ရောင်ခြည်ဖြာထွက်မှု.....
Vol. 56 Ch. 777
ဝုန်းးးးးဝုန်းးးးးးး
ကြောက်စရာကောင်းသော မုန်တိုင်းသည် လေထဲတွင် ပေါက်ကွဲသွားပြီး နှစ်ဖက်စလုံးက တိုက်မိသည့်နေရာကို စိုက်ကြည့်နေကြသည်။
ပေါက်ကွဲမှု၏ရင်းမြစ်တွင်၊ မရဏမြစ်၏နဂါးနက်ကြောင့် နဂါးဝံပုလွေသည် မြစ်ရေ စွမ်းအားကြောင့် ပြင်းထန်စွာ ဆုတ်ယုတ်သွားကာ မှိန်ဖျော့သွားသည်။
နှစ်ဘက်စလုံး ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် လျစ်လျူရှုပြီး နောက်ဆက်တွဲတိုက်ခိုက်မှုတွေက ပိုပိုပြီး ပြင်းထန်လာသည်။
တစ်ခုတည်းသောအချက်မှာ ဒဏ်ရာများကနေသွေးမထွက်လာပေ။ သို့သော် ပညာရပ်တစ်ခုစီကို ဖန်တီးပေးသော စွမ်းအင်များ အရှိန်အဟုန်ဖြင့် လွင့်ပါးလာသည်။
မရဏမြစ်၏မဟူရာနဂါးအလံတော် သည် မြို့စားအဆင့်ပညာရပ် တစ်ခုဖြစ်သောကြောင့် အားသာချက်တစ်ခုရှိသည်။ ပဉ္စမတပ်ခွဲ၏ သဟဇာတဖြစ်မှုမှ ပံ့ပိုးပေးသည့် ပံ့ပိုးမှုအပြင်၊ ၎င်းကို အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ခွန်အားပိုင်ဆိုင်ထားစေသည်။
သို့တိုင် သွေးနီနဂါးဝံပုလွေသည်လည်း ထိုမျှလောက် မချို့တဲ့ခဲ့ပေ။ ပညာရပ်နှစ်ခု ဆက်လက် တိုက်ခိုက်နေချိန်၌ လှိုင်းထန်သော လေပြင်းများ တိုက်ခတ်ခြင်းလို နောက်ဆက်တွဲ သက်ရောက်မှုများမှ ထွက်ပေါ်လာပြီး သစ်ပင်များ အဆက်မပြတ် လဲကျနေပါသည်။
နောက်ဆုံးတွင် အောင်နိုင်သူ ပေါ်မလာမီတွင် နဂါးနှစ်ကောင်အကြား တိုက်ပွဲသည် မိနစ်အတော်ကြာအောင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မရဏမြစ်၏မဟူရာနဂါး၏ ခြေသည်းသည် သွေးနဂါးဝံပုလွေ၏ ဦးခေါင်းခွံကို ဖောက်ထွင်းဝင်ရောက်ကာ အလင်းအမှုန်အမွှားများအဖြစ် ကွဲအက်သွားစေသည်။
အောင်နိုင်ခဲ့သော်လည်း ၎င်း၏ ခွန်အားများ လျော့ပါးသွားသည်။ ၎င်းသည် ၎ကျန်ရှိနေသည့် စွမ်းအားများကို ဖြန့်ဝေကာ မဟူရာသွေးတံခွန်အဖွဲ့ဆီသို့ ပြေးသွားခဲ့သည်။
တတိယတပ်ခွဲ၏ လျှို့ဝှက်ပညာရပ်အကူအညီဖြင့် လီလော့ ၏တစ်ချက်တည်းရိုက်ချက်ကို ထိန်းထားနိုင်မည်ဟု မမျှော်လင့်ထားသောကြောင့် လီတုန်း၏အမူအရာ ရုပ်ဆိုးသွားသည်။
လီတုန်း လက်ဖဝါးကိုဆန့်ထုတ်လိုက်ရာ စွမ်းအင်များသည် အနက်ရောင် နဂါးကြီးကို လှည့်ပတ်နေသည့် ဧရာမ လက်ဖဝါးပုံစံအဖြစ်ဖွဲ့စည်းသွားသည်။
