သရေပွဲ.....
Vol. 57 Ch. 789
လီလော့ ပဉ္စမတပ်ခွဲနှင့်အတူ နတ်ဆိုးလှိုဏ်ဂူမှ ထွက်လာသောအခါ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ အခြားတပ်ခွဲများ ၎င်းတို့ထံ ပြေးလာကြသည်။
"ခေါင်းဆောင်လီလော့....ရလဒ်ကဘယ်လိုလဲ...."
ဒုတိယ၊ တတိယ၊ စတုတ္ထတပ်ခွဲမှ လက်အောက်ခံခေါင်းဆောင်များက မျှော်လင့်တကြီးမေးကြသည်။ လုချင်းမိန် ဦးဆောင်သော မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့၏ ပထမပိုင်းတပ်ခွဲနှင့် ပွဲစဉ်သည် အမှန်တကယ် စိတ်ဝင်စားစရာကောင်းလှသည်။သူတို့သည် အပြုသဘောဆောင်သော ရလဒ်ကို မမျှော်လင့်ဘဲ စိုးရိမ်ကြောင့်မှုကြောင့်သာ မေးနေကြခြင်းဖြစ်သည်။
"ရလဒ်??? ငါ လုချင်းမိန်ကိုအနိုင်မယ်လို့မျှော်လင့်ထားတာလား" လီလော့က ရယ်မောကာ ပြန်ဖြေလိုက်သည်။
သူ့ရဲ့ မှတ်ချက်ကြောင့် အားလုံး ရယ်မောခဲ့ကြလေသည်။ သူ့ပြိုင်ဘက်က လုချင်းမိန် ဖြစ်သည်။ တျန်ဖုန်းရှန်းပင်လျှင် ထိုသို့ရင်ဆိုင်ရလျှင် ထိတ်လန့်နေပေလိမ့်မည်။
ထို့ကြောင့်၊ ဤမျှသန်မာသော ပြိုင်ဘက်ကို တိုက်ခိုက်ရန် မျှော်လင့်ချက်မရှိသောကြောင့် ၎င်းတို့သည် ဖိအားများစွာကို မခံစားရဘဲ စိတ်အေးလက်အေးဖြစ်နေကြသည်။
အားလုံး၏အမြင်တွင် လီလော့ ရှုံးလိမ့်မည်ဟု မျှော်လင့်ထားပြီး ၎င်းမှာ မစွမ်းဆောင်နိုင်မှုထက် ကံမကောင်းခြင်းကြောင့်ဖြစ်သည်။
ကျုံးလင်ပင်လျှင် ခပ်ဝေးဝေးကနေ အေးစက်သောမျက်လုံးများဖြင့် သူ့ကိုသာ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် လီကျင်းထောင်နှင့်လီဖန်းရိတို့ ရောက်လာကြပြီး လီလော့၏ပခုံးကိုဖက်ကာ.... "ဒီလိုမျိုး ကံဆိုးမှုတွေ ရံဖန်ရံခါကြုံရတတ်တယ်.... လီချင်းဖုန်း တောင်မှ လုချင်းမိန်နဲ့ ယှဉ်ပြိုင်ရမယ်ဆို အရူးအမူး ခေါင်းကိုက်နေမှာပဲ....."
"လုချင်းမိန်ဆီမှာ ကောင်းကောင်းအရိုက်ခံခဲ့ရတယ်မလား...." ဟု လီဖန်းရိက နောက်ပြောင်လိုက်သည်။
သို့သော်လည်း လီလော့ နှုတ်ဆိတ်နေခဲ့သည်။ လုချင်းမိန်သည် သူ၏စွမ်းဆောင်မှုကို သဘောကျပြီး နတ်ဘုရားအဆင့်ဆေးလုံးကို လက်ဆောင်ပေးခဲ့ကြောင်း ထုတ်မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေ ဒါဟာ ကြွားလုံးထုတ်သင့်သောအရာမဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ ဤအဖြစ်အပျက်က သူ့ကို ပို၍စိတ်အားထက်သန်စေပြီး လုချင်းမိန် ကို ပြန်လည်တိုက်ခိုက်နိုင်ပြီး တစ်နေ့တွင် အောင်ပွဲခံနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ပြီးတော့ ဒီခံစားချက်က ကလဲ့စားချေလိုခြင်းမျိုးမဟုတ်ပေ။ ယင်းအစား၊ သူမမျှော်လင့်ထားသည့် ထိုက်တန်သော တိုက်ပွဲနှင့်အတူ သူမ၏လက်ဆောင်ကို ပြန်လည်ပေးအပ်ရန်ဖြစ်သည်။
လီလော့တို့ စကားစမြည်ပြောဆိုနေကြစဉ် အလင်းဖန်သားပြင်ပေါ်၌ တိုက်ပွဲရလဒ်များကို စတင်ပြသခဲ့သည်။
ရုတ်တရက်၊ လီလော့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သားများထံမှ အံ့အားသင့်ဖွယ်မှတ်ချက်အချို့ကို ကြားလိုက်ရသည်။
လီဖန်းရိက ပဉ္စမတပ်ခွဲကို လှည့်မကြည့်မီ ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက တုန်လှုပ်ခြောက်ခြားစွာဖြင့်..... "မောင်လေး....နင် သရေကျအောင် တိုက်နိုင်ခဲ့တယ်ပေါ့...."
