← Chapters

လီတုန်းနှင့် နှစ်ဉီးချင်းတိုက်ပွဲ

Vol. 56 Ch. 776

လီတုန်းနှင့် နှစ်ဉီးချင်းတိုက်ပွဲ

Vol. 56 Ch. 776

အေဝးမွ မိုးခြိမ်းသံလို ရယ်သံကိုကြားတော့ ပဉ္စမတပ်ခွဲမှ အဖွဲ့သားများ မျက်နှာများ ဒေါသကြောင့် နီရဲသွားကြသည်။ မဟူရာသွေးတံခွန်အဖွဲ့ ၏ လှောင်ပြောင်မှုများက ဒေါသထွက်စရာပင်။

မည်သို့ပင်ဆိုစေကာမူ လီလော့က စိတ်ဝင်တစားဖြင့် တောင်တန်းများ၏ နက်နဲရာသို့ ကြည့်လိုက်ရာ ပြန့်ကျဲနေသော နေရာများတွင် ထောင်ပေါင်းများစွာသော အရိပ်အယောင်များ ရပ်နေသည်ကိုသာ မြင်လိုက်ရသည် ။ ပထမတစ်ချက်တွင် ၎င်းတို့သည် စည်းမဲ့ကမ်းမဲ့ပုံပေါက်နေသော်လည်း၊ ၎င်းတို့၏နေရာချထားမှုက စနစ်ကျနေသည်။

ဤအုပ္စု၏ ဦးခေါင်းများထက်တွင် ထူထပ်သော စွမ်းအင်လှိုင်းများက လှိုင်းထနေသော ရေကန်ကြီးတစ်ခုသဖွယ်တည်ရှိနေပြီး အဆိုပါ ကြီးကျယ်ခမ်းနားသော စွမ်းအင်ရေကန်၏ အလယ်ဗဟိုတွင် ထွားကျိုင်းသော အသွင်အပြင်တစ်ခု လေထဲတွင် လွင့်မျောနေသည်။

သူသည် ရွှေရောင်ဓားရိုးတပ် ဓားရှည်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး ၎၏ဓားကို လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်များဖြင့် ရေးထွင်းထားသည်။ ဓားကို အလှဆင်ထားသော ရွှေရောင်လိုင်းများက မှုန်မှိုင်းနေပုံရပြီး ဓါးဖျားတွင် ထူးထူးခြားခြား ပြင်းထန်စွာ တောက်ပနေပုံရသည်။ ထိုအတောအတွင်းတွင် တောက်ပနေသော ကောင်းကင်ယံ၌ သွေးနီရဲရဲ ပုံသဏ္ဌန်တစ်ခု ရှိနေပုံရသည်။

ဤပုဂ္ဂိုလ်သည် မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲခေါင်းဆောင် လီတုန်း ဖြစ်သင့်သည်။

ထိုအချိန်တွင် လီလော့သည် အစောပိုင်းက လီတုန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပြန်အမှတ်ရခဲ့သည်။ ကျုံးလင်ကဲ့သို့ပင် သူသည် ရွှေနတ်ဆိုးခန္ဓာအဆင့် ဖြစ်ခဲ့သော်လည်း၊ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားမှာ ကျုံးလင်ထက် ပိုအားကောင်းနေသည်။ လီရွိ မျှဝေခဲ့သည့်အတိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ လီတုန်းသည် ဖန်သားနတ်ဆိုးခန္ဓာအဆင့် ဖြစ်လာရန် ကြိုးပမ်းရာတွင် မအောင်မြင်ပြီးနောက်နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ တိုက်ရိုက်တက်လှမ်းရန် လေ့ကျင့်နေခဲ့သည်။

လီလော့သည် လီတုန်း၏ ခွန်အားကို တိုင်းတာနေစဉ်တွင် ပြင်းထန်သော အကြည့်တစ်ခုက သူ့အပေါ်ကပ်တွယ်နေပြီး ရက်စက်သော ရယ်မောသံ ထွက်ပေါ်လာသည်။

"မင်းက လီလော့ လား?"

လီလော့က သူ့စိတ်ကို အာရုံစူးစိုက်ပြီး ပဉ္စမတပ်ခွဲမှ စုစည်းထားသော စွမ်းအင်ဖြင့် လေထဲသို့ တက်လာပြီး တုံ့ပြန်လိုက်သည်။

"ခေါင်းဆောင် လီတုန်း... မင်းက ကြင်နာတတ်တာသေချာတယ်..... မင်း ငါတို့ကို ရိုင်းစိုင်းတဲ့ နတ်ဆိုးခေါင်းဆောင်ကို ရှင်းထုတ်ဖို့ ကူညီပေးခဲ့တယ်.... မင်းရဲ့အဖွဲ့ဝင် အတော်များများ ဆုံးရှုံးသွားပုံရတယ် ငါ မှန်တယ်မလား..."

