စီးဆင်းနေသော မိုးကြိုးနဂါးအစွယ်
Vol. 56 Ch. 780
လီလော့၏ ပထမဆုံးအကြိမ် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးသည် အံ့ဖွယ်ဆုလာဘ်များနှင့်အတူ ပြီးဆုံးခဲ့သည်။ မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲကို အနိုင်ယူခြင်းမှ ရရှိသော အမြတ်များကို ထပ်ပေါင်းလိုက်လျှင် သူသည် စုစုပေါင်း အဲ့မိုကွမ်းစွမ်းအင် အလင်းတန်း ငါးရာ သို့မဟုတ် ခြောက်ရာကျော်ရရှိခဲ့သည်။
၎င်းသည် တစ်လခွဲနီးပါးကျင့်ကြံခြင်းနှင့် ညီမျှသည်။
ဤမျှကြီးမားသောဆုလာဘ်များနှင့်အတူ၊ နတ်ဆိုးလှိုဏ်ဂူ ပြန်ဖွင့်တိုင်း လူတိုင်း အဘယ်ကြောင့် စိတ်လှုပ်ရှားနေကြသည်ကို အံ့သြစရာမဟုတ်ပေ။
သူ့အတွက် ပျော်ရွှင်မှုတွေကို ခံစားပြီးနောက် လီလော့ဟာ နောက်တစ်ကြိမ် လေ့လာရေးခရီးကို စောင့်မျှော်နေပြီဖြစ်သည်။
ထို့အပြင်၊ သူသည် ဆုလာဘ်များရခဲ့သည့်အပြင် သူ့ကိုယ်ပိုင်ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်ခဲ့သည်။
မဟူရာသွေးတံခွန်အဖွဲ့၏တတိယတပ်ခွဲကို ရှေ့တန်းတပ်အဖြစ် မသတ်မှတ်ထားသော်လည်း၊ ၎င်းတို့သည် လက်ရှိတွင် အဆင့် ၉ ရှိသော မဟူရာသွေးတံခွန်အဖွဲ့ ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့တံခွန်အဖွဲ့၏ ခွန်အားသည် အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။ အောင်ပွဲနှင့်အတူ လီလော့သည် လူတိုင်း၏မျှော်လင့်ချက်များကို ကျော်လွန်ခဲ့ပြီး ကောင်းကင်နဂါးကလန်ငါးခုတွင် နာမည်ရလာခဲ့သည်။
ဒီအောင်ပွဲက သူ့အတွက် ရိုသေလေးစားမှုကို ဆောင်ကြဉ်းရန် မလုံလောက်သော်လည်း လီတိုင်ရွှမ်၏သား မည်မျှ ထူးချွန်သည်ကို လူအများ သတိပြုမိလာကြသည်။
တကယ်တော့ ဂုဏ်သတင်းတည်ဆောက်ဖို့ အချိန်လိုအပ်ပေသည်။ ဒီအတွက် လီလော့ဟာ ကောင်းမွန်တဲ့ အဖွင့်ခြေလှမ်းကိုစတင်နိုင်ခဲ့သည်။
သွားရမည့်လမ်းက ရှည်လျားသည်။ မဝေးတော့သောအနာဂတ်တွင်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့အပေါ်ကျရောက်လာမည့် မထီမဲ့မြင်အကြည့်များ လျော့ပါးသွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သားဖြစ်သူအနေဖြင့် လွန်ခဲ့သည့်နှစ်များက ဖခင်ဖြစ်သူက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သို့ ယူဆောင်လာခဲ့သည့် ဂုဏ်အသရေကို ထိန်းသိမ်းထားရမည်ဖြစ်သည်။