ဒါကိုကြားတော့ လီလော့ တခုခုမှားနေပြီဟုသာ တွေးလိုက်မိသည်။ သူသည် ဖန်သားပြင်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး မြင့်မြတ်သောအကြေးခွံတံခွန်အဖွဲ့၏ ပထမတပ်ခွဲနှင့် ၎င်းတို့၏ တိုက်ပွဲဘေးတွင်၊ နောက်ဆုံး ရလဒ်မှာ အမှန်တကယ်ပင်... သရေဖြစ်သည်။
ဒါပေမယ့် လုချင်းမိန်တို့အဖွဲ့က နတ်ဆိုးလှိုဏ်ဂူကို ဦးစွာ ရှင်းလင်းခဲ့ကြသည်မဟုတ်လော......
"ခေါင်းဆောင်....ဒါ လုချင်းမိန် လုပ်ခဲ့တာဖြစ်မယ်....နတ်ဆိုးလှိုဏ်ဂူမှာ စိတ်ဝိညာဉ်ရှိတယ်.... လုချင်းမိန်က ဂူထဲက နောက်ဆုံးကျန်ခဲ့တာမို့ တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ရွေးချယ်ပိုင်ခွင့်ရှိတယ်...." ဟု ကျောက်ယန်ဇီက ရှင်းပြခဲ့သည်။
လီလော့ အံ့သြသွားသည်။ လုချင်းမိန် ဘာတွေတွေးနေတာလဲ........
လီလော့တွင် အသုံးမပြုရသေးသော ဝှက်ဖဲများရှိနေသလို သူမတွင်လည်း ဝှက်ဖဲများရှိနေပေလိမ့်မည်။မည်သို့ပင်ဆိုစေ အင်အားကွာခြားချက်ကြောင့် အဆုံးသတ်ရလဒ်ကိုပြောင်းလဲနိုင်မည်မဟုတ်ပေ။
သို့သော် အမွှေးတိုင်မကုန်ခင်အထိ တိုက်ပွဲကို အချိန်ဆွဲထားလျှင်တော့ ဖြစ်နိုင်ချေရှိသည်။
လုချင်းမိန် ဘာတွေတွေးနေတာလဲ.....
"လုချင်းမိန် က ဘာလို့ သရေကျတယ်လို့သတ်မှတ်လိုက်တာလဲ" ဟု လီဖန်းရိက စိတ်ဝင်တစား မေးသည်။
" ကျွန်တော့်ရုပ်ရည်ကြောင့်ဖြစ်မှာပေါ့...."
လီလော့က လေးနက်သော အသံဖြင့် ပြန်ဖြေသည်။
အခြားသူများကလည်း သူ့တုံ့ပြန်မှုကြောင့် မျက်ဖြူလှန်ပြလိုက်ကြသည်။
"မင်းရဲ့ရုပ်ရည်က မဆိုးဘူး..... လုချင်းမိန်က တခြားမိန်းကလေးတွေနဲ့မတူဘူး....သူ့အတွက်တော့ နင့်ရုပ်ရည်က သူနဲ့အတူတူလို့ပဲတွေးနေလိမ့်မယ်...."ဟု လီဖန်းရိက မုဘီကို လက်ညှိုးထိုးပြလိုက်သည်။
ထိုနှိုင်းယှဉ်ချက်ကြောင့် မုဘီ စိတ်ဆိုးသွားသည်။ သူ ဒီလောက် ရုပ်ဆိုးနေလို့လား.......
ဒါကိုကြားတော့ လီလော့ အကျယ်ကြီး ရယ်လိုက်လေသည်။ထို့နောက် သူ့လက်ဖဝါးပေါ်ရှိ နတ်ဘုရားအဆင့်ဆေးလုံးကို ထုတ်ပြရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ......"ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ကျိန်းသေပေါက် ကျရှုံးခဲ့တယ်..... ဒါပေမယ့် လုချင်းမိန် က ကျွန်တော်တို့ကို သက်ညှာပေးဖို့ နောက်ထပ်စည်းမျဉ်းအချို့ကို ချမှတ်ခဲ့တယ်...... ကျွန်တော်တို့ ထွက်မလာခင် ဒီဆေးလုံးကိုတောင်ပေးခဲ့သေးတယ်...."
