← Chapters

အရင်းအမြစ်ခွဲဝေခြင်း.....

Vol. 56 Ch. 782

အရင်းအမြစ်ခွဲဝေခြင်း.....

Vol. 56 Ch. 782

အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်း၏ပင်မအဆောက်အဦးတွင်.....

လီလော့ ခန်းမထဲသို့ရောက်သောအခါ အစိမ်းရောင်နယ်သာခန်းမ၏ဒုတိယခန်းမသခင်ကျုံးယုရှီ နှင့် တတိယခန်းမသခင် လီရုန်ယွင့်တို့ ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

ကျုံးယုရှီက လီလော့ကိုမြင်သောအခါ ခေါင်းညိတ်ရုံသာ ညိတ်ပြခဲ့သည်။

ပုံမှန်အခြေအနေအရဆို တပ်ခွဲခေါင်းဆောင်တစ်ယောက်က ခန်းမသခင် ထံမှ ထိုသို့သော အသိမှတ်ပြုမှုကို လက်ခံရရှိမည်မဟုတ်ပေ။ ဒါပေမယ့် လီလော့ကတော့ အထူးတလည်ပင် သူသည် ကလန်အကြီးအကဲ၏မြေးဖြစ်ပြီး ခန်းမသခင် လီတိုင်ရွှမ်၏သားဖြစ်သည်။

၎င်းသည် နဂါးစွယ်ကလန်၏ အကောင်းဆုံးနောက်ခံဖြစ်ပြီး မည်သည့်နေရာတွင်မဆို အထူးဂရုစိုက်ခံရမည်သာ....

သူ့နောက်ခံသမိုင်းကြောင်းကြောင့်မဟုတ်ရင် ကျုံးယုရှီက လီလော့ကို ရှိသည်လို့ပင်သတ်မှတ်မည်မဟုတ်ပေ။

လီရုန်ယွင့်က နွေးထွေးစွာ ပြုံးကာ လီလော့ကို နှုတ်ဆက်ခဲ့သည်။ အစိမ်းရောင်နယ်သာတံခွန်တွင် လွန်ခဲ့သည့်လက သူ၏ အံ့မခန်းဖျော်ဖြေမှုကို သူမ ကြားသိခဲ့ရပြီး တံခွန်အဖွဲ့တွင် အခြေခံအုတ်မြစ်တည်ဆောက်ထားကြောင်း ကောင်းစွာသိရှိခဲ့သည်။

"မင်္ဂလာပါ ဒုတိယခန်းမသခင် ဒေါ်လေးယွင့်..." လီလော့ သူမ အနားကိုလျှောက်သွားတော့ သူ့နောက်တွင်ရပ်နေသော ကျောက်ယန်ဇီ၊ လီရှိနှင့် မုဘီတို့က ငြိမ်ငြိမ်လေးသာရပ်နေကြသည်။ ၎င်းတို့သည် အစိမ်းရောင်နယ်သာခန်းမ၏ အဆင့်မြင့်အမှုဆောင်များဖြစ်သည့်ခန်းမသခင် များဖြစ်သည်။ သူတို့ မသိလိုက်ဘဲ စော်ကားမိရင် သူတို့ရဲ့ အနာဂတ် ပျက်စီးသွားလိမ့်မည်။

ထိုအချိန်တွင် လီလော့က အစည်းအဝေးခန်းမကို တစ်ချက်ကြည့်လိုက်သည်။ ကျုံးလင်က အခြား လက်အောက်ခံ ခေါင်းဆောင် သုံးဦးနှင့်အတူ အေးစက်သော မျက်နှာထားဖြင့် ထိုင်နေပြီဖြစ်သည်။

"အဟမ်း.." ...အားလုံးထိုင်ပြီးသည်နှင့် ကျုံးယုရှီက ချောင်းဟန့်လိုက်ကာ....

