← Chapters

တတိယကျောင်းအုပ်....

Vol. 56 Ch. 784

တတိယကျောင်းအုပ်....

Vol. 56 Ch. 784

ကျန်းချင်းအာသည် သူမ၏မျက်လုံးများကိုဖွင့်ပြီး ရေကန်အလယ်မှထလာသောအခါ ခန်းမ၏အထက်အဆင့်ရှိ အရိပ်အချို့က ၎င်းကို သတိထားမိပြီး ချက်ချင်းပင် ငုံ့ကြည့်လိုက်သည်။

“သူ့ရဲ့ အလင်းနှလုံးသားယဇ်ပူဇော်မှုကို သန့်ရှင်းသောရေနဲ့ ငြိမ်းသတ်လိုက်ပြီ” ဟု အဖြူရောင်သန့်သန့် ၀တ်ထားသော လှပသော အမျိုးသမီးက မှတ်ချက်ပေးခဲ့သည်။ သူမသည် လင်းကျောက်ယင်ဆီသို့ ခေါင်းလှည့်ကာ သတင်းကောင်းဖြင့် ညင်သာစွာ ပြုံးလိုက်သည်။

ဒါကိုကြားတော့ လင်းကျောက်ယင် စိတ်သက်သာရာရသွားခဲ့သည်။ သူမ ကျန်းချင်းအာကို မြင့်မြတ်သောအလင်းတော်ကောလိပ်သို့ ခေါ်ဆောင်လာသည်မှာ တစ်လပင်ရှိနေပြီဖြစ်သည်။ ကျန်းချင်းအာသည် ရောင်ခြည်ရေကန် အတွင်းသို့ရောက်ရှိပြီးကတည်းက ကုသခြင်းစတင်ပြီး နောက်ဆုံးတွင် သက်သာရာရသွားခဲ့သည်။

သူမ၏ အလင်းနှလုံးသားကို ကုသပေးခြင်းဖြင့် ကျန်းချင်းအာသည် အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး ပုံမှန် လေ့ကျင့်နိုင်တော့မည်ဖြစ်သည်။

"ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် အကြီးအကဲရွှယ်...."

အဖြူရောင်ကို ၀တ်ဆင်ထားသော မိန်းမချောလေးသည် ရွှယ်ဇီဟုခေါ်သော မြင့်မြတ်သောအလင်းတော်ကောလိပ်မှ အကြီးအကဲတစ်ဦးဖြစ်သည်။ သူမသည် လင်းကျောက်ယင်၏ နည်းပြတစ်ဦးဖြစ်ပြီး ကောလိပ်မှ ကျန်းချင်းအာကို ရောင်ခြည်ရေကန်တွင် ဆေးကုသမှုခံယူရန် ခွင့်ပြုပေးခဲ့သည်။

ရွှယ်ဇီက လက်ကို ဝှေ့ယမ်းပြီး "ဒီလောက်ကောင်းတဲ့ ပျိုးပင်တစ်ပင်ကို ငါ့ဆီ ယူဆောင်လာပေးလို့ ကျေးဇူးတင်ပါတယ်....အပြင်ဘက် နတ်ဘုရားတိုက်ကြီးလို ဖုန်းဆိုးမြေမှာ ဒီလို ကျောက်မျက်ရတနာကို ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲ..."

သူမစကားဆုံးသောအခါ ရေကူးကန်ထဲက သွယ်လျပြီး ရင်သပ်ရှုမောဖွယ်အသွင်အပြင်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် ဖုံးကွယ်မရနိုင်သော ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသည်။ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရှိသူကို မြင့်မြတ်သောအလင်းတော်ကောလိပ်တွင်ပင် ထိပ်တန်းအရည်အချင်းရှိသူအဖြစ် သတ်မှတ်ခဲ့သည်။