ထိုစဉ် မိုးခြိမ်းသံ ထွက်ပေါ်လာသည်။
မရဏမြစ်၏မဟူရာနဂါး ပါးစပ်ဟလိုက်သည်နှင့် တောက်ပသော ဓားအလင်းတန်း ထွက်ပေါ်လာသည်။
၎င်းသည် ၎င်း၏အစွယ်ကြားတွင်ဝှက်ထားသော လျှို့ဝှက်ဓားစက်ဝန်းတစ်ခုဖြစ်သည်။
ဓါးစက်ဝန်းသည် အလွန်ထက်မြက်သောကြောင့် ၎င်းကိုကြည့်ရုံဖြင့် အရာရာကိုဖြတ်တောက်သွားသလို ခံစားရသည်။ ၎င်းသည် ချက်ချင်းပင် ရှေ့သို့ဉီးတည်ကာ ကြီးမားသော လက်ဖဝါးကို ကွဲကြေသွားစေပြီး မဟူရာသွေးတံခွန်အဖွဲ့ ၏ တတိယတပ်ခွဲဆီသို့ လှည့်ပတ်သွားသည်။
ဤရုတ်တရက်ပြောင်းလဲမှုက လီတုန်းကို လုံးဝအံ့အားသင့်စေခဲ့သည်။ လီလော့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီ.......
ထိုကောင်လေးသည် သူ၏ကိုယ်ပိုင် မြို့စားအဆင့်ပညာရပ် အတွင်းတွင် အင်အားကြီးမားသော နဂါးအဆင့် ပညာရပ်ကို အမှန်တကယ် ဝှက်ထားခဲ့သည်။
ထက်ရှသော ဓားစက်ဝန်းသည် အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ပြီး လီတုန်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူသည် သဟဇာတဖြစ်ခြင်းမှ ပံ့ပိုးပေးသော စွမ်းအင်အားလုံးကို စွမ်းအင်အတားအဆီးအဖြစ် အဖွဲ့သားများဆီ ပို့ဆောင်ပေးခဲ့သည်။
ဝှစ်....
ဓားစက်ဝန်းသည် စွမ်းအင်အတားအဆီးနှင့် ပြင်းထန်စွာ တိုက်မိသောအခါ လေခွင်းသဲထွက်ပေါ်လာ ၎င်း၏မျက်နှာပြင်ကို ပြင်းထန်စွာတုန်ခါစေသည်။
ခဏအကြာတွင် အတားအဆီး ကွဲသွားသည်။
ဓါးစက်ဝန်း အနည်းငယ် အားနည်းသွားသော်လည်း လီတုန်း၏ ဒေါသတကြီး အကြည့်အောက်တွင် မဟူရာသွေးတံခွန်အဖွဲ့ ၏ တတိယတပ်ခွဲအလယ်ဆက်လက်ရွေ့လျားနေဆဲပင်.....
ဝှစ်..ဝှစ်....ဝှစ်.......
တံခွန်အဖွဲ့ဝင် အများအပြား ပျံဝဲကာ သွေးအန်နေကြသည်။ အချို့မှာ ဒဏ်ရာအပြင်းအထန်ရကာ စစ်မြေပြင်ကို ရှုပ်ထွေးစေခဲ့သည်။
အချိန်တိုအတွင်း တတိယတပ်ခွဲ အသင်းသားတစ်ရာကျော် ဆုံးရှုံးခဲ့သည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဘက်တွင် ပြင်းထန်သော အားပေးသံများ ထွက်ပေါ်လာသည်။ ဤကဲ့သို့သော တန်ခိုးကြီးသောရန်သူနှင့်ရင်ဆိုင်ရာတွင် အောင်ပွဲခံနိုင်မည်ဟု မထင်မှတ်ထားသောကြောင့် ၎င်းတို့အားလုံး ဤမြင်ကွင်းကြောင့် စိတ်အားတက်ကြွခဲ့ကြသည်။
"လီလော့!"
