← Chapters

တတိယနယ်ပယ်.....

Vol. 57 Ch. 788

တတိယနယ်ပယ်.....

Vol. 57 Ch. 788

ဘန်းးးးးးး

မဟူရာနဂါးကြီး၏ ပြင်းထန်သောဟောက်သံသည် ဧရိယာတစ်ဝိုက်တွင် ကျယ်လောင်စွာ မြည်ဟီးသွားခဲ့သည်။ လီလော့ ယခင်က ကြားဖူးခဲ့သော နဂါးဟိန်းသံနှင့် မတူတော့ဘဲ ယခုအခါ ၎င်းတွင် ဝိညာဉ်ရေးဆိုင်ရာ အရိပ်အမြွက်တစ်ခု ရှိနေပုံပေါ်သည်။

ဤသည်မှာ အသက်ပြန်ရှင်လာခဲ့သည့် အနက်ရောင်နဂါးကြီးဖြစ်သည်။

အနက်ရောင်နဂါးသည် ၎င်း၏လက်သည်းဖြင့် လေဟာနယ်ကို ခွဲထုတ်လိုက်သောအခါ အက်ကွဲကြောင်းထဲမှာ ထွက်လာသော အနက်ရောင်ရေသည် လက်သည်းပေါ်တွင် လက်နက်တစ်ခုလို ဖုံးအုပ်သွားလေသည်။ တစ်ချိန်တည်းမှာပင်၊ အနက်ရောင်ရေသည် ၎င်းတို့နှင့်ထိတွေ့မိသမျှကို ကန့်သတ်ချုပ်ချယ်သည့် လှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ထို့အပြင် ဖြတ်သန်းသွားသမျှ အရာအားလုံးကို တိုက်စားစေနိုင်သော အဆိပ်ပြင်းသော အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်။

လုချင်းမိန်၏ လျို့ဝှက်သောပင်လယ်ရောင်ခြည်သည် ၎င်းပတ်လည်ရှိ အနက်ရောင်ရေများနှင့် တိုက်မိသွားသည်။

ထိုအချိန်တွင်၊ နေရာတိုင်းတွင် ပေါက်ကွဲထွက်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်ပမာဏကြောင့် ဧရိယာအတွင်းရှိ လေဟာနယ်ကို လုံးဝကို ပုံပျက်သွားသည်။

သို့သော်၊ အနန္တတန်ခိုးရှင် လျို့ဝှက်သောပင်လယ်ရောင်ခြည်သည် ယခုတစ်ကြိမ်တွင် မရပ်တန့်နိုင်သော အရှိန်အဟုန်ကိုထိန်းမထားနိုင်တော့ဘဲ နဂါးနက်၏ လက်သည်းချက်ကြောင့် ရပ်တန့်ခဲ့ရသည်။

မဟူရာနဂါး၏လက်သည်းပေါ်မှ အနက်ရောင်ရေများသည် အဆုံးမရှိသော အရှိန်နှင့် အလင်းတန်းများကို လုံးလုံးလျားလျား တိုက်စားသွားခဲ့သည်။

ဤတိုးတက်မှုကို နှစ်ဖက်စလုံး မြင်သောအခါတွင် ဖော်ပြ၍မရသော ခံစားချက်မျိူး

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဘက်မှ အဖွဲ့ဝင်များ လုံးဝအံ့အားသင့်သွားကြသည်။ ဒီမြင်ကွင်းက သူတို့အတွက်တော့ မယုံနိုင်စရာပင်.... နှစ်ဘက်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခုရှိခဲ့ပြီး၎င်းတို့သည် ကြီးစိုးနေသော ပြိုင်ဘက်များရှေ့တွင် ရှုံးနိမ့်မည်ဟုသ. မျှော်လင့်ထားခဲ့သည်။ လုချင်းမိန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို မည်သူ တားဆီးနိုင်မည်ဟု မျှော်လင့်ထားမည်နည်း.......

