← Chapters

အောင်မြင်မှု.,.

Vol. 56 Ch. 781

အောင်မြင်မှု.,.

Vol. 56 Ch. 781

မကြာမီရက်များတွင်၊ လီလော့တို့ နတ်ဆိုးလှိုဏ်ဂူ စူးစမ်းလေ့လာရေးတွင် ပဉ္စမတပ်ခွဲကို ဦးဆောင်ပြီး အလွှာသုံးဆယ့်နှစ်ကို အောင်မြင်စွာ ရှင်းလင်းခဲ့သည်။

ဤတစ်ကြိမ်တွင်၊ ကျုံးလင်သည် နောက်ဆုံးလေ့လာရေးခရီးတွင် လုံးဝရှုံးနိမ့်ပြီးနောက် ရူးသွပ်စွာ မလုပ်ဆောင်ဝံ့တော့ပေ။ လီလော့ဘက်က ဦးဆောင်နေသော်လည်း အံကြိတ်နေရုံသာတတ်နိုင်ခဲ့သည်။ တတိယမြောက်နေ့တိုက်ပွဲအတွက် သူ၏ခွန်အားကို ထိန်းသိမ်းထားကာ အားလုံးကို ပြန်လည်အနိုင်ယူလိုခဲ့သည်။

ကံမကောင်းစွာပဲ၊ သူ၏တပ်ခွဲသည် နဂါးကြေးခွံကလန်၏ မြင့်မြတ်သောကြေးခွံတံခွန်အဖွဲ့ မှ ဒုတိယတပ်ခွဲနှင့် ကြုံတွေ့ခဲ့ရသည်။ မြင့်မြတ်သောကြေးခွံတံခွန်အဖွဲ့သည် တံခွန်အဖွဲ့များကြားတွင် ဒုတိယအဆင့်တွင် ရပ်တည်နေပြီး ၎င်းတို့နှင့်တွေ့ဆုံခြင်းသည် အဖတ်ဆယ်မည့်အစီအစဉ်ကို လုံးဝပြောင်းပစ်လိုက်သည်။

တိုက်ပွဲအတွင်း ပထမတပ်ခွဲ ပျက်သုန်းခဲ့သည်။

တစ်ဖက်တွင် လီလော့တို့ကတော့ သရေရလဒ်ဖြင့် ကံကောင်းခဲ့သည်။ သူတို့၏ ပြိုင်ဘက်သည် နဂါးအရိုးကလန်မှ ဖြစ်သည်။ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် အလွှာသုံးဆယ့်သုံးကိုလည်း အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့သည်။

ဒီလိုနဲ့ ဒုတိယအကြိမ် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီး ပြီးဆုံးသွားခဲ့သည်။ တစ်ဖန်၊ လီလော့၏ ဦးဆောင်မှုအောက်တွင် ပဉ္စမတပ်ခွဲသည် အစိမ်းရောင်နယ်သာတံခွန်၏ တပ်ခွဲငါးခုတွင် အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ကျော်ကြားလာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ လီလော့သည် နောက်ထပ်ဆုကြေးအဖြစ် အဲ့မိုကွမ်း အလင်းတန်းငါးရာကို ရရှိခဲ့သည်။

နောက်ထပ် ဆယ်ရက်လောက် ကျင့်ကြံပြီးသည့်အခါ သူ့ရဲ့ ရေအလင်း ပဲ့တင်ထပ်သံနန်းတော်ထဲတွင် အလင်းတန်း လေးထောင်ကျော် ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူသည် ဆက်လက်၍ ကြိုးစားခဲ့သည်။

နောက်ဆုံးတွင်၊ သူ၏ ရေအလင်းပဲ့တင်ထပ်သံနန်းတော်ရှိ အဲ့မိုကွမ်းအလင်းတန်း အရေအတွက်သည် နဂါးစွယ်ကလန်သို့ရောက်ရှိပြီး တစ်လအကြာတွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။

…….......

အခန်းထဲတွင်....