"ဒါပေမယ့်၊ သူ့ရဲ့ အလင်းနှလုံးသားယဇ်ပူဇော်မှုကြောင့် ခန္ဓာကိုယ်ကို သေချာပေါက် ဒဏ်ဖြစ်စေပြှး အနာဂတ်မှာ မြို့စားအဆင့်ရောက်မယ့်လမ်းကြောင်းကိုထိခိုက်စေနိုင်တယ်.... သူမရဲ့ အခြေခံအုတ်မြစ်ကို ပြုပြင်ဖို့ အဖိုးတန်ရတနာတစ်ခု လိုအပ်နေသေးတယ်" ဟု ရွှယ်ဇီက ရှင်းပြခဲ့သည်။

ထိုအခိုက်အတန့်တွင် လင်းကျောက်ယင်၏အတွေးထဲတွင် လီလော့၏ မျက်နှာပေါ်လာသည်။ ဒါကို သူတို့ မျှော်လင့်ခဲ့ကြပြီး လီလော့ကလည်း ဒါကိုရှာဖွေဖို့ ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်ဆီ လိုက်သွားခဲ့ခြင်းပင်....

တစ်ချိန်တည်းမှာပင်၊ ရောင်ခြည်ရေကန်အတွင်းမဗ မိန်းကလေးကို ကြည့်ရှုရန် အခြားသောအကြီးအကဲများရောက်လာကြသည်။

သူတို့အားလုံး၏အကြည့်များ တလက်လက်တောက်ပနေသည်။သို့သော် သူတို့ ဘာမှပြန်မပြောမီ ရွှယ်ဇီက....

"ရယ်စရာ စိတ်ကူးတွေ တွေးမနေနဲ့ ကျန်းချင်းအာရဲ့ ပြဿနာကိုဖြေရှင်းဖို့ တတိယကျောင်းအုပ်ကို ရောင်ခြည်ရေကန်ဖွင့်ဖို့ ကျွန်မပဲ စည်းရုံးခဲ့တာ .. အခု သူအဆင်ပြေသွားပြီ....ရှင်တို့ သူ့ကို ကျွန်မဆီက လုဖို့စိတ်ကူးနေတယ်ဆို အခုကတည်းကမေ့လိုက်ကြတော့...."

ထိုစကားကိုကြားပြီးနောက် အကြီးအကဲများ အနည်းငယ်ရှက်ရွံ့ကြပြီး အင်္ကျီလက်များကို ဝှေ့ယမ်းကာထွက်သွားကြသည်။

အဆင့်ကိုးပဲ့တင်ထပ်သံရှိသော ပါရမီရှင်ကို မည်သူလက်လွတ်ခံချင်မည်နည်း။

သို့သော် ရွှယ်ဇီ ဤမျှလောက် တိုက်ရိုက်ပြောနေသောကြောင့် ထိုကဲ့သို့သော အတွေးများကို မေ့ဖျောက်ရတော့မည်။

ကျန်းချင်းအာသည် ရောင်ခြည်ရေကန် ကို အသုံးပြုပြီး သူမ၏ အလင်းနှလုံးသား ပြဿနာကို ကုသပေးနိုင်ခဲ့သည်မှာ ရွှယ်ဇီ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

ထိုအခါတွင် စိတ်မရှည်သောအသံ ထွက်ပေါ်လာသည်။ "အားလုံးပြီးပြီလား.... အားလုံးပြီးရင် မြန်မြန်ထွက်သွားကြတော့.... ငါ့ရဲ့သန့်ရှင်းတဲ့ခန်းမတစ်ဝိုက်မှာ ယင်ကောင်တွေလို ဟစ်အော်မနေနဲ့....."

