← Chapters

ထျန်းယွမ်မှတ်တမ်း...ဖန်းဟွာအဆင့်......

Vol. 56 Ch. 779

ထျန်းယွမ်မှတ်တမ်း...ဖန်းဟွာအဆင့်......

Vol. 56 Ch. 779

ဒေါသထွက်နေသော လီလုကိုရင်ဆိုင်ရသောအခါ ရှုံးနိမ့်ခဲ့သော လီတုန်း ခင်မျာ ချောင်ကပ်နေပြီ.....

"လီလော့မှာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ရှိတယ်..ဒါကြောင့်မို့ နဂါးငွေ့တန်းကိုးသွယ်ပညာရပ်တွေထဲက မိုးကြိုးနဂါးမီးတောက်ကိုသုံးခဲ့တာ.... "

"ဆင်ခြေတွေ ပေးမနေနဲ့.... မင်းက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို ရှုံးခဲ့တဲ့ နဂါးသွေးကလန်ရဲ့ ပထမဆုံးတပ်ခွဲပဲ!!!" ဟု လီလု က ပြစ်တင်ခဲ့သည်။

ဒီရလဒ်ကြောင့် အင်မတန်ရှက်ရွံနေသည်။ မကြာသေးမီက၊ လီချင်းဖုန်း နှင့် လီဟုန်လိတို့ကို လီတိုင်ရွှမ်၏ သားဖြစ်သူအပေါ်လက်စားချေမည်ဟု ကြွားဝါနေခဲ့သည်။ သို့သော် လီတုန်း သည်အရှက်ရဖွယ်အဆုံးသတ်နှင့်သာ ပြန်လာခဲ့သည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် လွန်ခဲ့သည့် နှစ်များကတည်းက အားနည်းခဲ့ပြီး တံခွန်ကိုင်ရာထူးကိုတောင် ရွေးချယ်နိုင်ခြင်း မရှိခဲ့ပေ။ မဟူရာသွေးတံခွန်အဖွဲ့ သူတို့ကို ရှုံးလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားမိပေ။

လီချင်းဖုန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ....

"ထားလိုက်တော့.... ရှုံးခဲ့တာက ရှုံးခဲ့တာပဲ.... ဒါက တံခွန်အဖွဲ့တွေကြားထဲက တိုက်ပွဲတစ်ခုပဲလေ... အနည်းဆုံးတော့ လီတိုင်ရွှမ်ရဲ့သားက ခေသူမဟုတ်မှန်း ငါတို့သိလိုက်ရပြီ..... အချိန်တိုလေးအတွင်းမှာ အဆင့်မြင့်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတော့ ထူးချွန်တယ်လို့ဆိုရမှာပဲ....."

ဒါကိုကြားတော့ လီတုန်းက သူ့ကို ကျေးဇူးတင်စွာ ပြန်ကြည့်လိုက်သည်။

"သူရလာတဲ့ ပညာရပ်က မိုးကြိုးနဂါးမီးတောက်ပညာရပ်ပဲ... အနည်းဆုံးတော့ ဒါဟာ ပညာရပ်ဆယ့်သုံးခုထဲက အကောင်းဆုံးတွေထဲက တစ်ခုတော့ မဟုတ်ပဘူး" ဟု လီဟုန်လိက လှောင်ပြောင်လိုက်သည်။

"အသေးစိတ်အချက်အလက်တွေကို တွက်ချက်မနေနဲ့... ဘယ်လိုပဲဖြစ်ဖြစ် ဒါက နဂါးငွေ့တန်းကိုးသွယ်ပညာရပ်တွေထဲကတစ်ခုဖြစ်နေတုန်းပဲ.... သူ့ရဲ့စွမ်းအားကို လျှော့မတွက်သင့်ဘူး" လို့ လီချင်းဖုန်းက ပြုံးပြီး ပြန်ပြောခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် လီလော့ရဲ့ ဒီစွမ်းဆောင်ရည်က ကန့်သတ်ချက်ရှိလိမ့်မယ်.... အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်မှာ ရှိတဲ့ သူတစ်ယောက်အနေနဲ့၊ သူဒီအထိ ရောက်လာတာကိုက ချီးကျူးစရာဖြစ်နေပြီ... ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုချင်းဖုန်းနဲ့ယှဉ်လိုက်ရင် သူ့အောင်မြင်မှုက လမင်းနဲ့ပိုးစုန်းကြူးလိုဖြစ်နေမှာပဲ. မျို" ဟု လီဟုန်လိက ချိုမြိန်သော အပြုံးဖြင့် ချီးမွမ်းသည်။