လီလော့သည် ရေအလင်းရပဲ့တင်ထပ်သံ နန်းတော်အတွင်းရှိ ငှက်ငယ်လေးများကဲ့သို့ လှည့်ပတ်ပျံသန်းနေသော အမှုန်အမွှား အလင်းတန်းငါးထောင်ကို အာရုံခံစားနိုင်ခဲ့သည်။ သူအရမ်းပျော်နေသည်။ ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်းကြိုးစားခဲ့ပြီးနောက် ရေအလင်း နန်းတော်အတွက် အဲ့မိုကွမ်းအလင်းတန်းငါးထောင်ကို မွေးမြူနိုင်ခဲ့သည်။

ဤသို့ဖြင့်၊ နောက်ဆုံးတွင်၊ သူသည် အဲ့မိုကွမ်းစွမ်းအင်ကို အသုံးပြု၍ သူ၏ ပဲ့တင်ထပ်သံ နန်းတော်ကို ခိုင်မာစေမည့် နောက်အဆင့်ကို စတင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်အတွက် အသင့်ဖြစ်နေပါပြီ။

သာမာန်အားဖြင့် ပြောရလျှင် ဤအဆင့်တွင် လုပ်ငန်းစဉ် ပြီးမြောက်ရန် စိတ်ရှည်စွာ စောင့်ဆိုင်းရလေ့ရှိသည်။

သို့သော် လီလော့သည် သူ၏ ပထမဆုံး ပဲ့တင်ထပ်သံနန်းတော်ကိုသာ အကန့်အသတ်ရောက်အောင်ဖြည့်နိုင်သေးသည်။ သူ့နောက်မှာတော့ သစ်သားပဲ့တင်ထပ်သံ နန်းတော်နဲ့ မိုးကြိုးနဂါး နန်းတော်တို့က လစ်လပ်နေဆဲပင်...

အကယ်၍ အဲ့မိုကွမ်းစွမ်းအင်များ ပိုမိုရရှိနိုင်ပါက၊ လုပ်ငန်းစဉ်ကို မြှင့်တင်နိုင်ပြီး အရှိန်မြှင့်နိုင်မည်ဖြစ်သည်။

ထို့ကြောင့်၊ လီလော့သည် သူ၏ရေအလင်းပဲ့တင်ထပ်သံနန်းတော်မှ ပိုလျှံနေသော အလင်းတန်းများကို လမ်းကြောင်းပြောင်းကာ အခြား ပဲ့တင်ထပ်သံ နန်းတော်နှစ်ခုတွင် သိမ်းဆည်းထားရုံသာမက၊ ၎င်းတို့သည် ရေအလင်းပဲ့တင်ထပ်သံ နန်းတော်၏ အားကောင်းလာမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ကူညီပေးခဲ့သည်။

၎င်းသည် ပဲ့တင်ထပ်နှစ်ခု ရှိသူများအတွက် အမှန်တကယ် အားသာချက်တစ်ခုဖြစ်သည်။

လီလော့သည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်၏ အားကောင်းသည့်အပိုင်းကို အာရုံစိုက်ခဲ့သည်။ နောက်အခိုက်အတန့်တွင်၊ ရေအလင်း ပဲ့တင်ထပ်သံ နန်းတော်အတွင်းမှ အလင်းတန်းငါးထောင်တို့သည် နဂါးအရိပ်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ လျင်မြန်စွာ ပေါင်းစပ်သွားလေသည်။

နဂါးအရိပ်သည် ပါးစပ်ကိုဖွင့်ကာ ကြီးမားသော နဂါးမီးတောက်များကို ပဲ့တင်ထပ်သံ နန်းတော်၏ နေရာအနှံ့အပြားသို့ မှုတ်ထုတ်လိုက်သည်။

နဂါးမီးတောက်တစ်ခုစီတိုင်းကြောင့် ရေအလင်းပဲ့တင်ထပ်သံ နန်းတော် အနည်းငယ်ပို၍ တောက်ပလာကာ ပိုမိုခိုင်ခံ့ကျယ်ဝန်းလာသည်ကို ခံစားနိုင်သည်။

လှိုင်းလုံးကြီးများ ပဲ့တင်ထပ်သံ နန်းတော်၏ အလယ်ဗဟိုတွင် စတင်ပေါ်လာပြီး ရေအလင်းပဲ့တင်ထပ်သံစွမ်းအားများ စုစည်းကာ ကြည်လင်ပြတ်သားသော ရေကန်တစ်ခုအဖြစ် ပေါ်လွင်လာသည်။

ပဲ့တင်ထပ်သံ နန်းတော်အတွက် ထိုသို့သော အဆင့်မြှင့်တင်မှုသည် ပဲ့တင်ထပ်သံ စွမ်းအားအတွက် ကောင်းချီးပေးနေသလိုဖြစ်ပြီ ပိုမိုသန့်ရှင်းခိုင်ခံ့စေသည်။

