← Chapters

လုချင်းမိန်......

Vol. 57 Ch. 786

လုချင်းမိန်......

Vol. 57 Ch. 786

နတ်ဆိုးလှိုဏ်ဂူ၏ သုံးဆယ့်ငါးလွှာ......

ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများထုတ်လွှတ်နေသော လူအယောက် တစ်ထောင်ကျော်သည် တောင်ထိပ်တစ်ခုပေါ်တွင် ငြိမ်သက်စွာ ရပ်နေပြီး ၎င်းတို့သည် သဟဇာတဖြစ်ခြင်းအခြေနေအတွက် ပြင်ဆင်နေကြသည်။

အရပ်မြင့်မြင့်နှင့် လှပသောရုပ်သဏ္ဍာန်သည် သူတို့ရှေ့တွင် ရပ်နေပြီး မှုန်မှိုင်းနေသော တိမ်များနှင့် တောင်တန်းများကို ငေးကြည့်နေသည်။

၎င်းသည် မြင့်မြတ်သောကြေးခွံတံခွန်အဖွဲ့၏ တံခွန်ကိုင် လုချင်းမိန်မှလွဲ၍ အခြားမဟုတ်ပေ။

သူမတွင် ဘဲဥပုံသဏ္ဍာန်ရှိသော မျက်နှာနှင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေရှိပြီး တောက်ပသော နေရောင်အောက်တွင် တမျိုးတဖူံလှပနေသည်။ သူမသည် အသားအရေနှင့်

လိုက်ဖက်သော အနက်ရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး ဆံပင်ထပ်တိုတိုနှင့်ပင်..... သူမသည် နဂါးသွေးကလန်မှ လီဟုန်လိကဲ့သို့ပင် အမှန်တကယ် လှပသူဖြစ်သည်။ သို့သော် သူတို့၏ စိတ်နေစိတ်ထားကတော့ သိသိသာသာ ကွဲပြားသည်။ လီဟုန်လိသည် မာနကြီးပြီးအထက်ဆီးဆန်ဆန်ပြုမူတတ်သော်လည်း လုချင်းမိန်သည် သူ့ပတ်ဝန်းကျင်ရှိကမ္ဘာလောကနှင့် ကင်းကွာနေပုံရ​ပြီး အရာရာကို လျစ်လျူရှုထားတတ်သူပင်

သူမ၏ ချစ်စရာ ဘဲဥပုံသဏ္ဍုန် မျက်နှာလေးပေါ်တွင် မည်သည့် ခံစားချက်မျှမရှိဘဲ နက်နဲသောပင်လယ်ကဲ့သို့ ငြိမ်သက်နေ၏။

လေတိုက်နေသဖြင့် သူမ၏ တင်းကျပ်သော အနက်ရောင် ၀တ်စုံမသည် သူမ၏ အရပ်ရှည်ပြီး ပိန်သွယ်သော ခန္ဓာကိုယ်ပေါ်က လှပသော ကောက်ကြောင်းများကို ပြသနေသည်။

အံ့ဩစရာအကောင်းဆုံးအပိုင်းမှာ ရှည်လျားဖြောင့်စင်းသော ခြေတံများဖြစ်သည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသော ရှည်လျားသည့် ဖန်သားကျိူင်းတစ်လက်ကို ကိုင်ထားသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲရာလို အရိပ်များထင်ဟပ်နေပြီး တချက်ထိလိုက်ရုံနှင့်ပဲ့ကြွေသွားနိုင်သည်ဟုထင်ရသည်။

ဤသည်မှာ သူမ၏ လက်ဆွဲတော်လက်နက် ဖြစ်သည်။ ထိလိုက်လျှင်ကွဲတော့မယောင် အသွင်အပြင်ရှိသော်လည်း လုချင်းမိန်နှင့် တိုက်ခိုက်ဖူးသူများသာ ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားကို သိကြသည်။

"အစ်မလု... ဒီပွဲကလည်း ထူးမခြားနားပဲဖြစ်မှာပါ...."

သူ့နောက်မှ အရပ်မြင့်မြင့် လူငယ်တစ်ယောက်က သူမကို သဘောကျစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူသည် မြင့်မြတ်သောကြေးခွံတံခွန်အဖွဲ့၏ ဒုတိယတပ်ခွဲခေါင်းဆောင်ဖြစ်ပြီး သူမကို အချိန်အတော်ကြာ နှစ်သက်စွဲလမ်းနေသူမို့ သူမ၏ အကျင့်စရိုက်ကိုကောင်းကောင်းသိနေသည်။ အမျိုးသမီးတစ်ဦးဖြစ်လင့်ကစား သူမသည် အမှန်တကယ်ကို ကျင့်ကြံခြင်းအပေါ် ဝါသနာထုံသူဖြစ်သည်။