နတ်ဆိုးလှိုဏ်ဂူလေ့လာရေးခရီးအပြီးတွင် လီကျင်းထောင်နှင့်လီဖန်းရိတို့သည် လီလော့နှင့်၎င်းတို့၏တံခွန်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့်အတူ အောင်ပွဲခံ အခမ်းအနားကျင်းပဖို့ လီလော့ကို ဆွဲခေါ်သွားကြသည်။ လီလော့ကလည်း နဂားစွယ်ကလန်တွင် ဆက်သွယ်ရေးကွန်ယက် ချဲ့ထွင်ရန် အခွင့်အရေးကောင်းမှန်းသိသောကြောင့် မငြင်းခဲ့ပေ။
လီလော့ ဤအခွင့်အရေးအတွက် ကျေးဇူးတင်နေမိသည်။ တစ်ချိန်တည်းမှာပင် သူ့အစ်ကိုနှင့်အစ်မတို့၏ ကြင်နာမှုနှင့် ဂရုစိုက်မှုတို့ကြောင့် အမှန်တကယ် စိတ်သက်သာရာရခဲ့သည်။ နောက်ဆုံးတွင် နဂါးစွယ်ကလန်သို့မရောက်မီ သူ၏အကြီးမားဆုံးသောစိုးရိမ်မှုသည် အကျိုးစီးပွားပဋိပက္ခကြောင့် မိသားစုဝင်များထံမှ ခွဲခြားဆက်ဆံခံရမှုနှင့် စိန်ခေါ်မှုများဖြစ်သည်။
ရှပြည်ထောင်စု၏တော်ဝင်မိသားစုတွင် အာဏာရရှိရေး ကြိုးပမ်းမှုကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။ လိုအပ်ပါက တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသော်လည်း လီကျင်းထောင် နှင့် လီဖန်းရိက သူ့ကို လက်ခံသည့်အတွက် ဝမ်းသာမိပါသည်။ ယခု သူသည် ကျင့်ကြံမှုအပေါ်
အပြည့်အဝ အာရုံစိုက်နိုင်နေပြီဖြစ်သည်။
…….......
သူ၏ ပထမဆုံး နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးအပြီးတွင် လီလော့ ၏နေ့ရက်များ ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ခဲ့သည်။
နတ်ဘုရားဆေးလုံးကို သုံးရက်လုံးလုံး သန့်စင်ပြီးနောက် ရေအလင်းပဲ့တင်ထပ်သံ နန်းတော်၌ အဲ့မိုကွမ်းအလင်းတန်း နှစ်ထောင့်ခုနှစ်ရာခန့် ရှိနေပြီဖြစ်သည်။
ယခု သူသည် သူ၏ ပန်းတိုင်ဖြစ်သော ငါးထောင်သို့ ရောက်ရန် လမ်းတစ်ဝက်ကျော်ရှိနေပြီဖြစ်သည်။
ကျန်ရက်များတွင် သူသည် ပဉ္စမတပ်ခွဲနှင့် သဟဇာတဖြစ်မှုတိုးတက်စေရန် အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့ကြားတွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုဖြင့်၊ သဟဇာတဖြစ်မှုအခြေအနေတွင် စွမ်းအင်များ ပိုမိုကောင်းမွန်စွာ စီးဆင်းနိုင်မည်ဖြစ်သည်။
ထို့အပြင် ပထမတပ်ခွဲမှလွဲ၍ ကျန်သုံးသင်းသည် သူ့အပေါ် ပို၍ယဉ်ကျေးဖော်ရွေလာခဲ့သည်။ အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သွားတိုင်း ပြုံးပြီး နှုတ်ဆက်ကြလိမ့်မည်။
ဒါဟာ နတ်ဆိုးလှိုဏ်ဂူမှာ အနိုင်ရပြီးနောက် လီလော့ရဲ့ ခွန်အားကို အသိအမှတ်ပြုခဲ့ကြခြင်းပင် ...
