နွားသိုးကြီးပေါင်ပေါင်၏ ရွေးချယ်မှု........
Vol. 56 Ch. 783
တံခွန်ကိုင် ရွေးချယ်မှုအတွက် အချိန်ကာလကို အပြီးသတ်ကြေငြာခဲ့ပြီ..... အားလုံး ထွက်သွားတော့ လီလော့က လီရုန်ယွင့်နဲ့အတူ လိုက်သွားခဲ့သည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးသည် သစ်ပင် စီတန်းထားသော လေ့ကျင့်ကွင်းများတစ်လျှောက် လမ်းလျှောက် စကားပြောဖြစ်ကြသည်။
"တံခွန်ကိုင်ရွေးချယ်ပွဲကို ရှေ့တိုးလိုက်နာ မင်းအတွက် အဆင်ပြေပါ့မလား..." ဟု လီရုန်ယွင့်က စိုးရိမ်တကြီး မေးသည်။
ကျုံးလင်သည် နဂါးစွယ်ကလန်တွင် အသန်မာဆုံး တိုက်ခိုက်ရေးသမား မဟုတ်သော်လည်း၊ သူသည် လီလော့ထက် များစွာ သန်မာသော ရွှေနတ်ဆိုးခန္ဓာအဆင့် ဖြစ်နေဆဲပင်။ ပဲ့တင်ထပ်သံသုံးခုတနဲ့တောင် လီလော့ သူ့ကို အမီလိုက်ဖို့ လွယ်မှာမဟုတ်ပေ။
လီလော့ နတ်ဆိုးလှိုဏ်ဂူတွင် အင်အားကွာဟချက်ကို ချုံ့နိုင်ခဲ့သည့် အကြောင်းရင်းမှာ တပ်ခွဲ၏အင်အားကို စုစည်းထားသည့် သဟဇာတဖြစ်မှုကြောင့်ဖြစ်သည်။
သို့သော်...တံခွန်ကိုင်ရွေးချယ်ခြင်းသည် တစ်ဦးချင်းတိုက်ပွဲဖြစ်သည်။ သဟဇာတဖြစ်မှုနှင့် နဂါးငွေ့တန်းကိုးသွယ်ပညာရပ်တို့က ဤအချိန်တွင် ကွာဟချက်ကို ပေါင်းကူးပေးနိုင်မည်မဟုတ်ပေ။
"စိတ်မပူပါနဲ့.....ဒါကို ဒီလိုတောင်းဆိုလိုက်ကတည်းက အောင်ပွဲအတွက် ယုံကြည်မှု အတိုင်းအတာတစ်ခုအထိတော့ ရှိနေလို့ပဲပေါ့....."
လောလောဆယ်တွင်၊ သူ၏ ရေလင်းပဲ့တင်ထပ်သံနန်းတော်သည် တည်ငြိမ်နေပြီး မကြာမီ နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ပြီးသွားသည်နှင့်၊ သူသည် ပဲ့တင်ထပ်သံစွမ်းအားကို မြှင့်တင်ပေးလိမ့်မည်။
နောက်ထပ်တစ်လကြာလျှင် သူသည် အနည်းဆုံး မြေသစ်သားနန်းတော်ကိုပါ အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ တစ်ဖန်၊ ၎င်းသည် သူ၏ ပဲ့တင်ထပ်သံစွမ်းအားကို နောက်ထပ်တစ်ကြိမ် မြှင့်တင်ပေးလိမ့်မည်။
ထိုအချိန်တွင်၊ သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုအတွင်းရှ် စွမ်းအားပမာဏသည် ရွှေနတ်ဆိုးခန္ဓာအဆင့်ထက် နိန့်ပါးနေလိမ့်မည် မဟုတ်ပေ။
သူ့စကားကြားတော့ လီရိုယွင်က ခေါင်းညိတ်ပြပြီး တုံ့ပြန်လိုက်သည်။ လီလော့က အဆင်ခြင်မဲ့သူ မဟုတ်ကြောင်း သူမ နားလည်ထားသည်။
"ကျုံးယုရှီက ကောက်ကျစ်တယ်....အရင်းမြစ်ခွဲဝေမှုကို နှစ်စဉ် ခြောက်လတစ်ကြိမ် ဆုံးဖြတ်ထားပေမယ့် ဘယ်တုန်းကမှ အပြောင်းအလဲ မရှိခဲ့ဘူး၊ ဒါပေမယ့် မင်းရဲ့ အကြံပြုချက်ကို ပယ်ချဖို့ ဒါကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးခဲ့တယ်"
လီရုန်ယွင့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ စွမ်းဆောင်မှုက သူ့ကို စိတ်မသက်မသာဖြစ်စေတယ်လေ..."