လင်းကျောက်ယင်၊ ရွှယ်ဇီနဲ့တခြားသူတွေ နောက်ပြန်လှည့်ကြည့်လိုက်တော့ အဖြူရောင် ကျောက်စိမ်းလှေကားထစ်ပေါ်မှာ ထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် ကလေးမလေးအရွယ်သာ ထင်ရသော်လည်း သူမ၏နှင်းလိုဖြူစွတ်နေသောဆံပင်များက သူမကိုထူးခြားသောအသွင်အပြင်ကိုပေးစွမ်းသည်။ လက်တစ်ဖက်တွင် တုတ်ထိုးချိုချဉ်ကို ကိုင်ထားပြီး သူမရှေ့မှ လူများကို စိတ်မရှည်သော မျက်လုံးများဖြင့် ကြည့်ရင်း ချိုချဉ်ကို တတိတိကိုက်ဝါးနေသည်။

ချက်ခြင်းပဲ၊ ရွှယ်ဇီနဲ့အခြားအကြီးအကဲတွေက သေးသေးသွယ်သွယ်နဲ့ လက်ရာမြောက်တဲ့ နှင်းဖြူမိန်းကလေးကို လေးစားမှုပြကြသည်။

"မင်္ဂလာပါ တတိယကျောင်းအုပ်..."

ရွှယ်ဇီ၊ လင်းကျောက်ယင် နှင့် အခြားသူများက သူမအား လေးစားစွာ နှုတ်ဆက်ကြသည်။

သူတို့ရှေ့မှ ဆံပင်ဖြူမိန်းကလေးသည် မြင့်မြတ်သောအလင်းတော်ကောလိပ်၏ တတိယကျောင်းအုပ်ပင်......

ချိုချဉ်စားရင် ခြေဗလာနဲ့လှေကားပေါ်ကဆင်းလာကာ ရောင်ခြည်ရေကန်ထဲက လှပသောရုပ်ပုံလွှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်သည်။

"ဒီကလေးမလေးက တကယ်ကို ပါရမီရှင်ပဲ.... သူ့မှာ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံရှိရုံမကဘဲမွေးရာပါအလင်းစွမ်းအင်ကို အာရုံခံနိုင်စွမ်းမြင့်မားတယ်...."

ဒါကိုကြားတော့ ရွှယ်ဇီ အနည်းငယ် ထိတ်လန့်သွားသည်။ ဒီလိုမျိုး အရည်အချင်းရှိတဲ့ ပျိုးပင်မျိုးကို ရှာတွေ့ဖို့ ခက်ခဲတာမို့ တတိယကျောင်းအုပ်ကလည်း ဒီကလေးကိုလုယူချင်နေတာလား.....

ဆံပင်ဖြူမိန်းကလေးက ချက်ခြင်းပင် သူမ၏ စိုးရိမ်တကြီး အကြည့်ကို လှောင်ရယ်လိုက်သည်။

"ကြည့်ပါဦး...ကြောက်လန့်နေလိုက်ပုံများ..... ငါက မြင့်မြတ်သောအလင်းတော်ကောလိပ်မှာ နှစ်တွေအတွင်း မရေမတွက်နိုင်တဲ့ အဆင့်ကိုးပဲ့တင်ထပ်သံရှိတဲ့သူတွေ မြင်ခဲ့ဖူးပြီးပြီ....ငါက မတွေ့ဖူးမမြင်ဖူးတဲ့သူတွေနဲ့ နင့်ဆီက လုယူစရားလား...."

"တတိယကျောင်းအုပ်က ဘုရင်အဆင့်တစ်ယောက်ပါ.....ကျောင်းအုပ်ရဲ့အတွေ့အကြုံတွေက ကျွန်မထက်များပြားပါတယ်....."

ရွှယ်ဇီက တောင်းပန်တဲ့ အပြုံးနဲ့ ပြန်ဖြေလိုက်တော့ ဆံပင်ဖြူအမျိုးသမီးက နှုတ်ခမ်းကို တင်းတင်းစေ့ကာ လှည့်ပြန်ဖို့ပြင်နေသည်။ သို့သော် ခေတ္တရပ်လိုက်ပြီး သူမ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်တွင် သူမသည် ရောင်ခြည်ရေကန်မှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုအချို့ကို ခံစားလိုက်ရသည်။