သို့ရာတွင်၊ ကျုံးလင်ကတော့ လီလော့ အပေါ် မနာလိုမှုနှင့် ရန်လိုမုန်းတီးမှုများကို ပွင့်ပွင့်လင်းလင်း ပြသခဲ့ပြီး ပထမနှင့် ပဉ္စမတပ်ခွဲကြား ဆက်ဆံရေး တင်းမာသွားစေသည်။
ထို့အပြင် တပ်ခွဲတစ်ခုစီကြား အပြန်အလှန်ဆက်သွယ်မှုများလည်း ပြောင်းလဲခဲ့သည်။ ပဉ္စမတပ်ခွဲအဖွဲ့ဝင်များသည် မဟူရာသွေးတံခွန်အဖွဲ့ ၏တတိယတပ်ခွဲကိုအနိုင်ယူပြီးနောက် ပိုမိုယုံကြည်မှုရှိလာခဲ့သည်။ သူတို့အနေဖြင့် ပထမတပ်ခွဲထက် အားနည်းနေမည်မဟုတ်ကြောင်း သိခဲ့ကြပြီး အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။ ၎င်းတို့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့အတွက် ရှေ့ပြေးအဖွဲ့ကောင်း ဖြစ်လာနိုင်သည်။
မည်သို့ပင်ဆိုစေ၊ လီလော့ကတော့ ကျင့်ကြံရေးကိုသာ နေ့စဉ် အာရုံစိုက်နေခဲ့သည်။
ရလဒ်အနေဖြင့်၊ ရေအလင်းပဲ့တင်ထပ်သံနန်းတော်ရှိ အဲ့မိုကွမ်းအလင်းတန်းများ အံ့သြဖွယ်အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။
ထို့အပြင်၊ သူသည် ထိုအချိန်အတောအတွင်း ပိုမိုအားကောင်းသော နဂါးအဆင့်ပညာရပ်တစ်ခုရှာဖွေရန် တံခွန်လေးခုစံအိမ်သို့သွားခဲ့သည်။
သူ့ရဲ့ စဉ်ဆက်မပြတ် တိုးတက်မှုတွေကို ဖြည့်ဆည်းဖို့ တိုက်ခိုက်မှုအသစ်တစ်ခု လိုအပ်နေသည်။ မရဏမြစ်၏မဟူရာနဂါးအလံတော်သည် ကြောက်မက်ဖွယ်အစွမ်းသတ္တိရှိသော်လည်း သာမန်အခြေအနေများအတွက် မသင့်လျော်နိုင်ပေ။
ရေတစ်ထောင်ဓားစက်ဝန်းသည် နောက်ဆုံးတွင် ကျားအဆင့်ပညာရပ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ၎င်း၏ စွမ်းအားသည် နဂါးအဆင့်ပညာရပ်နှင့် နီးစပ်သော်လည်း တီထွင်ဖန်တီးမှုတစ်ခုဖြစ်သောကြောင့် အကန့်အသတ် ရှိနေသေးသည်။
ထို့ကြောင့်၊ နဂါးအဆင့်ပညာရပ်ကို ကျွမ်းကျင်ရန်မှာ သူ့အတွက် အရေးကြီးပါသည်။
တံခွန်လေးခုစံအိမ်တွင် အရင်းအမြစ်များ ပေါများနေသော်လည်း၊ လော့လန်အိမ်တော်၏အရင်းအမြစ်များနှင့် ဝေးကွာနေသေးသည်။ လီလော့ နှစ်ရက်တာလုံး ရှာဖွေပြီးသည့်တိုင် စိတ်ကျေနပ်စရာ တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ။
ဒါက သူ့ရဲ့ မြင့်မားတဲ့ လိုအပ်ချက်တွေကြောင့်လည်း ဖြစ်ပေလိမ့်မည်။
သူသည် လေးနှင့်တွဲ၍ အသုံးပြုနိုင်သော အစွမ်းထက်သော နဂါးအဆင့်ပညာရပ်ကို လိုချင်သည်။ ကျင်းစဲ့ယွီရှန်းဓားကို ကအသုံးပြုခဲ့သော်လည်း အစကတည်းက လေးနှင့်မြှားကို အမှန်တကယ်နှစ်သက်ခဲ့သည်...
၎င်းအပြင်၊ နဂါးအဆင့်ပညာရပ်သည် သူ၏ပဲ့တင်ထပ်သံနှစ်ခုနှင့် လိုက်လျောညီထွေရှိရန် လိုအပ်သောကြောင့် ရှာရပိုခက်နေသည်။
လီလော့ စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။
ကံကောင်းစွာဖြင့်၊ တံခွန်လေးခုစံအိမ်သို့ ခေါ်ဆောင်လာသူ လီဖန်းရိသည် လိုချင်သောအရာရှိပါက သူ၏ချိတ်ဆက်မှုများကို အသုံးပြုနိုင်ကြောင်း တိတ်တဆိတ် သတိပေးခဲ့သည်။
နောက်တစ်နေ့တွင် လီလော့ နဂါးစွယ် တောင်၏နောက်ဘက်တောင်တန်းဆီသို့ ဦးတည်သွားခဲ့သည်။
လီကျင်းဇယ်က လီလော့ အလည်လာသဖြင့် ကျေနပ်အံ့သြသွားသော်လည်း တခဏအတွင်း သူ့မျက်နှာက ပုံမှန်အတိုင်း လေးနက်နေခဲ့သည်။
သူတို့နှစ်ယောက် နေ့တစ်ဝက်ကျော်ကြာအောင် စကားစမြည်ပြောဖြစ်ခဲ့ကြသည်။
သေရည်သောက်ထားသောအရှိန်ကြောင့် လီလော့ကတောင်းဆိုမှုပြုလုပ်ရန် သတ္တိရှိလာခဲ့သည်။
"အိုးးဒါဆို မင်းကလိုချင်တာရှိလို့လာခဲ့တာပေါ့...."