" မြှောက်ပင့်မနေနဲ့ .... ထျန်းယွမ်တိုက်ကြီးမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရှိကြတယ်... ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်တွေကြားမှာ ထက်မြက်တဲ့ သူတွေ အများကြီးရှိပါသေးတယ်..."ဟု လီချင်းဖုန်းက ပြောလိုက်သည်။

"မင်းရဲ့ခွန်အားနဲ့သာဆို ထျန်းယွမ်တိုက်ကြီးမှာရှိတဲ့ လူငယ်မျိုးဆက်ရဲ့ ထိပ်တန်းအဆင့်ပဲလေ... အနာဂတ်မှာ ထျန်းယွမ်မှတ်တမ်းရဲ့ ဖန်းဟွာအဆင့်သတ်မှတ်ချက်မှာ သေချာပေါက် နာမည်တစ်ခုရလိမ့်မယ်..."

ငွေသွေးတံခွန်အဖွဲ့မှ တံခွန်ကိုင် ကျင်းမင်က ကျယ်ပြောသော အပြုံးဖြင့် ချီးမွမ်းစကား ထပ်လောင်းပြောဆိုခဲ့သည်။ ဖန်းဟွာအဆင့်သတ်မှတ်ချက် အကြောင်း ကြားသောအခါ လီချင်းဖုန်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ ၎င်းကို ထျန်းယွမ်တိုက်ကြီးတွင်ရှိသော ရွှေနဂါးဘဏ်ရုံးချုပ်မှ ဖန်တီးထားခြင်းဖြစ်သည်။ ထိုမှတ်တမ်းတွင်..ကျော်ကြားသော ပုဂ္ဂိုလ်များ၊ သမိုင်းဝင်ဖြစ်ရပ်များနှင့် အဆင့်သတ်မှတ်ချက်များစွာ ပါဝင်သည်။ ၎င်းတို့အားလုံးတွင် လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော စာရင်းတစ်ခု ရှိသည်။

မြို့စားအညွှန်းစာရင်း... ..

၎င်းသည် ထျန်းယွမ်တိုက်ကြီးတွင် အခါအားလျော်စွာ ပေါ်ထွန်းလာသော ပါရမီရှင်များ၏ အမည်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုစာရင်းတွင် အဆင့်သတ်မှတ်ခြင်း မရှိသော်လည်း၊ ထိုသို့ဂုဏ်သိက္ခာရှိသော စာရင်းတွင် မိမိနာမည်ရေးထိုးနိုင်လျှင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရှိရမည်ဖြစ်သည်။

၎င်းတွင်ပါဝင်သူအများစုသည် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင်ရှိပြီး အများအားဖြင့် လီချင်းဖုန်းထက် အသက်ကြီးကြသည်။ သူ၏အောင်မြင်မှု အရှိန်အဟုန်သည် ကောင်းကင်ဧကရာဇ်လီ၏ ငယ်ရွယ်စဉ်ကနှင့်တူသော်လည်း ဖန်းဟွာအဆင့်သတ်မှတ်ချက်သို့ရောက်ရန် ထင်ရှားသောလုပ်ဆောင်ချက်များဖြင့် သူ့ကိုယ်သူ သက်သေပြရန် လိုအပ်နေသေးသည်။

ထိုသို့သောကျော်ကြားမှုများက လီချင်းဖုန်းကို အလွန်ဆွဲဆောင်ခဲ့သည်။

"ဖန်းဟွာအဆင့်သတ်မှတ်ချက်အကြောင်းပြောရင်၊ ကောင်းကင်ဧကရာဇ်ချင်ရဲ့သွေးမျိုးဆက်က တကယ့်ကို မှတ်သားစရာကောင်းတယ်....ချူချင်းက ပဲ့တင်ထပ်သံနှစ်ခုပိုင်ဆိုင်ထားပြီး တခုကအဆင့်ကိုးတပိုင်း..နောက်တစ်ခုက အဆင့်မြင့်အဆင့်ရှစ်...ပြီးတော့ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရဲ့စစ်နတ်ဘုရားကောင်းကင်ဖြိုလက်သီးပညာရပ်ကို ကျွမ်းကျင်တယ်..."