လီလော့က တတိယတပ္ခြဲကို စိုက်ကြည့်ရင်း ညာဘက်ခြမ်းမှာ အသေအပျောက်တချို့ကို သတိပြုမိကြောင်း ပြောလိုက်သည်။ နတ်ဆိုးခေါင်းဆောင်ကို အလျင်အမြန်အနိုင်ယူရန် အဖိုးအခပေးခဲ့ရသည်မှာ ထင်ရှားပါသည်။

ဒါကိုကြားတော့ လီတုန်းက ဒေါသတကြီး နဲ့..... " မင်းကဘာစောက်ဆင့်နဲ့ ငါ့ကို ပရဟိတသမားလို့ပြောနေရတာလဲ...."

"လီတုန်း မင်းစကားကိုကြည့်ပြော" လီရှိက ဘေးမှ အေးစက်စွာ ပြန်ပြောသည်။

လီတုန်းသည် လီရှိကို တခဏ စိုက်ကြည့်ကာ.....

"လီရှိ ... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ရဲ့ ပဉ္စမတပ်ခွဲအတွက် တံခွန်ကိုင်ရာထူးကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းပိုင်မယ်လို့ မပြောခဲ့ဘူးလား.... အခုကျတော့ဘာလို့ အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်တစ်ယောက်ရဲ့ လက်အောက်ငယ်သားဖြစ်နေရတာလဲ.... အရင်တုန်းက မင်းရဲ့ မာနတွေ ဘယ်ရောက်သွားပြီလဲ ? "

ထိုအချိန်တွင် လီရှိသည် ဒေါသ ထွက်နေသော်လည်း လက်တုံ့ပြန်ရန် ကြိုးစားလိုက်စဉ် လီလော့က ရပ်တန့်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"အဲဒီလိုလူနဲ့ ငြင်းခုံနေစရာ မလိုဘူး..... သူ့ကို မြေကြီးထဲ မြှုပ်ထားလိုက်ရင် ပါးစပ်ပိတ်သွားလိမ့်မယ်..." လို့ လီလော့ က ရယ်မောပြီး ပြန်ဖြေလိုက်သည်။

လီတုန်းအတွက်တော့ အေးစက်စက်ပြုံးရင်း သူ့အကြည့်တွေက တုန်လှုပ်ခြောက်ခြားသွားပြီး ......."မင်းရဲ့ အရည်အချင်းက လီတိုင်ရွှမ်နဲ့ နှိုင်းယှဉ်စရာမရှိပေမယ့် မာနကြီးသားပဲ.. မင်းအဖေ ငါတို့ကလန်ကိုနှစ်ပေါင်းများစွာဖိနှိပ်ခဲ့တာမို့ သားဖြစ်တဲ့မင်းဆီက အကြွေးပြန်တောင်းရမယ်...."

သူစကားဆုံးသောအခါ ရှည်လျားသောဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင်ရေကန်သည် တိမ်များနှင့် မြူခိုးများကဲ့သို့ မြင့်တက်လာသည်။ သူသည် ဓားရှည်ဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

နောက်အခိုက်အတန့်မှာတော့ ပေရာနဲ့ချီရှည်လျားတဲ့ မီးတောက်ပေါင်းများစွာ ကောင်းကင်ကနေ ပြိုကျလာပြီး အလွန်ရန်လိုပြီး လွှမ်းမိုးချုပ်ကိုင်ထားသော အော်ရာဖြင့် ပဉ္စမတပ်ခွဲ၏ ဦးတည်ရာသို့ ဦးတည်သွားကြသည်။

ဓားအလင်းတိုင်းသည် ကောင်းကင်ဘုံ ပဲ့တင်ထပ်သံအဆင့်၏ ပြိုင်ဘက်ကင်းခွန်အားများပါဝင်နေသည်။

ဒါကို ရင်ဆိုင်လိုက်ရတော့ လီလော့ရဲ့ မျက်နှာ ငြိမ်သက်နေပြီး သူ့လက်ဖဝါးကို မြှောက်လိုက်ကာ ပဉ္စမတပ်ခွဲကနေ စုဆောင်းထားတဲ့ အားကောင်းတဲ့ စွမ်းအင်တွေ ချက်ချင်းဆိုသလို လောင်ကျွမ်းသွားလေသည်။ထို့နောက် အတွေးတချက်နှင့် ကြီးမားသောရေကြေးမုံတချပ် သူ့ရှေ့က လေထဲတွင် ပေါ်လာသည်။

ထိုကြေးမုံသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ရောင်ပြန်ဟပ်နေသကဲ့သို့ တောက်ပနေသည်။

ဓားအလင်းတန်းများ ထိုနေရာသို့ တည့်တည့်တိုးဝင်သွားသည်။ သို့သော်လည်း အလားတူ ဓားအလင်းတန်းများ ကြေးမုံထဲမှ ထွက်ပေါ်လာပြီး ၎င်းတို့နှင့် ထိမှန်သွားခဲ့သည်။

ဘန်းးးးးးးးးးးး

ဓားမီးတောက်များ တောက်လောင်နေချိန်တွင် သူတို့ပတ်ပတ်လည်ရှိ လေဟာနယ်ပင် ပြင်းထန်စွာ တုန်ခါသွားသည်။

ဒီတွေ့ဆုံမှုမှာ လီလော့ဟာ သူ့ပြိုင်ဘက်ရဲ့ ခွန်အားကို ရရှိခဲ့သည်။ လီတုန်း ၏တစ်ဦးချင်းစွမ်းအားနှင့်တွဲလျက် မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲမှရရှိသောသဟဇာတအခြေအနေသည် အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ခွန်အားနှင့်နှိုင်းယှဉ်နိုင်သည်။

တစ်ချိန်တည်းတွင်၊ လီလော့ဘက်တွင်လည်း အစောပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင်ရှိနေသည်။ သဟဇာတဖြစ်ခြင်းကို လွန်ခဲ့သည့် နှစ်ရက်အတွင်း အသုံးပြုပြီးနောက် ၎င်းကို ကောင်းစွာနားလည်ခဲ့သည်။

၎င်းတို့ကြားတွင် အင်အားကွာခြားချက်ရှိသော်လည်း လီလော့က တံတားထိုးရန် ကူညီပေးဖို့အတွက် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။

တံခွန်အဖွဲ့ဝင်များသည် သဟဇာတဖြစ်ခြင်း ကာလအတွင်း ၎င်းတို့၏စွမ်းအင်ကို အဓိက ပံ့ပိုးပေးကြပြီး နောက်ဆုံးတွင် ၎အား ထိရောက်စွာ အသုံးချရန် ခေါင်းဆောင်၏ စွမ်းရည်အပေါ် မူတည်ပါသည်။

"နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်က တခုခုတော့တခုခုပဲ....ဒါပေမယ့် မင်းနဲ့ငါ့ကြားမှာ ခွန်အား ကွာဟချက်ကြီးကြီးမားမားရှိတယ်.....နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်တောင် မင်းကို မကယ်နိုင်ဘူး!"

တစ်ဖန် သူသည် ဓားရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ခြေတစ်လှမ်း ဆုတ်လိုက်ရာ သူ့ခြေဖဝါးအောက်ရှိလေဟာနယ်ကို တုန်လှုပ်သွားစေသည်။ သူ၏ဓားထက်တွင် ကြီးမားသော သွေးနီရောင်ဝံပုလွေတစ်ကောင်သည် ၎င်း၏ချွန်ထက်သော အစြယ္မ်ားကို လှစ်ဟာပြသနေသလို အလင်းတန်းများ ပေါ်လာသည်။

"နဂါးအဆင့် ပညာရပ်..သွေးဝံပုလွေလက်သည်း"

လီတုန်းက သူ့ဓားကို နောက်တစ်ကြိမ်ထပ်ခုတ်ရင်း အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်တွင် ကမ္ဘာကြီးတစ်ခုလုံး နီညိုရောင်ပြောင်းသွားကာ ကြီးမားသော သွေးနီရောင်ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သွားခဲ့သည်။

သွေးဝံပုလွေသည် ၎င်း၏အစွယ်များကိုဖြဲကာ ဓားအလင်းနှင့် ပေါင်းစပ၍ ရှေ့သို့ ပြေးသွားခဲ့သည်။

လီတုန်းသည် မာနကြီးပြီး ရင့်ကျက်သော ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း သူ၏ ခွန်အားမှာ အမှန်ပင် မဆိုးပေ။

ပဉ္စမတပ်ခွဲမှ ကျောက်ယန်ဇီ၊ လီရှီနှင့်မူဘီတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

လီလော့သည် လီတုန်းက သွေးဆာသောတိုက်ခိုက်မှုဖြင့် ပဉ္စမတပ်ခွဲ၏စိတ်ဓာတ်ကို ချေမှုန်းရန်နှင့် တိုက်ပွဲကိုချက်ချင်းအဆုံးသတ်ရန် ကြိုးစားနေကြောင်း နားလည်လိုက်သည်။

"နုံအလွန်းတယ်...."