ပြီးတော့ ပဲ့တင်ထပ်သံသုံးခုရှိသူမို့ လီလော့ ဒီလုပ်ငန်းစဉ်မျိုးကို စုစုပေါင်း သုံးကြိမ် လုပ်နိုင်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် ပဲ့တင်ထပ်သံ စွမ်းအားများ တိုးပွားလာပြီး နောက်ဆုံးတော့ မျက်လုံးတွေကို ဖွင့်လိုက်သည်။ ဤအရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ရန် ရက်အနည်းငယ်သာ လိုတော့မည်ဖြစ်သည်။

ဤသို့ဖြင့်၊ သူသည် နောက်ဆုံးတွင် ရေအလင်းရောင် ပဲ့တင်ထပ်သံနန်းတော်ကို နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။

"ဒီတိုက်ကြီးက တကယ့်ကို အံ့မခန်းပဲ....ငါ့ရဲ့ တိုးတက်မှုက ရှပြည်ထောင်စုကထက်အများကြီး ပိုမြန်တယ်"

ဤသည်မှာ အရင်းအမြစ်များ၏ အရေးပါမှုဖြစ်သည်။

အရည်အချင်းရှိပြီး အရင်းအနှီးမရှိလျှင် လူတစ်ဦးသည် ဖြည်းဖြည်းချင်းသာ တိုးတက်မည်ဖြစ်သည်။ ၎င်းသည် အမှန်တကယ် အချိန်ကြာမြင့်မည်ဖြစ်ကာ အထူးသဖြင့် မြို့စားအဆင့်ကိုတက်လှမ်းဖို့ မ အကောင်းဆုံးအချိန်နှင့် လွဲချော်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ငယ်ရွယ်ပြီး အားအင်ပြည့်ဝနေတော့မည်မဟုတ်ပေ။ သူအများကြီးပိုကြိုးစားရမှာဖြစ်ပြီး အနာဂတ်မှာ အမီလိုက်နိုင်ဖို့ အခွင့်အလမ်းတွေနဲ့ ကံကောင်းမှုတွေလိုအပ်နေဉီးမည်သာ.....

ထိုအချိန်တွင် လီလော့ အခန်းထဲမှ ထွက်လာပြီး ရေကန်တစ်ခုဆီလျှောက်လာခဲ့သည်။

သူ့လက်ထဲမှာ အဖြူရောင်လေးတစ်လက်ရှိနေသည်။ ဤသည်မှာ ကြာရှည်စွာ မေ့လျော့နေခဲ့သော သိမ်းငှက်မျက်လုံးလေး ဖြစ်သည်။

၎င်းသည် လီလော့ အမှန်တကယ် နှစ်သက်ခဲ့သော အဖြူရောင် မျက်လုံးအဆင့် ရတနာတစ်ခုဖြစ်သည်။

သူ့တွင် လက်ရှိအသုံးပြုရန် ပိုမိုကောင်းမွန်သော ရှေးဟောင်းပစ္စည်းမရှိသောကြောင့်၊ လောလောဆယ်တွင် ဒါကိုသာသုံးရပေဉီးမည်။

လေးကြိုးဆွဲလိုက်သောအခါ မိုးကြိုးနဂါး ပဲ့တင်ထပ်သံစွမ်းအားများ သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး လေးညှို့ထဲစီးဆင်းသွားသည်။ထို့နောက် ပဲ့တင်ထပ်သံ စွမ်းအားများ စုစည်းလာကာ အဖြူရောင်မြှားတစ်စင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်နှင့်အမျှ သိမ်မွေ့သော ပြင်းထန်သော နဂားဟိန်းသံများ ကြားနိုင်သည်။

မြှားသည် အလွန်ရိုးရှင်းပုံရသော်လည်း ၎င်းပတ်၀န်းကျင်တွင် စီးဆင်းနေသော မီးခိုးရောင်အလင်းတန်းများသည် အကြောင်းတစ်ခုခုကြောင့် လူတို့အား ဖော်ပြ၍မရနိုင်သော ပြတ်သားမှုကို ပေးစွမ်းသည်။

ဧရာမနဂါးကြီး၏ ချွန်ထက်သော အစွယ်များနှင့်တူသည်။

ဤသည်မှာ လီကျင်းဇယ်ထံမှ ရရှိခဲ့သော အရည်အသွေးမြင့် နဂါးအဆင့်ပညာရပ်ဖြစ်သည်။

လွန်ခဲ့သည့်လတွင်၊ သူသည် ကျင့်ကြံခြင်း အပြင် ဤပညာရပ်ကို ကျွမ်းကျင်စေရန်အတွက် အာရုံစိုက်နေခဲ့သည်။