လီကျင်းဇယ်က ရယ်မောလိုက်ပြီး ဝတ်ရုံထဲမှ ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူလိုက်ရာ ၎င်းတွင် မိုးကြိုး
အရိပ်အယောင်များ ဖုံးကွယ်ထားသည်ကိုခံစားလိုက်ရသည်။
သူက လီလော့ဆီကို ကျောက်စိမ်းပြား လွှဲပေးရင်းနဲ့..... "ဒါက ငါအရင်က ကျင့်ကြံခဲ့တဲ့ကျင့်စဉ်ပဲ.... မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်" ဟု ရှင်းပြခဲ့သည်။
လီလော့က ဝမ်းသာအားရ လက်ခံလိုက်သည်။ ကျောက်စိမ်းပြားကို ကိုင်လိုက်သည်နှင့် များပြားလှသော သတင်းအချက်အလတ်များ စိတ်အာရုံကို လွှမ်းခြုံသွားသည်။
အရည်အသွေးမြင့် နဂါးအဆင့်ပညာရပ်..... စီးဆင်းနေသောမိုးကြိုးနဂါးစွယ်......
ဤပညာရပ်သည်လီလော့ ပိုင်ဆိုင်သော မိုးကြိုးနဂါးပဲ့တင်ထပ်သံနှင့်အပြည့်အဝ လိုက်လျောညီထွေဖြစ်နေသည်။
"နတ်ဆိုးလှိုဏ်ဂူမှာ မင်းရဲ့ စွမ်းဆောင်မှုကို ငါကြားတယ်.... ဒါက မင်းအတွက် သေးငယ်တဲ့ ဆုလာဘ်လေးပါပဲ"
လီကျင်းဇယ်က လီလော့ ကို ကြည့်ရင်း ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘိုး!" လီလော့ က ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"ဒါပေမယ့်၊ ဒီပညာရပ်က နဂါးပဲ့တင်ထပ်သံစွမ်းအားလိုအပ်ရုံသာမကဘဲ မိုးကြိုး ပဲ့တင်ထပ်သံစွမ်းအားလည်း လိုအပ်တယ်..." ဟု လီကျင်းဇယ်က ရှင်းပြခဲ့သည်။
သူ့ရဲ့နက်နဲတဲ့အကြည့်ကိုပြန်ကြည့်လိုက်တော့ လီလော့က ရွှင်မြူးစွာဖြင့် ..
"အဘိုး..ကျွန်တော့်မှာ မိုးကြိုးပဲ့တင်ထပ်သံရှိနေတာ သိပြီးသားမလား...."
ထင်ရှားသည်မှာ၊ လီကျင်းဇယ် ဤပညာရပ်ကို ထုတ်ပေးရသည့် အကြောင်းအရင်းမှာ လီလော့၏ ပဲ့တင်ထပ်သံသုံးခုတွင် မိုးကြိုးစွမ်းအင် ရှိနေသည်ကို သတိပြုမိသောကြောင့် ဖြစ်သည်။
"မြေးလေး... မင်းက အံ့သြစရာတွေ ပြည့်နှက်နေတာ သေချာတယ်"
လီကျင်းဇယ် က ထိတ်လန့်စွာ တုံ့ပြန်ခဲ့သည်။ ဘုရင်အဆင့်တစ်ယောက်အနေနဲ့ သူ့ရဲ့ အာရုံခံနိုင်စွမ်းက ထူးခြားလှသည်။ ထို့အပြင် လီလော့က သူ့ရှေ့တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။
"ဒါဟာ ကြီးကြီးမားမား လျှို့ဝှက်ချက်မဟုတ်ပါဘူး၊ အဓိကနဲ့အကူဆိုပြီး ပဲ့တင်ထပ်သံနှစ်ခုဆီခွဲထားရုံပါ..." ဟု လီလော့က ရိုးရိုးသားသား ရှင်းပြခဲ့သည်။
"ဒါက တကယ်ကို ရှားပါးတဲ့ အရာပဲ.... ပဲ့တင်ထပ်သံတွေကို အဓိကနဲ့ အကူတွေအဖြစ် ခွဲထုတ်တာ တွေ့ရတာ မဆန်းပေမယ့်၊ မင်းမှာ စုစုပေါင်း ပဲ့တင်ထပ်သံစွမ်းအား ခြောက်မျိုး ရှိနေတယ်..."