နဂိုက ငြိမ်သက်နေသော ရေမျက်နှာပြင်ပေါ်တွင် ပြင်းထန်သောလှိုင်းလုံးများ ပေါ်လာသည်။ မရေမတွက်နိုင်သော အလင်းစွမ်းအင်များက ရေကူးကန်၏ အလယ်ဗဟိုဆီသို့ ရူးသွပ်စွာ ပြေးလွှားနေကြသည်။

ရောင်ခြည်ရေကန်ရဲ့ အနက်ပိုင်းကို လှမ်းကြည့်လိုက်တော့ ကျန်းချင်းအာရဲ့ ခန္ဓာကိုယ်ထဲကို အလင်းစွမ်းအင်တွေ စီးဝင်နေတာကို သတိထားမိလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ကျန်းချင်းအာ၏ အလင်းစွမ်းအင်များ အံ့သြဖွယ်နှုန်းဖြင့် တိုးပွားလာတော့သည်။

တောက်ပသော အလင်းစွမ်းအင်များက သူမပတ်ဝန်းကျင်တွင် တောက်ပနေသော ကောင်းကင်ပုလဲများအဖြစ်သို့ ပေါင်းစပ်သွားသည် ။

နောက်ဆုံးတွင် ကောင်းကင်ပုလဲကိုးလုံး ပေါ်ပေါက်လာသောအခါမှသာ ပြီးဆုံးသွားခဲ့သည်။ ဤတိုးတက်မှုကြောင့် အကြီးအကဲအားလုံး တုန်လှုပ်သွားကြသည်။

"ကောင်းကင်ပုလဲကိုးလုံး....ဘယ်လောက်ခိုင်မာတဲ့ အခြေခံအုတ်မြစ်လဲ...."

ဤသည်မှာ ခိုင်မာသောအခြေခံအုတ်မြစ်နှင့် အရည်အချင်းမရှိဘဲ ကောင်းကင်ပုလဲစင်မြင့်တွင် အလွယ်တကူအောင်မြင်နိုင်သည့်အရာမဟုတ်ပေ။

လော့လန်အိမ်တော်မှာတုန်းက ကျန်းချင်းအာက သူမ စည်းတံဆိပ်ကို ဖျက်လိုက်တဲ့အခါ ကောင်းကင်ပုလဲငါးလုံးရရှိခဲ့သည်။ သို့သော်လည်း တိုက်ပွဲအတွင်း ၎င်းတို့ထဲမှ သုံးလုံး ပျက်စီးခဲ့သည်။ သူမ၏ အလင်းနှလုံးသားပြသာနာကိုဖြေရှင်းလိုက်ရုံနှင့် ဤမျှ စိတ်ဝင်စားစရာကောင်းသော တိုးတက်မှုကို ဆောင်ကြဉ်းလာမည်ဟု မည်သူထင်မည်နည်း။ ဆုံးရှုံးသွားသော ကောင်းကင်ပုလဲသုံးလုံးကို ဖြည့်စွက်ပေးရုံသာမက၊ပို၍ပင် စွမ်းအားများ ရရှိလာခဲ့သည်။

သူမသည် ကောင်းကင်ပုလဲကိုးလုံးကို ချက်ချင်းရရှိခဲ့သည်။

"သူမရဲ့ အလင်းနှလုံးသားယဇ်ပူဇော်မှုက သူ့အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်ပေမဲ့၊ ဒါဟာ ဖုံးကွယ်ထားတဲ့ ကောင်းချီးတစ်ခုအနေနဲ့ အဆုံးသတ်ခဲ့တယ်....သူမကို အလင်းနှလုံးသားက ကြီးမားတဲ့စွမ်းအင်တွေနဲ့ သန့်စင်ခံခဲ့ရပြီး ရောင်ခြည်ရေကန် က အကူအညီပေးခဲ့တာမို့ ရုတ်တရက် အရှိန်ပြင်းလာတယ်.....” ဟု တတိယကျောင်းအုပ်က ချိုချဉ်ဝါးရင်း ရှင်းပြနေသည်။ ဒီတစ်ခါတော့ သူ့အသံမှာ အံ့အားသင့်စရာ အရိပ်အမြွက် အနည်းငယ် ပေါ်လာသည်။

