဲ့ကြသည်။ မကြာမီတွင်၊ ပဲ့တင်ထပ်သံစွမ်းအား ကြိုးမျှင်သည် လေထဲသို့ တက်လာပြီး လီလော့ရှေ့တွင် ပေါင်းစည်းသွားသည်။
လီလော့သည် နဂါးဘိုးဘေးကျမ်းစာကို အသက်သွင်းခဲ့ပြီး သဟဇာတဖြစ်မှုအခြေအနေသို့ ဝင်ရောက်ရန် မိမိကိုယ္ကို ပြင်ဆင်ခဲ့သည်။
ဝုန်းးးးးး
ဝေးကွာသော တောအုပ်ထဲတွင် ပြင်းထန်သော ပေါက်ကွဲသံများ ထပ်ခါတလဲလဲ ထွက်ပေါ်လာသည်။
သူတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက မျှော်လင့်ထားတာထက် ပိုပြင်းထန်လာပုံရသည်။
ဒီတိုက္ပြဲက နောက်ဆယ်မိနစ်လောက် မရပ်မနားဖြစ်ပွားနေဆဲပင်.....
လီလော့နှင့် ကျန်အဖွဲ့သားများသည် ကောင်းကင်ယံသို့ အဲ့မိုကွမ်းစွမ်းအင်များ ထူထပ်စွာတက်လာသည်ကို သတိပြုမိသောအခါ၊ မဟူရာသွေးတံခွန်အဖွဲ့က နတ်ဆိုးခေါင်းဆောင်ကို သတ်လိုက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
ဘန်းးးးးးးးး
ထိုအခိုက်အတန့်မှာပင်၊ စီးဆင်းနေသော စွမ်းအင်မြစ်ချောင်းသည် ရှေ့ဘက်က တောအုပ်ကို နှစ်ပိုင်းခွဲကာ ပဉ္စမတပ်ခွဲတည်ရှိရာ ဦးတည်ရာသို့ တည့်တည့်တိုးဝင်လာသည်။
လီလော့က သူ့စိတ်တွေကို သဟဇာတဖြစ်အောင် ချက်ခြင်း အာရုံစိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် စွမ်းအင်ကို စုဆောင်းပြီး ဝင်လာသော စွမ်းအင်လှိုင်းဆီသို့ တိုက်ရိုက် ပေါက်ကွဲစေခဲ့သည်။
ဝုန်းးးးးးး
စွမ်းအင်ပေါက်ကွဲမှုနှစ်ခု ပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များကို ဖယ်ရှားပစ်လိုက်သည်။
စွမ်းအင်ပေါက်ကွဲသံများနှင့်အတူ တောအုပ်ရှေ့မှ မောက်မာသောရယ်မောသံများ ထွက်ပေါ်လာသည်။
"ဟာဟားဟား၊ ငါတို့အားလုံး မင်းတို့ကို တစ်နေကုန်စောင့်နေခဲ့တာ....ဒါပေမယ့် မင်းတို့ထဲက တစ်ယောက်မှ ထွက်မလာကြဘူး.... ကောလဟာလတွေအတိုင်း အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က တကယ္ကို အမှိုက်တွေ စုဆောင်းတဲ့ အမွိုက္ပုံပဲ! လီတိုင်ရွှမ်ရဲ့အမွေခံသားဖြစ်ပြီး မရှက်ကြဘူးလား....."