ဒီအတိုင်းသာဆို သူတို့ဘက်က အားသာချက်ကိုတောင် ဆုပ်ကိုင်ထားနိုင်ပေသည်။

ကျောက်ယန်ဇီ၊လီရှိနှင့်မုဘီတို့သည်လည်း နားမလည်နိုင်စွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ လီလော့ရဲ့ မြို့စားအဆင့်ပညာရပ်က ပထမဆုံးအကြိမ် မြင်ဖူးသလိုမျိုး မဟုတ်တော့ပေ။

လီလော့သည် ဤအချိန်တိုလေးအတွင်း သူ၏ မြို့စားအဆင့်ပညာရပ်ကို နောက်တစ်ဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီလား.... "

"သူ....နှောင်းပိုင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီလား....."

တစ်ချိန်တည်းမှာပဲ လုချင်းမိန် တဖြည်းဖြည်း မျက်မှောင်ကြုတ်နေမိသည်။ ပြိုင်ဘက်၏ ခွန်အားဖြင့် အသုံးပြုခဲ့သည့် မြို့စားအဆင့်ပညာရပ်သည် သူမ၏ လျို့ဝှက်သောပင်လယ်ရောင်ခြည်ကို မနှိမ်နင်းနိုင်ခဲ့သင့်ပေ။ တစ်ခုတည်းသော ရှင်းလင်းချက်မှာ လီလော့ နှောင်းပိုင်းပြီးပြည့်စုံသောနယ်ပယ်သို့ ရောက်ရှိသွားခြင်းပင်ဖြစ်သည်။

ထိုသို့ဆိုလျှင် လီလော့၏ ပဲ့တင်ထပ်သံပညာရပ်အပေါ် နားလည်နိုင်မှုစွမ်းရည်သည် အနည်းငယ်သာလွန်ကဲလွန်းသည်ဟု ဆိုနိုင်သည်။ မြို့စားအဆင့်ပညာရပ်ကို သင်ယူန်ိုင်ခြင်းသည် ပါရမီရှင်တစ်ဦးအတွက် ဖြစ်နိုင်သော်လည်း ရွှေသွေးတံခွန်အဖွဲ့မှ လီချင်းဖုန်း ဖြစ်စေ၊ သူမ ဖြစ်စေ အစောပိုင်း ပြီးပြည့်စုံသောနယ်ပယ်သို့သာရောက်ရှိခဲ့ကြသည်။ လုချင်းမိန်၏ မျက်လုံးများမှတဆင့် စိတ်ဝင်စားမှုအရိပ်အယောင်များကိုမြင်နိုင်သည်။

လီလော့သာ တစ်နေ့တွင် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ တက်လှမ်းခဲ့ပါက၊ သူသည် သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့် ထိုက်တန်သော ပြိုင်ဘက် ဖြစ်လာမည်ဖြစ်သည်။ ဒီအတွေးတွေ သူမစိတ်ထဲ ပြေးဝင်လာချိန်မှာ ကောင်းကင်ပေါ်က တိုက်ပွဲ နိဂုံးချုပ်သွားပြီဖြစ်သည်။ သူမ၏ လျို့ဝှက်သောပင်လယ်ရောင်ခြည် ဆွေးမြေ့ပျောက်ကွယ်သွားခဲ့ပြီး အင်အားကြီးသော နဂါးနက်ကြီးက အောင်ပွဲခံကာ ဟိန်းဟောက်နေလေသည်။ ထို့နောက် ၎င်းသည် အနက်ရောင်အလင်းတန်းတစ်ခုသဖွယ် မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့၏ ပထမတပ်ခွဲဆီသို့ ပြေးသွားခဲ့သည်။

လီလော့၏ တန်ပြန်တိုက်စစ် စတင်ချေပြီ......