"လူတိုင်းသိပြီးသားဖြစ်တဲ့အတိုင်း အစိမ်းရောင်နယ်သာတံခွန်ရဲ့ တိုးတက်မှုကို စစ်ဆေးပြီး ဒီလအတွက် အရင်းအမြစ်တွေ ဖြန့်ဝေဖို့ ငါတို့ရောက်လာတာ.. အရင်းအမြစ်အားလုံးကို တပ်ခွဲခေါင်းဆောင်တွေဆီလွှဲပေးမှာမို့ အဆင်ပြေသလိုခွဲဝေလိုက်ကြ...."

ဤအခိုက်အတန့်တွင် သူသည် လီလော့ ကို လှည့်ကြည့်ကာ နူးညံ့သော အပြုံးဖြင့်...

"ခေါင်းဆောင်လီလော့နဲ့ သူ့ရဲ့ ပဉ္စမတပ်ခွဲက မကြာသေးမီက ကောင်းမွန်တဲ့

စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးပြီ...ဒီအတိုင်းဆက်ထိန်းထားပါ...."

ဒါကိုကြားတော့ လီလော့က ပြုံးပြီး.. "ကျေးဇူးတင်ပါတယ် ဒုတိယခန်းမသခင်....ဒါက ပဉ္စမတပ်ခွဲအဖွဲ့ဝင်တွေရဲ့ ကြိုးစားအားထုတ်မှု​ကြောင့်ပါ... သူတို့မပါဘဲနဲ့ ကျွန်တော်တစ်ယောက်တည်းလုပ်နိုင်မှာမဟုတ်ဘူး... ဒါကြောင့် အဖွဲ့ဝင် 1,500 ကို ကိုယ်စားပြုပြီး ပဉ္စမတပ်ခွဲအတွက်အသေးအမွှားမေတ္တာရပ်ခံချက်တစ်ခု တောင်းခံပါရစေ...."

ဒါက ကျုံးယုရှီကို အံ့အားသင့်စေခဲ့သည်။ သို့သော် သူသည် ဣန္ဒြေစောင့်ထိန်းကာ.... "ပြောပါ...."

လီလော့က မတောင်းဆိုခင် အုံ့မှိုင်းနေတဲ့ ကျုံးလင်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီလကစလို့ ပဉ္စမတပ်ခွဲအတွက် အရင်းမြစ်ခွဲဝေမှုမှာ အရင်တုန်းကလိုပဲ မျှော်မှန်းထားတဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ပြန်ရနိုင်မယ်လို့ မျှော်လင့်ပါတယ်....."

သူ့အနောက်မှာ ရပ်နေတဲ့ ကျောက်ယန်ဇီ က လေးလေးစားစားနဲ့ အနောက်ကနေ ကြည့်နေသည်။ သူသည် အထက်လူကြီးများကြား တောင်းဆိုသည့်တိုင် ကြောက်ရွံ့ခြင်းအလျင်းမရှိပေ။

အရင်တုန်းကလည်း ဒီလိုပဲ ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ကျုံးယုရှီ၏ အေးစက်သောအကြည့်ကြောင့် နောက်ဆုတ်ခဲ့ကြရသည်။

ဤတစ်ကြိမ်တွင် ကျုံးယုရှီက.... "ပဉ္စမတပ်ခွဲက ထူးထူးခြားခြား စွမ်းဆောင်မှုခဲ့တာမို့ ဒါဟာ အရင်းအမြစ်များခွဲဝေခြင်းအတွက် အမှန်ကန်ဆုံးနည်းလမ်းပဲ..ဒါပေမယ့် ဒီကိစ္စက ပထမတပ်ခွဲနဲ့ ပတ်သတ်တာကြောင့် သူ့သဘောထားကိုအရင်မေးကြည့်ကြတာပေါ့...."

