← Chapters

လီလော့၏အစီအစဉ်.....

Vol. 57 Ch. 785

လီလော့၏အစီအစဉ်.....

Vol. 57 Ch. 785

မကြာမီတွင်၊ တံခွန်ကိုင် ရွေးချယ်ပွဲကို တစ်လအကြာတွင် ကျင်းပမည့်သတင်း အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ နှင့် အခြားတံခွန်သုံးခုက အဖွဲ့သားတိုင်း သိရှိသွားခဲ့သည်။ ထို့ကြောင့်လီလော့နှင့်ကျုံးလင်တို့ကြား လာမည့် တိုက်ပွဲအကြောင်း လူတိုင်း ပြောဆိုဆွေးနွေးနေကြသည်။

ဒါဟာ သူတို့အတွက် အံ့အားသင့်စရာ သတင်းတခုပင်..... လီလော့သည် နတ်ဆိုးလှိုဏ်ဂူတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သော်လည်း၊ ၎င်းသည် ပဉ္စမတပ်ခွဲတစ်ခုလုံး၏ စွမ်းအားဖြစ်ခဲ့သည်။

ယခင်က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပဉ္စမမြောက်တပ်ခွဲကို တခြားသူတွေက အမြဲတစေဖိနှိပ်ထားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် စွမ်းရည်ရှိပြီး အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာကြပြီဖြစ်သည်။ လီလော့ ပိုင်ဆိုင်သော နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နှင့် တွဲ၍ ပဉ္စမတပ်ခွဲသည် နေ့ချင်းညချင်း ကြောက်မက်ဖွယ်ကောင်းသော အင်အားအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

သို့သော် လူတိုင်း၏ စုပေါင်းအားထုတ်မှုရှိဖို့တော့လိုပေမည်။

ပဉ္စမတပ်ခွဲအဖွဲ့ဝင်များ၏ ပံ့ပိုးကူညီမှုမရှိလျှင် လီလော့သည် နတ်ဆိုးနန်းတော်အဆင့်မျှသာဖြစ်ပြီး ကျုံးလင်သည် ရွှေနတ်ဆိုးခန္ဓာအဆင့်ဖြစ်သည်။

သူတို့နှစ်ယောက်ကြားက ခြားနားချက်က ကျော်ဖြတ်လို့လွယ်ကူသောအရာမဟုတ်ပေ။

ကံမကောင်းစွာပဲ၊ တံခွန်ကိုင် ရွေးချယ်ခြင်းသည် တစ်ဦးချင်းတိုက်ပွဲဖြစ်မည်ဖြစ်သောကြောင့် လီလော့အနေဖြင့် ပဉ္စမတပ်ခွဲကို အားကိုးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ အများစုသည် တံခွန်ကိုရွေးချယ်မှုကို နှောင့်နှေးကြန့်ကြာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့သော် သူသည် အချိန်ရှေ့တိုးရန် ရွေးချယ်ခဲ့သည်။

လီလော့က နတ်ဆိုးလှိုဏ်ဂူမှာ အောင်မြင်ပြီးနောက်ပိုင်း ယုံကြည်မှုလွန်ကဲလာတာများလား......

တံခွန်လေးခုထဲက လူတော်တော်များများ ဒီသတင်းကိုကြားပြီးတာနဲ့ ဒီအကြောင်းကိုသာ ဆွေးနွေးနေကြသည်။ သူတို့သည် တံခွန်ကိုင်ရွေးချယ်ခြင်းတိုက်ပွဲတွင် လီလော့ အနိုင်ရရန် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ခြင်း မရှိသည်မှာ ရှင်းနေပါသည်။

တစ်ဖက်တွင်၊ လီလော့ကတော့ ဤအတင်းအဖျင်းကို လုံးဝ ဂရုမစိုက်ခဲ့ဘဲ ထုံးစံအတိုင်း ကျင့်ကြံရေးကိုသာ အာရုံစိုက်ခဲ့သည်။

သူသည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် ကို အသုံးပြု၍ အဲ့မိုကွမ်းစွမ်းအင်များကို တတ်နိုင်သမျှ မပျက်မကွက်သန့်စင်နေသည်။ ထို့အပြင်၊ သူသည် ခွဲတမ်းရထားသော အဆင့်မြင့် မူလနတ်ဆိုးဆေးလုံး အားလုံးကို အသုံးပြုခဲ့သည်။ အားလပ်ချိန်နည်းနည်းရှိတဲ့နေ့တွေမှာ အထူးသဖြင့် သူ့ရဲ့ဝှက်ဖဲဖြစ်သော မရဏမြစ်၏မဟူရာနဂါးအလံတော်ပညာရပ်ကို လေ့ကျင့်ခဲ့သည်။