"အဲဒါကိုကြည့်လိုက်ရင် ကောင်းကင်ပုလဲကိုးလုံးက သူ့ကန့်သတ်ချက်မဟုတ်သေးဘူး....သူ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို တစ်ကြိမ်တည်းနဲ့ရောက်သွားနိုင်တယ်.... " ဟု ရွှယ်ဇီက ပျော်ရွှင်စွာ မှတ်ချက်ပြုခဲ့သည်။ ကျန်းချင်းအာသာ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ရောက်ရှိအောင်မြင်ခဲ့ပါက၊ မြင့်မြတ်သောအလင်းတော်ကောလိပ်၏ နာမည်ကျော် ထျန်းရှင်းခန်းမတွင်ပင် ထူးထူးခြားခြား အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကျောင်းမှ အကြီးအကဲများသည် အပေါ်ထပ်မှ ဆက်လက်ကြည့်ရှုနေချိန်တွင် ကျန်းချင်းအာ ပတ်၀န်းကျင်ရှိ ကောင်းကင်ပုလဲကိုးလုံး ပိုမိုတောက်ပလာခဲ့သည်။ နောက်ဆုံးတွင် ပုလဲများသည် ၎င်းတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိပြီး တစ်ချိန်တည်းတွင် ပေါက်ကွဲသွားခဲ့သည်။

ရောင်ခြည်ရေကန် တစ်ခုလုံး တောက်ပပြီး တောက်ပနေသော အလင်းတိုင်တစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင်၊ ကျန်းချင်းအာထံမှ ဖြာထွက်သော အလင်းစွမ်းအင်များ ပိုမိုများပြားလာသည်။ သူမ၏ စွမ်းအားသည် အံ့မခန်း အရှိန်အဟုန်ဖြင့် အရှိန်ပြင်းလာသည်။ ထိုသို့သောပြင်းထန်မှုသည် သူမသည် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ တက်လှမ်းတော့မည်ကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။

အလင်းနှလုံးသားပြသာနာက ကျန်းချင်းအာ အတွက် မမျှော်လင့်ထားတဲ့ အခွင့်အရေးကို ယူဆောင်လာသလိုပင်.....

"မဆိုးပါဘူး..." တတိယကျောင်းအုပ်က မသိမသာ ခေါင်းညိတ်သည်။

ကျန်းချင်းအာ ရောင်ခြည်ရေကန်ထဲတွင် မျက်လုံးများကို တင်းတင်းကြပ်ကြပ်မှိတ်ထားဆဲဖြစ်ကြောင်း သူမ သတိပြုမိသည်။ အလင်းတန်းများသည် လှိုင်းလုံးများကဲ့သို့ သူမပတ်ဝန်းကျင်တွင် ဆက်လက်စီးဆင်းနေဆဲပင်....

ကျန်းချင်းအာ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာသည် သန့်ရှင်းသော အလင်းစွမ်းအင်ကို ဆွဲဆောင်နေသကဲ့သို့ပင်။

ထိုအချိန်တွင် တတိယကျောင်းအုပ်သည် ချိုချဉ်ဝါးနေသည်ကို ရပ်လိုက်ပြီး သူမ၏မျက်လုံးများ စူးရှတောက်ပပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တမျိုးဖြင့် လင်းလက်လာသည်။ တောက်ပနေသော သူမ၏ မျက်လုံးများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို မြင်နိုင်သလို၊ ကျန်းချင်းအာကို နက်နက်နဲနဲ စိုက်ကြည့်နေသည်။

သူမ၏ ခန္ဓာကိုယ်အတွင်း အံ့သြစရာကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။ ဒါကိုမြင်တော့ တတိယကျောင်းအုပ်က မသိစိတ်ကြောင့် လက်သီးဆုတ်မိလိုက်တာကြောင့် တုတ်ထိုးချိုချဉ်ကြေမွသွားသည်။

သို့သော် သူမမှာဒါတွေကိုဂရုစိုက်နေဖို့ အချိန်မရှိပေ။

"သူ့ခန္ဓာကိုယ်ထဲမဗာ ပဲ့တင်ထပ်သံအသစ်တစ်ခု မွေးဖွားလာတာကိုမြင်နေရတယ်.... ရောင်ခြည်ရေကန်က သူ အဆင့်တက်နေစဉ်မှ ဒုတိယပဲ့တင်ထပ်သံကို မွေးဖွားခွင့်ပြုလိုက်ပုံပဲ....."