အမှန်ပင်၊ သူသည် လွန်ခဲ့သောလတွင် ထူးထူးခြားခြား တိုးတက်လာခဲ့သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် သူ့ကိုယ်သူ သက်သေပြနိုင်ရုံသာမက ကလန်ငါးခု၏ မျိုးဆက်သစ်များကြားတွင်လည်း နာမည်ရခဲ့သည်။ ကျုံးယုရှီ သည် လီလော့၏ရုတ်တရက် တောက်ပလာမှုကြောင့် လီကျင်းဇယ်ပေးထားသည့်ကတိအတိုင်းဖြစ်လာမည်ကိုစိုးရိမ်နေသည်။
"ရွှေအလင်းခန်းမသခင် ကျောက်ရွှမ်းမင်နဲ့ ကျုံးယုရှီတို့က အရမ်းနီးကပ်လွန်းတယ်.... ကျောက်ရွှမ်းမင်ကို နဂါးသွေးကလန်အကြီးအကဲ ကျောထောက်နောက်ခံပြုထားတယ်....ဒါ့ကြောင့် မကြာသေးမီနှစ်များအတွင်း သူတို့ သြဇာလွှမ်းမိုးလာခဲ့တယ်"
ဒါကိုကြားတော့ လီလော့က ပြုံးလိုက်မိသည်။ အရာအားလုံးက လီကျင်းဇယ် ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ထိုသို့ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ခွင့်ပြုခဲ့တာလည်း ဖြစ်နိုင်သည်။
အပြင်လူတစ်ယောက်ရှိနေခြင်းက နဂါးစွယ်ကလန်မှ လီမျိုးနွယ်ဝင်များကို အချိန်တိုင်းသတိပေးနေမည်ဖြစ်သည်။
"အိုး၊ ငါပြောဖို့မေ့သွားတဲ့ ကိစ္စတစ်ခုရှိသေးတယ်၊" ဟု လီရုန်ယွင့် ရုတ်တရက် ထပ်ပြောသည်။
"ဘာများလဲ?"