ထိုအချိန်တွင် ကျုံးလင်က မျက်ခုံးပင့်ကာ...... "တကယ်တော့၊ ပဉ္စမတပ်ခွဲရဲ့ စွမ်းဆောင်ရည်က ပြီးခဲ့တဲ့လက ထူးထူးခြားခြားတိုးတက်လာတယ်... ဒါပေမယ့် တံခွန်အဖွဲ့ရဲ့စည်းမျဉ်းတွေအရ အရင်းမြစ်ခွဲဝေမှုကို နှစ်စဉ် ခြောက်လတခါ ပြန်လည်သတ်မှတ်တာမို့အဖွဲ့ခေါင်းဆောင် လီလော့ လိုချင်ရင်၊ လေးလကြာမှ ထပ်မံတောင်းဆိုနိုင်ပါလိမ့်မယ်. .."

"အရင်းမြစ်တွေက ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုအတွက် အဓိကကျပါတယ်.... ဘယ်လိုပဲတွေးနေပါစေ၊ လေးလနောက်ကျတာက အဓိပ္ပာယ်မဲ့လွန်းပါတယ်" လို့ လီလော့က ပြုံးပြီး တုံ့ပြန်ခဲ့သည်။

"တံခွန်အဖွဲ့ရဲ့ တိုးတက်မှုက ပထမတပ်ခွဲအပေါ် အများကြီးမူတည်ခဲ့တယ်... ပဉ္စမတပ်ခွဲရဲ့ တစ်လတာ ကြိုးစားမှုက ဒီအချိန်အထိ ပထမတပ်ခွဲ ကြိုးစားခဲ့တာတွေကို လွှမ်းမိုးဖို့ လုံလောက်တယ်လို့ ပြောနေတာလား.... "ဟု ကျုံးလင်ကလည်း ပြန်ချေပသည်။

"မှန်ပါတယ်..ဒါပေမယ့်....ပထမတပ်ခွဲက ယူထားတဲ့ နောက်ထပ် ဆယ်ရာခိုင်နှုန်းက ပဉ္စမတပ်ခွဲရဲ့ ပိုင်တယ်ပါ.... အခု အဲဒါကို မှန်ကန်တဲ့ ပိုင်ရှင်ဆီ ပြန်ပေးလိုက်ရုံပဲလေ..." ဟု လီလော့က မှတ်ချက်ပြုသည်။

ဒုတိယ၊တတိယ၊စတုတ္ထတပ်ခွဲ၏ လက်အောက်ခံအဖွဲ့ခွဲခေါင်းဆောင်များက ဝင်မပါဘဲ စောင့်ကြည့်နေချိန်တွင် ၎င်းတို့နှစ်ဦးကြား တင်းမာမှုများ ပြင်းထန်လာခဲ့သည်။

နောက်ဆုံးတွင်၊ သူတို့သည် မည်သည့်ဘက်ကိုလိုက်ရမည်မှန်း မရွေးတတ်တော့ပေ။ ကျုံးလင်သည် အစိမ်းရောင်နယ်သာတံခွန်တွင် အရှည်ကြာဆုံး သမိုင်းကြောင်း နှင့် ဒုတိယခန်းမသခင် ကျုံးယုရှီ၏ ကျောထောက်နောက်ခံရှိသည်။ သူတို့သည် အချိန်တိုင်း သူ့စကားကို အမြဲနားထောင်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင်၊ လီလော့သည် တစ်လအတွင်း အံ့မခန်းအောင်မြင်မှုများဖြင့် ၎င်းတို့၏ လေးစားမှုကို ရရှိခဲ့ပြီး သူ၏ထူးခြားသောနောက်ခံမှာ ကျုံးလင် ထက် မနိမ့်ကျသည်မှာ သေချာသည်။

ထို့ကြောင့်၊ ဘက်မလိုက်ဘဲနေသည်မှာ အကောင်းဆုံးဖြစ်သည်။

တတိယခန်းမသခင် လီရုန်ယွင့်က ဝင်လာပြီး ဖျန်ဖြေပေးသည့်အနေဖြင့်....