သူမ စကားဆုံးသောအခါ ရွှယ်ဇီ၊ လင်းကျောက်ယင်နှင့် အခြားအကြီးအကဲများ အားလုံး ထိတ်လန့်ကုန်ကြသည်။

"ကောင်းကင်ပုလဲအဆင့်က ကောင်းကင်ပဲ့တင်ထပ်သည့်အဆင့်အထိ အောင်မြင်မှုကနေ နောက်ထပ်ပဲ့တင်ထပ်သံကို မွေးဖွားပေးနိုင်သလား?"

"ဘယ်လိုဆန်းကြယ်မှုမျိုးလဲ"

"ဒုတိယပဲ့တင်ထပ်သံက ဘာလဲ...ဘယ်အဆင့်လဲ.."

အားလုံးက အသည်းအသန်မေးနေကြသော်လည်း တတိယကျောင်းအုပ်က တုတ်ထိုးချိုချဉ်နောက််တစ်ခု ထုတ်စားနေပြီး..... .."အ

အကြီးအကဲများအားလုံး မနာလိုစိတ်အပြည့်ဖြင့် ရွှယ်ဇီကိုကြည့်ကြသည်။

အဆင့်ကိုးအလင်းပဲ့တင်ထပ်သံနှစ်ခု....

ရွယ်ဇီတော့ ထီပေါက်ပြီပဲ......

မြင့်မြတ်သောအလင်းတော်ကောလိပ်ရှိ အကြီးအကဲများအနေနှင့် ၎င်းတို့သည် ထူးချွန်ပြီး ထက်မြက်သော ပုဂ္ဂိုလ်အမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့တစ်ဦးစီသည် ပါရမီရှင်များကို တပည့်မွေးဖို့ စိတ်အားထက်သန်သော်လည်း တည်ငြိမ်မှုမဆုံးရှုံးခဲ့ကြပေ။ သို့သော် အဆင့်ကိုးအလင်းပဲ့တင်ထပ်သံနှစ်ခုသည်

၎င်းတို့အတွက်ပင် အမှန်တကယ်ရှာပါးးသော မြင်ကွင်းတစ်ခုဖြစ်သည်။

ရွှယ်ဇီပင်လျှင် ဤတိုးတက်မှုအတွက် အံ့အားသင့်နေဆဲပင်.... သို့သော် တတိယကျောင်းအုပ်က သူမကို ဘေးမှ တိတ်တဆိတ်ကြည့်နေသည်ကို သတိပြုမိလိုက်သောအခါတွင် သူမ၏နှလုံးသား ချက်ချင်းအေးခဲသွားသည်။

"တတိယကျောင်းအုပ်... အခုပဲ ချင်းအာကို ပြန်ခေါ်သွားလိုက်တော့မယ်.... " အားတင်းပြုံးပြီး ရေရွတ်လိုက်သည်။

တတိယကျောင်းအုပ်က ရွှယ်ဇီ၏ ပခုုံးကို လက်ထဲက တုတ်ထိုးချိုချဉ်ချောင်းနဲ့ဖိထားပြီး သူမ၏ နူးညံ့သော မျက်နှာပေါ်တွင် အပြုံးချိုချို ပေါ်လာသည်။

"ရွှယ်ဇီ..... လွန်ခဲ့တဲ့နှစ်တွေကတည်းက ဒီကို ငါကိုယ်တိုင် နင့်ကို ခေါ်ဆောင်လာခဲ့တာ မှတ်မိတယ်မလား...?"

All Chapters