ထိတ်လန့်ဖွယ်တံခွန်အဖွဲ့များ.........
Vol. 56 Ch. 778
နဂါးစွယ်ကလန်....နတ်ဆိုးတောင်ထွတ်.....
နတ်ဆိုးလှိုဏ်ဂူရှေ့မှာ ရပ်နေတဲ့ လူအုပ်ထဲမှာ ညည်းညူသံတွေ ဟိုတစသည်တစထွက်ပေါ်လာသည်။
အဖွဲ့တိုင်းသည် ၎င်းတို့၏သက်ဆိုင်ရာပြိုင်ဘက်များကိုအနိုင်ယူပြီး အောင်နိုင်သူများကို အဆုံးအဖြတ်ပေးခဲ့သည်။ ထို့ကြောင့် စကားစမြည်ပြောရန် ခန်းမရှေ့တွင်စုရုံးနေကြသည်။ တစ်ချို့က ရွှင်မြူးကြတယ်၊ တစ်ချို့က ဂုဏ်ယူကြတယ်၊ တစ်ချို့က စိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတယ်........
လီဖန်းရိနှင့်လီကျင်းထောင်တို့သည် အောင်ပွဲခံခဲ့ကြသော်လည်း မပြန်နိုင်သေးဘဲ ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းရန် ၎င်းတို့၏တပ်ခွဲများကို စုစည်းထားကြသည်။ နတ်ဆိုးတောင်ထွတ်ပင်မဝင်ပေါက်ရှိ စွမ်းအင်ရေစုန်ကို အာရုံစိုက်ထားသောကြောင့် သူတို့၏အမူအရာများ အနည်းငယ်လေးနက်နေသည်။
သူတို့သည် လီလော့၏ရလဒ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
"သူအနိုင်ရနိုင်မယ်လို့ ထင်လား"
လီဖန်းရိသည် စိုးရိမ်ပူပန်မှုဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
လီကျင်းထောင်က.... "ညီလေးက အရည်အချင်းရှိပေမယ့် သူက ပြင်ပနတ်ဘုရားတိုက်မှာ အချိန်တွေ အများကြီးကုန်ခဲ့တယ်.....သူ့မှာ အေးအေးဆေးဆေး ကျင့်ကြံဖို့ အချိန်တစ်နှစ်ခွဲလောက်ရမယ်ဆို သေချာပေါက်အောင်မြင်မှာပါ...."
လီဖန်းရိ မျက်လုံးပြူးသွားသည်။
"နင် ဘယ်လိုစဉ်းစားလိုက်တာလဲ.....အနာဂတ်အကြောင်းမေးနေတာမဟုတ်ဘူး...."
လီကျင်းထောင်သည် ဒုတိယညီမနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် အကူအညီမဲ့နေသလိုခံစားရစမြဲပင်....
"လီလော့ရဲ့ အောင်ပွဲခံမှုကို ဆုံးဖြတ်ပေးမယ့် အဓိကအချက်က.... နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ကို ဘယ်လောက်ထိကျွမ်းကျင်သလဲပဲ.... လျှို့ဝှက်ပညာရပ်တစ်ခုရဲ့ စွမ်းအားကို ငါတို့နှစ်ယောက်လုံး ကောင်းကောင်းသိပါတယ်.... သူနဲ့ လီတုန်းကြားမှာ ကွာဟချက်ရှိပေမယ့် သဟဇာတဖြစ်အောင်လုပ်နိုင်ရင် ကွာခြားချက် ကျုံ့သွားလိမ့်မယ်..... အောင်ပွဲက သူတို့ရဲ့ နည်းလမ်းတွေအပေါ်မူတည်ပြီး ဆုံးဖြတ်လိမ့်မယ်......"
လီဖန်းရိ မျက်မှောင်ကြုတ််လိုက်ပြန်သည်။
"နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ကျင့်ကြံဖို့က ရှုပ်ထွေးတယ်လို့ ကြားဖူးတယ်.... ဒါကို သင်ယူနိုင်ခဲ့ပေမယ့်အသုံးချဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါသေးတယ်...."