လီတုန်း ဒေါသတကြီးနှင့် အော်ဟစ်ကာ သူ့မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သောမှုများပြည့်နှက်နေသည်။
ဒီလိုရလဒ်မျိုးကို သူ မမျှော်လင့်ထားခဲ့ပေ။
မဟူရာသွေးတံခွန်အဖွဲ့ ၏ တတိယတပ်ခွဲသည် မူလက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ နှင့် ကစားရန် ရည်ရွယ်ချက်ရှိခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူတို့သည် ထိုအရာကို အောင်မြင်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ဒဏ်ရာရသွားခဲ့ပြီ......
ဤရလဒ်ကို အခြားသူများ သိရှိပါက လူရယ်စရာဖြစ်လာမည်ဖြစ်သည်။ အဲဒီအချိန်မှာ သူ့ရဲ့ တံခွန်ကိုင်က သူ့ကို ခွင့်လွှတ်မည်မဟုတ်ပေ။
ဒါကို စိတ်ထဲမှာ တွေးရင်း ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပြီး ........“မဟူရာသွေးတံခွန်အဖွဲ့ ရဲ့ တတိယတပ်ခွဲ၊ နဂါးသွေးကလန်ရဲ့ ပြက်လုံးအဖြစ် အလှောင်ပြောင်မခံချင်ရင် ခွန်အားကုန်ထုတ်သုံးကြ!"
သူ့လက်ထဲက ဓားဖြင့် သူ့လက်မောင်းကို လှီးဖြတ်လိုက်တော့ သွေးစိမ်းတွေ စီးကျလာသည်။ ထိုမြင်ကွင်းကြောင့် သူ့တံခွန်အဖွဲ့ဝင်များပင် အံကြိတ်နေကြသည်။ သူတို့အားလုံးသည် အလားတူ ဓားမြှောင်များကို ထုတ်ယူကာ ၎င်းတို့၏ လက်မောင်းများကို လှီးဖြတ်လိုက်ကြသည်။
လီတုန်းကို ဗဟိုပြု၍ လတ်ဆတ်သော သွေးများ ၎င်းပတ်ပတ်လည်တွင် လျင်မြန်စွာ စေးပျစ်လာသည်။ ပြီးတော့ သဟဇာတဖြစ်ခြင်းက ပေးစွမ်းတဲ့ စွမ်းအင်တွေက ပိုလို့တောင် အားမာန်အပြည့်နဲ့ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လှီးဖြတ်ခံထားရသောလက်မောင်းသည် အသက်ဝင်လာသလိုတွန့်လိမ်လာပြီး အသားဂိုလမ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
၎င်းသည် နဂါး၏ဦးခေါင်းနှင့် ဝံပုလွေခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။တကိုယ်လုံးကို နီညိုရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး တိမ်တိုက်များကဲ့သို့ နတ်ဆိုးအငွေ့အသက်များ ဖုံးအုပ်ထားသည်။
၎င်းသည် ကြောက်မက်ဖွယ်ရာ ဖိအားများကို ထုတ်လွှတ်ကာ လေဟာနယ်ကိုတုန်ခါစေခဲ့သည်။
နဂါးဝံပုလွေသည် ယခင်က လီတုန်း ဆင့်ခေါ်ခဲ့သော ဝံပုလွေနှင့် အနည်းငယ်ဆင်တူပုံရသော်လည်း အသစ်သည် ပို၍အသက်ဝင်ပြီး ခေါင်းနှစ်လုံးပါရှိသည်။
နဂါးနှစ်ကောင်သည် အစွယ်များကိုဖြဲကာ တောက်ပသော ကြက်သွေးရောင်တံတွေးများ ပါးစပ်မှ ယိုစီးကျကာ အောက်မြေပြင်ကို စိုစွတ်စေသည်။
ကျောက်ယန်ဇီ၏ စိုးရိမ်သောကရောက်နေသော အသံသ လီလော့၏ နားထဲသို့ တိုးဝင်လာသည်။
"ခေါင်းဆောင်.. သတိထားပါ.... ဒါက မဟူရာသွေးတံခွန်အဖွဲ့ရဲ့ လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ ခေါင်းနှစ်လုံးရှိတဲ့ နဂါးဝံပုလွေ!"