လီလော့ ရယ်လိုက်သည်။ ဤတိုက်ပွဲသည် ပဉ္စမတပ်ခွဲအတွက် ၎င်း၏ခွန်အားကို အျခားသူမ်ားအား ပြသရန်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရရှိရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ မဟူရာသွေးတံခွန်အဖွဲ့ ၏ တတိယတပ်ခွဲသည် ဤအတွက် ပြီးပြည့်စုံသော ပြိုင်ဘက်ဖြစ်သည်။

တတိယတပ်ခွဲကို အနိုင်ယူနိုင်ခဲ့ရင် တံခွန်အဖွဲ့တွေကြားထဲမှာ သူတို့ရဲ့ အဆင့်အတန်း သိသိသာသာ မြင့်တက်လာလိမ့်မည်။

အခြားတံခွန်အဖွဲ့များပင်လျှင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပဉ္စမတပ်ခွဲကို အောင်မြင်သောအခါတွင် ကွဲပြားစွာ ကြည့်ရှုကြမည်ဖြစ်သည်။

လီလော့က ကျင်းစဲ့ယွီရှန်းဓားကိုဆင့်ခေါ်လိုက်ပြီး....

" မြင့်မြတ်သောဆင်နတ်ဘုရားစွမ်းအား...ဒုတိယအလွှာ....."

"မိုးကြိုးနတ်ဘုရားကိုယ်ပွား...အဆင့်နှစ်..."

လီလော့ ထိုစကားမ်ားကို တိုးတိုးရွတ်ဆိုပြီးနောက် ကျင်းစဲ့ယွီရှန်းဓားသွား တဒုတ်ဒုတ်တုန်ခါလာသည်။ နောက်အခိုက်အတန့်တွင်၊ ကမ္ဘာဉီးဆင်ကြီးတစ်ကောင်ကဲ့သို့ ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းကြုတ်သော အင်အားတစ်ခု ထွက်ပေါ်လာပြီး လီလော့၏လက်နှစ်ဖက်ထဲ တိုက်ရိုက်စီးဝင်သွားသည်။ ဤပြောင်းလဲမှုတွင် သူ့လက်မောင်းရှိ သွေးကြောများ ဖောင်းပွပြီး သန်ကောင်များကဲ့သို့ လှုပ်ရှားနေသည်။

ဝုန်းးးးးးး

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံနှစ်ခု ပဲ့တင်ထပ်လာသည်။ သူ့အသွေးအသားများ မီးတောက်နေပုံရပြီး ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ သန်မာလာသည်။

လီလော့သည် ယခုအခါ ဘေးထွက်ဆိုးကျိုးများမရှိဘဲ ဆင်နတ်ဘုရားစွမ်းအား ဒုတိယအလွှာကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။

သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို လေ့လာရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ ယခု သဟဇာတဖြစ်ခြင်း၏ စွမ်းအားကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ပြီ......

ဉီးတည်လာနေသော သွေးဝံပုလွေဓားအလင်းကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ သွေးဆာသံက ပြင်းထန်လွန်းသဖြင့် ကောင်းကင်ကိုပင် ကြက်သွေးရောင်ဆိုးထားပုံရသည်။

လက်တစ်ဖက်တည်းဖြင့် တံဆိပ္ခတ္ကာ ပဲ့တင်ထပ်သံစွမ်းအားများ သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ စီးဆင်းသွားပြီး သူ၏ဓားပေါ်တွင် အနက်ရောင် နဂါးတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သူသည် ကျင်းစဲ့ယွီရှန်းဓားကို လွှဲခုတ်လိုက်သည်။

ချက်ခြင်းပင် လေဟာနယ်ထဲမှ မည်းမှောင်သော အရိပ်တစ်ခု ထွက်လာသည်။ နောက်အခိုက်အတန့်တွင် လေပြင်းတိုက်ကာ နက်မှောင်သောရေများ လျှံထွက်လာပြီး ကြီးမားလှသော အနက်ရောင်နဂါးကြီးသည် ရေထဲမှ ခုန်တက်လာပြီး ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အော်ရာကိုပိုင်ဆိုင်ထားသော သွေးဝံပုလွေဓားအလင်းကို နဂါးလက်သည်းဖြင့်တိုက်ခိုက်လိုက်သည်။

နဂါးလက်သည်းအောက်ရှိ လေဟာနယ်ပင် ပုံပျက်သွားပုံရသည်။

တတိယတပ်ခွဲမှ အဖွဲ့ဝင်များ ယခုတစ်ကြိမ်တွင် အမူအရာ ပြောင်းလဲသွားခဲ့သည်။

လီလော့ရဲ့ တန်ပြန်တိုက်စစ်က သူတို့မျှော်လင့်ထားတာထက် ပိုကြောက်စရာကောင်းနေတယ်.....