မှိုင်းညို့အေးစက်နေသောရေများဖြင့် ဝိုင်းရံထားသည့် နဂါးနက်ကြီးက ကောင်းကင်ကိုဖြတ်သန်း၍ လုချင်းမိန် ဆီသို့ တိုက်ရိုက်ပျံသန်းနေသည်။

လုချင်းမိန်သည် အင်အားကြီးသော နဂါးကြီးကို သတိပြုမိသော်လည်း သူမ၏ အမူအရာမပြောင်းလဲသေးပေ။ ထို့နောက် သူမသည် လက်ဟန်အစီအရီအချို့ကို အမြန်ဖန်တီးခဲ့သည်။

ဝေါင်းးးးးး

နဂါးနက်ကြီး ပါးစပ်ကိုဖွင့်လိုက်တာနဲ့ အနက်ရောင်ရေတွေ စီးကျလာပြီး လုချင်းမိန် ဆီကို တိုက်ရိုက်စီးဆင်းသွားတဲ့ အနက်ရောင်မြစ်ကြီးတစ်ခု ဖြစ်ပေါ်လာတာကို မြင်လိုက်ရသည်။

အနက်ရောင်ရေများရှေ့သို့တိုးလာကာ ၎င်း၏အနီးတစ်ဝိုက်တွင် ပဲ့တင်ထပ်သံစွမ်းအားများကို တိုက်စားသွားနိုင်သည့် ဝဲဂယက်များနှင့်အတူ လုချင်းမိန်ကို ဖုံးလွှမ်းလိုက်လေသည်။

လီလော့၏ အကြည့်သည် ထိုနေရာသို့ အာရုံစိုက်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

အနက်ရောင်မြစ်အလယ်တွင် ကျောက်တုံးကြီးတစ်ခုလို၊ မတုန်မလှုပ်နိုင်သော၊ ဖျက်ဆီး၍မရသော စွမ်းအင်များ အစုအဝေးတစ်ခုလိုတည်ရှိနေသည်ကို အာရုံခံမိနေသည်။

ထိုအရာကြောင့် အနက်ရောင်မြစ်ရေပင် အနည်းငယ်မျှ အားနည်းသွားနိုင်သည်။

အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် အနက်ရောင်မြစ်ရေများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

လီလော့သည် အတွင်းမှ မလှုပ်မယှက် အရိပ်တစ်ခုကို မြင်လိုက်ရသည်။

လုချင်းမိန်သည် ကွဲအက်နေသော ဖန်သားကျိုင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ကွာခြားချက်တစ်ခုရှိနေသည်။ ယခုအခါ သူမသည် ချပ်ဝတ်တန်ဆာ ဝတ်စုံကို ၀တ်ဆင်ထားသည်။

ချပ်ဝတ်တန်ဆာကို နဂါးအကြေးခွံဖြင့်ပြုလုပ်ထားပုံရသည်။ ၎င်းသည် အရွယ်အစားကြီးမားခြင်းမဟုတ်သော်လည်း နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ် ရစ်ပတ်ထားပြီး သူမ၏သွယ်လျပြီး ချောမောလှပသော ကောက်ကြောင်းများကို ပေါ်လွင်စေသည်။

အကြေးခွံများပေါ်တွင် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို စုပ်ယူနိုင်သော လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများတောက်ပနေသည်။

လက်ထဲတွင် ဖန်သားကျိုင်းကိုကိုင်ထားပြီး နဂါးကြေးခွံ ချပ်ဝတ်ကို ဝတ်ထားသည့် ​လုချင်းမိန်သည် စစ်နတ်ဘုရားမတစ်ယောက်လိုပင်......