သူမသည် တိုက်ခိုက်ခြင်းကိုသာ စိတ်ဝင်စားပြီး ပြိုင်ဘက်က သူမကို ခြိမ်းခြောက်နိုင်သောအခါမှသာ စိတ်လှုပ်ရှားနေမည်ဖြစ်သည်။

တစ်ယောက်ယောက်က သူမကို အချစ်ရေးအကြောင်းပြောရင် အေးစက်စက်ပဲ တုံ့ပြန်ပါလိမ့်မည်။

သူ့စကားကြားတော့ လုချင်းမိန်က ပြန်မဖြေသော်လည်း သူမ၏ မျက်လုံးများထဲတွင် ငြီးငွေ့မှု အရိပ်အယောင်များ ရှိနေသည်။

ဒါဆို သူတို့ရဲ့ပြိုင်ဘက်က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ထဲက လီလော့ ဖြစ်နေမလား....

သူမ သူ့နာမည်ကို ကြားဖူးပြီး သူသည် လီတိုင်ရွှမ်၏သားဖြစ်ကြောင်း သိခဲ့သည်။ ပြီးခဲ့သောလက သူသည် ပြင်ပနတ်ဘုရားတိုက်ကြီးတစ်ခုမှ ပြန်လာခဲ့ကြောင်းကိုလည်း သိရှိထားသည်။

ရှားပါးသော ပဲ့တင်ထပ်သံသုံးခုပိုင်ဆိုင်ထားသူဖြစ်ပြီး ကောင်းကင်ဘုံငကကောင်းချီးပေးခံထားရသူဟု လူသိများသည်။ ထို့အပြင်၊ သူရောက်ရှိသည်နှင့်တပြိုင်နက် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ် ကို ရရှိခဲ့သည်။

သူက ပထမတစ်ချက်နဲ့တင် ထိုက်တန်တဲ့ ပြိုင်ဘက်ဖြစ်သင့်နေသည်။

ကံမကောင်းစွာပဲ၊ သူသည် သယံဇာတရှားပါးသော ပြင်ပနတ်ဘုရားတိုက်ကြီးတွင် အချိန်အများစုကို ဖြုန်းတီးခဲ့ပြီး နတ်ဆိုးနန်းတော် အဆင့်တွင်သာရှိသေးသည်။

တစ်ဖက်တွင်၊ လုချင်းမိန်သည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင်ရှိနေပြီဖြစ်သည်။ သူမသည် ကောင်းကင်နဂါးကလန်ငါးခုတွင် ရွှေသွေးတံခွန်မှ လီချင်းဖန် ပြီးလျှင် ဒုတိယ အသန်မာဆုံးဖြစ်သည်။

တံခွန်အဖွဲ့သားများပဲဖြစ်ဖြစ် ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ကြံ့ခိုင်မှု ကွာဟမှုက တိုင်းတာလို့မရနိုင်ပေ။

"နတ်ဆိုးခေါင်းဆောင်ကို အရင်သတ်ကြရအောင်... ပြီးမှ သူတို့ရောက်လာတာကို စောင့်မယ်" ဟု လုချင်းမိန်က အမိန့်ပေးလိုက်သည်။

ဒါကို ဘယ်သူကမှ ကန့်ကွက်ခြင်းမရှိပေ။ အလွှာသုံးဆယ့်ငါး၏ နတ်ဆိုးခေါင်းဆောင်သည် ၎င်းတို့အတွက် ခြိမ်းခြောက်မှုမရှိသော ပမွှားလောက်သာပင်......

ထို့ကြောင့်၊ မြင့်မြတ်သောအကြေးခွံတံခွန်၏ ပထမတပ်ခွဲ ရှေ့သို့ တိုးလာကာ အလွှာသုံးဆယ့်ငါး၏ အနက်ရှိုင်းဆုံးသို့ ခရီးနှင်ခဲ့ကြသည်။

အားစိုက်ထုတ်မှု များများစားစားမရှိဘဲ သူတို့သည် ထွက်ပေါက်တွင် စောင့်ကြပ်နေသော နတ်ဆိုးခေါင်းဆောင်ကို ခေါင်းဖြတ်ခဲ့ကြသည်။

အဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ မဆုံးရှုံးဘဲ ဤအရာအားလုံးကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် အဆင့်နှစ် တံခွန်အတွက် ရှေ့ပြေးအသင်းဖြစ်ခဲ့သည်။ ဒါဟာ ကြောက်မက်ဖွယ်ကောင်းပြီး ကြီးစိုးတဲ့ ခွန်အားပြမှုတစ်ခုပင်.....