သူ့စကားများက လီကျင်းထောင်နှင့်လီဖန်းရိတို့ကို ပို၍စိတ်ဝင်စားစေခဲ့သည်။
"နင် လုချင်းမိန်ဆီက နတ်ဘုရားအဆင့်ဆေးလုံး ရခဲ့တယ်ဆိုတော့....မဆိုးပါဘူး.... " လီဖန်းရိက လီလော့ကို ချီးကျူးခဲ့သည်။
လီကျင်းထောင်က.... "လုချင်းမိန်ရဲ့ ကိုယ်ရည်ကိုယ်သွေးအရဆို သူက သူ့လို သန်မာတဲ့သူတွေ ဒါမှမဟုတ် ထူးထူးခြားခြား အလားအလာရှိတဲ့သူတွေကိုပဲ ဂရုစိုက်တတ်တယ်..... သူ မင်းကို သဘောကျနေပြီထင်တယ်...."
"သူက မင်းကို မြှင့်တင်ပေးဖို့ ကြိုးစားနေသလို ခံစားရတယ်..... လူအများစုက မင်းကို လုံးလုံး ရှုံးနိမ့်ဖို့ မျှော်လင့်ထားပေမယ့် အခု ရလဒ်က သရေကျသွားပြီဆိုတော့ တော်တော်များများက မင်းတို့ တိုက်ပွဲအကြောင်းကို သေချာပေါက်သိချင်နေကြမှာပဲ....."
မည်သို့ပင်ဆိုစေကာမူ လီလော့သည် လုချင်းမိန် ၏ စေ့ဆော်မှုကို စိတ်မဝင်စားခဲ့ပေ။ရှုံးနိမ့်သည်က ရှုံးနိမ့်သည်ပဲလေ....နတ်ဘုရားအဆင့်ဆေးလုံးကိုရခဲ့သည့်အတွက်လည်း သူဂုဏ်ယူခြင်းမရှိပေ။ အမွှေးတိုင်ကုန်သည်အထိ တိုက်ခိုက်နိုင်ခဲ့လျှင်တောင် ဒါကို စစ်မှန်သော အောင်နိုင်ခြင်းအဖြစ် သတ်မှတ်မည်မဟုတ်ပေ။
ထို့နောက်တွင် လီဂျင်တောင်းနှင့် လီဖုန်းကျီတို့က သူ့ကို စားသောက်ပွဲသို့လိုက်ခဲ့ရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ သူ့လက်ထဲတွင် ပိုအရေးကြီးသောအရာတစ်ခုရှိနေသည်။သူသည် တိုက်ပွဲမှရရှိသော လှုံ့ဆော်မှုဉာဏ်အလင်းကို ကောင်းစွာနားလည်ချင်သည်။
တနည်းဆိုရသော် ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်း၏ တတိယနယ်ပယ်ကို မြှင့်တင်လိုသည်။
ဒါဟာ ဤလေ့လာရေးခရီးမှ ၎င်း၏ အကြီးမားဆုံးသော စွန့်စားမှုဖြစ်သည်။
တိုက်ပွဲ၏ရလဒ်ကို အထူးတလည်စိတ်မ၀င်စားခြင်းမရှိခဲ့ပေ။ သို့သော်၊ လီကျင်းထောင် ကြိုဟောထားသည့်အတိုင်း အခြားတံခွန်အဖွဲ့များက ထိုအကြောင်း
စတင်ဆွေးနွေးနေပြီဖြစ်သည်။
ရွှေအလင်းတံခွန်မှ တျန်ဖုန်းရှန်းသည် လီလော့ ထွက်သွားသည်ကို ကြည့်နေပြီး သရေရလဒ်ကြောင့် သူလည်း အံ့ဩနေသည်။ လီလော့နှင့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပဉ္စမတပ်ခွဲသည် အစောပိုင်းက နတ်ဆိုးလှိုဏ်ဂူထဲမှ အရငိဆုံးထွက်လာကြသည်။ ထို့ကြောင့် ပုံမှန်အခြေအနေအောက်တွင် လုချင်းမိန်တို့သာအနိုင်ရသင့်သည်။
"လီလော့က မျှော်လင့်ထားတာထက် ပိုထက်မြက်နေပုံရတယ်....မဟုတ်ရင် လုချင်းမိန် က သူ့ကို အထူးတလည် ဆက်ဆံမှာ မဟုတ်ဘူး....တိုက်ပွဲအကြောင်း အသေးစိတ်ကို လိုက်ရှာပြီး လီလော့ ဘာလုပ်ခဲ့တာလဲဆိုတာ ကြည့်ရလိမ့်မယ်.... ဘယ်အချက်က လုချင်းမိန် ကို သဘောကျစေခဲ့တာလဲ....."
.