လီဟုန်လိ ပြောတာတွေကို လီချင်းဖုန်းက ခေါင်းညိတ်သဘောတူကာ....

"ချူချင်းက တကယ်ကို ပါရမီရှင်ပဲ... တကယ့်ကို ကြောက်စရာကောင်းတဲ့ကောင်....."

"အဆင့်ကိုးရေပဲ့တင်ထပ်သံပိုင်တဲ့ ချင်ရီလည်းရှိသေးတယ်လေ....သူ့ကိုရေနတ်သမီးလို့လည်း နာမည်ပြောင်ပေးထားတယ်....ဒါပေမယ့် သူက ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကိုတောင် မရောက်သေးပေမယ့် သူရဲ့ ရင်သပ်ရှုမောဖွယ်အလှကြောင့် ဖန်းဟွာအဆင့်သတ်မှတ်ချက်မှာ နာမည်စာရင်းဝင်နေပြီ...."

ကျင်းမင် ရယ်မောလိုက်သည်။ ဒါကိုကြားတော့ လီဟုန်လိက သူ့ကိုစိုက်ကြည့်နေသည်။

"ဘာပြောပြော... ချူချင်းက ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်က ခန်းမသခင်ချင်လျန်ရဲ့ တပည့်ပဲလေ .... ချင်ယိ က ခန်းမသခင်ရဲ့သမီးမဟုတ်လား..."

လီချင်းဖုန်းက ပြုံးပြီး တုံ့ပြန်လိုက်သည်။ ထိုအချိန်တွင် ချင်လျန်၏အမည်ကို ဖော်ပြလိုက်သောကြောင့် လူတိုင်းအမူအရာလေးနက်ကုန်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ချင်လျန်နှင့်ပတ်သက်သည့် ကြီးမားသော အဖြစ်အပျက်တစ်ခု ရှိခဲ့သည်။ ထျန်းယွမ်တိုက်ကြီးရှိ လူတိုင်းသည် ကောင်းကင်ဧကရာဇ်သွေးမျိုးဆက် နှစ်ခုကြား ရန်ပွဲဖြစ်လုနီးနီး ဖြစ်ခဲ့သည့်အကြောင်း အားလုံးသိကြသည်။

ထိုအချိန်က ကောင်းကင်ဧကရာဇ်လီ သွေးမျိုးဆက်မှ လီတိုင်ရွှမ်နှင့်ကောင်းကင်ဧကရာဇ်လီချင်သွေးမျိုးဆက်မှချင်လျန်တို့စေ့စပ်ခဲ့သည်။

သို့သော်လည်း လီတိုင်ရွှမ်သည် စီစဉ်ပေးထားသော အိမ်ထောင်ရေးကို စိတ်မဝင်စားပေ။ ယင်းအစား သာမန်နောက်ခံမှ ဆင်းသက်လာသော တန်တိုင်လန်ကို ချစ်မိသွားခဲ့သည်။ လီတိုင်ရွှမ် သည် လက်ထပ်ပွဲကို လူသိရှင်ကြား ပြောင်ပြောင်တင်းတင်း ငြင်းဆိုခဲ့သဖြင့် ခန်းမသခင်ချင်လျန် ဒေါသထွက်ခဲ့သည်။ ခန်းမသခင်ချင်လျန် ဦးစီးသော မီးကြာပန်းခန်းမသည် နဂါးစွယ်ကလန်နှင့် မည်သို့မျှ ပတ်သက်ခြင်းမပြုရန် လျှို့ဝှက်အမိန့်ထုတ်ထားသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ ၎င်းတို့နှင့် ပဋိပက္ခများ သို့မဟုတ် ငြင်းခုံမှုများ ပေါ်ပေါက်လာပါက အခြေအနေကို ဖြေရှင်းရန် သေသည်အထိ တိုက်ပွဲဝင်ကြရပေမည်။ လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ ထျန်းယွမ်တိုက်ကြီးမှ ထွက်ခွာပြီးနောက်တွင် ဤအကြောင်းအရာများကို တဖြည်းဖြည်းမေ့လျော့လာကြသည်။