ဤရွံရှာဘွယ်သောအရာကို စိုက်ကြည့်ရင်း လီလော့၏အကြည့်မှိန်ဖျော့သွားသည်။ ခေါင်းနှစ်လုံး နဂါးဝံပုလွေမှ ထုတ်လွှတ်နေသော အော်ရာသည် သနားညှာတာမှုကင်းပြီး အစွမ်းထက်သည်။အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံ အဆင့်၏ နှောင်းပိုင်းအဆင့်သို့ပင် ရောက်နေပြီဟု ခံစားရသည်။
မဟူရာသွေးတံခွန်အဖွဲ့တွင် အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းသော ဝှက်ဖဲအချို့ရှိသည်။
"လီလော့၊ မဟူရာသွေးတံခွန်အဖွဲ့ ရဲ့ လျှို့ဝှက်ပညာရပ်ကိုထုတ်သုံးအောင် ဖိအားပေးနိုင်တယ်ဆိုကတည်းက မင်းရဲ့ခွန်အားက ထင်ထားတာထက်သန်မာတယ်...."
လီတုန်းက မျက်နှာ နီမြန်းလာကာ ချီးကျူးလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သဲစွမ်းအားသည် တဖြည်းဖြည်း အားနည်းလာပုံရပြီး သူ၏ တံခွန်အဖွဲ့ဝင်များ၏ အမူအရာများသည်လည်း အလားတူပင် မောပန်းနွမ်းနယ်ကာ နှေးကွေးသွားခဲ့သည်။
ဒီလိုလှုပ်ရှားမှုကို ဖော်ထုတ်လိုက်တာဟာ သူတို့အတွက် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့သည်။
သို့သော် ဤတိုက်ပွဲကို မရှုံးလိုသောကြောင့် အခြားရွေးချယ်စရာမရှိပေ။ မဟုတ်ရင် တံခွန်ကိုင်ကို ရှင်းပြဖို့ နည်းလမ်းမရှိသလို၊ သူ့တပ်ခွဲအတွက်လည်း မျက်နှာပျက်သွားလိမ့်မယ်။
လီလော့က လီတုန်းကို လေးလေးနက်နက် စိုက်ကြည့်ကာ ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ခေါင်းနှစ်လုံး နဂါးဝံပုလွေကလည်းစွမ်းသားပဲ ....."
"အခုချိန်ထိ ကိုယ်ဟန်ပြဖို့ ကြိုးစားနေတုန်းပဲလား.....မင်းသေခါနီးမှာတောင် မင်းရဲ့မျက်နှာကို စိတ်ပူနေသေးလား။ မင်းရဲ့တံခွန်အဖွဲ့ဝင်တွေကို ခေါ်ပြီး အိမ်ပြန်ဖို့ပြင်တော့.. "
လီတုန်းသည် လီလော့၏ တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြစ်မိသည်။
လီလော့က..... "မင်းငါ့ကို တကယ်ရိုက်နိုင်မယ်လို့ ထင်နေတာလား"
"ဟမ့်...ဒါကို ဘယ်လိုအဆုံးသတ်နိုင်မှာလဲ လီလော့.....မင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကောင်းရှိနိုင်ပေမယ့် မင်းရဲ့ အစောပိုင်းနှစ်တွေကို မြေရိုင်းမှာ ဖြုန်းတီးခဲ့တာ ကံဆိုးတာပဲ!"
လီလော့က ...."မင်း အရေးကြီးတဲ့ အရာတစ်ခုကို မေ့နေတယ်မလား... နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုရရင် နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ကိုပါ ရယူနိုင်တယ်" လို့ လီလော့ က လျစ်လျူရှုပြီး ပြန်ပြောလိုက်သည်။
"ဟန်ဆောင်မနေနဲ့ နဂါးငွေ့တန်းကိုးသွယ်ပညာရပ်က ကြီးစိုးနိုင်ပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မင်းရရှိခဲ့တာ..... အဲဒါကို မင်းဘယ်လို ကျွမ်းကျင်ဉီးမှာလဲ... အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ အရေးမကြီးပါဘူး၊ ဒါပေမယ့် ဒီနေ့တော့ မင်း ဒီနေရာကနေ ထွက်သွားရမယ်...."