"လာမယ့်ရက်တွေမှာ အစိမ်းရောင်နယ်သာခန်းမမှာ ခန်းမသခင် ရာထူးတစ်ခုအတွက် နွားသိုးကြီးပေါင်ပေါင်ကို ရွေးချယ်ဖို့ စဉ်းစားနေတယ်"
"ဉီးလေးပေါင်? သူလည်း ခန်းမသခင် တစ်ယောက်ဖြစ်လာရင် အရမ်းကောင်းမှာပဲ" လီလော့ ထိုသတင်းကြောင့် ဝမ်းသာ အံ့သြသွားသည်။ နွားသိုးကြီးပေါင်ပေါင်သည် သူ့မိဘများနှင့်အတူ ထျန်းယွမ်တိုက်ကြီးမှ ရှပြည်ထောင်စုအထိ အတူလိုက်ပါလာခဲ့ပြီး သူ့မိဘများကိုကာကွယ်ဖို့ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အခုထိမသက်သာသေးပေ။
သူသည် ပေါင်ပေါင်ကို ပြန်လည်ကုသရန်အတွက် နဂါးစွယ်ကလန်ကိုခေါ်လာခဲ့သည်။ပေါင်ပေါင်သာ အစိမ်းရောင်နယ်သာခန်းမတွင် ခန်းမသခင် ဖြစ်လာပါက ခန်းမသခင်၏ဝေစုကို ခံစားနိုင်ပြီး နဂါးစွယ်ကလန်တွင် ၎င်း၏ရပ်တည်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ တကယ်တော့၊ ခန်းမသခင်သည် မြို့စားအဆင့်ရှိသူတို့အလွန်တပ်မက်သောအနေအထားဖြစ်သည်။
အရေးအကြီးဆုံးကတော့၊ ဒါက သူ့ကို နောက်ထပ် အကာအကွယ်တစ်ခု ပေးလိမ့်မည်။
"ဒါပေမယ့်၊ အဲဒါနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုတွေ အများကြီးရှိလိမ့်မယ်..... ကျုံးယုရှီက အစိမ်းရောင်နယ်သာခန်းမမှာ သူ့သြဇာလွှမ်းမိုးမှု တိုးလာဖို့ မျှော်လင့်ထားပြီးသားဖြစ်နေပြီဆိုတာ ငါသိတယ်....သူက အစိမ်းရောင်နယ်သာခန်းမမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီးသားမို့ အဓိကခန်းမသခင် ရာထူးကို လိုချင်နေတာ...." လီရုန်ယွင့်က သူမ၏ အတွေးအမြင်များကို ရိုးရိုးသားသား မျှဝေခဲ့သည်။
လီလော့ ခေါင်းညိတ် သဘောတူလိုက်သည်။ သူ့အဖေက အစိမ်းရောင်နယ်သာခန်းမရဲ့ လက်ရှိ ပင်မခန်းမသခင် ဖြစ်နေဆဲဖြစ်ပြီး ကျုံးယုရှီ ဒီရာထူးကို လုယူဖို့ ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။
"ဒါ့အပြင် နွားသိုးကြီးပေါင်ပေါင်က ဒဏ်ရာအပြင်းအထန်ရနေသေးတယ်... သူ့ရဲ့ မြို့စားရဲတိုက်တွေကို ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးဘူး..... ပြင်ပအကူအညီကြောင့် စတုတ္ထအဆင့်မြို့စား အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် အခြားပြိုင်ပွဲဝင်တွေကတော့ ပဉ္စမအဆင့် အထက်မှာရှိကြတယ်... ဒါ့အပြင် နွားသိုးကြီးပေါင်ပေါင်က နဂါးစွယ်ကလန်မျိုးရိုးကမဟုတ်ဘဲ အပြင်လူဖြစ်တာကြောင့် အများကြီးစဉ်းစားစရာတွေရှိတယ်...."
လီလော့ ထိုစကားကိုကြားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ အကယ်၍ ဦးလေးပေါင်၏ မြို့စားရဲတိုက်များ မပျက်စီးခဲ့ပါက၊ သူသည် ယခုအချိန်တွင် အနည်းဆုံး သတ္တမအဆင့် မြို့စား ဖြစ်လာမည်ဖြစ်သည်။ သို့ဆိုလျှင် အစိမ်းရောင်နယ်သာခန်းမသခင်ရွေးချယ်မှုသည် သူ့အတွက် အင်မတန်လွယ်ကူနေပေမည်။
သူ့ဒဏ်ရာတွေက သူ့ကိုနောက်ပြန်ဆွဲသလိုဖြစ်နေခဲ့တယ်........
သူ့အကြောင်းတွေးရင်း လီလော့ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ့မိသားစုက ဉီးလေးပေါင်အပေါ် ကျေးဇူးကြွေးတွေ အများကြီးတင်နေတယ်.......