လီလော့ ထိုချပ်ဝတ်အကြောင်း သတိရလိုက်မိသည်။

၎င်းသည် အဖိုးတန်မှော်လက်နက်မဟုတ်ဘဲ နဂါးကြေးခွံကလန်၏ မြို့စားအဆင့်ပညာရပ် ဖြစ်သည်။

၎င်းကို ကောင်းကင်နဂါးကြေးခွံချပ်ဝတ် ပညာရပ်ဟုခေါ်သည်။

လီလော့သည် ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်းအပေါ် နားလည်မှုကို တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ၎င်း၏ပြိုင်ဘက်သည် သူ့ထက် ခွန်အား သာလွန်နေဆဲဖြစ်သည်။

လုချင်းမိန်သည် လီတုန်းနှင့်မတူပေ။ သူမသည် ကောင်းကင်နဂါးကလန်ငါးခုတွင် ဤမျိုးဆက်လူငယ်များ၏ အထွတ်အထိပ် ပါရမီရှင်ဖြစ်ပြီး လီလော့လို နဂါးငွေ့တန်းကိုးသွယ်ပညာရပ်ကို ပိုင်ဆိုင်ထားသည်။ လီလော့တွင် ပဲ့တင်ထပ်သံသုံးခုရှိသော်လည်း သူမတွင် အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည်။ လီလော့ မှာ မြို့စားအဆင့်ပညာရပ်ရှိသကဲ့သို့ သူမမှာလည်း ရှိနေသည်။

ထို့ကြောင့် လီလော့သည် ဤအခြေအနေတွင် စစ်မှန်သော အောင်ပွဲတစ်ခု ရရှိမည်ဟု မျှော်လင့်နေခြင်းမှာ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။

ထို့ကြောင့် ခေါင်းယမ်းကာ ပြုံးလိုက်ပြီး.....

"အဖွဲ့ခေါင်းဆောင်လုချင်းမိန်... မင်းက သန်မာတယ်.... ငါ အရှုံးပေးပါတယ်...."

သူသည် တိုက်ပွဲဝင်ရန် ခွန်အားများ ပိုင်ဆိုင်ထားဆဲဖြစ်သော်လည်း ရှိသမျှအကုန်ထုတ်သုံးဖို့မလိုအပ်ပေ။ ဒါဟာ သေခြင်းရှင်ခြင်း ဆုံးဖြတ်ပေးမည့်တိုက်ပွဲမျိုးလည်း မဟုတ်ပေ။

တစ်ဖက်တွင်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ပဉ္စမတပ်ခွဲသည် လီလော့ ၏စကားကိုကြားရသောအခါ စိတ်ဓာတ်ကျခြင်းမရှိပေ။ အဘက်ဘက်ကသာလွန်တဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့အခါ ဒီလိုရလဒ်မျိုး ရယူနိုင်ခြင်းက အောင်ပွဲခံဖို့ အကြောင်းပြချက်တစ်ခု ဖြစ်နေပါပြီ။

မြင့်မြတ်သောအကြေးခွံ တံခွန်အဖွဲ့ဝင်များ၏မျက်နှာပေါ်က ရှုပ်ထွေးသောအမူအရာများကို ကြည့်ချင်းဖြင့် တိုက်ပွဲအ​ခြေနေသည် ၎င်းတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။ လီလော့ ည် လုချင်းမိန် ကောင်းကင်နဂါးကြေးခွံချပ်ဝတ်ကို ထုတ်သုံးရန်ပင်တွန်းအားပေးနိုင်ခဲ့သည်။

လုချင်းမိန်သည် လီလော့၏ စကားကိုကြားသောအခါ ပုံမှန်အတိုင်း ငြိမ်သက်နေကာ ထွန်းထားသော အမွှေးတိုင်ကို တချက်ကြည့်လိုက်သည်။

"ထပ်မတိုက်တော့ဘူးလား........"

လီလော့ ပြုံးလိုက်ကာ.....

"အနာဂတ်မှာ အခွင့်အလမ်း ကြုံလာရရင် မင်းကို လာရှာမှာပါ.... မင်း ငါတို့ကို ညှာတာပေးခဲ့ပြီးပြီပဲ..... ငါတို့ဘက်က မင်းရဲ့တိုက်ခိုက်မှုတွေကို ခံနိုင်ရည်မရှိဘူး....."

ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အနီးနားရှိ လေဟာနယ် တဖျတ်ဖျတ်တုန်ခါလာသည်။ထို့နောက် မရေမတွက်နိုင်သော အလင်းတန်းများသ ဆင်းသက်လာပြီး ပဉ္စမတပ်ခွဲ၏ အဖွဲ့ဝင်တစ်ဦးစီတိုင်းကို တိုက်ရိုက် နေရာကူးပြောင်းလိုက်လေသည်။

လုချင်းမိန်က ဆုတ်ခွာသွားသော ပဉ္စမတပ်ခွဲကို ကြည့်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ လီလော့ ၏ရုပ်သွင်ကို မပျောက်ကွယ်သွားခင် သူမလက်ကို ဆန့်တန်းလိုက်ပြီး သေးငယ်သောအလင်းတန်းတစ်ခုကို လီလော့ဆီသို့ ပစ်လွှတ်လိုက်သည်။

လီလော့ ထိုအလင်းတန်းကိုဖမ်းလိုက်တော့ ၎င်းသည် ဆေးလုံးဖြစ်ကြောင်း သဘောပေါက်သွားသည်။ တကယ်တော့ ဒါက သူနဲ့ရင်းနှီးတဲ့ အရာတစ်ခုဖြစ်သော နတ်ဘုရားဆေးလုံးဖြစ်သည်။

အံ့အားသင့်စွာဖြင့် တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်။

အမွှေးတိုင်မကုန်သေးသောကြောင့် ဤဆေးလုံးကို ပေးစရာအကြောင်းမရှိပေ။

သို့သော် သူသည် မတုံ့ပြန်နိုင်မီ နတ်ဆိုးလှိုဏ်ဂူမှ နှင်ထုတ်ခံခဲ့ရသည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ ပဉ္စမတပ်ခွဲထွက်သွားသည်နှင့် လုချင်းမိန်နှင့်စကားပြောဖူးသော ချောမောသော လူငယ်လေး ရှေ့သို့ လျှောက်လာပြီး..... "အမွှေးတိုင်မကုန်သေးဘဲ ဘာလို့ဆေးလုံးပေးလိုက်တာလဲ...."

လုချင်းမိန်က ခေါင်းငုံ့ပြီး ကျောက်စိမ်းနှင့်တူသော လက်ချောင်းများဖြင့် သူမ၏နဂါးကြေးခွံချပ်ဝတ်ပေါ်ရှိ အကြေးခွံအချို့ကို ညွှန်ပြလိုက်သည်။ မြင်လိုက်ရသည့်အရာက သူ့ကို ထိတ်လန့်စေခဲ့သည်။ နဂါးအကြေးခွံချပ်ဝတ်သည် ကြောက်မက်ဖွယ်ကောင်းသော ခံစစ်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း အချို့သော အကြေးခွံများ မှုန်မှိုင်းသွားကာ ၎င်းတို့အပေါ်၌ အက်ကြောင်းများကို မြင်တွေ့နိုင်သည်။

"သူသာ ငါ့လို နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်မှာရှိနေရင်...ငါ့ရဲ့မြို့စားပညာရပ်က သူ့ရဲ့မြို့စားပညာရပ်ကို ခုခံနိုင်မှာမဟုတ်ဘူး.....သူ့ရဲ့ခွန်အားက အသိမှတ်ပြုဖို့ထိုက်တန်တာကြောင့် ဆေးလုံးကို လက်ဆောင်အဖြစ်ပေးလိုက်တာ...."

လုချင်းမိန် ရဲ့လက်ထဲက ဖန်သားကျိုင်း ပျောက်ကွယ်သွားပြီး သူမရဲ့ အကြည့်တွေက လီလော့ ပျောက်ကွယ်သွားခဲ့တဲ့ နေရာမှာသာ တွယ်ငြိနေဆဲပင်......

"လီလော့က သူ့အဖေအတိုင်းပဲ..... လီချင်းဖုန်းက ကောင်းကင်နဂါးကလန်ငါးခုရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ ခေါင်းဆောင်ရာထူးကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မယ် မထင်ဘူး...."

All Chapters