"ငါတို့က အမြဲတမ်းရလဒ်တွေကိုကြည့်တယ်....ပထမတပ်ခွဲက ရှေ့တန်းအသင်းဖြစ်ပြီး သူတို့တွေက အစိမ်းရောင်နယ်သာတံခွန်ကို နတ်ဆိုးလှိုဏ်ဂူ ထဲရောက်အောင် ကူညီပေးခဲ့တာဖြစ်လို့ သူတို့ကိုသုံးဆယ်ရာခိုင်နှုန်းကို ခွဲဝေပေးခဲ့တယ်.... အခု ပဉ္စမတန်းက သူတို့ကိုအမှီလိုက်လာပြီမို့ အညီအမျှခွဲဝေဖို့ တရားမျှတနေပြီပဲ.....”

ဒါကိုကြားတော့ ကျုံးယုရှီက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒါက တကယ်ကို ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်းတစ်ခုပဲ.... စွမ်းရည်ရှိတဲ့သူတွေက ပိုများတဲ့အရင်းအမြစ်တွေနဲ့ ထိုက်တန်ပါတယ်..ဒီလိုဆိုရင်ရော.... ပဉ္စမတပ်ခွဲက သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသပြီးသားမို့ ဒုတိယ၊ တတိယနဲ့ စတုတ္ထတပ်ခွဲတွေကနေ နည်းနည်းနုတ်ယူပြီး ပဉ္စမတပ်ခွဲကိုပေးလိုက်ရုံပေါ့...."

ဤအခိုက်အတန့်တွင်၊ ဒုတိယ၊ တတိယနှင့် စတုတ္ထတပ်ခွဲ ခေါင်းဆောင်များ၏ အစောပိုင်းက လျစ်လျူရှုသောမျက်နှာများသည် ချက်ခြင်းပြောင်းသွားသည်။ ပထမတပ်ခွဲက ပဉ္စမတပ်ခွဲဝေစုကို မတရားခိုးယူခဲ့သော သူများဖြစ်ကြောင်း ကောင်းစွာသိကြပြီး သူတို့ကတော့ ဤအစီအစဥ်မှ အကျိုးအမြတ်တစ်စုံတစ်ရာ မရရှိကြပေ။ သူတို့ဘာကြောင့် ဒီအတွက် ပေးဆပ်ရမှာလဲ.....

သူတို့ရဲ့ တံခွန်အဖွဲ့ဝင်တွေသာ ဒီအကြောင်းကြားရင် ဒီမမျှတတဲ့ အစီအစဉ်ကို ဒေါသတကြီး ရှုံ့ချကြမှာ သေချာတယ်......

သို့သော်လည်း ကျုံးယုရှီ ရှေ့မှာ ဒီမတရားမှုတွေအကြောင်း မပြောရဲကြပေ။

လီရုန်ယွင့်သည် ဤအကြံပြုချက်ကြောင့် မျက်ခုံးပင့်ကာ လီလော့ကို အမြန်ကြည့်သည်။ ဤသည်မှာ ကျုံးယုရှီ၏ ထောင်ချောက်ဖြစ်သည်။

သူ၏အကြံပြုချက်မှာ ပဉ္စမတပ်ခွဲ​အတွက် တိုက်ပွဲဝင်နေပုံရသော်လည်း ပဉ္စမတပ်ခွဲ​နှင့် အခြားတပ်ခွဲသုံးခုကြား သဘောထားကွဲလွဲမှုဖြစ်စေရန် ကြံစည်မှုတစ်ခုဖြစ်သည်။

ကံကောင်းစွာနဲ့ပဲ လီလော့က ဒါကိုသိနေပြီး.... ပြုံးပြုံးလေးနဲ့ ခေါင်းယမ်းလိုက်ကာ....

" ကျန်တဲ့ အပိုင်းသုံးဖွဲ့ကလည်း သူတို့အတွက် တိုးတက်ဖို့ လိုတယ်....အခု သူတို့ရသင့်ရထိုက်သလောက်ရနေပြီပဲ ...ကျွန်တော်တို့က ကိုယ်ပိုင်တာကိုယ်ပြန်ယူချင်ရုံပါ....သူများပိုင်တဲ့အရာတွေကို လောဘမတက်ဘူး.... ."