"ဉီးလေးပေါင်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အဘိုးကို ပြောခဲ့ပြီးပါပြီ ...သူ့ မြို့စားရဲတိုက်တွေကို ပြန်လည်ထူထောင်ဖို့ ကူညီပေးမယ်လို့ ပြောခဲ့တယ်....ဒါကြောင့် အချိန်မီ ကုသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"အစိမ်းရောင်နယ်သာခန်းမသခင် ရွေးချယ်ဖို့ အရည်အချင်းပြည့်မီလား ဆိုတာကိုတော့ အဘိုးကို ကျွန်တော်လည်း မေးကြည့်မယ်"
လီကျင်းဇယ်က သူတို့မိသားစု ဦးလေးပေါင်အပေါ် ဘယ်လောက်အကြွေးတင်နေတယ်ဆိုတာ သိထားတာကြောင့် အချိန်မှီဖြေရှင်းပေးပါလိမ့်မည်။
ဒါကိုကြားတော့ လီရိုယွင် ခေါင်းညိတ်လိုက်သည်။ နဂါးစွယ်ကလန်၏ လေးစားဖွယ်အကြီးအကဲသည် လူရှေ့သူရှေ့တွင် ရှားရှားပါးပါး ပေါ်လာပြီး နဂါးစွယ်ကလန်၏နောက်ဘက်တောင်တန်းရှိ ဝါးတောတွင်သာနေထိုင်သည်။ လီလော့လို နောက်ခံရှိသူတစ်ဦးသာလျှင် ပေါ့ပေါ့ပါးပါးသွားပြီး သူနှင့် စကားပြောဆိုနိုင်ပေမည်။
၎င်းတို့နှစ်ဦးစလုံးသည် နဂါးစွယ်ကလန်ရှိ လီမျိုးနွယ်စု၏ အစိတ်အပိုင်းများဖြစ်သော်လည်း လီရိုယွင်အနေဖြင့် လီလော့လို တိုက်ရိုက်မျိုးရိုးမှ တစ်စုံတစ်ဦးနှင့် မည်သည့်အခါမျှ မနှိုင်းယှဉ်နိုင်ပေ။
လီလော့သည် လီရုန်ယွင့်ကို အစိမ်းရောင်နယ်သာလေ့ကျင့်ရေးကွင်းမှ ခေါ်ထုတ်လာစဉ် နှစ်ယောက်သား စကားစမြည်ပြောဖြစ်ခဲ့ပြီး ကောင်းကင်ကို မော့ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။
လီရုန်ယွင့်သည် နွားသိုးကြီးပေါင်ပေါင် ကို အမည်စာရင်းတင်သွင်းလိုရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိမ်းရောင်နယ်သာခန်းမတွင် ကျုံးယုရှီ၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန်ဖြစ်သည်။ သို့သော်၊ သူမတွင် နွားသိုးကြီးပေါင်ပေါင်အပေါ် အခြားခံစားချက်များရှိနေသေးသည်။ နွားသိုးကြီးပေါင်ပေါင်က သူမအတွက် ပြီးပြည့်စုံသော ပြိုင်ဘက်ဖြစ်လာနိုင်သည်။ထို့အပြင် လီလော့အတွက် ထပ်မံအားဖြည့်ပေးစေလိုသည်။
နဂါး၏အစွယ်ကလန်သည် ကြီးမားလွန်းပြီး လူအချင်းချင်းဆက်ဆံရေးမှာ အလွန်ရှုပ်ထွေးပါသည်။ အရာအားလုံးဟာ အပြန်အလှန်ချိတ်ဆက်နေပြီး လုပ်ဆောင်ချက်တိုင်းက ရှပြည်ထောင်စုရဲ့ တော်ဝင်နန်းတော်က လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေလိုပဲ သက်ရောက်မှုတွေ လှိုင်းထလာပါလိမ့်မည်။
လီလော့သည် ကျယ်ပြောလှသော တောင်တန်းကြီးကို မျှော်ကြည့်ရင်း ဤအချိန်တွင် သူ့အတွေးများကို ရပ်တန့်လိုက်သည်။ တောင်ထွတ်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် တည်ရှိနေသော နဂါးအစွယ်တစ်ချောင်းကဲ့သို့ ခမ်းနားစွာရပ်နေ၏။ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းပင်.....