"ခေါင်းဆောင်...အဲ့ဒါ မြို့စားအဆင့်ပညာရပ်ပဲ!"

တံခွန်အဖွဲ့ဝင်တစ်ဦးက လှမ်းအော်သည်။

" ငါသိတယ်!" လီတုန်းက မှုန်ကုပ်ကုပ်နဲ့ ပြန်ဖြေလိုက်သည်။ မရဏမြစ်ရဲ့မဟူရာနဂါးအလံတော်၏ လွှမ်းမိုးမှုရှိသော အော်ရာသည် သာမာန် နဂါးအဆင့်ပညာရပ်ထက် သာလွန်သည်။ လီလော့ သည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နှင့် မြို့စားအဆင့်ပညာရပ် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အမှန်တကယ်စွမ်းရည်ရှိသူဖြစ်သည်။

သို့သော် သူသည် ၎င်းအတွက် လုံးဝပြင်ဆင်ထားခြင်းမရှိပေ။

လီတုန်းက အသက်ပြင်းပြင်းရှူပြီး တတိယတပ်ခွဲကို အုံ့မှိုင်းသောအသံဖြင့် "လျှို့ဝှက်ပညာရပ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ပါ နဂါးဝံပုလွေကို ခွန်အားပေးလိုက်ကြ..." ဟု အမိန့်ပေးလိုက်သည်။

ဒါကိုကြားတော့ တံခွန်အဖွဲ့ဝင်အများအပြားဟာ သူတို့ရဲ့ သက်ဆိုင်ရာ လက်ဟန်တွေကို ချက်ချင်းဖန်တီးခဲ့ကြပါတယ်။ ပဲ့တင်ထပ်သံစွမ်းအားများကို စုစည်းကာ ကောင်းကင်သို့ တက်လာသော အနီရောင် ရောင် လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

လီတုန်း နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်သည်။ အနီရောင်စွမ်းအားများစွာသည် သွေးနီရောင် အလင်းတန်းတစ်ခုအဖြစ် စုစည်းလာခဲ့သည်။ သူက အလင်းတန်းကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ကို ရှေ့ကို တွန်းပို့လိုက်တော့ သွေးဝံပုလွေဓားအလင်း ပြန်ပေါ်လာသည်။ သွေးဝံပုလွေသည် ၎င်း၏ပါးစပ်ကြီးကိုဖွင့်ကာ အလင်းတန်းကို တစ်ကျိုက်တည်းမျိုချလိုက်သည်။

အာဝူးးးးးးးးးးးးး

သွေးရောင်ဝံပုလွေသည် သွေးနီရောင်အလင်းဘောလုံးကို မျိုချလိုက်သည်နှင့် ပေတစ်ရာခန့်ရှိ ၎င်း၏မူလခန္ဓာကိုယ် အရွယ်အစား လျင်မြန်စွာကြီးထွားလာသည်။ ဤတစ်ကြိမ်တွင် ဝံပုလွေ၏ ခန္ဓာကိုယ်တွင် သွေးနီရောင် နဂါးအကြေးခွံများ ပေါ်ထွက်ပြီး ဝံပုလွေများ၏ ခြေသည်းများ ပိုမိုပြတ်သားလာသည်။

ခဏအကြာတွင် သွေးဝံပုလွေသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးဝံပုလွေအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင်၊ အနက်ရောင်မြစ်၏လှိုင်းများကိုစီးနင်းနေသည့် နဂါးနက်သည် ၎င်းကို ဖိနှိပ်ရန် မရဏမြစ်ရေကိုအသုံးချကာ သွေးနီရောင်နဂါးဝံပုလွေကိုဖိနှိပ်နေသည်။

သားရဲနှစ်ကောင် ကောင်းကင်တွင် ဟိန်းဟောက်သံကိုယ်စီထုတ်ဖော်၍ ထိပ်တိုက်တွေ့နေချိန်တွင် နှစ်ဖက်လုံးမှ တံခွန်အဖွဲ့ဝင်များက ဤမြင်ကွင်းကို ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။

All Chapters