ဝေါင်းးးးးးးးး
ခေါင်းနှစ်လုံး နဂါးဝံပုလွေ၏အကြည့်များက လီလော့ထံတွင်သာကပ်ငြိနေပြီး ဝံပုလွေအူသံများ ရောထွေးနေပုံရသည့် ပြင်းထန်သောဟန်းဟောက်သံကို ထုတ်လွှတ်နေသည်။
ဒိုင်း!
နဂါးဝံပုလွေသည် ရှေ့သို့ ခုန်ဆင်းကာ များပြားလှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို သယ်ဆောင်လာသည်။ ၎င်းသည် ပဉ္စမတပ်ခွဲသို့ဉီးတည်နေသော ဧရာမသားရဲကြီးဖြစ်သည်။
ထိုအချိန်တွင် မြေကြီးနှင့်လေဟာနယ် နှစ်ခုလုံး တုန်ခါကွဲအက်သွားသည်။
ထိုအတောအတွင်း၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင်များသည် ၎င်းတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့်အတူ အနည်းငယ်မှိန်ဖျော့သွားခဲ့သည်။
ထိုအချိန်တွင်၊ လီလော့၏ ငြိမ်သက်သော အသံ ပဲ့တင်ထပ်ကာ သူတို့၏ ကြောက်ရွံ့ထိတ်လန့်နေသော နှလုံးသားများကို လွှမ်းခြုံသွားခဲ့သည်။
"တံခွန်အဖွဲ့ဝင်တို့.... စိတ်တည်ငြိမ်အောင်ထားပြီး သဟဇာတဖြစ်မှုကို ထိန်းသိမ်းပါ..... ကျန်ရှိသော စွမ်းအင်အားလုံးကို ငါ့ဆီပို့ပေးကြ...."
သူတို့သည် အသက်ပြင်းပြင်းရှူကာ စွမ်းအားများကို အကုန်အစင်ထုတ်ဖော်လိုက်ကြသည်။ စွမ်းအင်ကြိုးမျှင်များ ၎င်းတို့၏ ခန္ဓာကိုယ်၏ နက်နဲရာအရပ်မှ ထွက်လာပြီး ၎င်းတို့အပေါ်တွင် စွမ်းအင်ရေကန်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
လီလော့ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး သူ့လက်များကို လှုပ်ရှားကာ လျင်မြန်စွာ အစီအရင်တစ်ခုကိုပုံဖော်နေသည်။
သူ့အား ဝန်းရံထားသည့် စွမ်းအင်များက သူ့ဆီသို့ လျင်မြန်စွာ ပြေးဝင်လာသည်။
ဝေါင်းးးးးး
ခေါင်းနှစ်လုံး နဂါးဝံပုလွေသည် မုန်တိုင်းကဲ့သို့ ၎င်းတို့ဆီသို့ ပြေးလာနေပြီး ကြက်သွေးရောင်နီရဲသော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ပဉ္စမတပ်ခွဲသည် ဤတိုက်ခိုက်မှုကြောင့် ကြောက်ရွံ့မှုကိုခံစားနေရသည်။ ငွေနတ်ဆိုးခန္ဓာအဆင့်များများဖြစ်ကြသော ကျောက်ယန်ဇီ၊ လီရှိနှင့်မုဘီတို့တောင် ထိတ်လန့်တုန်လှုပ်သွားကာ အသက်ရှုကြပ်သွားကြသည်။
တခဏအတွင်း ခေါင်းနှစ်လုံး နဂါးဝံပုလွေ သူတို့ရှေ့သို့ ရောက်သွားသည်။
သူတို့ရဲ့ဖွဲ့စည်းမှုကို ဖောက်ဖျက်ပြီးတာနဲ့ မရေမတွက်နိုင်တဲ့ လူတွေကို ထိခိုက်ဒဏ်ရာရစေမယ့် ကြီးလေးတဲ့စျေးနှုန်းကို ပေးချေရတော့မည်။