နဂါးနှင့် မိုးကြိုး ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုစလုံး လိုအပ်သောကြောင့် လေ့လာရန် အမှန်တကယ် ခက်ခဲသောပညာရပ်တစ်ခုဖြစ်သည်။ ပျမ်းမျှလူတစ်ယောက်အတွက် ၎င်းကိုလေ့လာရန် အထူးခက်ခဲနိုင်သော်လည်း လီလော့အတွက်တော့ ပြီးပြည့်စုံသည်။

ထို့အပြင် လီလော့သည် ပဲ့တင်ထပ်သံပညာရပ်ပိုင်းတွင် အလွန်ထူးချွန်သူဖြစ်သည်။ ပြီးခဲ့သောလတွင် အကြိမ်ကြိမ်ကျရှုံးပြီးနောက် ဤပညာရပ်၏အသုံးဝင်မှုကို စတင်နားလည်လာခဲ့သည်။

လေးညှို့ပေါ်တွင် မီးခိုးရောင်နှင့် အဖြူရောင် နဂါးအစွယ်မြှား ပေါ်လာသောအခါ၊ လီလော့သည် သူ၏ မိုးကြိုး ပဲ့တင်ထပ်သံကို တည်ငြိမ်စွာ ညွှန်ကြားခဲ့သည်။ လှပဆန်းကြယ်သော မိုးကြိုးလျှပ်စီးအချို့ နဂါးအစွယ်မြှား၏အမြီးပိုင်းတွင် ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

၎င်းတို့ ပေါ်ပေါက်လာသည်နှင့်အမျှ မြှားမှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ မြှားကိုယ်တိုင်က မိုးကြိုးတစ်စင်းလိုဖြစ်နေသည်။

ပြင်းထန်သော မိုးခြိမ်းသံ ထွက်ပေါ်လာသည်။

လီလော့ လေးညှို့တင်နေချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်စပြုလာသည်။

ဒါဟာ ဤပညာရပ်၏ ကန့်သတ်ချက်ဖြစ်ကြောင်း ပြောနိုင်သည်။ ပန်းတိုင်ရောက်ဖို့ မျက်လုံးကို မှိတ်ထားရင်း လက်ချောင်းတွေကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး မြှားကို လွှတ်လိုက်သည့်အခါ.....

ဝုန်းးးးးးးး

ကျယ်လောင်သော မိုးခြိမ်းသံ ခြိမ့်ခြိမ့်ညံနေသည်။

မြှားတစ်စင်းက လေဟာနယ်ကိုဖြတ်၍ ၎င်းရှေ့ရှိ ရေကန်ကို နှစ်ပိုင်းခွဲထားသည်။ နောက်ဆုံးတွင် ရေကန်အလယ်ရှိ သန္တာကျောက်တန်းတစ်ခုကို မထိမှန်မီတွင် အဆိုပါအလင်းတန်းများသည် ဖော်ပြမပြနိုင်သော အရှိန်အဟုန်ဖြင့် ပေထောင်ပေါင်းများစွာကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သန္တာကျောက်တန်းများ အပိုင်းပိုင်းကျိုးသွားကာ ရေလှိုင်းကြီးများသည် ကမ်းစပ်ဆီသို့ လိမ့်တက်လာကြသည်။

လီလော့ ကျေနပ်စွာ ပြုံးလိုက်သည်။

တစ်လလုံး အလုပ်ကြိုးစားပြီးနောက် ဒါဟာ ပထမဆုံး အောင်မြင်မှုဖြစ်သည်။

"စွမ်းအားသိပ်သုံးစရာမလိုဘူး....မဏရမြစ်ရဲ့မဟူရာနဂါးအလံတော်နဲ့ ယှဉ်ရင်၊ ပိုလက်ခံနိုင်လောက်တယ် ...ရေတစ်ထောင်ဓားစက်ဝန်းနဲ့ယှဉ်ရင်တော့ ဒါက ပိုအားကောင်းတယ်....."