"စိတ်မပူပါနဲ့.....မဟူရာသွေးတံခွန်အဖွဲ့ က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ထက် ပိုအားကောင်းတယ်.... ဒါကြောင့် ညီလေးရှုံးရင် သူ့အတွက် ဖိအားသိပ်ရှိမှာ မဟုတ်ဘူး..." ဟု လီကျင်းထောင်က ရှင်းပြသည်။
လီဖန်းရိ သက်ပြင်းချလိုက်သည်။
"ရွှေအလင်းတန်းတံခွန်က နဂါးအရိုးကလန်ရဲ့ ဖန်သားအရိုးတံခွန်ကို အောင်ပွဲခံပြီးပြီ.....သူတို့ရဲ့ အရှိန်နဲ့ စွမ်းအားက တစ်ဖန်ပြန်လည်အားကောင်းလာပြီ...မောင်လေးက အနာဂတ်မှာ ဆုံးရှုံးသွားတဲ့ အရာအချို့ကို ပြန်လည်ရယူဖို့ မျှော်လင့်တယ်...."
“အကြီးဖြစ်တဲ့ငါတို့တောင် အဲဒီလို မလုပ်နိုင်ရင် ညီလေးကို ဘာလို့ ဒုက္ခပေးမှာလဲ”
လီကျင်းထောင် ပြုံးလိုက်သည်။
လီဖန်းရိ မျက်နှာ နီရဲလာပြီး.....
"ဘာဖြစ်လဲ၊ ငါတို့မောင်လေးက တတိယဦးလေးရဲ့သား.....နင် သူ့ဆီက ဒီထက်ပိုပြီး မမျှော်လင့်နိုင်ဘူးလား"
လီဖန်းရိ၏ ဆတ်ဆတ်ထိမခံသည်အကျင့်ကြောင့် လီကျင်းထောင်က မလိုလားသည့် ပြဿနာ မရှာနိုင်စေရန် သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
မဝေးလှသော ဧရိယာတွင်၊ ရွှေအလင်းတံခွန်အဖွဲ့ဝင်များရှိနေကြသည်။
တျန်ဖုန်းရှန်းက ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်နေပြီး သူ၏ ပဲ့တင်ထပ်သံ စွမ်းအားသည် သူ့ခန္ဓာကိုယ်အတွင်း ဆူပွက်နေသည်။ အရင်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်......
နဂါးအရိုးကလန်၏ ဖန်သားအရိုးတံခွန်သည် အထင်ကြီးစရာကောင်းသော ပြိုင်ဘက်ဖြစ်သည်။ တကယ်တော့ သူတို့ဟာ အရင်တုန်းက ရွှေအလင်းတံခွန်ကို နှိမ်နင်းခဲ့ဖူးသည်။ အခုမှပဲ သူတို့တွက် အားသာချက်တွေ ပြန်ရနိုင်ခဲ့သည်။
တျန်ဖုန်းရှန်းက နတ်ဆိုးတောင်ထွတ်သို့ လှမ်းကြည့်လိုက်ရာ လီဖန်းရိနှင့်လီကျင်းထောင် ကို တွေ့ရှိသောအခါ သူ့အကြည့်များ တုန်လှုပ်သွားခဲ့သည်။ လီလော့ ၏ရလဒ်ကို စောင့်မျှော်နေပုံရသည်။
"သူဌေး၊ လီဖန်းရိက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲ အောင်ပွဲခံဖို့ မျှော်လင့်နေပုံရတယ်" ဟု သူ့ဘေးရှိ တံခွန်အဖွဲ့သားများက လှောင်ပြောင်နေသည်။
အခြားတံခွန်အဖွဲ့ဝင်တစ်ဦးက ရယ်မောလိုက်ကာ....