လီလော့နှင့် သူ၏ပဉ္စမတပ်ခွဲသည် အခင်းဖြစ်ပွားရာသို့ လေးနာရီအကြာမှသာ ရောက်ရှိခဲ့သော်လည်း ၎င်းတို့ကို စောင့်မျှော်နေကြသည်မှာ မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့၏ ပထမတပ်ခွဲဖြစ်သည်။

သူ့ပြိုင်ဘက်၏ ခံ့ညားထည်ဝါမှုကို မြင်လိုက်တော့ အမှတ်မထင် တုန်လှုပ်သွားသည်။ ၎င်းတို့သည် လွှမ်းမိုးချုပ်ကိုင်ပြီး

ပြင်းထန်သောအော်ရာကို ပိုင်ဆိုင်ထားကာ နဂါးအစွယ်ကလန်မှ ရွှေအလင်းတံခွန်ထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။

သူ့အကြည့်များက ရှေ့က ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောသူဆီသို့ လှည့်လာသည်။

တစ်ချိန်တည်းမှာပင်၊ လုချင်းမိန်သည် ကျောက်မျက်ရတနာများကဲ့သို့ ကြည်လင်သော မျက်လုံးများကို ဖွင့်လိုက်သည်။ ဆံပင်ဖြူဖြူနှင့် ချောမောသော လူငယ်တစ်ယောက် သူမရှေ့တွင် ရပ်နေသည်။

ကံမကောင်းစွာပဲ၊ အပြင်ပန်းရုပ်ရည်ကို စိတ်မဝင်စားသော လုချင်းမိန်အတွက်တော့ လီလော့၏ချောမောသောမျက်နှာကပင် စိတ်မလှုပ်ရှားစေနိုင်ပေ။

“နင်တို့ နည်းနည်း နှေးတယ်” ဟု သူမရဲ့ ပုံမှန် တည်ငြိမ်မှု ကို ထိန်းထားရင်း ပြောလိုက်သည်။

"ဒါက နင်တို့တွေ ခြုံခိုတိုက်ခိုက်မှာစိုးလို့လေ...."

လီလော့က သူ့အဖွဲ့သားတွေရဲ့ မျက်နှာပေါ်က ကြောက်ရွံ့နေတဲ့ အကြည့်တွေကို မြင်တဲ့အခါ ကလန်ကဆန်နဲ့ ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ ပြိုင်ဘက်တွေ ထိန်းမနိုင်သိမ်းမရ ရယ်မောနေကြသည်။

လီလော့သည် ကိုယ့်အခြေနေကိုယ်မသိသူတစ်ယောက်လိုပင်.... နဂါးစွယ်ကလန်က တျန်ဖုန်းရှန်းပင်လျှင် မြင့်မြတ်သောအကြေးခွံအဖွဲ့၏ ခြုံခိုတိုက်ခိုက်ရန် အရည်အချင်းပြည့်မီမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ လုချင်းမိန်သည် သူ၏မှတ်ချက်အပေါ် လျစ်လျူရှုခဲ့သည်။ သူမက လီလော့ကို တည့်တည့်ကြည့်ကာ..... " တိုက််ခိုက်ချင်လား"

"ဒါပေါ့... မတိုက်ခိုက်ကြည့်ဘဲ ရှုံးနိမ့်မှုကို ဝန်ခံလိုက်ရင် အရမ်းရှက်စရာကောင်းလိမ့်မယ်"

လုချင်းမိန်က လီလော့၏ ရဲစွမ်းသတ္တိရှိပုံကို မြင်သောအခါ အသိအမှတ်ပြုသည့်အနေဖြင့်ခေါင်းညိတ်လိုက်သည်။

သူမ၏လက်ချောင်းများကို လှုပ်ရှားလိုက်ခြင်းဖြင့် အနီးနားရှိ ကျောက်တုံးကြီးတစ်ခုထဲသို့ အမွှေးတိုင်တစ်ချောင်း မြုပ်သွားခဲ့သည်။ ချက်ခြင်းပဲ အမွှေးတိုင်မှ မီးခိုးဖြူတွေ ထွက်ပေါ်လာသည်။

"နင်တို့ထဲက တစ်ယောက်ယောက်သာ ဒီအမွှေးတိုင်ကုန်သွားတဲ့အထိ ကျန်ခဲ့ရင် နင်တို့နိုင်ပြီ.... ဆုလာဘ်တွေကလည်း နင်တို့အတွက်ပဲ....."

"မင်း ငါတို့ကို အခွင့်အရေးပေးနေတာလား......"

လီလော့က အံ့အားသင့်စွာ ပြန်မေးလိုက်သည်။

သို့သော်လည်း လုချင်းမိန်သည် လီလော့ ကို တစ်ချက်မျှသာကြည့်ပြီး အေးစက်စွာနှင့်.....