သူသည် မရဏမြစ်၏မဟူရာနဂါးအလံတော်ကို အသုံးပြုနေပြီဖြစ်သော်လည်း ကွဲပြားသောအဆင့်များ ရှိသေးသည်။ သူသည် လက်ရှိတွင် အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်တွင်သာရှိသေးသည်။ ထို့ကြောင့် ထိုပညာရပ်၏အားသာချက်များကိုအပြည့်အဝထုတ်မသုံးနိုင်သေးပေ။

သူသည် စီးဆင်းနေသောမိုးကြိုးနဂါးလက်သည်းပညာရပ်ကို လေ့ကျင့်မှုကိုလည်း မလျော့ခဲ့ပေ။ လာမည့်တိုက်ပွဲမစမီတွင် နဂါးအဆင့်ပညာရပ်အသစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ကြိုးစားခဲ့သည်။

ဒါတွေအားလုံးအပြင် ပဉ္စမတပ်ခွဲနဲ့ ပေါင်းစည်းမှုကိုလည်း နေ့စဉ်နေ့တိုင်း လေ့ကျင့်ခဲ့သေးသည်။

သူသည် ခုနစ်ရက်တကြိမ် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးများကို စတင်ခဲ့သည်။ အချိန်တွေအရမ်းကုန်တာမြန်သဖြင့် သတိမထားမိခင် လဝက်ခန့်အချိန်ကုန်သွားခဲ့သည်။

ဤကာလအတွင်း လီလော့သည် ရေအလင်းပဲ့တင်ထပ်သံနန်းတော်အား နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ အလုံးစုံ အဆင့်မြှင့်တင်ခဲ့ပြီး၊အဲ့မိုကွမ်းစွမ်းအင်အလင်းတန်းများကို ယခခင် ငါးထောင်မှ ယခုအခါ တစ်သောင်းအထိ တိုးမြှင့်ခဲ့သည်။

ဤသည်မှာ ရာနှုန်းပြည့် အံ့အားသင့်စရာ တိုးလာခဲ့သည်။

သို့သော် လောလောဆယ် လီလော့ အတွက်တော့ အဓိပ္ပါယ်သိပ်မရှိသေးပေ။ သူသည် အခြားသော ပဲ့တင်ထပ်သံနန်းတော်နှစ်ခုကို အဆင့်မြှင့်ရန် လိုအပ်နေသေးသည်။

နောက်ဆုံးတွင်၊ အခြားသော ပဲ့တင်ထပ်သံနန်းတော်နှစ်ခုကို အဆင့်မြှင့်ခြင်းဖြင့် ပဲ့တင်ထပ်သံစွမ်းအားများကို ထပ်မံ မြှင့်တင်နိုင်မည်ဖြစ်သည်။ ဒါက လာမယ့်တိုက်ပွဲအတွက် သူ့ရဲ့ဦးစားပေးအစီအစဉ်ဖြစ်သည်။

နတ်ဆိုးခန္ဓာအဆင့် အောက်ရှိမည်သူမဆိုကို အနိုင်ယူရန် လက်ရှိတွင် လုံလောက်သော စွမ်းအားရှိနေသည်ဟု သူယုံကြည်သည်။ ကံမကောင်းစွာပဲ၊ သူ့ပြိုင်ဘက်က ရွှေနတ်ဆိုးခန္ဓာအဆင့်ဖြစ်နေခဲ့သည်။

ဤမျှကြီးမားသော ကွာဟချက်ကို ချုံ့ဖို့မလွယ်ကူနိုင်ပေ။မဟုတ်လျှင် နဂါးစွယ်ကလန်၏ တံခွန်လေးခုသည် သူမည်မျှ မာနထောင်လွှားနေသည်ဟု အဆက်မပြတ် ပြောဆိုနေမည်မဟုတ်ပေ။

ဒီလိုနဲ့ လဝက်လောက် ကြိုးစားအားထုတ်ပြီးနောက် လီလော့ဟာ သူ့ရဲ့မြေ

သစ်သားပဲ့တင်ထပ်သံနန်းတော်အတွက် အဲ့မိုကွမ်းစွမ်းအင်အလင်းတန်း လေးထောင်ကျော်စုဆောင်းနိုင်ခဲ့သည်။