"သူတို့က အတော် စိတ်ကူးယဉ်တတ်ကြတာပဲ.... သူတို့နှစ်သင်းကြားက ကွာဟချက်တွေကြောင့် ဘယ်လို အောင်ပွဲခံနိုင်မှာလဲ....ငါတို့အရင်တုန်းကလို မဟုတ်တော့ဘူး....ရွှေအလင်းတံခွန်က အမြင့်ဆုံးကိုရောက်နေပြီ.... နဂါးစွယ်ကလန်က နောက်ထပ် တစ်နှစ်ခွဲကြာရင် တံခွန်အကြီးအမှုးရာထူးအတွက်ရွေးချယ်မှု စတင်တော့မှာ ဒီရာထူးကို ငါတို့သူဌေးအတွက် ရည်မှန်းထားတယ်...."
ဤစကားများသည် တျန်ဖုန်းရှန်းကို ပြုံးစေခဲ့သည်။
"လီလော့သာ ထူးခြားတဲ့ စွမ်းရည်ကို ပြသနိုင်ရင် နဂါးစွယ်ကလန်အတွက် ကောင်းချီးတစ်ခုပါပဲ...ငါသာ တံခွန်အကြီးအမှုးဖြစ်လာရင် အခြားကလန်လေးခုနဲ့ ထိပ်တိုက်တွေ့တဲ့အခါ၊ တိုက်ခိုက်နိုင်တဲ့ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတွေ ပိုလိုအပ်မှာပါ......"
"ဟာဟား၊ သူဌေးက တကယ်အမြော်အမြင်ကြီးတာပဲ"
ဤအတောအတွင်း၊ အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ကို ပင်မခန်းမ၏ညာဘက်ခြမ်းတွင် လောလောဆယ်စုစည်းထားသည်။
လေထုက အနည်းငယ် စိတ်ပျက်စရာ ကောင်းသည်။ တချို့က အောင်ပွဲခံပြီး တခြားသူတွေ ရှုံးခဲ့ပေမယ့် အလွှာသုံးဆယ့်တစ်ဆင့်ကို ဘယ်သူမှ မတက်နိုင်ခဲ့ကြပေ။
ကျုံးလင်တို့ရဲ့ ပထမတပ်ခွဲက မုန်တိုင်းဉီးချိုတံခွန်အဖွဲ့ကို ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် ကျုံးလင် ဒေါသပုန်ထနေသည်။
သူတို့သည် မုန်တိုင်းဉီးချိုတံခွန်အဖွဲ့၏ ပထမဆုံးတပ်ခွဲကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိန်ခေါ်ခဲ့ထူးသည်။ သို့သော် ယခုတစ်ကြိမ်တွင် ၎င်းတို့သည် အသေအပျောက်များစွာ ကြုံတွေ့ခဲ့ရပြီး အင်အား ဆုတ်ယုတ်သွားခဲ့သည်။ ရလဒ်အနေနဲ့ ပြိုင်ဘက်က ရလဒ်ကိုပြောင်းပြန်လှန်ခဲ့သည်။
ကျန်သည့် တပ်ခွဲ သုံးခုမှအကြည့်များတွင် မကျေနပ်မှု ခံစားချက်များ ပြည့်နှက်နေသည်ဟု ကျုံးလင် ခံစားရလေသည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ရှေ့ပြေးအဖွဲ့အနေဖြင့်၊ ပထမတပ်ခွဲသည် ကျန်အဖွဲ့များထက် အကျိုးကျေးဇူးများနှင့် အားသာချက်များကို ပိုမိုရရှိခဲ့ပါသည်။ သို့ရာတွင်၊ သူလိုချင်သောအောင်မြင်မှုကို မရိတ်သိမ်းနိုင်ခဲ့ပေ။ သူ၏မဆင်မခြင်ဆုံးဖြတ်ချက်များက မုန်တိုင်းဉီးချိုတံခွန်အဖွဲ့အတွက်မျက်နှာသာရရန် အခွင့်အရေးဖြစ်ခဲ့သည်။
ဤအကြည့်များသည် ကျုံးလင်ကို မသက်မသာဖြစ်စေကာ နှလုံးတုန်သွားသလို ခံစားရစေသည်။
စိတ်တည်ငြိမ်မှု ပျောက်ကွယ်သွားသည်အထိ ဒေါသထွက်ခဲ့ရသည်မှာ လီလော့ရဲ့ အပြစ်တွေချည်းပင်.....