စီရင်ချက်ချပြီးသောအခါ၊ လက်အောက်ခံခေါင်းဆောင် သုံးဦးတို့က လီလော့ကို ကျေးဇူးတင်ကြောင်း ခံစားလိုက်ရသည်။

ဒီအတောအတွင်းမှာပဲ ကျုံးယုရှီက....

"ဒါဆိုရင် ခေါင်းဆောင်လီလော့ က နောက်ထပ် ခဏစောင့်ရတော့မှာပေါ့.... ခွဲဝေမှု စည်းမျဉ်းတွေကို ကလန်အကြီးအကဲက သတ်မှတ်ထားပြီး ခြောက်တိုင်း တစ်ကြိမ် ဆုံးဖြတ်ပေးတယ်.... လပိုင်းအတွင်း စည်းကမ်းကို ပြောင်းချင်ရင်တော့ ကလန်အကြီးအကဲကို ဒီလောက်အသေးအမွှားကိစ္စအတွက်နဲ့အပူကပ်လို့ကောင်းပါ့မလား...."

ကျုံးယုရှီက တကယ့်ကိုကောက်ကျစ်သူပင်.... လီလော့၏ အကြံပြုချက်ကို ပြတ်ပြတ်သားသား မငြင်းဆိုသော်လည်း ပြဿနာကို လီကျင်းဇယ်ဆီသို့ လွှဲပေးခဲ့သည်။

ဟုတ်ပါတယ်၊ လီလော့ကလည်း ဒီလိုအသေးအဖွဲကိစ္စအတွက် လီကျင်းဇယ် ကိုအပူကပ်မည့်သူ မဟုတ်ပေ။

ကံကောင်းစွာနဲ့ပဲ လီလော့ဟာ စိတ်တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။

"ကျွန်တော် မှတ်ထားတာမမှားဘူးဆို တံခွန်ကိုင် အသစ်ကို ရွေးချယ်လိုက်တဲ့အခါ ခွဲဝေမှုစည်းမျဉ်းကို ပြောင်းလဲနိုင်မယ်မလား..."

"ဟုတ်တယ်...ဒါပေမယ့် တံခွန်ကိုင်ရွေးချယ်ဖို့ နှစ်လလောက်လိုသေးတယ် ဟုတ်တယ်မလား...." လို့ ကျုံးယုရှီက ပြန်ပြောခဲ့သည်။

"နှစ်လစောင့်စရာမလိုပါဘူး.... ခေါင်းဆောင်ငါးဦးစလုံး သဘောတူရင်၊ တံခွန်ကိုင်ရွေးချယ်မှုကို ရှေ့တိုးလို့ရတယ်မဟုတ်လား..." ဟု လီလော့က တည်ငြိမ်စွာပြောလိုက်သည်။

"ရှေ့တိုးမယ်...?" ကျုံးယုရှီ ဒါကိုကြားတော့ အံ့ဩသွားသည်။ လီလော့က မာနကြီးလွန်းသည်။ လက်ရှိတွင် သူသည် နတ်ဆိုးနန်းတော် ယအဆင့်တွင်သာ ရှိသေးသည်။ သူရရှိခဲ့သော နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နှင့်ပညာရပ်တို့ကြောင့် နတ်ဆိုးလှိုဏ်ဂူတွင် တောက်ပနေနိုင်ခဲ့သည်။ သို့သော်၊ သူသည် ရွှေနတ်ဆိုးခန္ဓာအဆင့်ဖြစ်သော ကျုံးလင်ကို အနိုင်ယူဖို့ တံခွန်ခေါင်းဆောင်ရွေးချယ်မှုတွင် သူ၏ကိုယ်ပိုင်ခွန်အားကို အားကိုးရပေမည်။

အဆင့်နှစ်ဆင့်ကြားတွင် အင်အားကွာဟချက်ကြီးမားပြီး အမီလိုက်နိုင်ရန် အချိန်ယူမည့်အစား ရှေ့တိုးရန် အမှန်တကယ်ကြိုးစားနေပါသလား။

သူ့ရဲ့ မကြာသေးမီက အောင်မြင်မှုတွေကြောင့် မာန်တက်နေတာလား...