သူ ဒီကို ရောက်နေတာ တစ်လရှိပြီ.....
ကျန်းချင်းအာကို သူနောက်ဆုံးတွေ့ခဲ့တာ သုံးလနီးပါးရှိပြီ......
မြင့်မြတ်သောအလင်းတော်ကောလိပ်တွင် သူမ အဆင်ပြေပါ့မလားတွေးမိတယ်....
သူမ၏ အလင်း၏နှလုံးသားပြသာနာပကို ဖြေရှင်းနိုင်ပြီလား.....
သူမရဲ့ ဆွဲဆောင်မှုရှိသော မျက်နှာလေး၏ အလှတရားကို တောင့်တရင်း စိတ်ထဲတွင် အတွေးပေါင်းစုံရှိနေခဲ့သည်။
……
တစ်ချိန်တည်းမှာပင် ဝေးကွာသော အရပ်က မြင့်မြတ်သောအလင်းတော်ကောလိပ်၏အနက်ရှိုင်းဆုံးနေရာတွင်......
တောက်ပပြီး ခမ်းနားထည်ဝါသော ခမ်းနားသော ခန်းမကြီးတစ်ခုအတွင်း၌ တိုင်လုံးများကို သန့်စင်သော အလင်းစွမ်းအင်ဖြင့် လင်းလက်နေသော ရှေးခေတ် အလင်းတန်းများဖြင့် ထွင်းထုထားသည်။
အလယ်မှာ ပေတစ်ထောင်ကျော် ကျယ်တဲ့ ရေကန်တစ်ခုရှိနေပြီး မြို့စားအဆင့်ကမ္ဘာခြားသက်ရှိများကိုပင် လုံးဝသန့်စင်စေမည့် သန့်ရှင်းမှုအော်ရာကို ထုတ်လွှတ်ပေးသည့် ရေများဖြင့် ပြည့်နေပါသည်။
ထိုအချိန်တွင် သွယ်လျသော အရိပ်တစ်ခုသည် ရေထဲတွင် ငြိမ်သက်စွာ အိပ်စက်နေသည်။
သူမ၏ ရင်ဘတ်တစ်ဝိုက် ဧရိယာသည် မီးဖိုကဲ့သို့ ပွက်ပွက်ဆူနေသည်။
ရေကန်အတွင်းမှ သန့်ရှင်းသောရေသည် လှိုင်းလုံးကြီးထဲသို့ စီးဝင်သွားပြီး သူမ နှလုံးသားတစ်ဝိုက်မှ အပူများကို ငြိမ်းသတ်ပေးနေသည်။
ရေကန်ရေကြောင့် မီးလျှံများ ငြိမ်သက်သွားပြီးနောက် နှလုံးသားထဲသို့ ပြန်ဆုတ်သွားခဲ့သည်။
နောက်ဆုံးအပူငွေ့များ ပျောက်ကွယ်သွားတဲ့အခါ ထိုမိန်းကလေး၏လှပသော မျက်လုံးပွင့်လာတယ်......
သူမ၏ ရွှေရောင်မျက်လုံးများသည် ရောင်ခြည်ရေကန်၏ သန့်ရှင်းသောရေကဲ့သို့ ကြည်လင်နေပြီး ကမ္ဘာပေါ်ရှိ အတောက်ပဆုံး ကျောက်မျက်ရတနာများကဲ့သို့ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်နေသည်။
သူမ နိုးလာသောအခါတွင် ခဏတာ မျက်တောင်ခတ်နေ၏။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်သေးဘဲ ပထမဆုံးတွေးမိသည်က.......
"လီလော့၊ ဘယ်လိုနေသေးလဲ..... နင့်သွေးမျိုးဆက်ကလူတွေနင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်မလား......."