၎င်းသည် အံ့သြဖွယ်ကောင်းသော အရှိန်အဟုန် ဖြစ်နေပြီဖြစ်သော်လည်း လာမည့်နှစ်ပတ်အတွင်း မြေသစ်သားပဲ့တင်ထပ်သံနန်းတော်ကိုဖြည့်စွက်လိုသော ၎င်း၏ပစ်မှတ်ထက် နည်းပါးနေသေးသည်။ ထို့အပြင် သူ့တွင် အာရုံစူးစိုက်ရန်လိုအပ်သော မိုးကြိုးနဂါးပဲ့တင်ထပ်သံနန်းတော်လည်းရှိသည်။

ကံကောင်းစွာနဲ့ပဲ လီလော့အနေဖြင့် ၎င်းတို့နှစ်ခုကို အပြည့်ဖြည့်ဖို့ မလိုခဲ့ပေ။

ရေအလင်းပဲ့တင်ထပ်သံနန်းတော်ကို အဆင့်မြှင့်ခြင်း ပြီးမြောက်ပြီးနောက်၊ ယခုအခါ ၎င်းထံမှ အလင်းတန်း ငါးထောင်ကို အခြားသော ပဲ့တင်ထပ်သံနန်းတော်များသို့ လွှဲပြောင်းနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့်၊ သူသည် လျင်မြန်စွာဖြင့် ဒုတိယနန်းတော်ကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ဤသည်မှာ ပဲ့တင်ထပ်သံနန်းတော် တစ်ခုထက်မကရှိခြင်း၏အားသာချက်ဖြစ်သည်။

လီလော့၏အစီအစဉ်အရ၊ သူ၏နောက်တစ်ဆင့်မှာ သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုကို ကန့်သတ်ချက်အထိ ဖြည့်ဆည်းရန် အခွင့်အရေးယူရမည်ဖြစ်သည်။ ဒီအတောအတွင်း၊ သူသည် နောက်တစ်ဆင့်ဖြစ်သည့် နတ်ဆိုးခန္ဓာအဆင့် အတွက် လုံလောက်သော အရင်းအမြစ်များကို ပြင်ဆင်ထားမည်ဖြစ်သည်။ သို့သော် ချက်ချင်းအဆင့်တက်မည်တော့မဟုတ်သေးပေ။

သူ၏ ရည်မှန်းချက်မှာ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံးကို အဲ့မိုကွမ်းအလင်းတန်းသုံးသောင်းဖြင့် အရင်ဆုံး အပြည့်အဝသန့်စင်မည်ဖြစ်သည်။

အောင်မြင်ပြီးသည်နှင့် သူ၏အခြေခံအုတ်မြစ်သည် ခိုင်ခံ့ပြီး သိပ်သည်းကျစ်လစ်နေမည်ဖြစ်သည်။ နတ်ဆိုးခန္ဓာအဆင့်သို့ တက်လှမ်းပြီးနောက်၊ သူသည် ငွေနတ်ခန္ဓာအဆင့် သို့ ချက်ချင်းရောက်ရှိနိုင်မည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ၊ ၎င်းသည် အနာဂတ်အတွက် အကောင်းဆုံးသော အခြေခံအုတ်မြစ်ချမှတ်ခြင်းဖြစ်ပြီး ငွေနတ်ဆိုးခန္ဓာအဆင့်နှင့်ပင် ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကျွမ်းကျင်သူများကို ကိုင်တွယ်နိုင်စေမည်ဖြစ်သည်။

ဖန်သားနတ်ဆိုးခန္ဓာအဆင့်သည် အရည်အချင်းအရှိဆုံးနှင့် ထူးချွန်သော သူများသာလျှင် ရောက်ရှိနိုင်သောအဆင့်ဖြစ်သည်။ သူသာအောင်မြင်နိုင်လျှင် မြို့စားအဆင့်သို့သွားရန်ပိုမိုလွယ်ကူသောလမ်းကြောင်းဖြစ်လာပေမည်။

အဘယ်ကြောင့်ဆိုသော် ပါရမီရှင်အများအပြားသည် အဆုံးစွန်ဆုလာဘ်ဖြစ်သည့် ဖန်သားနတ်ဆိုးခန္ဓာအဆင့်တွင် အချိန်ပိုသုံးရန် ရွေးချယ်ခဲ့ကြသည်။

လူတိုင်းက အနာဂတ်အတွက် ကြိုတွေးထားကြစမြဲပင်......