သို့တိုင်၊ အရာအားလုံး အဆင်ပြေသည်ဟု ဆိုနိုင်သည်။ ပဉ္စမတပ်ခွဲ ရှုံးဖို့ ရည်မှန်းထားပြီး သူ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်က လီလော့တို့လောက်အခြေနေဆိုးတော့မည်မဟုတ်ပေ။
ထိုစဉ် နတ်ဆိုးတောင်ထွတ်ရဲ့ ပင်မခန်းမကြီးတွင် စွမ်းအင်တွေ ဖုံးလွှမ်းနေပြီး အရိပ်တွေ လွင့်ထွက်လာသည်။
ထိုအချိန်တွင် လူတစ်ထောင်ကျော်သည် စွမ်အင်ရေစုန်ထဲမှ လွတ်မြောက်လာသည်ကို မြင်လိုက်သည်။
၎င်းသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ပဉ္စမတပ်ခွဲဖြစ်သည်။
လီလော့တို့ပေါ်လာသည်နှင့် ကြေငြာချက်တစ်ခုပါတပြိုင်နက်ထွက်ပေါ်လာသည်။
"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ပဉ္စမတပ်ခွဲသည် မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲကိုအနိုင်ရခဲ့ပြီး အလွှာသုံးဆယ့်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်......"
အဖွဲ့ဝင်များ အောင်ပွဲခံနေစဉ်တွင် ၎င်းတို့၏ ပတ်ဝန်းကျင်သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ နဂါးသွေးကလန်တွင် မတူညီသောတံခွန်များထဲမှ မြောက်မြားစွာသောအဖွဲ့ဝင်များ တုန်လှုပ်ခြောက်ခြားသွားသည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲက မဟူရာသွေးတံခွန်အဖွဲ့ ရဲ့တတိယတပ်ခွဲကိုအနိုင်ရသွားပြီလား?!!
စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသော လီဖန်းရိ နှင့် လီကျင်းထောင် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အများနည်းတူ အံ့သြသွားကြသည်။
မနီးမဝေးတွင်ရှိသော ရွှေအလင်းတန်းတံခွန်အဖွဲ့ဝင်များသည်လည်း လုံးဝဥဿုံ ထိတ်လန့်သွားကြသည်။ သတင်းကြားတော့ ထန်ဖန်းရှန်း၏ အကြည့်များပင် ကျဉ်းမြောင်းသွားသည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ဒုတိယ၊ တတိယနှင့် စတုတ္ထတပ်ခွဲ ခေါင်းဆောင်များသည် ၎င်းတို့၏ နားများကို မယုံနိုင်ဘဲ တစ်စုံတစ်ခု လွဲချော်သွားသည်ဟုပင် သံသယဖြစ်ခဲ့ကြသည်။ တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်မိတဲ့အခါမှပဲ ဒါက အညစ်အကြေးကင်းတဲ့ အမှန်တရားမှန်းသိလိုက်ရသည်။
တခဏအကြာတွင် ရယ်မောပျော်ရွှင်သံများ ထွက်ပေါ်လာသည်။
သို့သော် ကျုံးလင် ကတော့ ထိန်းမရအောင်မျက်နှာပျက်နေလေ၏။
ခွမ်း!!!!!
လီလုက သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ် ဒေါသတကြီး ပစ်ခွဲလိုက်ကာ လီတုန်းကို စိုက်ကြည့်နေရင်း သူ့အကြည့်တွေက ဒေါသတွေပြည့်နေသည်။ အံကြိတ်ထားသော သွားကြားမှတဆင့် မှုန်ကုပ်ကုပ်အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက အမှိုက်ကောင်ပဲ... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲကို ရှုံးတယ်လို့ ပြောနေတာလား!!!!"
လီချင်းဖုန်း၊လီဟုန်လိနှင့် ကျင်းမင်တို့သည် သက်ဆိုင်ရာနယ်မြေများကနေ ဤမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေကြသည်။