နောက်ကျောကနေ လက်ခုပ်တီးသံတွေ ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ ကျောက်ယန်ဇီက သစ်ပင်ကြီးအောက်တွင် တစ်ယောက်တည်း ငြိမ်သက်စွာ ရပ်နေပြီး သူမ၏ ချစ်စရာကောင်းသော ပါးပြင်ပေါ်တွင် အံ့သြသောအပြုံးတစ်ခုရှိနေသည်။

"ဂုဏ်ယူပါတယ် အဖွဲ့ခေါင်းဆောင်.. စွဲမက်ဖွယ်ကောင်းတဲ့ ပဲ့တင်ထပ်သံပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီ.... "

ကျောက်ယန်ဇီက အမူပိုစွာ ခပ်ချွဲချွဲပြောနေသော်လည်း လီလော့ကတော့ ဂရုမစိုက်ဘဲ နေခဲ့သည်။ သူသည် လေးကိုပြန်သိမ်းကာ လမ်းလျှောက်နေရင်း....

"ဘာတွေထူးလဲ?" ဟုမေးလိုက်သည်။

"ဒီနေ့ ငါတို့ လစဉ် ထောက်ပံ့ကြေးတွေ လက်ခံရမယ့်နေ့ပဲ.... ဒုတိယခန်းမသခင်နဲ့ တတိယခန်းမသခင်တွေ ကိုယ်တိုင်လာမယ်လို့ကြားတယ်"

လစဉ်လတိုင်း၊ အစိမ်းရောင်နယ်သာတံခွန်ကို ပေးဆောင်သည့် အရင်းအမြစ်များစွာရှိမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ရရှိသောတပ်ခွဲတစ်ခုစီ၏ လစဉ်ထောက်ပံ့ကြေးများနှင့် ဆက်စပ်နေပါသည်။

အရင်တုန်းကတော့ အစိမ်းရောင်နယ်သာတံခွန်မှာရှိတဲ့ တပ်ခွဲတစ်ခုစီတိုင်းက အညီအမျှ မျှဝေခဲ့ပါတယ်။

သို့သော် ကျုံးလင် ခေါင်းဆောင် ဖြစ်လာပြီးနောက် ပထမတပ်ခွဲသို့ ဆယ်ရာခိုင်နှုန်း ထပ်မံခွဲဝေပေးခဲ့သည်။ တစ်ဖက်တွင်မူ ပထမတပ်ခွဲ၏ တံခွန်အဖွဲ့ဝင်များ၏ နှလုံးသားကို အနိုင်ယူလိုခဲ့သည်။ တစ်ဖက်ကလည်း သူ့စွမ်းရည်ကို ပြသချင်သည်။

ရလဒ်အနေဖြင့် ပထမတပ်ခွဲသည် စုစုပေါင်းအရင်းအမြစ်၏ သုံးဆယ်ရာခိုင်နှုန်းကို ရရှိခဲ့သည်။

ဒုတိယ၊တတိယနှင့်စတုတ္ထတန်းခွဲများက ၂၀ ရာခိုင်နှုန်းရရှိခဲ့ကြပြီး ခေါင်းဆောင် မရှိခဲ့တဲ့ ပဉ္စမတပ်ခွဲကတော့ ဆယ်ရာခိုင်နှုန်းပဲ ရခဲ့သည်။

တစ်နည်းအားဖြင့် ကျုံးလင်သည် ပဉ္စမတပ်မ၏ ဆယ်ရာခိုင်နှုန်းကို သူ့ကိုယ်ပိုင်အတွက် လုယက်ခဲ့သည်။

ပဉ္စမတပ်ခွဲ​၏အဖွဲ့ဝင်အများအပြားက ၎င်းကိုမကျေမနပ်ဖြစ်ခဲ့ကြသော်လည်း ကျုံးလင်၏အဆင့်အတန်းနှင့် ပထမတန်းတပ်ခွဲ၏ရှေ့တန်းအဖွဲ့ရာထူးကြောင့် ဘာမှမပြောနိုင်ခဲ့ကြပေ။

သို့သော်၊ အခုတော့ အခြေနေတွေမတူတော့ပေ။ လီလော့ ထိုအကြောင်းကို ကြားသိပြီးနောက် ငြိမ်နေဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။

ဤအချိန်သည် သူ့အတွက် အရင်းအမြစ်များအရေးတကြီး လိုအပ်သော ကာလဖြစ်သည်။ထို့ကြောင့် ကျုံးလင်၏ ပြောင်ပြောင်တင်းတင်း ဓားပြတိုက်မှုကို မည်သို့ လက်ခံနိုင်မည်နည်း။

ကျုံးလင်၏ အဆင့်အတန်းကို သူနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

All Chapters