နဂါးသွေးကလန်၏ နတ်ဆိုးတောင်ထွတ်တွင်......
"ဟေး၊ ဦးနှောက်ထဲမှာကြွက်သားတွေပဲရှိတဲ့ လုချင်းမိန်က အခုဘာတွေတွေးနေတာလဲ.... သူက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲနဲ့တိုက်ပွဲမှာ သရေပဲရခဲ့တာလား.... အရှက်ကွဲမှာ မကြောက်ဘူးလား"
လီဟုန်လိက တိုက်ပွဲအဆုံးသတ်ကို ကြည့်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။
လုချင်းမိန်နှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်ရသည်ထက် အရှုံးပိုများသောကြောင့် လီဟုန်လီ အခုထိမကျေနပ်နိုင်သေးပေ။ လုချင်းမိန် က လီလော့ကို သရေရလဒ်အဖြစ်သတ်မှတ်ပေးလိုက်တာ မြင်တော့ သူမ (လီဟုန်လိ)ကိုပွင့်ပွင့်လင်းလင်း စော်ကားလိုက်သလို ခံစားနေရသည်။
"လီလော့က တော်တော်ချောတယ်လို့ကြားတယ်....ဒီလူရိုင်းမလေး လီလော့ကို ကြွေသွားပြီးထင်တယ်.... " ဟု လီဟုန်လိက လှောင်ပြောင်လိုက်သည်။
ရလဒ်ကိုကြည့်လိုက်ရင်း လီချင်းဖုန်းက.....
"လုချင်းမိန် ရဲ့ ပင်ကိုယ်စရိုက်ကို မင်း မသိဘူးလား?လုချင်းမိန်ရဲ့အကျင့်စရိုက်အရဆို သူတို့ ထိပ်တိုက်တွေ့တဲ့ အချိန်မှာ လီလော့ရဲ့ အင်အား ဒါမှမဟုတ် အစွမ်းအစကြောင့် သဘောကျသွားတာဖြစ်လိမ့်မယ်.....ဒါပေမယ့် လုချင်းမိန်တို့အဖွဲ့က လီလော့နဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲထက် အများကြီး ပိုသန်မာတယ်... ကြည့်ရတာ လီလော့နဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲက သူ့ကို အနိုင်ယူနိုင်ဖို့ အခွင့်အလမ်းရှိနေတဲ့သဘောပဲ...."
"တိုက်ပွဲရဲ့အသေးစိတ်အချက်အလက်တွေကို လိုက်ရှာကြည့်လိုက်ပါ....လုချင်းမိန်က လီလော့ကို ကောင်းကောင်းဆက်ဆံတယ်ဆိုတော့ လီလော့မှာ ထူးခြားချက် တခုခုတော့ရှိရမယ်.... ငါတို့တွေ အရမ်းမောက်မာပြီး လီလော့ကို
လျှော့တွက်မနေသင့်ဘူး.....ဒါမှမဟုတ် အနာဂတ်မှာ ငါတို့အတွက် ဘေးဥပဒ်ဖြစ်လာနိုင်တယ်."
လီချင်းဖုန်းက သူ့ရဲ့ရှင်းပြချက်ကို နိဂုံးချုပ်လိုက်သည်။
လီဟုန်လိသည် ဤကိစ္စအတွက် အနည်းငယ် ဝန်လေးသော်လည်း လီချင်းဖုန်းက အမိန့်ပေးပြီးနောက် သူမ ညွှန်ကြားသည့်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။
"အစိမ်းရောင်နယ်သာတံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲအတွက် ရက်သတ်မှတ်လိုက်ပြီလို့ကြားတယ်... လဝက်မပြည့်ခင်မှာပဲ လီလော့က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပထမတပ်ခွဲခေါင်းဆောင်ဖြစ်တဲ့ ကျုံးလင် နဲ့ ယှဉ်ပြိုင်ရမှာ..... လီလော့က အခုမှ နတ်ဆိုးနန်းတော်အဆင့်ပဲရှိသေးတာမလား....."ဟု လီချင်းဖုန်းကမေးလိုက်သည်။
"လီလော့ ညိုမဲစွဲနေအောင် အရိုက်ခံရလိမ့်မယ်...."
လီဟုန်လိက ရယ်မောကာ ပြန်ဖြေတော့ လီချင်းဖုန်းက သူမ၏ တုံ့ပြန်မှုကြောင့် ပြုံးလိုက်သည်။
"စောင့်ကြည့်ရအောင်....သူက အခု နဂါးစွယ်ကလန်ကိုရောက်နေတာ အချိန်တော်တော်လေးကြာနေပြီ..... ဒါကြောင့် မကြာခင်မှာ သူ့ရဲ့ ဇာတိရုပ်ကို ထုတ်ဖော်တော့မယ်......."