ထိုအချိန်တွင် လီတုန်း၏ မျက်လုံးများထဲတွင် ရွှင်မြူးနေသော အကြည့်များ ပေါ်လာသည်။ သူတို့ အန္တရာယ်ရှိခဲ့သော်လည်း အဆုံးတွင် အောင်နိုင်လိမ့်မည်ဟု ထင်ရသည်။
အဲဒီနောက်မှာတော့ မဟူရာသွေးတံခွန်အဖွဲ့ ရဲ့ တတိယတပ်ခွဲဟာ ဒီအားနည်းအဖွဲ့ကို အနိုင်ယူတဲ့အတွက် လူသိများလာပါလိမ့်မည်။
သို့သော်လည်း လီလော့ မျက်လုံးများကို ဖွင့်လိုက်သည်ကို သတိပြုမိသည်။ လီလော့၏ နှုတ်ခမ်းသားများ ဖြည်းညှင်းစွာ လှုပ်ရှားနေပုံရပြီး အတွင်း၌ အကန့်အသတ်မဲ့ မိုးခြိမ်းအချို့ကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်နေရသည်။
ထို့နောက်တွင်၊လီလော့၏နောက်တွင် အလွန်ကြီးမားသောနဂါးပုံသဏ္ဌန်အသွင်ဆောင်သည့် စွမ်းအင်များ စုစည်းလာပုံရသည်။ ၎င်းသည် ရှေးကျသော လျှို့ဝှက်ဆန်းကြယ်မှုနှင့်မှန်ကန်သော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ ခေါင်းနှစ်လုံးနဂါးဝံပုလွေပင်လျှင် ဖိအားဒဏ်ခံရသောအခါ ၎င်း၏လမ်းကြောင်းတွင် ခေတ္တရပ်သွားသည်။
လီလော့ နောက်က နဂါးကြီး ပါးစပ်ဖွင့်လိုက်တော့.....လီတုန်းအောက်မှ လေအေးများ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့လျှံတက်လာသည်။
ဒီအချိန်မှာ သူရင်းနှီးတဲ့ နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ကို အမှတ်ရနေမိသည်။
"နဂါးငွေ့တန်းကိုးသွယ် ပညာရပ်..... ကောင်းကင်နဂါးမိုးကြိုးယပ်တောင်!"
ထိုအချိန်တွင် လီလော့၏ နောက်ကွယ်မှ နဂါးကြီး၏ သရုပ်သဏ္ဍာန်သည် ပြိုးပြိုးပြက်ပြက်တောက်ပနေပုံရသည်။
နဂါးမီးတောက်တွင် အဆုံးမရှိသော မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ ပါဝင်ပြီး အကန့်အသတ်မရှိသော အဖျက်စွမ်းအား ပမာဏကို ထုတ်ပေးသည်။
သဘာဝစွမ်းအင်များပင်လျှင် နဂါးမီးတောက်ကြောင့် အငွေ့ပျံပြီး အငွေ့အသက်များ ကင်းစင်သွားလေသည်။
နဂါးဝံပုလွေသည် နဂါးမီးတောက်ကို အချိန်အနည်းငယ်ကြာအောင် တွန်းလှန်နိုင်ခဲ့ပြီး နောက်ဆုံးတွင် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ မီးတောက်၏ စွမ်းအားသည် အနည်းငယ်မျှ လျော့မသွားဘဲ၊ လီတုန်း နှင့် ကျန်တတိယတပ်ခွဲကို လွှမ်းမိုးသွားခဲ့သည်။
ခဏအကြာတွင်...မျက်စိရှေ့တွင်မြင်နေရသည်မှာ မီးလောင်ကျွမ်းနေသော တောကြီးတစ်ခြမ်းမျှသာ ဖြစ်သည်။
မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲတစ်ခုလုံးကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။