ယခုအချိန်တွင် လီလော့သည် သူ၏အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ပြီး မှန်မှန်လျှောက်လှမ်းခဲ့သည်။

နတ်ဆိုးလှိုဏ်ဂူသည်လည်း သူ့အစီအစဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး၊ ၎င်းမှရရှိလာသော အဲ့မိုကွမ်းစွမ်းအင်အလင်းတန်းများသည် သူ၏ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နှင့်မူလနတ်ဆိုးဆေးလုံးတို့မှ ရရှိသော ပမာဏနှင့် နှိုင်းယှဉ်နိုင်သည်။

ဤကာလအတွင်း ပဉ္စမတပ်ခွဲကို အလွှာသုံးဆယ့်လေးသို့ရောက်အောင် ဦးဆောင်နိုင်ခဲ့သည်။

ရလဒ်အနေဖြင့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏အဆင့်များ မြင့်တက်လာခဲ့သည်။

သို့သော်၊ လီလော့သည် ပိုမိုနက်ရှိုင်းသောအလွှာများသို့ရောက်လာသောအခါတွင် စိန်ခေါ်မှုနှင့် ဖိအားများကို စတင်ခံစားခဲ့ရသည်။ သူ၏ပထမဆုံးလေ့လာရေးခရီးတွင်၊ သူသည် ပဉ္စမတပ်ခွဲနှင့်အတူ အလွှာအနည်းငယ်ကို အလွယ်တကူရှင်းလင်းနိုင်ခဲ့သည်။ သို့သော် လက်ရှိအတွင်၊ လေ့လာရေးခရီးတစ်ခုလျှင် အလွှာတစ်ခုသာ ရှင်းလင်းနိုင်ခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် အလွှာမြင့်လေလေ၊ တာဝန် ကြီးလေလေပင်.....

လီလော့ မျှော်မှန်းထားသည့်အတိုင်း အရာအားလုံး ချောမွေ့စွာ ဆက်လက်လည်ပတ်နေခဲ့သော်လည်း ရေမရှည်ခဲ့ပေ။

လီလော့တို့၏ ပဉ္စမမြောက်လေ့လာရေးခရီးစဉ်၏ တတိယမြောက်နေ့အတွက် တိုက်ပွဲဝင်ရန် ၎င်းတို့၏ပြိုင်ဘက်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။

သူတစ်ယောက်တည်းမဟုတ်ဘဲ ကျောက်ယန်ဇီ၊လီရှိနှင့်မုဘီတို့သည်လည်း စာရင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

"ဘယ်လိုကြီးလဲ...?!"

မုဘီ မနေနိုင်တော့ဘဲ အော်လိုက်မိသည်။

"ဒါမျိုး တစ်ချိန်ချိန်မှာ ဖြစ်လာမယ်ဆိုတာ သိပေမယ့် ထင်ထားတာထက် ပိုမြန်နေတယ်...."ဟု ကျောက်ယန်ဇီက ခေါင်းယမ်းရင်း ပြောလိုက်သည်။

လီရှီကတော့ သက်ပြင်းချနေသည်။

လီလော့ ကူကယ်ရာမဲ့စွာ ပြုံးရုံသာပြုံးနိုင်ပြီး နှစ်သိမ့်စကားတောင် မပြောနိုင်တော့ပေ။

၎င်းတို့ အလင်းဖန်သားပြင်ကို စိုက်ကြည့်နေစဉ်၊ ၎င်းတို့၏ပြိုင်ဘက်ကို အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ပဉ္စမမြောက်တပ်ခွဲဘေးတွင် ပြသထားသည်။ ၎င်းသည် နဂါးကြေးခွံကလန်၏ မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့၏ ပထမတပ်ခွဲဖြစ်သည်။ ၎င်းတို့သည် နဂါးသွေးကလန်၏ ရွှေသွေးတံခွန်ကိုပင် မရှုံးနိုင်သော ဒုတိယအဆင့်တံခွန်အဖွဲ့ဖြစ်သည်။

အရေးအကြီးဆုံးကတော့ မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့၏ ပထမတပ်ခွဲခေါင်းဆောင်သည် ကောင်းကင်နဂါးကလန်ငါးခုထဲက နာမည်ကြီး နတ်ဘုရားမနှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ လုချင်းမိန် ဖြစ်သည်။

All Chapters