ဒါပေမယ့် လီလော့ ပြန်ရောက်တာနဲ့ အဟောင်းတွေ အသစ်ပြန်ဖြစ်ခဲ့ချေပြီ....

လီတိုင်ရွှမ်နှင့်တန်တိုင်လန်၏သားအကြောင်း ခန်းမသခင်ချင်လျန် ကြားခဲ့လျှင်????နဂါးစွယ်ကလန်မှ လီကျင်းဇယ်က အတိတ်ကို မေ့ထားပေးမယ့်.. လက်ရှိမျိုးဆက်တွေက ဒါကို ဘယ်လိုတုံ့ပြန်မလဲ.....

"နဂါးသွေးကလန်အကြီးအကဲရဲ့ မွေးနေ့ ရောက်တော့မယ်မလား?" လီဟုန်လိက အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

လီဟုန်လိ၏ ဆိုလိုရင်းကိုနားလည်သဖြင့် လီချင်းဖုန်းက ခေါင်းညိတ်လိုက်ကာ....

"တောင်တန်းအုပ်ချုပ်သူ အကြီးအကဲတစ်ယောက်အနေနဲ့ လေးစားရတဲ့ အကြီးအကဲဟာ ကောင်းကင်ဧကရာဇ် ချင်ရဲ့သွေးမျိုးဆက်နဲ့ အမြဲတမ်း နီးစပ်ချင်ခဲ့တယ်.... ဒါကြောင့်မို့ သူ၏မွေးနေ့အတွက် ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်ရဲ့ ဧည့်သည်တွေကို ဖိတ်ကြားမယ်လို့ပြောတာကြားဖူးတယ်.... ခန်းမသခင်ချင်လျန်လည်း လာလိမ့်မယ်ထင်တယ်...."

လီဟုန်လိ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ခန်းမသခင်ချင်လျန်က လွယ်လွယ်နဲ့ ခွင့်လွှတ်ပြီး မေ့ပျောက်နိုင်တဲ့သူ မဟုတ်ဘူး....သူ့ကိုဖိတ်ခဲ့ရင်... ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ထင်တယ်

လီချင်းဖုန်းက ပြုံးလိုက်ပြီး....

" အမှန်တော့ ခန်းမသခင်ချင်လျန်လာရင် ဖန်းဟွာအဆင့်သတ်မှတ်ချက်မှာ နာမည်ကြီးတဲ့ တပည့်နဲ့ ချစ်လှစွာသော သမီးလေးကိုခေါ်လာမှာပဲ... အဲ့အခါကျရင် ပဋိပက္ခအချို့ မလွဲမသွေ ပေါ်လာလိမ့်မယ်...."

မည်သို့ပင်ဆိုစေကာမူ ဤအရာသည် သူတို့နှင့် မသက်ဆိုင်ပေ။ ဒါတွေက နဂါးစွယ်ကလန်က အစပြုခဲ့သော ပြဿနာများပင်....

ထို့ကြောင့် လီချင်းဖုန်းက မတ်တပ်ရပ်ကာ တံခွန်အဖွဲ့အဖွဲ့ဝင်များကို ဦးဆောင်ကာ ရင်ပြင်မှ ထွက်သွားခဲ့သည်။

နတ်ဆိုးလှိုဏ်ဂူ စူးစမ်းလေ့လာရေးခရီးပြီးဆုံးခဲ့ချေပြီ... မထင်မှတ်ထားသောအရာများလည်းဖြစ်လာခဲ့သည်။

All Chapters