"အကူပဲ့တင်ထပ်သံသုံးခုက တကယ့်ကို အားနည်းတယ် ..သူတို့က အဓိကပဲ့တင်ထပ်သံတွေကို ကူညီဖို့ပဲ ..."
"ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါပေမယ့် အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်"
"ဘာလို့လဲ?
လီကျင်းဇယ်က....
" လာမယ့်ရက်တွေမှာတော့ နဂါးသွေးကလန်က အဖိုးကြီးရဲ့ မွေးနေ့ပွဲ ကျင်းပတော့မှာ.... သူက ကောင်းကင်ဧကရာဇ် ချင်ရဲ့သွေးမျိုးဆက်က ချင်လျန်ကို ဖိတ်ကြားထားတယ်.... "
ထိုအချိန်တွင် လီလော့၏မျက်နှာပေါ်တွင် ပျောက်ဆုံးနေသောအကြည့်ကို သူသတိထားမိသည်။ အပြုံးဖြင့် အဖြစ်အပျက်များကို လီလော့အား စိတ်ရှည်စွာ ရှင်းပြသည်။
လီလော့ ဇာတ်လမ်းတစ်ခုလုံးကို ကြားပြီးနောက် နောက်ဆုံးတွင် နားလည်သွားသည်။
"ချင်လျန်မှာ ချူချင်း ဆိုတဲ့ တပည့်တစ်ယောက်ရှိတယ်....သူက ထျန်းယွမ်တိုက်ကြီးထဲက လူငယ်မျိုးဆက်တွေထဲမှာ အရည်အချင်းအရှိဆုံးသူပဲ....ပြီးတော့ ချင်လျန်မှာ အဆင့်ကိုးရေပဲ့တင်ထပ်သံရှိတဲ့ သမီးတစ်ယောက်လည်းရှိသေးတယ်....သူ့သမီး ချင်ယိက တိုက်ကြီးတစ်ခုလုံးမှာ ဘယ်သူမှမယှဉ်နိုင်အောင် လှပတယ်တဲ့”
"အဘိုး..ပြောချင်တာက ချင်လျန်က အဲဒီနှစ်ယောက်နဲ့ ကျွန်တော့်ကို ရန်တိုက်ပေးမယ်ပေါ့...."
"ချူချင်း က မင်းထက် အသက်ကြီးတယ်၊ ဒါကြောင့်မင်းကိုစိတ်လှုပ်ရှားစေမှာမဟုတ်ဘူး... ဒါပေမယ့် ချင်ယိနဲ့တွေ့တဲ့အခါ မင်းသတိထားရမယ်..."ဟု လီကျင်းဇယ်က နောက်ပြောင်လိုက်သည်။
လီလော့ ထိုစကားကြောင့် ဆွံအသွားသည်။ ချင်ယိကို အရင်က မတွေ့ဖူးပေမယ့် ဒီကိုပြန်ရောက်ကတည်းက ငန်းဝတုတ်လောက်လှတဲ့သူ မမြင်ဖူးသေးပေ။
ကျန်းချင်းအာနှင့် နှစ်ပေါင်းများစွာကုန်ဆုံးပြီးနောက်တွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကို အနည်းငယ် ယုံကြည်မှုရှိလာခဲ့သည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားဝိုင်းက ဒီမှာ ပဲပြီးသွားခဲ့သည်။ သူ့အဖိုးနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီးတဲ့ နောက်မှာတော့ ကျေနပ်မှုအပြည့်နဲ့ ပြန်လာခဲ့လိုက်သည်။
လီလော့ ထွက်သွားတာကို ကြည့်ပြီး လီကျင်းဇယ် စဉ်းစားမိလိုက်တာက.....
"လီလော့ရဲ့ ပဲ့တင်ထပ်သံတွေ... တကယ်ကို ထူးခြားတယ်...တိုင်ရွှမ်.. ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ဘာတွေဖြစ်ခဲ့တာလဲ....အဲ့တုန်းက ကောင်းကင်ဧကရာဇ် ချင်ရဲ့ တုံ့ပြန်မှုက လိုအပ်တာထက်ပိုနေတယ်....."