"တိုက်ခိုက်တဲ့အခါ ငါ့ပြိုင်ဘက်တွေကို ဘယ်တော့မှ ညှာတာနေမှာမဟုတ်ဘူး....ဒါပေမယ့် အခြားသူတွေကို အနိုင်မကျင့်တတ်ဘူး.... နင်သာ အစွမ်းကုန်ကြိုးစားတိုက်ခိုက်မယ်ဆို ငါအတော်အံ့သြမိလိမ့်မယ်...ဒီလိုမှမဟုတ်ရင် ပျင်းစရာကောင်းလွန်းတယ်....."

လီလော့ ဘာပြောရမှန်းပင်မသိတော့ပေ။ အေးစက်ပြီး လှပသောအသွင်အပြင်ကြားမှ သူမသည် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်စွာ မျှော်လင့်ထားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။

"ငါ အကောင်းဆုံး ကြိုးစားမယ်"

မာနထိခိုက်သည်ဆိုသော်လည်း သူတို့၏ ခွန်အား ကွာခြားချက်က သိသိသာသာကြီးမားသည်ကို သူသိသောကြောင့် သူမ၏ အကြံပြုချက်ကို ငြင်းပယ်ခဲ့ခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် သူက စကားဆက်မပြောတော့ဘဲ ပဉ္စမတပ်ခွဲတံခွန်အဖွဲ့ဝင်များကို လက်ပြလိုက်သည်။ သူတို့သည် မဆိုင်းမတွဘဲ သဟဇာတဖြစ်ခြင်း အခြေအနေကို ဝင်ရောက်ခဲ့ကြပြီး ကြီးကျယ်ခမ်းနားသော စွမ်းအင်လှိုင်းလုံးများ သစ်တောတစ်ခွင်သို့ လွင့်ပျံလာခဲ့သည်။

တစ်ဖက်တွင်၊ လုချင်းမိန်သည်လည်း ပထမတပ်ခွဲရှေ့သို့ တိုးလာသည်။ တခဏချင်းမှာပဲ သူ့နောက်ကနေ များပြားလှသော စွမ်းအားများထွက်ပေါ်လာသည်။

ကွဲအက်နေသောကျိုင်းကို သူမလက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားပြီး လီလော့ကို အေးဆေးစွာ စိုက်ကြည့်နေသည်။

လီလော့သည် လျှပ်စီးလက်သလိုအမြန်နှုန်းဖြင့် လက်ဟန်အစီအရီများကို ဖန်တီးကာ ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

သူ့ပြိုင်ဘက် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သူကောင်းကောင်းသိသဖြင့် သွေးတိုးစမ်းနေလို့မရပေ။

ကြီးကျယ်ခမ်းနားပြီး ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုနှင့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပဉ္စမမြောက်တပ်ခွဲအထက် ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသော နဂါးပုံသဏ္ဌန်ကို မြင်နိုင်သည်။

"နဂါးငွေ့တန်းကိုးသွယ်ပညာရပ် ... မိုးကြိုးနဂါးအသက်ရှုသံ!"

လျှပ်စီးလက်နေသော နဂါးမီးတောက်သည် လေဟာနယ်ကိုဖြတ်၍ ငွေရောင်မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားပြီး ၎င်းပတ်ပတ်လည်ရှိ နေရာလွတ်များကို တွန့်လိမ်သွားစေသည်။ တောအုပ်ကို ဖြတ်သန်းသွားစဉ် မိုးခြိမ်းသံ တဟုန်ထိုး မြည်ဟီးလာသည်။

လုချင်းမိန်၏ မျက်လုံးများတွင် လျှပ်စီးကြောင်းမျာ ရောင်ပြန်ဟပ်နေသဖြင့် သူမ မျက်ခုံးပင့်လိုက်မိသည်။

“မိုးကြိုးနဂါးအသက်ရှုသံ? လီလော့က တော်တော်လေး အရည်အချင်းရှိပုံရတယ်.......”

သူမ ကွဲအက်နေသောကျိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

သမင်တစ်ကောင်၏ ပုံသဏ္ဌန်သည် သူမနောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု နှင့်အတူပေါ်လာသည်။

အနီးကပ်ကြည့်လိုက်တော့ သမင်ခေါင်းနောက်ဘက်တွင် ကိုးရောင်ခြယ်ရောင်ခြည်ကွင်းကို တွေ့လိုက်ရသည်။

လီလော့သည် ရွှေသမင်ပုံသဏ္ဍာန်ကိုမြင်သောအခါ လုချင်းမိန်နှင့်ပတ်သက်သော အချက်အလက်များကို အမှတ်ရမိလိုက်သည်။

လုချင်းမိန်.....နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်.....အဆင့်ကိုးတပိုင်း ကိုးရောင်ခြယ် ရွှေသမင်ပဲ့တင်ထပ်သံ.......

All Chapters