"ဘယ်အချိန်လဲဟု" ကျုံးယုရှီက မေးသည်။

"တစ်လလောက်ရှေ့တိုးကြရအောင်" ဟု လီလော့က ပြန်ဖြေသည်။

ကျုံးလင်သည်လည်း ပထမတပ်ခွဲ၏ အဖွဲ့ဝင်များကြားတွင် နောက်ထပ် ပြသာနာများထပ်မဖြစ်ခင် တံခွန်ခေါင်းဆောင်ရာထူးကို ရယူခြင်းသည် သူ့အတွက် အကောင်းဆုံးဖြစ်ပေမည်။

"မင်းဘယ်လိုထင်လဲ ကျုံးလင်" ကျုံးယုရှီ က မေးသည်။

ကျုံးလင်က.... "သဘောတူပါတယ်.... ခေါင်းဆောင်လီလော့ က ဒီလိုလုပ်ချင်နေမှတော့ တစ်လရှေ့တိုးကြတာပေါ့" လို့ ပြန်ဖြေရင်း သူ့မျက်လုံးတွေထဲက ပျော်ရွှင်မှုကို ဖုံးကွယ်ထားလို့မရပေ။ သူသည် လီလော့၏ မကြာသေးမီက အောင်မြင်မှုများကြောင့် ခြိမ်းခြောက်ခံနေရပြီးဖြစ်သည်။ နောက်နှစ်လအထိ ဒီလိုမျိုး ဆက်ဖြစ်နေရင်၊ တံခွန်ကိုင်ရာထူးကို ဆုံးရှုံးရမယ့် အန္တရာယ်ကြီးနှင့်ရင်ဆိုင်ရလိမ့်မည်။

ယခုတော့ လီလော့က ရွေးချယ်ပွဲကို တစ်လရှေ့တိုးရန် အကြံပြုထားသောကြောင့် သူ့အတွက် ပိုအဆင်ပြေနေပြီဖြစ်သည်။ တံခွန်ကိုင်ရာထူးကို ရယူပြီးသည်နှင့် နောက်ဆုံးတွင် သက်တောင့်သက်သာ ခံစားရနိုင်မည်ဖြစ်သည်။

ထိုသို့တွေးရင်း ကျုံးယုရှီသည် အခြားတပ်ခွဲသုံးခု၏ လက်အောက်ခံခေါင်းဆောင်များ၏ သဘောထားအမြင်များကို မေးမြန်းခဲ့သည်။ မျှော်မှန်းထားသည့်အတိုင်း၊ ၎င်းတို့သည် ရွေးချယ်ရေးတိုက်ပွဲတွင် လက်လှမ်းမမီတော့သည်ကို အားလုံးသိကြသောကြောင့် ကန့်ကွက်ခြင်းမရှိပေ။

ထို့ကြောင့် ကျုံးယုရှီသည် သူ့လက်ကို စားပွဲပေါ်တင်ကာ ဆွေးနွေးမှုကို နိဂုံးချုပ်လိုက်သည်။

"အစိမ်းရောင်နယ်သာတံခွန်ကိုင် ရွေးချယ်မှုကို တစ်လကြာရင်ကျင်းပမယ်" ဟု ကြေညာခဲ့သည်။

ထိုစဉ် လီလော့က ကျုံးယုရှီ အနည်းငယ်ပြုံးနေသည်ကို သတိပြုမိသည်။

သူ့ပျော်ရွှင်မှုကို မထိန်းနိုင်တော့ဘူးပဲ......

All Chapters